Skip to main content
တရုတ္ႏိုင္ငံသြင္းကုန္မွတ္တမ္းတြင္ ျမန္မာ့ေရခ်ိဳပုစြန္အမည္မရွိသျဖင့္ တင္ပို႔ႏုိင္ျခင္းမရွိဟု ဆို 
Ads Block

တရုတ္ႏိုင္ငံသြင္းကုန္မွတ္တမ္းတြင္ ျမန္မာ့ေရခ်ိဳပုစြန္အမည္မရွိသျဖင့္ တင္ပို႔ႏုိင္ျခင္းမရွိဟု ဆို 


တရုတ္ႏိုင္ငံ၏ သြင္းကုန္မွတ္တမ္းစာရင္းတြင္ ျမန္မာႏိုင္ငံမွတင္ပို႔ေသာ ေရခ်ိဳပုစြန္အမည္မွတ္တမ္းမရွိ၍ တင္ပို႔ေရာင္းခ်ႏုိင္ျခင္းမရွိေၾကာင္း ျမန္မာႏုိင္ငံပုစြန္ေမြးျမဴထုတ္လုပ္သူမ်ားအသင္းမွ အတြင္းေရးမွဴး ဦးတင္ထြန္းဦးေျပာျပခ်က္အရ သိရသည္။
လက္ရွိတြင္ တရုတ္ႏိုင္ငံသည္ တစ္ႏွစ္လွ်င္ ေရခ်ိဳပုစြန္တန္ခ်ိန္ ႏွစ္သိန္းဝန္းက်င္ထုတ္လုပ္ႏိုင္ေသာ္လည္း မလံုေလာက္သျဖင့္ ဗီယက္နမ္ႏိုင္ငံႏွင့္ ထုိင္းႏိုင္ငံမွ ပုစြန္သားေပါက္မ်ား ဝယ္ယူတင္သြင္းေနရသည့္အေပၚ ယခုကဲ့သို႔ေျပာျခင္း ျဖစ္သည္။ 
“တရုတ္ကို ပုစြန္တင္ပို႔တဲ့အခါမွာ သူတို႔ရဲ႕ သြင္းကုန္စာရင္းမွာ ျမန္မာႏိုင္ငံက ပုစြန္နာမည္ မပါဘူး။ ဒါေၾကာင့္ တရုတ္ကို ျမန္မာႏုိင္ငံက ပုစြန္သားေပါက္ပို႔လို႔မရဘူး။ အေကာင္အႀကီးႀကီး မပို႔ႏိုင္ေသးရင္ေတာင္မွ သားေပါက္ကို ေပါေပါမ်ားမ်ားထုတ္ႏုိင္ေနတဲ့အဆင့္မွာ ပုစြန္သားေပါက္ကုိပို႔ကုန္္လုပ္မယ္ဆိုရင္ ႏုိင္ငံအတြက္ စံခ်ိန္တစ္ခုရႏိုင္ေနပါတယ္” ဟု ျမန္မာႏုိင္ငံ ပုစြန္ေမြးျမဴထုတ္လုပ္သူမ်ားအသင္းမွ အတြင္းေရးမွဴး ဦးတင္ထြန္းဦးက ေျပာသည္။ 
ထို႔ေၾကာင့္ တရုတ္ႏိုင္ငံသို႔ တင္ပုိ႔ႏိုင္ရန္ တင္ပို႔လိုသည့္ ပုစြန္အမည္စာရင္းကို တိက်စြာေရးသား၍ ငါးလုပ္ငန္းဦးစီးဌာနႏွင့္ ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္သို႔ အစီရင္ခံတင္ျပရန္လိုအပ္ေနေၾကာင္း သိရသည္။ 
“တရုတ္ကေတာ့ နည္းနည္း တိတိက်က်ျဖစ္တယ္။ ဥပမာ နာမည္တစ္မ်ိဳးေခၚလိုက္ရင္ သူတို႔ အသြင္းမခံဘူး။ တိက်မွရမယ္။ ျမန္မာႏိုင္ငံကေန တရုတ္ကိုပို႔ႏိုင္ၿပီဆိုရင္ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ကို ေျပာလိုက္ရင္၊ ခုနက GACC ကို သြားလိုက္ရင္ အဲဒီစာရင္းထဲမွာထည့္ေပးလိုက္လိမ့္မယ္။ မသိလို႔ မထည့္ေပးထားတာ။ သိၿပီဆိုရင္ ေရလုပ္ငန္းနဲ႔ပတ္သက္လို႔ တရုတ္ကို သြားႏိုင္တာမွန္သမွ် အမယ္အကုန္လံုးထည့္မယ္” ဟု ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ ဒုတိယဥကၠဌ ေဒါက္တာေဒၚတိုးနႏၵာတင္က ေျပာသည္။ 
ၿပီးခဲ့သည့္ႏွစ္တြင္ ျမန္မာႏိုင္ငံမွ ငါးတန္မ်ားကိုတင္ပို႔ႏုိင္သမွ် ဝယ္ယူလိုသည္ဟု တရုတ္ကုန္သည္မ်ားက ကမ္းလွမ္းခဲ့ေသာ္လည္း တရုတ္ႏုိင္ငံ၏သြင္းကုန္မွတ္တမ္းစာရင္းတြင္ ျမန္မာႏိုင္ငံမွ တင္ပို႔သည့္ ငါးတန္အမည္မရွိသျဖင့္ လက္ရွိအထိ ငါးတန္တင္ပို႔ႏိုင္ျခင္းမရွိေသးေၾကာင္း ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ သိရသည္။ 
ထို႔ေၾကာင့္ တရုတ္ႏုိင္ငံ၏ သြင္းကုန္စာရင္းတြင္ ျမန္မာ့ငါးတန္အမည္ပါရွိရန္ႏွင့္ အမ်ိဳးသားမဟာဗ်ဴဟာတြင္ ေရထြက္ကုန္က႑ တိုးတက္ေရးကို ဦးစားေပးေဆာင္ရြက္ေနေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ထူးမွ ေမလ ၁၂ ရက္က ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္၌ က်င္းပသည့္ ႏွစ္ပတ္လည္အစည္းအေဝးတြင္ေျပာၾကားခဲ့သည္။ 

