Skip to main content
မလေးရှားသို့ တရားမဝင်သွားရောက်ရန် စာပို့ထရပ်ကားထဲ လိုက်ပါလာသည့် မြန်မာဟိန္ဒူအချို့ ထိုင်းနိုင်ငံ ဆောင်ခလာတွင် ဖမ်းဆီးခံရ
Ads Block
မလေးရှားသို့ တရားမဝင်သွားရောက်ရန် စာပို့ထရပ်ကားထဲ လိုက်ပါလာသည့် မြန်မာဟိန္ဒူအချို့ ထိုင်းနိုင်ငံ ဆောင်ခလာတွင် ဖမ်းဆီးခံရ
ထိုင်းရဲ၊ လဝကနဲ့ စစ်သားများပါဝင်တဲ့အဖွဲ့ဟာ Asia 41 လမ်းမမှာမောင်းနှင်နေတဲ့ စာပို့ကားတစ်စီးကို သင်္ကာမကင်းဖြစ်ခဲ့တာကြောင့် နောက်ယောင်ခံလိုက်ခဲ့ရာ ၄င်းကား ဆောင်ခလာပြည်နယ် ရတ်တဖမ်သို့ အရောက် မေလ ၁၄ ရက်နေ့ ၁၂:၃၀ အချိန်ခန့်မှာ တားဆီးစစ်ဆေးခဲ့ပါတယ်။
ထိုသို့စစ်ဆေးရာမှာ မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာခဲ့တဲ့ ဟိန္ဒူအမျိုးသား ၁၃ ဦးကို ကားနောက်တွဲထဲမှာ တွေ့ရှိခဲ့တာကြောင့် ထိန်းသိမ်းလိုက်ပြီး ယာဉ်မောင်းနဲ့ ၄င်းရဲ့ကြံရာပါတစ်ဦး ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
အစိုးရပိုင် စာပို့လုပ်ငန်း Thailand Post ကလည်း လူကုန်ကူးမှုမှာ ၄င်းတို့ရဲ့ထရပ်ကား အသုံးချခံရမှု အကြောင်း စုံစမ်းဖေါ်ထုတ်နေပြီဖြစ်ပြီး အဆိုပါယာဉ်မောင်းကို အလုပ်ဖြုတ်လိုက်ကြောင်း သိရပါတယ်။
Unicode Version
မလေးရှားသို့ တရားမဝင်သွားရောက်ရန် Thailand Post စာပို့လုပ်ငန်းသုံး ထရပ်ကားနောက်မှာ လိုက်ပါလာခဲ့ကြတဲ့ မြန်မာ ၁၃ ဦးကို ထိုင်းရဲများ တွေ့ရှိဖမ်းဆီးလိုက်ကြကြောင်း သတင်းရရှိပါတယ်။
ထိုင်းရဲ၊ လဝကနဲ့ စစ်သားများပါဝင်တဲ့အဖွဲ့ဟာ Asia 41 လမ်းမမှာမောင်းနှင်နေတဲ့ စာပို့ကားတစ်စီးကို သင်္ကာမကင်းဖြစ်ခဲ့တာကြောင့် နောက်ယောင်ခံလိုက်ခဲ့ရာ ၎င်းကား ဆောင်ခလာပြည်နယ် ရတ်တဖမ်သို့ အရောက် မေလ ၁၄ ရက်နေ့ ၁၂:၃၀ အချိန်ခန့်မှာ တားဆီးစစ်ဆေးခဲ့ပါတယ်။
ထိုသို့စစ်ဆေးရာမှာ မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာခဲ့တဲ့ ဟိန္ဒူအမျိုးသား ၁၃ ဦးကို ကားနောက်တွဲထဲမှာ တွေ့ရှိခဲ့တာကြောင့် ထိန်းသိမ်းလိုက်ပြီး ယာဉ်မောင်းနဲ့ ၎င်းရဲ့ကြံရာပါတစ်ဦး ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
၎င်းတရားမဝင်ရွှေ့ပြောင်းလုပ်သားတွေဟာ မလေးရှားသို့ သွားရောက်ရန် မြန်မာပြည်တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ ကန်ချနဘူရိပြည်နယ်ကနေ ဝင်ရောက်လာခဲ့ကြရာ ဆောင်ကလာပြည်နယ်သို့ ရောက်လာခဲ့ကြကြောင်း သိရပါတယ်။
ယာဉ်မောင်းဟာ ရွှေ့ပြောင်းလုပ်သားတစ်ဦးလျှင် ဘတ် ၁,၅၀၀ နှုန်းဖြင့် ပို့ဆောင်ပေးသူဖြစ်ပြီး ထိုအမှုမျိုးကို ယခင်မှာလည်း တစ်ကြိမ်မက ကျူးလွန်ခဲ့ဖူးကြောင်း ဖြောင့်ချက်ပေးခဲ့ပါတယ်။ သာမန်ပစ်ကပ်ကားများနဲ့ ဘတ်စ်ကားများကို အသုံးပြုပါက သံသယအဝင်ခံရနိုင်တဲ့အတွက် စာပို့ထရပ်ကားကို အသုံးပြုကြောင်း ၎င်းက ပြောပြပါတယ်။
၎င်းနဲ့ကြံရာပါတို့ကို ဆီနာနရောင် စစ်စခန်းမှာ ချုပ်နှောင်ထားပြီး စစ်ကြောမေးမြန်းနေကြောင်း သိရပါတယ်။ မြန်မာ ၁၃ ဦးကိုတော့ တရားမဝင် ဝင်ရောက်လာမှုဖြင့် စွဲချက်တင်ထားပြီး ရတ်တဖမ်ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။
အစိုးရပိုင် စာပို့လုပ်ငန်း Thailand Post ကလည်း လူကုန်ကူးမှုမှာ ၎င်းတို့ရဲ့ထရပ်ကား အသုံးချခံရမှု အကြောင်း စုံစမ်းဖေါ်ထုတ်နေပြီဖြစ်ပြီး အဆိုပါယာဉ်မောင်းကို အလုပ်ဖြုတ်လိုက်ကြောင်း သိရပါတယ်။
- ZHO (အကုန်သိ သတင်းဌာန) | (Ref : BangkokPost)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။