Skip to main content
“ ျမန္မာႏုိင္ငံဟာအဆုိးဘက္မွာဂုဏ္ထူးထြက္ေနၿပီ” ဟု ျပည္ခုိင္ၿဖဳိးပါတီဥကၠ႒ ဦးသန္းေ႒း ေျပာ
Ads Block

“ ျမန္မာႏုိင္ငံဟာအဆုိးဘက္မွာဂုဏ္ထူးထြက္ေနၿပီ” ဟု ျပည္ခုိင္ၿဖဳိးပါတီဥကၠ႒ ဦးသန္းေ႒း ေျပာ


ျမန္မာႏုိင္ငံသည္ အဆုိးဘက္တြင္ဂုဏ္ထူးထြက္ေနၿပီဟု ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ဥကၠ႒ ဦးသန္းေ႒းက ေျပာလုိက္သည္။
ရန္ကုန္ၿမိဳ႕ရွိ ဂႏၶာဟုိးေဆးတြင္ ေမလ ၁၄ ရက္ကက်င္းပေသာ ဒုတိယအႀကိမ္စိမ္းလန္းေရႊျပည္ စာေပၿပဳိင္ပြဲဆု ခ်ီးျမွင့္ေပးအပ္ပြဲအခမ္းအနားတြင္ ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ ျမန္မာႏုိင္ငံဟာအဆုိးဘက္မွာဂုဏ္ထူးထြက္ေနၿပီ” ဟု ျပည္ခုိင္ၿဖဳိးပါတီဥကၠ႒ ဦးသန္းေ႒း ေျပာ


“ ျပည္ပကေလ့လာထုတ္ျပန္ခ်က္အရ ႏုိင္ငံၿပဳိကြဲပ်က္စီးဖုိ႔ အညႊန္းကိန္းျဖစ္တဲ့ က်ဆုံးႏုိင္ငံမ်ားျဖစ္ဖုိ႔ အညႊန္းကိန္းထဲမွာကမၻာ႔ႏုိင္ငံမ်ားအားလုံးထဲမွာ ျမန္မာကအဆုိးဘက္ကျပန္ၾကည့္ရင္ အဆင့္ ၁၂ မွာ ရွိတယ္ဆုိတဲ့အညႊန္းကိန္း၊ ႏုိင္ငံလုံၿခဳံေရးအပုိင္းကုိၾကည့္ရင္ လက္နက္ကုိင္ေတြအခ်င္းခ်င္း ပစ္ခတ္တုိက္ခုိက္မႈေတြရွိလား။ မရွိဘူးလား။တရားဥပေဒစုိးမုိးေရးနဲ႔  အာဏာပုိင္ေတြရဲ႕ စြမ္းေဆာင္ရည္ ဘယ္ေလာက္ရွိလဲ။ မရွိဘူးလဲဆုိတဲ့ အညႊန္းကိန္းအဲဒီမွာ ျမန္မာႏုိင္ငံဟာအဆုိးဆုံးနီးနီး ျဖစ္ေနပါတယ္။ အစုိးရမွာအက်င့္ပ်က္ျခစားမႈကင္းရဲ႕လား။မကင္းဘူးလား။ ႏုိင္ငံေရးလုပ္ႀကံမႈေတြရွိလား။ မရွိဘူးလားဆုိတဲ့ အညႊန္းကိန္းေတြ အေျခခံက်န္းမာေရးစနစ္ အေျခခံပညာေရးစနစ္ လြတ္လပ္စြာေျပာဆုိေ၀ဖန္ခြင့္၊ မီဒီယာလြတ္လပ္ခြင့္ ၊ မွ်တတဲ့တရားစီရင္ေရး ၊အစရွိသျဖင့္၊ရွိသျဖင့္အဲဒီညႊန္းကိန္းေတြအပါအ၀င္ ႏုိင္ငံပ်က္စီးဖုိ႔ မေကာင္းတဲ့အမွတ္ ၁၂၀ ေပးထားတဲ့အနက္ ကြ်န္ေတာ္တုိ႔ျမန္မာႏုိင္ငံဟာ ၉၆ ဒႆမ ၁ မွတ္နဲ႔အဆုိးဘက္မွာ ဂုဏ္ထူးထြက္တယ္လုိ႔ေဖာ္ျပထားတာလည္း ေတာ္ေတာ္စိတ္မေကာင္းစရာေတြ႔ျမင္ေနရပါၿပီ’’ဟု ျပည္ေထာင္စု ၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ဥကၠ႒ ဦးသန္းေ႒းက ေျပာသည္။
လက္ရွိတြင္ ႏုိင္ငံေတာ္ကာကြယ္ေရးျဖစ္ေသာတပ္မေတာ္သားမ်ားႏွင့္ ျပည္ထဲေရးျဖစ္ေသာ ရဲတပ္ဖြဲ႔၀င္မ်ား အင္အားခ်ိနဲ႔ယုိင္လဲေစရန္ ျပည္တြင္း ၊ျပည္ပမွ အခ်ဳိ႔ေသာသူမ်ားကအမ်ိဳးမ်ိဳးေဆာင္ရြက္ေနေၾကာင္း၊ ၄င္းသည္ တုိင္းျပည္ကာကြယ္ေရး၊လုံၿခဳံေရးအားအင္အားနည္းပါးေစေၾကာင္းလည္း ၄င္းကဆက္ေျပာသည္။
၂၀၁၈ ခုနွစ္မွ ၂၀၁၉ ခုႏွစ္အတြင္း အလုပ္သမားမ်ားလုပ္ခလစာတုိးျမွင့္ေရးနွင့္ အလုပ္သမားအခြင့္အေရး၊ လြတ္လပ္စြာေျပာဆုိေ၀ဖန္ေရးသားခြင့္ စသည္တုိ႔အားအလုပ္သမားမ်ားနွင့္ တက္ၾကြလႈပ္ရွားသူတုိ႔မွ အစုိးရထံေတာင္းဆုိမႈမ်ားရွိခဲ့သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

