Skip to main content
ငါး၊ ပုစြန္ SME လုပ္ငန္းမ်ား အတိုးနည္းေခ်းေငြရရွိရန္ ဒုတိယသမၼတ(၁)ထံသို႔ တင္ျပမည္ဟုဆို 
Ads Block

ငါး၊ ပုစြန္ SME လုပ္ငန္းမ်ား အတိုးနည္းေခ်းေငြရရွိရန္ ဒုတိယသမၼတ(၁)ထံသို႔ တင္ျပမည္ဟုဆို 


ငါး၊ ပုစြန္ လုပ္ငန္းမ်ားအတြက္ SME အတိုးနည္းေခ်းေငြရရွိရန္ ႏိုင္ငံေတာ္ဒုတိယသမၼတ (၁) ဦးေဆာင္သည့္ ပုဂၢလိကက႑တိုးတက္ေရးေကာ္မတီသို႔ တင္ျပသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ သိရသည္။ 
SME (အေသးစားလုပ္ငန္း) ငါး၊ ပုစြန္ေမြးျမဴေရးလုပ္ငန္းမ်ားမ်ားဖြံ႕ၿဖိဳးတိုးတက္ေစရန္ ေဆာင္ရြက္ျခင္း ျဖစ္ေၾကာင္း သိရသည္။ 
“အစာေတြနဲ႔ ခ်ိတ္ၿပီး ေခ်းေငြယူတာကို ဘဏ္ေတြက ေပးတယ္ေပါ့။ သိန္းတစ္ေထာင္ဆိုပါစုိ႔။ ရွစ္ရာပဲေပး တယ္။ ႏွစ္ရာက သူ႔ဆီမွာျပန္စုတဲ့သေဘာပဲ။ ႏွစ္ရာေပၚမွာလည္း သူကေျခာက္ရာခိုင္ႏႈန္းေလာက္ပဲ အတုိးက ေပးတယ္။ ရွစ္ရာေပၚမွာလည္း အတုိးက ၁၉ ရာခိုင္ႏႈန္းယူတယ္။ ေပါင္းလိုက္ရင္ ဒီဘက္က အတုိး ေလ်ာ့သြားတာနဲ႔ ဟိုဘက္မွာယူတဲ့အတိုးက ၂၀ ေက်ာ္သြားမွာေပါ့။ ဘဏ္ကေတာ့ အေပါင္မပါရင္ ၁၆ ရာခိုင္ႏႈန္းထက္ ပိုမယူရဘူးေျပာထားလို႔ အဲဒီအေပၚမွာ ဘယ္လိုနဲ႔ လုပ္ေနလဲဆိုတာကိုေလ။ ဒါမွ ကိုယ့္လူေတြလည္း သက္သာမွာေလ။ ပုဂၢလိကလုပ္ငန္းရွင္မ်ားနဲ႔ ဒုတိယသမၼတ ေတြ႕ဆံုပြဲမွာတင္မွာ။ SME လုပ္ငန္းေလးေတြအတြက္တင္ျပမွာ။ SME က မ်ားေသာအားျဖင့္ အစာအတြက္ ရင္းႏွီးမႈလိုတာမ်ားတယ္။ ေမြးျမဴေရးက႑တစ္ခုလံုးအတြက္ လုပ္သြားမွာပါ”ဟု ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ ဒုတိယဥကၠ႒ ေဒါက္တာတိုးနႏၵာတင္က ေျပာသည္။ 
ငါး၊ ပုစြန္ေမြးေရးက႑သည္ တုိင္းျပည္၏ GDP ရရွိမႈကို အဓိကေနရာမွ ကူညီေထာက္ပံံ့ႏုိင္ေသာ္လည္း ယင္း က႑ဖြံ႕ၿဖိဳးတိုးတက္ရန္ ေျမယာႏွင့္ အရင္းအႏွီးလိုအပ္ခ်က္သည္ အဓိကအဟန႔္အတားျဖစ္ေနေၾကာင္း၊ သို႔ရာ တြင္ ေျမယာအခက္အခဲအဆင္ေျပေစရန္ေဆာင္ရြက္မည္ဟု  စုိက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားထားသည္။ 
ၿပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္တြင္ ငါးေစ်းမ်ားက်ဆင္းခ်ိန္၌ ငါးေမြးျမဴေရးလုပ္ကိုင္သူမ်ား အရံႈးေပၚၿပီး အခ်ိဳ႕မွာ ငါးကန္ကို အေၾကြးအျဖစ္ျပန္လည္ဆပ္လိုက္ရသူမ်ားပင္ရွိခဲ့ေၾကာင္း သိရသည္။ 

