Skip to main content
ဘင်္ဂလားဒေ့ရှ်တွင် ဘင်္ဂါလီလူကုန်ကူးအဖွဲ့နဲ့ ရဲတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွား ၊ လူကုန်ကူးသမား ၂ ဦးသေဆုံး
Ads Block
ဘင်္ဂလားဒေ့ရှ်တွင် ဘင်္ဂါလီလူကုန်ကူးအဖွဲ့နဲ့ ရဲတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွား ၊ လူကုန်ကူးသမား ၂ ဦးသေဆုံး
ဘင်္ဂလားဒေ့ရှ်တွင် ဘင်္ဂါလီလူကုန်ကူးအဖွဲ့နဲ့ ရဲတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွား ၊ လူကုန်ကူးသမား ၂ ဦးသေဆုံး
ဘင်္ဂလားဒေ့ရှ်တွင် ဘင်္ဂါလီလူကုန်ကူးအဖွဲ့နဲ့ ရဲတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွား ၊ လူကုန်ကူးသမား ၂ ဦးသေဆုံး
Unicode Version
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘင်္ဂါလီတွေကို မလေးရှားသို့ လူကုန်ကူးပေးမည့်အဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်များအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူကုန်ကူးသမား ၂ ဦး သေဆုံးသွားကြောင်း ရဲအရာရှိတစ်ဦးက မေလ ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲတွေဟာ ထိုလူကုန်ကူးအဖွဲ့အကြောင်း သတင်းရရှိထားတာကြောင့် တက်နဖ်ဒေသရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများရဲ့ အနီးတစ်နေရာသို့ မေလ ၁၄ ရက်နေ့မှာ သွားရောက်စီးနင်း စစ်ဆေး ခဲ့ပါတယ်။
ထိုနေရာသို့ ရောက်ရောက်ချင်းမှာ လူကုန်ကူးအဖွဲ့က ဆီးကြိုပစ်ခတ်တာကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်မှုမှာ လူကုန်ကူးသမားအချို့ ထွက်ပြေးလွတ်မြောက်သွားပေမယ့် ဒဏ်ရာရရှိသူ ၂ ဦးတော့ ကျန်ရစ်ခဲ့ရာ ၎င်းတို့ဟာလည်း ဘင်္ဂါလီများဖြစ်ကြပြီး ဆေးရုံသို့ပို့စဉ် လမ်းတစ်ဝက်မှာ သေဆုံးသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင် ၄ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီဒုက္ခသည်တွေဟာ အခြားအရှေ့တောင်အာရှနိုင်ငံများသို့ ပြောင်းရွှေ့ ခိုလှုံနိုင်ရန် လူကုန်ကူးသူတွေကို ပိုက်ဆံ ပေးနေရပါတယ်။ ၎င်းတို့ဟာ ငါးဖမ်းစက်လှေများဖြင့် စွန့်စားသွားလာရပြီး ထိုရေလမ်းခရီးဟာလည်း အထူးသဖြင့် မိုးတွင်းကာလတွေမှာ သာမန်ထက်ပို အန္တရာယ်များပါတယ်။
- ZHO (အကုန်သိ သတင်းဌာန) | (Ref : Reuters)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။