Skip to main content
ကေမာၻဒီးယားၿမိဳ ့တစ္ၿမိဳ ့ကုိ သိမ္းပုိက္ထိန္းခ်ဳပ္မယ္လုိ ့ တရုတ္ဂုိဏ္းတစ္ဂုိဏ္း ၿခိမ္းေျခာက္
Ads Block

ကေမာၻဒီးယားၿမိဳ ့တစ္ၿမိဳ ့ကုိ သိမ္းပုိက္ထိန္းခ်ဳပ္မယ္လုိ ့ တရုတ္ဂုိဏ္းတစ္ဂုိဏ္း ၿခိမ္းေျခာက္


ကေမာၻဒီးယားႏုိင္ငံ သီဟာႏုေဗးလ္ျပည္နယ္ရဲ ့ၿမိဳ ့ေတာ္ ပရက္ခ်္ သီဟာႏုၿမိဳ ့ကို သိမ္းပုိက္ထိန္းခ်ဳပ္သြားမယ္လုိ ့ ၿခိမ္းေျခာက္ ဗီဒီယုိထုတ္လႊင့္ခဲ့တဲ့ ခ်ဳံကင္းနယ္မွလုိ ့ ယူဆရေသာ တရုတ္လူဆုိးဂုိဏ္းတစ္ဂုိဏ္းရဲ ့ ဗီဒီယုိဖုိင္နဲ ့ပတ္သက္ၿပီး ကေမာၻဒီးယားႏုိင္ငံဆုိင္ရာ တရုတ္သံရုံးက စုံစမ္းစစ္ေဆးေနတယ္လုိ ့ သိရပါတယ္။

ကေမာၻဒီးယားၿမိဳ ့တစ္ၿမိဳ ့ကုိ သိမ္းပုိက္ထိန္းခ်ဳပ္မယ္လုိ ့ တရုတ္ဂုိဏ္းတစ္ဂုိဏ္း ၿခိမ္းေျခာက္


ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း ကေမာၻဒီးယားရဲ ့ အေနာက္ေတာင္ဘက္ ကမ္းရုိးတန္းမွာ တည္ရွိတဲ့ အဆုိပါျပည္နယ္မွာ တရုတ္လုပ္ငန္းရွင္ေတြက အပန္းေျဖစခန္းေတြ၊ ဟုိတယ္ေတြနဲ ့ကာစီႏုိရုံေတြ ၁၀၀ ေက်ာ္ေလာက္ တည္ေဆာက္ခဲ့ၾကပါတယ္။
ေဖ့စ္ဘုတ္ေပၚ ပ်ံ ့ႏွံ ့ခဲ့တဲ့ ဗီဒီယုိဖုိင္မွာ တရုတ္အမ်ဳိးသားတစ္ဦးက ကင္မရာကုိ ၾကည့္ၿပီး စကားေျပာဆုိထားခဲ့ကာ ၄င္းရဲ ့ေဘးမွာ အျခားတရုတ္အမ်ဳိးသား ၂၀ ေလာက္က ၀ုိင္းရံထားတာေတြ ့ရပါတယ္။ ကမ္ပုံဆမ္ဟာ ေနာက္သုံးႏွစ္ေလာက္မွာ ပရမ္းပတာ ရုန္းရင္းဆန္ခတ္မႈေတြျဖစ္မလား၊ လုံလုံၿခဳံၿခဳံရွိေနမလားဆုိတာ မိမိရဲ ့ ထိန္းခ်ဳပ္မႈေအာက္မွာ မူတည္ေၾကာင္း ယင္း ေခါင္းေဆာင္ျဖစ္သူ အမ်ဳိးသားက ပီရက္ခ်္ သီဟာႏုရဲ ့ ေဒသအမည္တစ္ခုကုိ သုံးကာ မန္ဒရင္းဘာသာစကားနဲ ့ေျပာဆုိခဲ့ပါတယ္။
ယင္း ဗီဒီယုိဖုိင္နဲ ့ပတ္သက္ၿပီး ကေမာၻဒီးယားရဲတပ္ဖြဲ ့နဲ ့ ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း တရုတ္သံရုံးက တနဂၤေႏြ ့ေန ့မွာ ၄င္းတုိ ့ရဲ ့ ၀က္ဘ္ဆုိက္ကေန အသိေပးေဖာ္ျပခဲ့ပါတယ္။ ဒီကိစၥကုိ ေျဖရွင္းႏုိင္မယ္လုိ ့ ယုံၾကည္ပါေၾကာင္း ေနာက္ထပ္ျဖစ္ေပၚသိရွိရသမွ်ေတြကုိ အခ်ိန္နဲ ့တေျပးညီ ထုတ္ျပန္ေပးသြားမွာျဖစ္ေၾကာင္း သံရုံးက ေျပာဆုိခဲ့ၿပီး အျခားအေသးစိတ္ေျဖၾကားေပးဖုိ ့ ေတာင္းဆုိခ်က္ေတြကုိေတာ့ ျငင္းဆုိခဲ့ပါတယ္။
ကေမာၻဒီးယားႏုိင္ငံမွာ တရုတ္ႏုိင္ငံသားေတြဟာ ျပစ္မႈက်ဴးလြန္မႈ အမ်ားဆုံးလုပ္ေဆာင္တဲ့ ႏုိင္ငံျခားသားေတြျဖစ္ေၾကာင္း ကေမာၻဒီးယားျပည္ထဲေရး၀န္ႀကီးဌာနက ေမ ၇ ရက္ေန ့မွာ ထုတ္ျပန္ခဲ့အၿပီး ရက္ပုိင္းအၾကာ ေမ ၁၂ ရက္ေန ့မွာ ယခု ဗီဒီယုိဖုိင္ ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ ပထမ ေလးလပတ္အတြင္း ျပစ္မႈက်ဴးလြန္တဲ့ ႏုိင္ငံျခားသား ၃၄၁ ဦး ထိန္းသိမ္းခံခဲ့ရရာမွာ ၂၄၁ ဦးက တရုတ္ႏုိင္ငံသားေတြျဖစ္ၿပီး ဒုတိယအမ်ားဆုံးက ဗီယက္နမ္ႏုိင္ငံသားေတြျဖစ္ကာ ၄၉ ဦး ထိန္းသိမ္းခံခဲ့ရပါတယ္။
ၿပီးခဲ့တဲ့ႏွစ္က ကေမာၻဒီးယားႏုိင္ငံမွာ အလုပ္ပါမစ္နဲ ့ ေရာက္ရွိခဲ့တဲ့ တရုတ္ႏုိင္ငံသား ၁၆၀၀၀ ေက်ာ္ရွိၿပီး အမ်ားစုဟာ သီဟာႏုေဗးလ္ျပည္နယ္ရွိ ခရီးသြားလုပ္ငန္း၊ အေျခခံအေဆာက္အအုံလုပ္ငန္းေတြ၊ အိမ္နီးခ်င္း ေကာ့ကြန္းျပည္နယ္ရွိ ေရနက္ဆိပ္ကမ္း၊ ေလဆိပ္တည္ေဆာက္ေရးလုပ္ငန္းေတြမွာ လုပ္ကုိင္ေနေၾကာင္း သိရပါတယ္။ ဒါေပမဲ့လည္း လူ၀င္မႈႀကီးၾကပ္ေရးဌာနရဲ ့ ခန္ ့မွန္းေဖာ္ျပမႈအရ သီဟာႏုေဗးလ္ျပည္နယ္တစ္ခုတည္းမွာတင္ တရုတ္ႏုိင္ငံသား ၇၈၀၀၀ ေလာက္ရွိေနၿပီး အမ်ားစုက အလုပ္လုပ္ခြင့္ပါမစ္မရွိၾကသူေတြျဖစ္ေၾကာင္း သိရပါတယ္။
ေထာက္ခံသူေတြကေတာ့ တည္ေဆာက္ေရးစီမံကိန္းေတြဟာ အလုပ္အကုိင္နဲ ့ စီးပြားေရး အက်ဳိးအျမတ္ေတြ ရရွိေစေၾကာင္း ဆုိၾကေပမယ့္ ေ၀ဖန္သူေတြကေတာ့ သဘာ၀ပတ္၀န္းက်င္ ထိခုိက္ပ်က္စီးမႈေတြ၊ မုိးပ်ံေနတဲ့ ကုန္က်စရိတ္ေတြေၾကာင့္ တရားမ၀င္ ေျမသိမ္းမႈေတြနဲ ့ ေျမယာအျငင္းပြားမႈေတြ ေပၚေပါက္ေစကာ အမႈအခင္းေတြ ထူေျပာလာေၾကာင္း ေထာက္ျပခဲ့ၾကပါတယ္။ အထူးသျဖင့္ ေနာက္ေရာက္လာတဲ့ တရုတ္ႏုိင္ငံသားေတြနဲ ့ ေဒသခံေတြအၾကား တင္းမာမႈေတြ နက္ရႈိင္းလာေၾကာင္း သိရပါတယ္။