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode Version

တရုတ်နိုင်ငံသွင်းကုန်မှတ်တမ်းတွင် မြန်မာ့ရေချိုပုစွန်အမည်မရှိသဖြင့် တင်ပို့နိုင်ခြင်းမရှိဟု ဆို 

တရုတ်နိုင်ငံ၏ သွင်းကုန်မှတ်တမ်းစာရင်းတွင် မြန်မာနိုင်ငံမှတင်ပို့သော ရေချိုပုစွန်အမည်မှတ်တမ်းမရှိ၍ တင်ပို့ရောင်းချနိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံပုစွန်မွေးမြူထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးတင်ထွန်းဦးပြောပြချက်အရ သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် တစ်နှစ်လျှင် ရေချိုပုစွန်တန်ချိန် နှစ်သိန်းဝန်းကျင်ထုတ်လုပ်နိုင်သော်လည်း မလုံလောက်သဖြင့် ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှ ပုစွန်သားပေါက်များ ဝယ်ယူတင်သွင်းနေရသည့်အပေါ် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။ 
“တရုတ်ကို ပုစွန်တင်ပို့တဲ့အခါမှာ သူတို့ရဲ့ သွင်းကုန်စာရင်းမှာ မြန်မာနိုင်ငံက ပုစွန်နာမည် မပါဘူး။ ဒါကြောင့် တရုတ်ကို မြန်မာနိုင်ငံက ပုစွန်သားပေါက်ပို့လို့မရဘူး။ အကောင်အကြီးကြီး မပို့နိုင်သေးရင်တောင်မှ သားပေါက်ကို ပေါပေါများများထုတ်နိုင်နေတဲ့အဆင့်မှာ ပုစွန်သားပေါက်ကိုပို့ကုန်လုပ်မယ်ဆိုရင် နိုင်ငံအတွက် စံချိန်တစ်ခုရနိုင်နေပါတယ်” ဟု မြန်မာနိုင်ငံ ပုစွန်မွေးမြူထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးတင်ထွန်းဦးက ပြောသည်။ 
ထို့ကြောင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် တင်ပို့လိုသည့် ပုစွန်အမည်စာရင်းကို တိကျစွာရေးသား၍ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်သို့ အစီရင်ခံတင်ပြရန်လိုအပ်နေကြောင်း သိရသည်။ 
“တရုတ်ကတော့ နည်းနည်း တိတိကျကျဖြစ်တယ်။ ဥပမာ နာမည်တစ်မျိုးခေါ်လိုက်ရင် သူတို့ အသွင်းမခံဘူး။ တိကျမှရမယ်။ မြန်မာနိုင်ငံကနေ တရုတ်ကိုပို့နိုင်ပြီဆိုရင် ငါးလုပ်ငန်းအဖွဲ့ချုပ်ကို ပြောလိုက်ရင်၊ ခုနက GACC ကို သွားလိုက်ရင် အဲဒီစာရင်းထဲမှာထည့်ပေးလိုက်လိမ့်မယ်။ မသိလို့ မထည့်ပေးထားတာ။ သိပြီဆိုရင် ရေလုပ်ငန်းနဲ့ပတ်သက်လို့ တရုတ်ကို သွားနိုင်တာမှန်သမျှ အမယ်အကုန်လုံးထည့်မယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်တိုးနန္ဒာတင်က ပြောသည်။ 
ပြီးခဲ့သည့်နှစ်တွင် မြန်မာနိုင်ငံမှ ငါးတန်များကိုတင်ပို့နိုင်သမျှ ဝယ်ယူလိုသည်ဟု တရုတ်ကုန်သည်များက ကမ်းလှမ်းခဲ့သော်လည်း တရုတ်နိုင်ငံ၏သွင်းကုန်မှတ်တမ်းစာရင်းတွင် မြန်မာနိုင်ငံမှ တင်ပို့သည့် ငါးတန်အမည်မရှိသဖြင့် လက်ရှိအထိ ငါးတန်တင်ပို့နိုင်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ 
ထို့ကြောင့် တရုတ်နိုင်ငံ၏ သွင်းကုန်စာရင်းတွင် မြန်မာ့ငါးတန်အမည်ပါရှိရန်နှင့် အမျိုးသားမဟာဗျူဟာတွင် ရေထွက်ကုန်ကဏ္ဍ တိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးမှ မေလ ၁၂ ရက်က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ ကျင်းပသည့် နှစ်ပတ်လည်အစည်းအဝေးတွင်ပြောကြားခဲ့သည်။ 

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)


 


 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။