Skip to main content
Ads Block

၁၈၈၅ ခုနှစ်က ရလဒ်အတိုင်း ဖြစ်လာနိုင်တယ်လို့ ပြည်ခိုင်ဖြိုး ဦးသန်းဌေး ပြော (ရုပ်သံ)


Unicode Version

" မုဆိုးရဲ့လှည့်ကွက်ကို မမြင်ဘဲ သားကောင်ဖြစ်တဲ့ ကိုယ့်နိုင်ငံသားအချင်းချင်း စိတ်ဝမ်းတွေကွဲ ၊ မိတ်ဆွေကို ရန်သူထင် ၊ ရန်သူကို ကယ်တင်ရှင်ထင်ပြီး ကိုယ့်အချင်းချင်း အသိမဲ့ တိုက်ခိုက်နေရတာဟာ အလွန့်အလွန်တိုင်းပြည်အတွက် အန္တရာယ်ကြီးတယ် "  - ဦးသန်းဌေး ( ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ )
တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များရဲ့စိတ်ဓါတ်များ ချိနဲ့ပြိုလဲသွားအောင် နည်းမျိုးစုံနဲ့ဖိအားပေးထိုးနှက်မှုတွေကြောင့် တိုင်းပြည်ရဲ့အဓိက အမာခံအင်အားစုတွေကြားမှာ စိတ်ထိခိုက်မှုတွေ ဖြစ်ရတယ်လို့ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောပါတယ်။ အထူးသဖြင့် ၁၈၈၅ ခုနှစ်က အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သလိုမျိုး နေပြည်တော်ကနေ အမိန့်တစ်ရပ်ကြောင့် အင်္ဂလိပ်ကို ခံတိုက်မယ့်အဖွဲ့တွေဟာ ဓါးသွားလည်းခွေ၊ လှံလည်း ကြွေခဲ့ရတယ်ဆိုတာကို ဥပမာပေး ထောက်ပြခဲ့တာပါ။ 
 

ရိုက်ကူး - မင်းသီဟန် ၊ တည်းဖြတ် - မိုးတိမ်

#ပြည်ခိုင်ဖြိုးပါတီ #ဦးသန်းဌေး #၁၈၈၅ခုနှစ်ကဖြစ်ရပ်

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။