Skip to main content
ယခင္အစိုးရလက္ထက္က ဘဂၤါလီမ်ား ႏိုင္ငံသားအလြယ္တကူမျဖစ္ဟု လ၀က ၀န္ႀကီးေဟာင္းေျပာ
Ads Block

ယခင္အစိုးရလက္ထက္က ဘဂၤါလီမ်ား ႏိုင္ငံသားအလြယ္တကူမျဖစ္ဟု လ၀က ၀န္ႀကီးေဟာင္းေျပာ

ယခင္အစိုးရ လက္ထက္က ဘဂၤါလီမ်ားထဲမွ ႏုိင္ငံသားျဖစ္သင့္ျဖစ္ထုိက္သူမ်ားကိုသာ စိစစ္လက္ခံခဲ့သည့္အတြက္ ႏိုင္ငံသား ျဖစ္ရန္ မလြယ္ကူေၾကာင္း လ၀က ၀န္ႀကီးေဟာင္း ဦးခင္ရီက ေျပာသည္။ ႏိုင္ငံသားျဖစ္သင့္သည္ဟု ယူဆရေသာ သူအခ်ိဳ႕ကုိ စိစစ္လက္ခံရာတြင္လည္း ကာကြယ္ေရးအျမင္ ၊လုံၿခဳံေရးအျမင္၊ ဥပေဒႏွင့္ ႏိုင္ငံတကာ အျမင္တုိ႔ျဖင့္ ဆုံးျဖတ္ၿပီး အစုိးရက အတည္ျပဳမွသာ ခြင္ျပဳေပးျခင္း ျဖစ္ေၾကာင္း သိရသည္။ ေမလ ၁၄ ရက္ ရန္ကုန္ၿမဳိ႕ ႏၶမာဟုိးေဆးတြင္ က်င္းပေသာ စိမ္းလန္းေရႊျပည္ စာေပၿပဳိင္ပြဲ ဆုခ်ီးျမွင့္ေပးအပ္ပြဲ အခမ္းအနားတြင္ အကုန္သိ သတင္းဌာန၏ ေမးျမန္းမႈကို ၎က ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။ “အခု၀င္လာမယ့္ ဘဂၤါလီမွာ အမ်ိဳးမ်ိဳးရွိၾကတယ္ မဟုတ္လား။ အခ်ိဳ႕ဆုိရင္ ျမန္မာႏုိင္ငံသားရယ္လုိ႔ သက္မွတ္လုိ႔ မရေသးတဲ့ ပုဂၢဳိလ္ေတြရွိတယ္။ အဲဒါ မ်ိဳးဆုိရင္ပုဒ္မ ၆၅ နဲ႔ စစ္ရတာမဟုတ္လား။ အဲဒီလုိ ပုဂၢဳိလ္မ်ိဳးဆုိရင္ ၿမဳိ႕နယ္စိစစ္ေရးအဖြဲ႔ကုိ ပထမ သူ တုိ႔ စစ္ရတယ္။ ကြ်န္ေတာ္တုိ႔ အစုိးရတုန္းကေတာ့ ဥကၠ႒က ေထြအုပ္ေပါ့။ ေနာက္ရဲပါတယ္။

ယခင္အစိုးရလက္ထက္က ဘဂၤါလီမ်ား ႏိုင္ငံသားအလြယ္တကူမျဖစ္ဟု လ၀က ၀န္ႀကီးေဟာင္းေျပာ

တရားေရးေရာပါတယ္။ ေနာက္ လ၀က ပါတယ္။ အဲဒီမွာ စစ္ၿပီးေတာ့ အဲဒီ စစ္တဲ့ဟာမွာလည္း အခ်က္အလက္ေတြ အမ်ားႀကီးပါတယ္။ အခ်က္ေပါင္း ၄၀ ေလာက္ ပါပါတယ္။ တုိင္းရင္းသား ဘာသာစကားတစ္မ်ိဳးမ်ိဳး ေျပာတတ္သလားလုိ႔ဘာတုိ႔စစ္တာေပါ့။ အဲဒါၿပီးရင္တုိင္းကုိပုိ႔တယ္။ တုိင္းမွာလည္း ႏုိင္ငံသားစီစစ္ေရး အဖြဲ႔ရွိတယ္ေလ။ အဲဒီကေန ဗဟုိကုိပုိ႔တယ္။ ဗဟုိမွာ လ၀က ၀န္ႀကီးက ဥကၠ႒ဗ်။ ေနာက္ ႏုိင္ ငံျခားေရး ၀န္ႀကီးပါတယ္။ ျပည္ထဲေရး၀န္ႀကီးပါတယ္။ ကာကြယ္ေရး၀န္ႀကီးပါတယ္။ ဥပေဒအျမင္ ၊ႏုိင္ငံတကာအျမင္ ၊ကာကြယ္ ေရးအျမင္ ၊လုံၿခဳံေရးအျမင္ ဒါနဲ႔ဆုံးျဖတ္တဲ့ သေဘာပဲ။ အဲဒါၿပီးေတာ့မွ အစုိးရအဖြဲ႔ကုိ ပုိ႔ေသးတယ္။ အစုိးရအဖြဲ႔ကမွ ျပန္စစ္ ေသး တယ္။ အားလုံးအဆင္ေျပတယ္ဆုိမွ ျပန္ခ်ေပးတာ။ ဒီပုဂၢဳိလ္က ႏုိင္ငံသားအျဖစ္ လက္ခံႏုိင္ဖုိ႔အတြက္ လုပ္ရမဲ့ လုပ္ငန္းစဥ္ေတြ လုပ္ပါဆုိၿပီးလုပ္တာ။ အဆင့္ဆင့္ျပန္ခ်ၿပီး ေနာက္ဆုံးမွ သူ႔ေခၚ က်မ္းသစၥာက်ိန္ ဘာညာလုပ္ရတာ။ အဲဒီေတာ့ စိစစ္တာ ဘယ္လုိမွ မျမန္ႏုိင္ဘူးေလ။ မလြယ္ကူဘူး။’’ဟု ဦးခင္ရီက ေျပာသည္။

