Skip to main content
ေနာ္ေ၀သူကုိ မုဒိမ္းက်င့္ခဲ့သည့္ ထုိင္းအမ်ဳိးသားမွာ ယခင္က ျပစ္မႈမွတ္တမ္းမ်ားစြာ ရွိထားသူျဖစ္ေန
Ads Block

ေနာ္ေ၀သူကုိ မုဒိမ္းက်င့္ခဲ့သည့္ ထုိင္းအမ်ဳိးသားမွာ ယခင္က ျပစ္မႈမွတ္တမ္းမ်ားစြာ ရွိထားသူျဖစ္ေန

 

ထုိင္းႏုိင္ငံ အပန္းေျဖကၽြန္း ေကာ့ဖငံမွာ ေနာ္ေ၀ႏုိင္ငံသူကုိ မုဒိမ္းက်င့္ခဲ့တဲ့ အသက္ ၃၃ ႏွစ္ အရြယ္ ထုိင္းအမ်ဳိးသားဟာ မူးယစ္ေဆး၀ါးမႈေတြအပါအ၀င္ ျပစ္မႈမွတ္တမ္းမ်ားစြာရွိထားခဲ့သူျဖစ္ေၾကာင္း ဆူရတ္သာနီ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးက ေျပာဆုိပါတယ္။

ေနာ္ေ၀သူကုိ မုဒိမ္းက်င့္ခဲ့သည့္ ထုိင္းအမ်ဳိးသားမွာ ယခင္က ျပစ္မႈမွတ္တမ္းမ်ားစြာ ရွိထားသူျဖစ္ေန

ခါႏြန္ခရုိင္မွာ ေနထုိင္တဲ့ က်ဴးလြန္သူ ရီ၀ပ္ ဟန္ဆူ၀မ္ကုိ ေကာ့ဖငံကၽြန္းရွိ ေမာ္ေတာ္ဆုိင္ကယ္ ျပင္ဆုိင္တစ္ဆုိင္မွာ တနလၤာေန ့က ဖမ္းမိခဲ့တာပါ။ ဆုိင္ကယ္ျပင္ဆုိင္မွာ အလုပ္လုပ္တဲ့ က်ဴးလြန္သူဟာ အသက္ ၂၆ ႏွစ္အရြယ္ ေနာ္ေ၀သူကုိ Big C Koh Phangan Supercenter နဲ ့ မ်က္ႏွာခ်င္းဆုိင္ လမ္းတစ္ခု ေပၚမွာ ေမ ၁၂ ရက္ေန ့ မနက္ ၂ နာရီေလာက္က အဓမၼျပဳက်င့္ခဲ့တာျဖစ္ၿပီး ျပစ္က်ဴးလြန္ခဲ့တာကုိ ၄င္းက ၀န္ခံခဲ့တယ္လုိ ့ သိရပါတယ္။ အေစာပုိင္းက က်ဴးလြန္ခံခဲ့ရသူ ေနာ္ေ၀သူရဲ႕အေျပာအရ သူဟာ တနဂၤေႏြေန ့ မနက္အေစာပုိင္းမွာ လ၀က္ပါတီပြဲတစ္ခုကုိ သြားေရာက္ခဲ့ၿပီး ဟုိတယ္ျပန္အေရာက္မွာ ပုိက္ဆံအိတ္ေပ်ာက္ခဲ့ေၾကာင္း သိခဲ့လုိ ့ ပါတီပြဲေနရာကုိ ျပန္သြားရွာခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ပုိက္ဆံအိတ္သြားျပန္ရွာမယ့္ သူ႔ကုိ ဆုိင္ကယ္စီး အာရွသားတစ္ဦးက ဆုိင္ကယ္နဲ ့လုိက္ခဲ့ဖုိ ့ ကမ္းလွမ္းလုိ ့လုိက္သြားခဲ့ရာမွ ၄င္း ဆုိင္ကယ္သမားက တုိက္ခုိက္ၿပီး အဓမၼျပဳက်င့္ခဲ့တာျဖစ္တယ္လုိ ့ သူက ရဲကုိ တုိင္ၾကားထားခဲ့ပါတယ္။ ယခုျဖစ္စဥ္မွာ က်ဴးလြန္သူရဲ႕လုပ္ရပ္ဟာ အပန္းေျဖကၽြန္းရဲ႕ခရီးသြားလုပ္ငန္းပုံရိပ္ကုိ ထိခုိက္ ေစတာေၾကာင့္ ဥပေဒအရ ထိထိေရာက္ေရာက္ တရားစြဲဆုိဖုိ ့ ဆူရတ္သာနီျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး ၀ီခ်ာ၀တ္ ဂ်င္တုိက ေမ ၁၄ ရက္ေန ့မွာ ရဲတပ္ဖြဲ ့ကုိ အမိန္႔ေပးခဲ့ပါတယ္။ ျပစ္မႈမွတ္တမ္းေတြအရ က်ဴးလြန္သူ မစၥတာ ရီ၀ပ္ဟာ မူယစ္ေဆး၀ါး ျပစ္မႈေတြနဲ ့ ေကာ့စမြီကၽြန္းရွိ အက်ဥ္းေထာင္မွာ ေထာင္ဒဏ္က်ခံခဲ့ရအၿပီး ဧၿပီ ၁၁ ရက္ေန ့က ျပန္လည္လြတ္ေျမာက္လာခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