“ မြန်မာနိုင်ငံဟာအဆိုးဘက်မှာဂုဏ်ထူးထွက်နေပြီ” ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး ပြော

မြန်မာနိုင်ငံသည် အဆိုးဘက်တွင်ဂုဏ်ထူးထွက်နေပြီဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက ပြောလိုက်သည်။
ရန်ကုန်မြို့ရှိ ဂန္ဓာဟိုးဆေးတွင် မေလ ၁၄ ရက်ကကျင်းပသော ဒုတိယအကြိမ်စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲဆု ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ပြည်ပကလေ့လာထုတ်ပြန်ချက်အရ နိုင်ငံပြိုကွဲပျက်စီးဖို့ အညွှန်းကိန်းဖြစ်တဲ့ ကျဆုံးနိုင်ငံများဖြစ်ဖို့ အညွှန်းကိန်းထဲမှာကမ္ဘာ့နိုင်ငံများအားလုံးထဲမှာ မြန်မာကအဆိုးဘက်ကပြန်ကြည့်ရင် အဆင့် ၁၂ မှာ ရှိတယ်ဆိုတဲ့အညွှန်းကိန်း၊ နိုင်ငံလုံခြုံရေးအပိုင်းကိုကြည့်ရင် လက်နက်ကိုင်တွေအချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုတွေရှိလား။ မရှိဘူးလား။တရားဥပဒေစိုးမိုးရေးနဲ့  အာဏာပိုင်တွေရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ရှိလဲ။ မရှိဘူးလဲဆိုတဲ့ အညွှန်းကိန်းအဲဒီမှာ မြန်မာနိုင်ငံဟာအဆိုးဆုံးနီးနီး ဖြစ်နေပါတယ်။ အစိုးရမှာအကျင့်ပျက်ခြစားမှုကင်းရဲ့လား။မကင်းဘူးလား။ နိုင်ငံရေးလုပ်ကြံမှုတွေရှိလား။ မရှိဘူးလားဆိုတဲ့ အညွှန်းကိန်းတွေ အခြေခံကျန်းမာရေးစနစ် အခြေခံပညာရေးစနစ် လွတ်လပ်စွာပြောဆိုဝေဖန်ခွင့်၊ မီဒီယာလွတ်လပ်ခွင့် ၊ မျှတတဲ့တရားစီရင်ရေး ၊အစရှိသဖြင့်၊ရှိသဖြင့်အဲဒီညွှန်းကိန်းတွေအပါအဝင် နိုင်ငံပျက်စီးဖို့ မကောင်းတဲ့အမှတ် ၁၂၀ ပေးထားတဲ့အနက် ကျွန်တော်တို့မြန်မာနိုင်ငံဟာ ၉၆ ဒဿမ ၁ မှတ်နဲ့အဆိုးဘက်မှာ ဂုဏ်ထူးထွက်တယ်လို့ဖော်ပြထားတာလည်း တော်တော်စိတ်မကောင်းစရာတွေ့မြင်နေရပါပြီ’’ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက ပြောသည်။
လက်ရှိတွင် နိုင်ငံတော်ကာကွယ်ရေးဖြစ်သောတပ်မတော်သားများနှင့် ပြည်ထဲရေးဖြစ်သော ရဲတပ်ဖွဲ့ဝင်များ အင်အားချိနဲ့ယိုင်လဲစေရန် ပြည်တွင်း ၊ပြည်ပမှ အချို့သောသူများကအမျိုးမျိုးဆောင်ရွက်နေကြောင်း၊ ၎င်းသည် တိုင်းပြည်ကာကွယ်ရေး၊လုံခြုံရေးအားအင်အားနည်းပါးစေကြောင်းလည်း ၎င်းကဆက်ပြောသည်။
၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အလုပ်သမားများလုပ်ခလစာတိုးမြှင့်ရေးနှင့် အလုပ်သမားအခွင့်အရေး၊ လွတ်လပ်စွာပြောဆိုဝေဖန်ရေးသားခွင့် စသည်တို့အားအလုပ်သမားများနှင့် တက်ကြွလှုပ်ရှားသူတို့မှ အစိုးရထံတောင်းဆိုမှုများရှိခဲ့သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။