ယခင္အစိုးရလက္ထက္က ဘဂၤါလီမ်ား ႏိုင္ငံသားအလြယ္တကူမျဖစ္ဟု လ၀က ၀န္ႀကီးေဟာင္းေျပာ

ေမလအတြင္း ရန္ကုန္ၿမဳိ႕ ပတ္ရြဳိင္ရယ္ ဟုိတယ္တြင္ က်င္းပေသာ ရခုိင္ျပည္နယ္အေရး ေဆြးေႏြးပြဲအၿပီး သတင္းစာရွင္းလင္းပြဲ တြင္ လူမႈ၀န္ထမ္း ကယ္ဆယ္ေရးႏွင့္ ေနရာျပန္လည္ခ်ထားေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ၀င္းျမတ္ေအးမွ ၄င္း ျပန္လာမည့္သူမ်ားအား NVC ကတ္ ကုိင္ေဆာင္ထားခုိင္းျခင္းသည္ ၄င္းတုိ႔အတြက္ အက်ိဳးရွိသည့္ လုပ္ငန္းစဥ္ႀကီးျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ ႏုိင္ငံသားစိစစ္မႈ လုပ္ငန္းစဥ္အား ၆ လအထိသာ စစ္ေဆးမည္ျဖစ္၍ စိတ္ရွည္ရန္ လုိအပ္ေသာ္လည္း ႏုိင္ငံသားျဖစ္ထုိက္သူမ်ား ကုိ အစုိးရမွ ေပးခ်င္ေနေၾကာင္း ၄င္းျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ၀င္းျမတ္ေအးက ေျပာၾကားထားသည္။ ရခုိင္ျပည္နယ္တြင္ ၂၀၁၇ ခုႏွစ္ ေအာက္တုိဘာလ အာဆာအၾကမ္းဖက္ တုိက္ခုိက္မႈမ်ားျဖစ္ၿပီး ေနာက္ပုိင္းတြင္ ဘဂၤါလီ ဒုကၡ သည္မ်ားမွ ဘဂၤလားေဒ့ရွ္ ႏုိင္ငံအတြင္းသုိ႔ ထြက္ေျပးခုိလႈံခဲ့ၿပီး UNHCR ထုတ္ျပန္ခ်က္အရ ခုနစ္သိန္းေက်ာ္ရွိေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

