Skip to main content
လွှတ်တော်အမတ်အားလုံး ပိုင်ဆိုင်မှုထုတ်ဖော် ကြေညာရမည် 
Ads Block
လွှတ်တော်အမတ်အားလုံး ပိုင်ဆိုင်မှုထုတ်ဖော် ကြေညာရမည် 
အမျိုးသား ခြစားမှုတိုက်ဖျက်ရေး စီမံချက် တစ်စိတ်တစ်ပိုင်းအရ အတိုက်အခံလွှတ်တော်အမတ်တွေ အပါအ၀င် မလေးရှား ပါလီမန်လွှတ်တော်အမတ်အားလုံး ၄င်းတို့ ရဲ့ပိုင်ဆိုင်မှုတွေ ထုတ်ဖော်ကြေညာဖို့  လိုအပ်မှာဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ 
မေလ ၁၄ ရက်နေ့ က ပြုလုပ်တဲ့ ခြစားမှုတိုက်ဖျက်ရေးဆိုင်ရာ ၀န်ကြီးအဖွဲ့ ကော်မတီ အစည်းအဝေး တစ်ခုအပြီး မီဒီယာတွေကို ပြောဆိုခဲ့ရာမှာ အတိုက်အခံ အမတ်တွေအနေနဲ့  အစိုးရအပေါ် ဝေဖန် ထောက်ပြ နိုင်တဲ့ အခွင့်အာဏာအတွက် အပြန်အလှန်အားဖြင့် ၄င်းတို့ ရဲ့ပိုင်ဆိုင်မှုတွေကို ကြေညာပေးရမှာဖြစ်ကြောင်း ၀န်ကြီးချုပ် မဟာသီယာမိုဟာမက်က ပြောဆိုခဲ့ပါတယ်။ ယခု အဆိုပြုချက်ကို ပါလီမန်ဥက္ကဋ္ဌက ပထမဆုံး အတည်ပြုပေးရမှာဖြစ်ကြောင်း ၄င်းက ပြောဆိုပါတယ်။ 
Unicode Version
အမျိုးသား ခြစားမှုတိုက်ဖျက်ရေး စီမံချက် တစ်စိတ်တစ်ပိုင်းအရ အတိုက်အခံလွှတ်တော်အမတ်တွေ အပါအဝင် မလေးရှား ပါလီမန်လွှတ်တော်အမတ်အားလုံး ၎င်းတို့ရဲ့ပိုင်ဆိုင်မှုတွေ ထုတ်ဖော်ကြေညာဖို့ လိုအပ်မှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ 
မေလ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ခြစားမှုတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဖွဲ့ကော်မတီ အစည်းအဝေး တစ်ခုအပြီး မီဒီယာတွေကို ပြောဆိုခဲ့ရာမှာ အတိုက်အခံ အမတ်တွေအနေနဲ့ အစိုးရအပေါ် ဝေဖန် ထောက်ပြ နိုင်တဲ့ အခွင့်အာဏာအတွက် အပြန်အလှန်အားဖြင့် ၎င်းတို့ရဲ့ပိုင်ဆိုင်မှုတွေကို ကြေညာပေးရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ပြောဆိုခဲ့ပါတယ်။ ယခု အဆိုပြုချက်ကို ပါလီမန်ဥက္ကဋ္ဌက ပထမဆုံး အတည်ပြုပေးရမှာဖြစ်ကြောင်း ၎င်းက ပြောဆိုပါတယ်။ 
Pakatan Harapan မဟာမိတ်ပါတီအင်အားစုဟာ ၎င်းတို့ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်း ကတိပြုချက်အရ ၎င်းတို့ပါတီမှ ဝန်ကြီးတွေ၊ ဒု ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေနဲ့နိုင်ငံရေးဆိုင်ရာ အတွင်းရေးမှူးတွေရဲ့ အသားတင်ပိုင်ဆိုင် ကြွယ်ဝမှုကို မလေးရှား ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် (MACC) ထံ ထုတ်ဖော်ကြေညာဖို့ ညွှန်ကြားခဲ့ပါတယ်။ အဆိုပါ ထုတ်ဖော်ကြေညာရမှုဟာ ဥပဒေအရ မဖြစ်မနေ လိုက်နာရမယ့် ညွှန်ကြားချက်မျိုးတော့မဟုတ်ပါဘူး။ လက်ရှိအချိန်အထိတော့ အတိုက်အခံ လွှတ်တော် အမတ်တွေအနေနဲ့ ပိုင်ဆိုင်မှုတွေ ကြေညာဖို့ မလိုအပ်သေးပါဘူး။ 
အင်္ဂါနေ့က ဒေါက်တာမဟာသီယာ ပြောဆိုခဲ့မှုတွေထဲမှာ ရင်းဂစ် ၅၀၀ (၁၁၉ ဒေါ်လာ) တန်ဖိုးရှိ တံစိုးလက်ဆောင်မျိုးသာ လက်ခံရယူနိုင်မှု အပါအဝင် အခြား အဆိုပြုချက်တွေလည်း ပါဝင်ခဲ့ပါတယ်။ ယခု စည်းမျဉ်းသစ်အရ တံစိုးလက်ဆောင်များစွာ ရယူနိုင်တော့မှာ မဟုတ်ကြောင်း၊ ယခင်က မိမိ ဝန်ကြီးချုပ် တာဝန်ယူခဲ့စဉ် မော်တော်ယာဉ် ၂၆ စီး ရရှိခဲ့ဖူးကြောင်း၊ ဒီကားတွေကို ပိုင်ရှင်တွေထံ မိမိ ပြန်ပေးခဲ့ပါကြောင်း၊ ဒါကို သိရှိမြင်တွေ့လိုပါက လန်ကာဝီမှာ သွားကြည့်နိုင်ပါကြောင်း ဝန်ကြီးချုပ်က ရယ်မော ပြောဆိုခဲ့ပါတယ်။
- ကိုလင်း (အကုန်သိ သတင်းဌာန)  | CNA
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။