Skip to main content
မြတ္ဆလင္ဆန္႔က်င္ေရး ဆူပူအၾကမ္းဖက္မႈမ်ားျဖစ္ပြားခဲ့ရာ ၿမိဳ ့ေတြမွာ သီရိလကၤာ စစ္တပ္ ကင္းလွည့္ ေစာင့္ၾကပ္ေန
Ads Block

မြတ္ဆလင္ဆန္႔က်င္ေရး ဆူပူအၾကမ္းဖက္မႈမ်ားျဖစ္ပြားခဲ့ရာ ၿမိဳ ့ေတြမွာ သီရိလကၤာ စစ္တပ္ ကင္းလွည့္ ေစာင့္ၾကပ္ေန


ယခုသီတင္းပတ္အတြင္း မြတ္ဆလင္ဆန္႔က်င္ေရး ဆူပူအၾကမ္းဖက္တုိက္ခုိက္မႈေတြ ျဖစ္ပြားခဲ့ရာ ၿမိဳ ့ေတြမွာ သံခ်ပ္ကာယာဥ္ေတြနဲ ့အတူ ေမ ၁၄ ရက္ေန ့မွာ သီရိလကၤာစစ္သားေတြ ကင္းလွည့္ေစာင့္ၾကပ္မႈ လုပ္ေနေၾကာင္း သိရပါတယ္။ ၄င္းတုိ႔ရဲ႕ေစ်းဆုိင္ေတြ ေနအိမ္ေတြကုိ တုိက္ခုိက္ခဲ့တဲ့ လူအုပ္ေတြ ရန္က လြတ္ေျမာက္ဖုိ ့ မြတ္ဆလင္ေတြဟာ စပါးစုိက္ခင္းေတြထဲ ပုန္းေအာင္းခဲ့ရေၾကာင္း ေဒသခံေတြက ျပန္ေျပာင္း ေျပာျပခဲ့ပါတယ္။

မြတ္ဆလင္ဆန္႔က်င္ေရး ဆူပူအၾကမ္းဖက္မႈမ်ားျဖစ္ပြားခဲ့ရာ ၿမိဳ ့ေတြမွာ သီရိလကၤာ စစ္တပ္ ကင္းလွည့္ ေစာင့္ၾကပ္ေန


တနဂၤေႏြေန ့က စတင္ခဲ့တဲ့ မြတ္ဆလင္ဆန္႔က်င္ေရး လူအုပ္ဖြဲ ့တုိက္ခုိက္မႈေတြ တစ္ၿမိဳ ့ကေန တစ္ၿမိဳ႕ကူးစက္ျဖစ္ပြားသြားခဲ့ၿပီးေနာက္ ဆူပူတုိက္ခုိက္မႈေတြ အဆုိးဆုံးျဖစ္ခဲ့တဲ့ ႏုိင္ငံအေနာက္ေျမာက္ပုိင္း အစိတ္အပုိင္းေတြမွာ အေျခအေနေတြကုိ ထိန္းခ်ဳပ္ထားႏုိင္ၿပီျဖစ္ေၾကာင္း အာဏာပုိင္ေတြက ေျပာဆုိပါတယ္။ သီရိလကၤာမွာ လူ ၂၅၀ ေက်ာ္ ေသဆုံးခဲ့တဲ့ ခရစ္ယာန္ဘုရားေက်ာင္းေတြနဲ ့ဟုိတယ္ေတြ အေသခံ ဗုံးခြဲ တုိက္ခုိက္ခံရမႈအတြက္ မြတ္ဆလင္ထု အေပၚ ပစ္မွတ္ထားတဲ့ အၾကမ္းဖက္မႈေတြအတြင္း အမ်ဳိးသားတစ္ဦး ဓါးနဲ ့ထုိးသတ္ခံရကာ လူအုပ္ေတြဟာ ဗလီေတြကုိ တုိက္ခုိက္ျခင္း၊ ကုိရမ္က်မ္းစာေတြကုိ မီးရႈိ ့ဖ်က္ဆီးျခင္း တုိ ့လုပ္ခဲ့ၾကပါတယ္။

မြတ္ဆလင္ဆန္႔က်င္ေရး ဆူပူအၾကမ္းဖက္မႈမ်ားျဖစ္ပြားခဲ့ရာ ၿမိဳ ့ေတြမွာ သီရိလကၤာ စစ္တပ္ ကင္းလွည့္ ေစာင့္ၾကပ္ေန