-ကုိလင္း(အကုန္သိ သတင္းဌာန) | Ref : South China Morning post

Unicode Version


ကမ္ဘောဒီးယားနိုင်ငံ သီဟာနုဗေးလ်ပြည်နယ်ရဲ့မြို့တော် ပရက်ချ် သီဟာနုမြို့ကို သိမ်းပိုက်ထိန်းချုပ်သွားမယ်လို့ ခြိမ်းခြောက် ဗီဒီယိုထုတ်လွှင့်ခဲ့တဲ့ ချုံကင်းနယ်မှလို့ ယူဆရသော တရုတ်လူဆိုးဂိုဏ်းတစ်ဂိုဏ်းရဲ့ ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကမ္ဘောဒီးယားရဲ့ အနောက်တောင်ဘက် ကမ်းရိုးတန်းမှာ တည်ရှိတဲ့ အဆိုပါပြည်နယ်မှာ တရုတ်လုပ်ငန်းရှင်တွေက အပန်းဖြေစခန်းတွေ၊ ဟိုတယ်တွေနဲ့ကာစီနိုရုံတွေ ၁၀၀ ကျော်လောက် တည်ဆောက်ခဲ့ကြပါတယ်။
ဖေ့စ်ဘုတ်ပေါ် ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုဖိုင်မှာ တရုတ်အမျိုးသားတစ်ဦးက ကင်မရာကို ကြည့်ပြီး စကားပြောဆိုထားခဲ့ကာ ၎င်းရဲ့ဘေးမှာ အခြားတရုတ်အမျိုးသား ၂၀ လောက်က ဝိုင်းရံထားတာတွေ့ရပါတယ်။ ကမ်ပုံဆမ်ဟာ နောက်သုံးနှစ်လောက်မှာ ပရမ်းပတာ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်မလား၊ လုံလုံခြုံခြုံရှိနေမလားဆိုတာ မိမိရဲ့ ထိန်းချုပ်မှုအောက်မှာ မူတည်ကြောင်း ယင်း ခေါင်းဆောင်ဖြစ်သူ အမျိုးသားက ပီရက်ချ် သီဟာနုရဲ့ ဒေသအမည်တစ်ခုကို သုံးကာ မန်ဒရင်းဘာသာစကားနဲ့ပြောဆိုခဲ့ပါတယ်။
ယင်း ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း တရုတ်သံရုံးက တနင်္ဂနွေ့နေ့မှာ ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်ကနေ အသိပေးဖော်ပြခဲ့ပါတယ်။ ဒီကိစ္စကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါကြောင်း နောက်ထပ်ဖြစ်ပေါ်သိရှိရသမျှတွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း သံရုံးက ပြောဆိုခဲ့ပြီး အခြားအသေးစိတ်ဖြေကြားပေးဖို့ တောင်းဆိုချက်တွေကိုတော့ ငြင်းဆိုခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ တရုတ်နိုင်ငံသားတွေဟာ ပြစ်မှုကျူးလွန်မှု အများဆုံးလုပ်ဆောင်တဲ့ နိုင်ငံခြားသားတွေဖြစ်ကြောင်း ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက မေ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့အပြီး ရက်ပိုင်းအကြာ မေ ၁၂ ရက်နေ့မှာ ယခု ဗီဒီယိုဖိုင် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ပထမ လေးလပတ်အတွင်း ပြစ်မှုကျူးလွန်တဲ့ နိုင်ငံခြားသား ၃၄၁ ဦး ထိန်းသိမ်းခံခဲ့ရရာမှာ ၂၄၁ ဦးက တရုတ်နိုင်ငံသားတွေဖြစ်ပြီး ဒုတိယအများဆုံးက ဗီယက်နမ်နိုင်ငံသားတွေဖြစ်ကာ ၄၉ ဦး ထိန်းသိမ်းခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်က ကမ္ဘောဒီးယားနိုင်ငံမှာ အလုပ်ပါမစ်နဲ့ ရောက်ရှိခဲ့တဲ့ တရုတ်နိုင်ငံသား ၁၆၀၀၀ ကျော်ရှိပြီး အများစုဟာ သီဟာနုဗေးလ်ပြည်နယ်ရှိ ခရီးသွားလုပ်ငန်း၊ အခြေခံအဆောက်အအုံလုပ်ငန်းတွေ၊ အိမ်နီးချင်း ကော့ကွန်းပြည်နယ်ရှိ ရေနက်ဆိပ်ကမ်း၊ လေဆိပ်တည်ဆောက်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြောင်း သိရပါတယ်။ ဒါပေမဲ့လည်း လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ခန့်မှန်းဖော်ပြမှုအရ သီဟာနုဗေးလ်ပြည်နယ်တစ်ခုတည်းမှာတင် တရုတ်နိုင်ငံသား ၇၈၀၀၀ လောက်ရှိနေပြီး အများစုက အလုပ်လုပ်ခွင့်ပါမစ်မရှိကြသူတွေဖြစ်ကြောင်း သိရပါတယ်။
ထောက်ခံသူတွေကတော့ တည်ဆောက်ရေးစီမံကိန်းတွေဟာ အလုပ်အကိုင်နဲ့ စီးပွားရေး အကျိုးအမြတ်တွေ ရရှိစေကြောင်း ဆိုကြပေမယ့် ဝေဖန်သူတွေကတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ၊ မိုးပျံနေတဲ့ ကုန်ကျစရိတ်တွေကြောင့် တရားမဝင် မြေသိမ်းမှုတွေနဲ့ မြေယာအငြင်းပွားမှုတွေ ပေါ်ပေါက်စေကာ အမှုအခင်းတွေ ထူပြောလာကြောင်း ထောက်ပြခဲ့ကြပါတယ်။ အထူးသဖြင့် နောက်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ဒေသခံတွေအကြား တင်းမာမှုတွေ နက်ရှိုင်းလာကြောင်း သိရပါတယ်။

-ကိုလင်း(အကုန်သိ သတင်းဌာန) | Ref : South China Morning post

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။