- ကုိလင္း (အကုန္သိ သတင္းဌာန) | Ref : ဘန္ေကာက္ပုိ ့စ္

Unicode Version



ထိုင်းနိုင်ငံ အပန်းဖြေကျွန်း ကော့ဖငံမှာ နော်ဝေနိုင်ငံသူကို မုဒိမ်းကျင့်ခဲ့တဲ့ အသက် ၃၃ နှစ် အရွယ် ထိုင်းအမျိုးသားဟာ မူးယစ်ဆေးဝါးမှုတွေအပါအဝင် ပြစ်မှုမှတ်တမ်းများစွာရှိထားခဲ့သူဖြစ်ကြောင်း ဆူရတ်သာနီ ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။
ခါနွန်ခရိုင်မှာ နေထိုင်တဲ့ ကျူးလွန်သူ ရီဝပ် ဟန်ဆူဝမ်ကို ကော့ဖငံကျွန်းရှိ မော်တော်ဆိုင်ကယ် ပြင်ဆိုင်တစ်ဆိုင်မှာ တနင်္လာနေ့က ဖမ်းမိခဲ့တာပါ။ ဆိုင်ကယ်ပြင်ဆိုင်မှာ အလုပ်လုပ်တဲ့ ကျူးလွန်သူဟာ အသက် ၂၆ နှစ်အရွယ် နော်ဝေသူကို Big C Koh Phangan Supercenter နဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ခု ပေါ်မှာ မေ ၁၂ ရက်နေ့ မနက် ၂ နာရီလောက်က အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး ပြစ်ကျူးလွန်ခဲ့တာကို ၎င်းက ဝန်ခံခဲ့တယ်လို့ သိရပါတယ်။  
အစောပိုင်းက ကျူးလွန်ခံခဲ့ရသူ နော်ဝေသူရဲ့အပြောအရ သူဟာ တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ လဝက်ပါတီပွဲတစ်ခုကို သွားရောက်ခဲ့ပြီး ဟိုတယ်ပြန်အရောက်မှာ ပိုက်ဆံအိတ်ပျောက်ခဲ့ကြောင်း သိခဲ့လို့ ပါတီပွဲနေရာကို ပြန်သွားရှာခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ပိုက်ဆံအိတ်သွားပြန်ရှာမယ့် သူ့ကို ဆိုင်ကယ်စီး အာရှသားတစ်ဦးက ဆိုင်ကယ်နဲ့လိုက်ခဲ့ဖို့ ကမ်းလှမ်းလို့လိုက်သွားခဲ့ရာမှ ၎င်း ဆိုင်ကယ်သမားက တိုက်ခိုက်ပြီး အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ သူက ရဲကို တိုင်ကြားထားခဲ့ပါတယ်။
ယခုဖြစ်စဉ်မှာ ကျူးလွန်သူရဲ့လုပ်ရပ်ဟာ အပန်းဖြေကျွန်းရဲ့ခရီးသွားလုပ်ငန်းပုံရိပ်ကို ထိခိုက် စေတာကြောင့် ဥပဒေအရ ထိထိရောက်ရောက် တရားစွဲဆိုဖို့ ဆူရတ်သာနီပြည်နယ် အုပ်ချုပ်ရေးမှူး ဝီချာဝတ် ဂျင်တိုက မေ ၁၄ ရက်နေ့မှာ ရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့ပါတယ်။
ပြစ်မှုမှတ်တမ်းတွေအရ ကျူးလွန်သူ မစ္စတာ ရီဝပ်ဟာ မူယစ်ဆေးဝါး ပြစ်မှုတွေနဲ့ ကော့စမွီကျွန်းရှိ အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံခဲ့ရအပြီး ဧပြီ ၁၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ကြောင်း သိရပါတယ်။


- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref : ဘန်ကောက်ပို့စ်

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။