ယခင်အစိုးရလက်ထက်က ဘင်္ဂါလီများ နိုင်ငံသားအလွယ်တကူမဖြစ်ဟု လဝက ဝန်ကြီးဟောင်းပြော

ယခင်အစိုးရ လက်ထက်က ဘင်္ဂါလီများထဲမှ နိုင်ငံသားဖြစ်သင့်ဖြစ်ထိုက်သူများကိုသာ စိစစ်လက်ခံခဲ့သည့်အတွက် နိုင်ငံသား ဖြစ်ရန် မလွယ်ကူကြောင်း လဝက ဝန်ကြီးဟောင်း ဦးခင်ရီက ပြောသည်။
နိုင်ငံသားဖြစ်သင့်သည်ဟု ယူဆရသော သူအချို့ကို စိစစ်လက်ခံရာတွင်လည်း  ကာကွယ်ရေးအမြင် ၊လုံခြုံရေးအမြင်၊ ဥပဒေနှင့် နိုင်ငံတကာ အမြင်တို့ဖြင့် ဆုံးဖြတ်ပြီး အစိုးရက အတည်ပြုမှသာ ခွင်ပြုပေးခြင်း ဖြစ်ကြောင်း သိရသည်။
မေလ ၁၄ ရက် ရန်ကုန်မြို့ န္ဓမာဟိုးဆေးတွင် ကျင်းပသော စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားတွင် အကုန်သိ သတင်းဌာန၏ မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
 “အခုဝင်လာမယ့် ဘင်္ဂါလီမှာ အမျိုးမျိုးရှိကြတယ် မဟုတ်လား။ အချို့ဆိုရင် မြန်မာနိုင်ငံသားရယ်လို့ သက်မှတ်လို့ မရသေးတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အဲဒါ မျိုးဆိုရင်ပုဒ်မ ၆၅ နဲ့ စစ်ရတာမဟုတ်လား။ အဲဒီလို ပုဂ္ဂိုလ်မျိုးဆိုရင် မြို့နယ်စိစစ်ရေးအဖွဲ့ကို ပထမ သူ တို့ စစ်ရတယ်။ ကျွန်တော်တို့ အစိုးရတုန်းကတော့ ဥက္ကဋ္ဌက ထွေအုပ်ပေါ့။ နောက်ရဲပါတယ်။ တရားရေးရောပါတယ်။ နောက် လဝက ပါတယ်။ အဲဒီမှာ စစ်ပြီးတော့  အဲဒီ စစ်တဲ့ဟာမှာလည်း အချက်အလက်တွေ အများကြီးပါတယ်။ အချက်ပေါင်း ၄၀ လောက် ပါပါတယ်။ တိုင်းရင်းသား ဘာသာစကားတစ်မျိုးမျိုး ပြောတတ်သလားလို့ဘာတို့စစ်တာပေါ့။ အဲဒါပြီးရင်တိုင်းကိုပို့တယ်။ တိုင်းမှာလည်း နိုင်ငံသားစီစစ်ရေး အဖွဲ့ရှိတယ်လေ။ အဲဒီကနေ ဗဟိုကိုပို့တယ်။ ဗဟိုမှာ လဝက ဝန်ကြီးက ဥက္ကဋ္ဌဗျ။ နောက် နိုင် ငံခြားရေး ဝန်ကြီးပါတယ်။ ပြည်ထဲရေးဝန်ကြီးပါတယ်။ ကာကွယ်ရေးဝန်ကြီးပါတယ်။ ဥပဒေအမြင် ၊နိုင်ငံတကာအမြင် ၊ကာကွယ် ရေးအမြင် ၊လုံခြုံရေးအမြင် ဒါနဲ့ဆုံးဖြတ်တဲ့ သဘောပဲ။ အဲဒါပြီးတော့မှ အစိုးရအဖွဲ့ကို ပို့သေးတယ်။ အစိုးရအဖွဲ့ကမှ ပြန်စစ် သေး တယ်။ အားလုံးအဆင်ပြေတယ်ဆိုမှ ပြန်ချပေးတာ။ ဒီပုဂ္ဂိုလ်က နိုင်ငံသားအဖြစ် လက်ခံနိုင်ဖို့အတွက် လုပ်ရမဲ့ လုပ်ငန်းစဉ်တွေ လုပ်ပါဆိုပြီးလုပ်တာ။ အဆင့်ဆင့်ပြန်ချပြီး နောက်ဆုံးမှ သူ့ခေါ် ကျမ်းသစ္စာကျိန် ဘာညာလုပ်ရတာ။ အဲဒီတော့ စိစစ်တာ ဘယ်လိုမှ မမြန်နိုင်ဘူးလေ။ မလွယ်ကူဘူး။’’ဟု ဦးခင်ရီက ပြောသည်။
မေလအတွင်း ရန်ကုန်မြို့ ပတ်ရွိုင်ရယ် ဟိုတယ်တွင် ကျင်းပသော ရခိုင်ပြည်နယ်အရေး ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ၎င်း ပြန်လာမည့်သူများအား NVC ကတ် ကိုင်ဆောင်ထားခိုင်းခြင်းသည် ၎င်းတို့အတွက် အကျိုးရှိသည့် လုပ်ငန်းစဉ်ကြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်အား ၆ လအထိသာ စစ်ဆေးမည်ဖြစ်၍  စိတ်ရှည်ရန် လိုအပ်သော်လည်း နိုင်ငံသားဖြစ်ထိုက်သူများ ကို အစိုးရမှ ပေးချင်နေကြောင်း ၎င်းပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားထားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် အောက်တိုဘာလ အာဆာအကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပြီး နောက်ပိုင်းတွင် ဘင်္ဂါလီ ဒုက္ခ သည်များမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ပြီး UNHCR ထုတ်ပြန်ချက်အရ ခုနစ်သိန်းကျော်ရှိကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။