Skip to main content
အိပ်မက် မက်ခဲ့တဲ့ နံပါတ်များကို ကံစမ်းခဲ့တဲ့ သြစတေးလျအမျိုးသားတစ်ဦး ထီဆုကြီးပေါက်
Ads Block
အိပ်မက် မက်ခဲ့တဲ့ နံပါတ်များကို ကံစမ်းခဲ့တဲ့ သြစတေးလျအမျိုးသားတစ်ဦး ထီဆုကြီးပေါက်
အိပ်မက် မက်ခဲ့တဲ့ နံပါတ်များကို ကံစမ်းခဲ့တဲ့ သြစတေးလျအမျိုးသားတစ်ဦး ထီဆုကြီးပေါက်
Unicode Version
သြစတေးလျအမျိုးသားတစ်ဦးဟာ လွန်ခဲ့တဲ့ ၁၃ နှစ် လောက်ကတည်းက အိမ်မက်မက်ခဲ့တဲ့ နံပါတ်များကို ကံစမ်းခဲ့ရာမှ ဒေါ်လာ ၁ သန်း ထီဆုကြီးကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။
ထိုအမည်မဖော်လိုသူ အမျိုးသားဟာ တစ်ညမှာ ကိန်းဂဏန်းတွေကိုအိမ်မက်မက်ခဲ့ပြီး  အဲဒီအချိန်ကတည်းက ဒီနံပါတ်တွေပဲ အသုံးပြုပြီး ကံစမ်းနေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
တစ်နေ့ ငါဒီနံပါတ်တွေအားလုံးကို ထီလက်မှတ်မှာတွေ့ရမယ်လို့ တွေးခဲ့ပြီး မိမိရဲ့ ထီလက်မှတ်ကိုစစ်ဆေးပြီး ပေါက်မဲသတင်းတွေကို ရှာခဲ့တယ်လို့ပြောခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်တွေကလည်း ဒီနံပါတ်တွေကပဲ သူ့အတွက် တခြားဆုတွေ ပေါက်ခဲ့သေးကြောင်း သိရပါတယ်။ သူ ဒီနံပါတ်တွေနဲ့ပဲ ထပ်ပြီးကံစမ်းနေဦးမယ်လို့လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အိမ်မက်နံပါတ်တွေကနေ ကံစမ်းပြီး ထီပေါက်သူဟာ ဒါပထမဆုံးသူ မဟုတ်ပါဘူး။ ယခုလ အစောပိုင်းကလည်း အမေရိကန်မှ အမျိုးသမီးတစ်ဦးဟာ အိမ်မက်နံပါတ်တွေကနေ ၁၀၁၆၀၀ ဒေါ်လာ တန်ဖိုးရှိ ထီဆုကြီး ပေါက်ခဲ့ကြောင်းသိရပါတယ်။
- မေ (အကုန်သိ သတင်းဌာန) | Ref : BBC
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။