မြတ္ဆလင္ အသုိင္းအ၀ုိင္းကလူေတြ အနီးအနားက စပါးခင္းေတြထဲ စုၿပံဳေရာက္ရွိေနၾကတာေၾကာင့္ တစ္ေယာက္မွ မေသခဲ့တာပါလုိ ့ ကုိတမ္ပီတီယာၿမဳိ႕ဗလီတစ္ခုေရွ ့မွာ စုစည္းေနတဲ့ အမ်ဳိးသားအုပ္ထဲက တစ္ဦးက ေျပာဆုိခဲ့ပါတယ္။ အျဖဴနဲ ့အစိမ္းေရာင္ ေဆးသုတ္ထားတဲ့ ယင္း ဗလီရဲ႕ ျပတင္းေပါက္ ေတြနဲ ့တံခါးေတြ က်ဳိးပ်က္ေနခဲ့ပါတယ္။ တနလၤာေန ့ မြန္းလြဲပုိင္းေလာက္မွာ လူ တစ္ဒါဇင္ေလာက္ပါတဲ့ အုပ္စုတစ္ခု တကၠစီေတြနဲ ့ေရာက္လာကာ မြတ္ဆလင္ပုိင္ စတုိးဆုိင္ေတြကုိ ေက်ာက္ခဲေတြနဲ ့ပစ္ေပါက္ ခဲ့ၾကေၾကာင္း ယင္းေနာက္ လူအုပ္ဟာ ၂၀၀ မွသည္ ၁၀၀၀ ေလာက္အထိ ျဖစ္လာခဲ့ေၾကာင္း ၄င္းတုိ ့က ေျပာဆုိပါတယ္။ အဓိက ဗလီႀကီးတစ္လုံးအျပင္ မြတ္ဆလင္ပုိင္ စီးပြားေရးလုပ္ငန္း ၁၇ ခု၊ ေနအိမ္ အလုံး ၅၀ ခန္ ့ လူအုပ္ရဲ႕တုိက္ခုိက္ခံခဲ့ရေၾကာင္း မ်က္ျမင္ေတြ ့သူေတြက ေျပာခဲ့ပါတယ္။ ယခုျဖစ္စဥ္နဲ ့ပတ္သက္ၿပီး လူစုကြဲသြားေအာင္ မလုပ္ခဲ့ၾကတဲ့ ရဲတပ္ဖြဲ ့အေပၚ အခ်ဳိ ့သူေတြက ျပစ္တင္ေ၀ဖန္မႈေတြ လုပ္ခဲ့ပါတယ္။
“ရဲေတြက ၾကည့္ေနၾကတယ္။ သူတုိ ့လမ္းေပၚမွာ ရွိေနၿပီး ဘာတစ္ခုမွ တားျမစ္မႈ မလုပ္ခဲ့ဘူး။ က်ဴပ္တုိ ့ကုိ အထဲ၀င္ေနၾကဖုိ ့ပဲ ေျပာတယ္’’ လို ့ ကား ေဆးသုတ္လုပ္ငန္းလုပ္ေနတဲ့ အသက္ ၄၇ ႏွစ္အရြယ္ မုိဟာမက္ ဖာလက္လ္က ေျပာပါတယ္။
ရဲတပ္ဖြဲ ့ ေျပာေရးဆုိခြင့္ရွိသူ ရူ၀မ္ ဂူနာဆိကရာ ကေတာ့ စြပ္စြဲခ်က္ေတြကုိ ျငင္းဆုိခဲ့ၿပီး အၾကမ္းဖက္မႈေတြ စျဖစ္တာနဲ ့ ရဲတပ္ဖြဲ ့က အသင့္ရွိေနခဲ့ေၾကာင္း ယခုအခါ လုံၿခဳံေရး အေျခအေနေတြကုိ ထိန္းထားႏုိင္ၿပီျဖစ္ေၾကာင္းနဲ ့ ပါ၀င္က်ဴးလြန္ခဲ့သူေတြကုိ အေရးယူေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း ေျပာဆုိ ခဲ့ပါတယ္။

