Skip to main content
ထိုင်းတွင် စစ်အစိုးရခန့်အပ်ခံ အမတ်လောင်းစာရင်း ထွက်ရှိလာရာ ၂၅ ရာခိုင်နှုန်းခန့်ဟာ စစ်တပ်အရာရှိများ ဖြစ်နေ
Ads Block
ထိုင်းတွင် စစ်အစိုးရခန့်အပ်ခံ အမတ်လောင်းစာရင်း ထွက်ရှိလာရာ ၂၅ ရာခိုင်နှုန်းခန့်ဟာ စစ်တပ်အရာရှိများ ဖြစ်နေ
ထိုင်းတွင် စစ်အစိုးရခန့်အပ်ခံ အမတ်လောင်းစာရင်း ထွက်ရှိလာရာ ၂၅ ရာခိုင်နှုန်းခန့်ဟာ စစ်တပ်အရာရှိများ ဖြစ်နေ
လက်ရှိစစ်အစိုးရခန့်အပ်လိုက်တဲ့ အမတ်များစာရင်းဟာ မေလ ၁၁ ရက်နေ့မှာ ထွက်ရှိခဲ့ပြီး ၄င်းစာရင်း ထဲမှာ ထိုင်းစစ်အစိုးရခေါင်းဆောင် ဝန်ကြီးချုပ်ပရာယွတ်ရဲ့ ညီအရင်းအပြင် ဒုဝန်ကြီးချုပ်ရဲ့ ညီတစ်ဦး တို့လည်း ပါနေပါတယ်။
ထိုင်းတွင် စစ်အစိုးရခန့်အပ်ခံ အမတ်လောင်းစာရင်း ထွက်ရှိလာရာ ၂၅ ရာခိုင်နှုန်းခန့်ဟာ စစ်တပ်အရာရှိများ ဖြစ်နေ
Unicode Version
ထိုင်းနိုင်ငံမှာ ဘုရင့်အသိအမှတ်ပြုခံ လွှတ်တော်အမတ်စာရင်း ထွက်ရှိလာခဲ့ရာ အမတ် ၂၅၀ အနက် ၂၅ ရာခိုင်နှုန်းကျော်ဟာ စစ်တပ်အရာရှိများဖြစ်နေကြောင်း Royal Gazette သတင်းစာရဲ့ မေလ ၁၅ ရက်နေ့ ရေးသားဖေါ်ပြချက်အရ သိရပါတယ်။
လက်ရှိစစ်အစိုးရခန့်အပ်လိုက်တဲ့ အမတ်များစာရင်းဟာ မေလ ၁၁ ရက်နေ့မှာ ထွက်ရှိခဲ့ပြီး ၎င်းစာရင်း ထဲမှာ ထိုင်းစစ်အစိုးရခေါင်းဆောင် ဝန်ကြီးချုပ်ပရာယွတ်ရဲ့ ညီအရင်းအပြင် ဒုဝန်ကြီးချုပ်ရဲ့ ညီတစ်ဦး တို့လည်း ပါနေပါတယ်။
အမတ် ၂၅၀ အနက် ၆၆ ဦးဟာ ထိုင်းစစ်တပ်မှဖြစ်ပြီး စစ်ဖက်နဲ့ရဲဖက်တို့မှလာတဲ့ အမတ်စုစုပေါင်း ဦးရေဟာ ၁၀၅ ယောက် ရှိပါတယ်။ ၎င်းတို့ထဲမှာ ပရာယွတ်အစိုးရအဖွဲ့ကနေ ယခင်အပတ်မှာ နှုတ်ထွက်သွားခဲ့တဲ့ ဝန်ကြီးဟောင်း ၁၅ ယောက်လည်း ပြန်ပါနေပြီး အတော်များများဟာ ဗိုလ်ချုပ်ကြီးတွေ ဖြစ်ကြပါတယ်။ 
စစ်ဖက်နဲ့ရဲဖက်မှလာမယ့် အမတ်ဦးရေဟာ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းခန့်အထိများမယ့်အပြင် အရပ်သားအမတ် ၂၆ ဦးခန့်ဟာလည်း စစ်အစိုးရနဲ့ဆက်နွယ်နေသူတွေဖြစ်ကြပါတယ်။
ဝန်ကြီးချုပ်သစ် ရွေးကောက်ရေးမှာ ထိုင်းအထက်လွှတ်တော်ဟာ အောက်လွှတ်တော်နဲ့ပူးပေါင်းပြီး မဲပေးတင်မြှောက်မှာဖြစ်ပါတယ်။ အတိုက်အခံအင်အားစုဟာ အောက်လွှတ်တော်မှာ ကိုယ်စားလှယ် နေရာ ၅၀၀ အနက် ၂၄၅ ခုသာ ရထားတာကြောင့် အထက်လွှတ်တော်တစ်ရပ်လုံးဟာ လူအများ ထင်ကြေးပေးထားသည့်အတိုင်း ပရာယွတ်ကို မဲပေးလိုက်ပါက ၎င်းဟာ ဝန်ကြီးချုပ်အဖြစ် အာဏာကို ဆက်ချုပ်ကိုင်ထားနိုင်ဦးမှာ ဖြစ်ပါတယ်။
- ZHO (အကုန်သိ သတင်းဌာန)  | (Ref : Reuters)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။