Skip to main content
တပ္မေတာ္သားမ်ားႏွင့္ရဲတပ္ဖြဲ႕၀င္မ်ား ကိုယ့္တာ၀န္ကိုယ္မလုပ္ခ်င္ေအာင္ ပညာသားပါပါဖန္တီးထားမႈမ်ား ေတြ႔ျမင္ေနရဟု ျပည္ခုိင္ၿဖိဳးပါတီဥကၠ႒ ေျပာ 
Ads Block

တပ္မေတာ္သားမ်ားႏွင့္ရဲတပ္ဖြဲ႕၀င္မ်ား ကိုယ့္တာ၀န္ကိုယ္မလုပ္ခ်င္ေအာင္ ပညာသားပါပါဖန္တီးထားမႈမ်ား ေတြ႔ျမင္ေနရဟု ျပည္ခုိင္ၿဖိဳးပါတီဥကၠ႒ ေျပာ 


ႏုိင္ငံေတာ္ကာကြယ္ေရးလုံၿခဳံေရးတြင္ အဓိကခုခံထိန္းသိမ္းကာကြယ္ရေသာ တပ္မေတာ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႔၀င္မ်ား ၄င္းတို႔အလုပ္ကိုပင္မလုပ္ခ်င္ေစရန္ အလြန္တရာ ပညာသားပါပါဖန္တီးထားမႈမ်ား ေတြ႕ျမင္ေနရေၾကာင္း ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးက ေျပာလိုက္သည္။ 

တပ္မေတာ္သားမ်ားႏွင့္ရဲတပ္ဖြဲ႕၀င္မ်ား ကိုယ့္တာ၀န္ကိုယ္မလုပ္ခ်င္ေအာင္ ပညာသားပါပါဖန္တီးထားမႈမ်ား ေတြ႔ျမင္ေနရဟု ျပည္ခုိင္ၿဖိဳးပါတီဥကၠ႒ ေျပာ 