 -ကုိလင္း(အကုန္သိ သတင္းဌာန) | Ref : Reuters

Unicode Version


ယခုသီတင်းပတ်အတွင်း မွတ်ဆလင်ဆန့်ကျင်ရေး ဆူပူအကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရာ မြို့တွေမှာ သံချပ်ကာယာဉ်တွေနဲ့အတူ မေ ၁၄ ရက်နေ့မှာ သီရိလင်္ကာစစ်သားတွေ ကင်းလှည့်စောင့်ကြပ်မှု လုပ်နေကြောင်း သိရပါတယ်။ ၎င်းတို့ရဲ့ဈေးဆိုင်တွေ နေအိမ်တွေကို တိုက်ခိုက်ခဲ့တဲ့ လူအုပ်တွေ ရန်က လွတ်မြောက်ဖို့ မွတ်ဆလင်တွေဟာ စပါးစိုက်ခင်းတွေထဲ ပုန်းအောင်းခဲ့ရကြောင်း ဒေသခံတွေက ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
တနင်္ဂနွေနေ့က စတင်ခဲ့တဲ့ မွတ်ဆလင်ဆန့်ကျင်ရေး လူအုပ်ဖွဲ့တိုက်ခိုက်မှုတွေ တစ်မြို့ကနေ တစ်မြို့ကူးစက်ဖြစ်ပွားသွားခဲ့ပြီးနောက် ဆူပူတိုက်ခိုက်မှုတွေ အဆိုးဆုံးဖြစ်ခဲ့တဲ့ နိုင်ငံအနောက်မြောက်ပိုင်း အစိတ်အပိုင်းတွေမှာ အခြေအနေတွေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အာဏာပိုင်တွေက ပြောဆိုပါတယ်။ သီရိလင်္ကာမှာ လူ ၂၅၀ ကျော် သေဆုံးခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ဟိုတယ်တွေ အသေခံ ဗုံးခွဲ တိုက်ခိုက်ခံရမှုအတွက် မွတ်ဆလင်ထု အပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေအတွင်း အမျိုးသားတစ်ဦး ဓါးနဲ့ထိုးသတ်ခံရကာ လူအုပ်တွေဟာ ဗလီတွေကို တိုက်ခိုက်ခြင်း၊ ကိုရမ်ကျမ်းစာတွေကို မီးရှို့ဖျက်ဆီးခြင်း တို့လုပ်ခဲ့ကြပါတယ်။
မွတ်ဆလင် အသိုင်းအဝိုင်းကလူတွေ အနီးအနားက စပါးခင်းတွေထဲ စုပြုံရောက်ရှိနေကြတာကြောင့် တစ်ယောက်မှ မသေခဲ့တာပါလို့ ကိုတမ်ပီတီယာမြို့ဗလီတစ်ခုရှေ့မှာ စုစည်းနေတဲ့ အမျိုးသားအုပ်ထဲက တစ်ဦးက ပြောဆိုခဲ့ပါတယ်။ အဖြူနဲ့အစိမ်းရောင် ဆေးသုတ်ထားတဲ့ ယင်း ဗလီရဲ့ ပြတင်းပေါက် တွေနဲ့တံခါးတွေ ကျိုးပျက်နေခဲ့ပါတယ်။ တနင်္လာနေ့ မွန်းလွဲပိုင်းလောက်မှာ လူ တစ်ဒါဇင်လောက်ပါတဲ့ အုပ်စုတစ်ခု တက္ကစီတွေနဲ့ရောက်လာကာ မွတ်ဆလင်ပိုင် စတိုးဆိုင်တွေကို ကျောက်ခဲတွေနဲ့ပစ်ပေါက် ခဲ့ကြကြောင်း ယင်းနောက် လူအုပ်ဟာ ၂၀၀ မှသည် ၁၀၀၀ လောက်အထိ ဖြစ်လာခဲ့ကြောင်း ၎င်းတို့က ပြောဆိုပါတယ်။ အဓိက ဗလီကြီးတစ်လုံးအပြင် မွတ်ဆလင်ပိုင် စီးပွားရေးလုပ်ငန်း ၁၇ ခု၊ နေအိမ် အလုံး ၅၀ ခန့် လူအုပ်ရဲ့တိုက်ခိုက်ခံခဲ့ရကြောင်း မျက်မြင်တွေ့သူတွေက ပြောခဲ့ပါတယ်။ ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး လူစုကွဲသွားအောင် မလုပ်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့အပေါ် အချို့သူတွေက ပြစ်တင်ဝေဖန်မှုတွေ လုပ်ခဲ့ပါတယ်။
“ရဲတွေက ကြည့်နေကြတယ်။ သူတို့လမ်းပေါ်မှာ ရှိနေပြီး ဘာတစ်ခုမှ တားမြစ်မှု မလုပ်ခဲ့ဘူး။ ကျူပ်တို့ကို အထဲဝင်နေကြဖို့ပဲ ပြောတယ်’’ လို့ ကား ဆေးသုတ်လုပ်ငန်းလုပ်နေတဲ့ အသက် ၄၇ နှစ်အရွယ် မိုဟာမက် ဖာလက်လ်က ပြောပါတယ်။
ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရူဝမ် ဂူနာဆိကရာ ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး အကြမ်းဖက်မှုတွေ စဖြစ်တာနဲ့ ရဲတပ်ဖွဲ့က အသင့်ရှိနေခဲ့ကြောင်း ယခုအခါ လုံခြုံရေး အခြေအနေတွေကို ထိန်းထားနိုင်ပြီဖြစ်ကြောင်းနဲ့ ပါဝင်ကျူးလွန်ခဲ့သူတွေကို အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ်။

-ကိုလင်း(အကုန်သိ သတင်းဌာန) | Ref : Reuters

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။