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode Version



ငါး၊ ပုစွန် လုပ်ငန်းများအတွက် SME အတိုးနည်းချေးငွေရရှိရန် နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍတိုးတက်ရေးကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ 
SME (အသေးစားလုပ်ငန်း) ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများများဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ 
“အစာတွေနဲ့ ချိတ်ပြီး ချေးငွေယူတာကို ဘဏ်တွေက ပေးတယ်ပေါ့။ သိန်းတစ်ထောင်ဆိုပါစို့။ ရှစ်ရာပဲပေး တယ်။ နှစ်ရာက သူ့ဆီမှာပြန်စုတဲ့သဘောပဲ။ နှစ်ရာပေါ်မှာလည်း သူကခြောက်ရာခိုင်နှုန်းလောက်ပဲ အတိုးက ပေးတယ်။ ရှစ်ရာပေါ်မှာလည်း အတိုးက ၁၉ ရာခိုင်နှုန်းယူတယ်။ ပေါင်းလိုက်ရင် ဒီဘက်က အတိုး လျော့သွားတာနဲ့ ဟိုဘက်မှာယူတဲ့အတိုးက ၂၀ ကျော်သွားမှာပေါ့။ ဘဏ်ကတော့ အပေါင်မပါရင် ၁၆ ရာခိုင်နှုန်းထက် ပိုမယူရဘူးပြောထားလို့ အဲဒီအပေါ်မှာ ဘယ်လိုနဲ့ လုပ်နေလဲဆိုတာကိုလေ။ ဒါမှ ကိုယ့်လူတွေလည်း သက်သာမှာလေ။ ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ ဒုတိယသမ္မတ တွေ့ဆုံပွဲမှာတင်မှာ။ SME လုပ်ငန်းလေးတွေအတွက်တင်ပြမှာ။ SME က များသောအားဖြင့် အစာအတွက် ရင်းနှီးမှုလိုတာများတယ်။ မွေးမြူရေးကဏ္ဍတစ်ခုလုံးအတွက် လုပ်သွားမှာပါ”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။ 
ငါး၊ ပုစွန်မွေးရေးကဏ္ဍသည် တိုင်းပြည်၏ GDP ရရှိမှုကို အဓိကနေရာမှ ကူညီထောက်ပံံ့နိုင်သော်လည်း ယင်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် မြေယာနှင့် အရင်းအနှီးလိုအပ်ချက်သည် အဓိကအဟန့်အတားဖြစ်နေကြောင်း၊ သို့ရာ တွင် မြေယာအခက်အခဲအဆင်ပြေစေရန်ဆောင်ရွက်မည်ဟု  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။ 
ပြီးခဲ့သော ၂၀၁၈ ခုနှစ်တွင် ငါးဈေးများကျဆင်းချိန်၌ ငါးမွေးမြူရေးလုပ်ကိုင်သူများ အရှုံးပေါ်ပြီး အချို့မှာ ငါးကန်ကို အကြွေးအဖြစ်ပြန်လည်ဆပ်လိုက်ရသူများပင်ရှိခဲ့ကြောင်း သိရသည်။ 

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။