ရန္ကုန္ၿမိဳ႕ရွွိ ဂႏၶမာဟုိးေဆးတြင္ ေမလ ၁၄ ရက္ကက်င္းပေသာ စိမ္းလန္းေရႊျပည္ စာေပၿပဳိင္ပြဲဆု ခ်ီးျမွင့္ေပးအပ္ပြဲ အခမ္းအနားတြင္ သီေပါမင္းပါေတာ္မူခဲ့သည္သမုိင္းျပန္ေျပာင္းေျပာျပစဥ္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ ကြ်န္ေတာ္တုိ႔ ျမန္မာႏုိင္ငံႀကီးတစ္ခုလုံးလုံးလုံး ကြ်န္ဇာတ္သြင္းခံလုိက္ရတဲ့ ျမန္မာ-အဂၤလိပ္ တတိယစစ္ပြဲမွာ ျမန္မာ့တပ္မေတာ္သားေတြအပါအ၀င္ ျပည္ေထာင္စုသားျပည္သူအားလုံးဟာနယ္ခ်ဲ႕ေတြကုိ တုိက္ခုိက္ဖုိ႔ တစ္စည္းတစ္လုံးနဲ႔ စစ္ျပင္ၿပီးသားအေနအထားမွာရွိေနခဲ့ၾကပါတယ္။သုိ႔ေသာ္  လူႀကီးမင္းေတြ ၾကားဖူး၊ မွတ္ဖူး သိခဲ့ဖူးတဲ့အတုိင္းပါပဲ။ အဂၤလိပ္ကုိခုခံတုိက္ခုိက္ျခင္းမျပဳရ။ ခုခံသူကုိသူပုန္ဟုသက္မွတ္မည္ဟု အတိအက်လည္း ဟုတ္ခ်င္မွဟုတ္မယ္။ဒီသေဘာပါတဲ့ ေနျပည္ေတာ္ကအမိန္႔တစ္ရပ္ေၾကာင့္ ျမန္မာ့တပ္မေတာ္ဟ ာအဲဒီေခတ္က ျမန္မာ့တပ္မေတာ္ဟာဓါးသြားလည္းေၾကြ၊ လွံလည္းေခြျဖစ္ခဲ့ပါတယ္။ အက်ိဳးဆက္ကေတာ့အားလုံးသိတဲ့အတုိင္းပါပဲ။ ကြ်န္ေတာ္တုိ႔တစ္မ်ိဳးလုံး ကြ်န္ဇာတ္သြင္းခံလုိက္ရတာပါပဲ။ သုိ႔ေသာ္ နည္းပညာေတြ နည္းပရိယာေတြ သိပ္ဆန္းျပားေပြလီလာတဲ့ ယေန႔ေခတ္ႀကီးမွာေတာ့ အဲဒီလုိ စာတစ္တန္ေပတစ္ဖြဲ႔နဲ႔ ျမန္မာ့တပ္မေတာ္ကုိတုိင္းျပည္ကာကြယ္ေရးအတြက္ စစ္မတုိက္ရဘူးလုိ႔ ဘယ္ေနျပည္ေတာ္ကမွ အမိန္႔ထုတ္ေတာ့မွာမဟုတ္ဘူးလုိ႔ယူဆခဲ့ပါတယ္။ သုိ႔ေသာ္လည္းပဲ ကြ်န္ေတာ္ ေစာေစာကတင္ျပခဲ့သလုိပဲ။ ႏုိင္ငံေတာ္ကာကြယ္ေရးလုံၿခဳံေရးမွာအဓိကခုခံထိန္းသိမ္းကာကြယ္ရတဲ့ တပ္မေတာ္သားေတြ ရဲတပ္ဖြဲ႔၀င္ေတြ သူတုိ႔အလုပ္ကုိမလုပ္ခ်င္ေတာ့ေလာက္ေအာင္ စစ္မတုိက္ခ်င္ေအာင္၊ လုံၿခဳံေရးတာ၀န္မထမ္းေဆာင္ခ်င္ေအာင္ အလြန္တစ္ရာမွာပညာသားပါစြာဖန္တီးထားတာကုိ ျမင္ရပါလိမ့္မယ္’’ဟု ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးက ေျပာသည္။ 
ရခုိင္ျပည္နယ္တြင္ ဘဂၤါလီႏွင့္အၾကမ္းဖက္သမားအခ်ိဳ႕တုိက္ခုိက္မႈျဖစ္စဥ္တြင္ပါ၀င္ေသာ ဘဂၤါလီအခ်ိဳ႕အား တုိက္ခုိက္ေရးစည္းမ်ဥ္းအရ ေသနတ္ျဖင့္ပစ္ခတ္ခဲ့မႈတြင္ တပ္မေတာ္သားအခ်ိဳ႕အား အရာထမ္းမ်ားအပါအ၀င္ ခုံရုံးဖြဲ႔ စစ္ေဆးခံရကာ အေရးယူမႈတုိ႔ရွိခဲ့သည္။

တပ္မေတာ္သားမ်ားႏွင့္ရဲတပ္ဖြဲ႕၀င္မ်ား ကိုယ့္တာ၀န္ကိုယ္မလုပ္ခ်င္ေအာင္ ပညာသားပါပါဖန္တီးထားမႈမ်ား ေတြ႔ျမင္ေနရဟု ျပည္ခုိင္ၿဖိဳးပါတီဥကၠ႒ ေျပာ 


အလားတူရဲတပ္ဖြဲ႔မ်ားအားတက္ၾကြလႈပ္ရွားသူမ်ားမွ တရားရုံးအထုတ္တြင္ ပုတ္ခတ္ေျပာဆုိမႈမ်ား၊ဆဲေရးတုိင္းထြာမႈမ်ား ျဖစ္စဥ္အခ်ဳိ႔တုိ႔ရွိခဲ့ၿပီးရဲတပ္ဖြဲ႔မ်ားအေနျဖင့္ ႏုိင္ငံေရးအမႈမ်ားကုိကုိင္တြယ္ေျဖရွင္းေဆာင္ရြက္ရာတြင္အခက္ေတြ႔ေၾကာင္းသိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version


