Skip to main content
ျမန္မာ့စီးပြားေရးဘဏ္(က်ဳိက္ထို)မွ က်ပ္သိန္း ၄၀၀၀ ေပ်ာက္ဆုံးမႈအတြက္ ေငြတိုက္ေသာ့ကိုင္ကို အမႈဖြင့္
Ads Block

ျမန္မာ့စီးပြားေရးဘဏ္(က်ဳိက္ထို)မွ က်ပ္သိန္း ၄၀၀၀ ေပ်ာက္ဆုံးမႈအတြက္ ေငြတိုက္ေသာ့ကိုင္ကို အမႈဖြင့္



က်ဳိက္ထိုၿမိဳ႕နယ္ရွိ ျမန္မာ့စီးပြားေရးဘဏ္(က်ဳိက္ထို)မွ ေငြတိုက္ေသာ့ကိုင္တစ္ဦးကို ေငြက်ပ္ ၄၀၀၀ သိန္း ေပ်ာက္ဆုံးမႈျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မြန္ျပည္နယ္၊ က်ဳိက္ထိုၿမိဳ႕နယ္၊ ေတာင္သူစုရပ္ကြက္ရွိ ျမန္မာ့စီးပြားေရးဘဏ္(က်ဳိက္ထို)ေငြတိုက္မွ ေငြထုတ္ယူရန္ ျမန္မာ့စီးပြားေရးဘဏ္ခ႐ိုင္မန္ေနဂ်ာေဒၚရွင္ျမင့္ေထြး၊ (၄၀)ႏွစ္သည္ ေမလ ၁၄ ရက္၊ နံနက္ ၈ နာရီခြဲခန္႔က ေဆာင္႐ြက္စဥ္ ေငြတိုက္ေသာ့ကိုင္တစ္ဦးျဖစ္သူ ေက်ာ္မိုးဝင္းေရာက္မလာသျဖင့္ ၎၏ေနအိမ္သို႔ သြားေရာက္ေခၚေဆာင္ခဲ့ရာ ၎အား ေနအိမ္၌မေတြ႕ရွိဘဲ အိပ္ခန္းအတြင္းရွိအိပ္ယာေပၚမွ ေငြတိုက္ေသာ့ကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ မသကၤာသျဖင့္ ဘဏ္ေငြတိုက္ကိုဖြင့္၍စစ္ေဆးရာ ေငြက်ပ္ ၄၀၀၀ သိန္း ေပ်ာက္ဆုံးေနေၾကာင္း စိစစ္ေတြ႕ရွိရသည္ဟု ရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ျမန္မာ့စီးပြားေရးဘဏ္ခ႐ိုင္မန္ေနဂ်ာေဒၚရွင္ျမင့္ေထြးသည္ ည ၇ နာရီခြဲခန္႔တြင္ က်ိဳက္ထိုၿမိဳ႕မရဲစခန္းသို႔ သြားေရာက္တိုင္တန္းခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေက်ာ္မိုးဝင္း၊ (၄၄)ႏွစ္ကို က်ဳိက္ထိုၿမိဳ႕မရဲစခန္း၌ (ပ)၂၃၅၁/ ၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ- ၄၀၉ (ျပည္သူ႔ဝန္ထမ္းအားယုံၾကည္အပ္ႏွံေရးေဖာက္ဖ်က္မႈ)ျဖင့္ အမႈဖြင့္စုံစမ္းေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode Version


ကျိုက်ထိုမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်(ကျိုက်ထို)မှ ငွေတိုက်သော့ကိုင်တစ်ဦးကို ငွေကျပ် ၄၀၀၀ သိန်း ပျောက်ဆုံးမှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်(ကျိုက်ထို)ငွေတိုက်မှ ငွေထုတ်ယူရန် မြန်မာ့စီးပွားရေးဘဏ်ခရိုင်မန်နေဂျာဒေါ်ရှင်မြင့်ထွေး၊ (၄၀)နှစ်သည် မေလ ၁၄ ရက်၊ နံနက် ၈ နာရီခွဲခန့်က ဆောင်ရွက်စဉ် ငွေတိုက်သော့ကိုင်တစ်ဦးဖြစ်သူ ကျော်မိုးဝင်းရောက်မလာသဖြင့် ၎င်း၏နေအိမ်သို့ သွားရောက်ခေါ်ဆောင်ခဲ့ရာ ၎င်းအား နေအိမ်၌မတွေ့ရှိဘဲ အိပ်ခန်းအတွင်းရှိအိပ်ယာပေါ်မှ ငွေတိုက်သော့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် မသင်္ကာသဖြင့် ဘဏ်ငွေတိုက်ကိုဖွင့်၍စစ်ဆေးရာ ငွေကျပ် ၄၀၀၀ သိန်း ပျောက်ဆုံးနေကြောင်း စိစစ်တွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာ့စီးပွားရေးဘဏ်ခရိုင်မန်နေဂျာဒေါ်ရှင်မြင့်ထွေးသည် ည ၇ နာရီခွဲခန့်တွင် ကျိုက်ထိုမြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကျော်မိုးဝင်း၊ (၄၄)နှစ်ကို ကျိုက်ထိုမြို့မရဲစခန်း၌ (ပ)၂၃၅၁/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၄၀၉ (ပြည်သူ့ဝန်ထမ်းအားယုံကြည်အပ်နှံရေးဖောက်ဖျက်မှု)ဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။