နိုင်ငံတော်ကာကွယ်ရေးလုံခြုံရေးတွင် အဓိကခုခံထိန်းသိမ်းကာကွယ်ရသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ၎င်းတို့အလုပ်ကိုပင်မလုပ်ချင်စေရန် အလွန်တရာ ပညာသားပါပါဖန်တီးထားမှုများ တွေ့မြင်နေရကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောလိုက်သည်။ 
ရန်ကုန်မြို့ရှိ ဂန္ဓမာဟိုးဆေးတွင် မေလ ၁၄ ရက်ကကျင်းပသော စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲဆု ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားတွင် သီပေါမင်းပါတော်မူခဲ့သည်သမိုင်းပြန်ပြောင်းပြောပြစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးတစ်ခုလုံးလုံးလုံး ကျွန်ဇာတ်သွင်းခံလိုက်ရတဲ့ မြန်မာ-အင်္ဂလိပ် တတိယစစ်ပွဲမှာ မြန်မာ့တပ်မတော်သားတွေအပါအဝင် ပြည်ထောင်စုသားပြည်သူအားလုံးဟာနယ်ချဲ့တွေကို တိုက်ခိုက်ဖို့ တစ်စည်းတစ်လုံးနဲ့ စစ်ပြင်ပြီးသားအနေအထားမှာရှိနေခဲ့ကြပါတယ်။သို့သော်  လူကြီးမင်းတွေ ကြားဖူး၊ မှတ်ဖူး သိခဲ့ဖူးတဲ့အတိုင်းပါပဲ။ အင်္ဂလိပ်ကိုခုခံတိုက်ခိုက်ခြင်းမပြုရ။ ခုခံသူကိုသူပုန်ဟုသက်မှတ်မည်ဟု အတိအကျလည်း ဟုတ်ချင်မှဟုတ်မယ်။ဒီသဘောပါတဲ့ နေပြည်တော်ကအမိန့်တစ်ရပ်ကြောင့် မြန်မာ့တပ်မတော်ဟ ာအဲဒီခေတ်က မြန်မာ့တပ်မတော်ဟာဓါးသွားလည်းကြွေ၊ လှံလည်းခွေဖြစ်ခဲ့ပါတယ်။ အကျိုးဆက်ကတော့အားလုံးသိတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့တစ်မျိုးလုံး ကျွန်ဇာတ်သွင်းခံလိုက်ရတာပါပဲ။ သို့သော် နည်းပညာတွေ နည်းပရိယာတွေ သိပ်ဆန်းပြားပွေလီလာတဲ့ ယနေ့ခေတ်ကြီးမှာတော့ အဲဒီလို စာတစ်တန်ပေတစ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်ကိုတိုင်းပြည်ကာကွယ်ရေးအတွက် စစ်မတိုက်ရဘူးလို့ ဘယ်နေပြည်တော်ကမှ အမိန့်ထုတ်တော့မှာမဟုတ်ဘူးလို့ယူဆခဲ့ပါတယ်။ သို့သော်လည်းပဲ ကျွန်တော် စောစောကတင်ပြခဲ့သလိုပဲ။ နိုင်ငံတော်ကာကွယ်ရေးလုံခြုံရေးမှာအဓိကခုခံထိန်းသိမ်းကာကွယ်ရတဲ့ တပ်မတော်သားတွေ ရဲတပ်ဖွဲ့ဝင်တွေ သူတို့အလုပ်ကိုမလုပ်ချင်တော့လောက်အောင် စစ်မတိုက်ချင်အောင်၊ လုံခြုံရေးတာဝန်မထမ်းဆောင်ချင်အောင် အလွန်တစ်ရာမှာပညာသားပါစွာဖန်တီးထားတာကို မြင်ရပါလိမ့်မယ်’’ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။ 
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီနှင့်အကြမ်းဖက်သမားအချို့တိုက်ခိုက်မှုဖြစ်စဉ်တွင်ပါဝင်သော ဘင်္ဂါလီအချို့အား တိုက်ခိုက်ရေးစည်းမျဉ်းအရ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုတွင် တပ်မတော်သားအချို့အား အရာထမ်းများအပါအဝင် ခုံရုံးဖွဲ့ စစ်ဆေးခံရကာ အရေးယူမှုတို့ရှိခဲ့သည်။
အလားတူရဲတပ်ဖွဲ့များအားတက်ကြွလှုပ်ရှားသူများမှ တရားရုံးအထုတ်တွင် ပုတ်ခတ်ပြောဆိုမှုများ၊ဆဲရေးတိုင်းထွာမှုများ ဖြစ်စဉ်အချို့တို့ရှိခဲ့ပြီးရဲတပ်ဖွဲ့များအနေဖြင့် နိုင်ငံရေးအမှုများကိုကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရာတွင်အခက်တွေ့ကြောင်းသိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။