Skip to main content
အာဆီယံ ယူ ၁၅ ၿပိဳင္ပြဲတြင္ ျမန္မာ ယူ ၁၅ အမ်ိဳးသမီးအသင္း အုပ္စုအဆင့္ျဖင့္ အိမ္ျပန္ရ 
Ads Block

အာဆီယံ ယူ ၁၅ ၿပိဳင္ပြဲတြင္ ျမန္မာ ယူ ၁၅ အမ်ိဳးသမီးအသင္း အုပ္စုအဆင့္ျဖင့္ အိမ္ျပန္ရ 


ထိုင္းႏုိင္ငံတြင္ အိမ္ရွင္အျဖစ္ လက္ခံက်င္းပေနသည့္ အာဆီယံ ယူ ၁၅ အမ်ိဳးသမီး ခ်န္ပီယံရွစ္ၿပိဳင္ပြဲတြင္ ျမန္မာယူ ၁၅ အမ်ိဳး သမီးအသင္းသည္ ဗီယက္နမ္အသင္းအား ရံႈးနိမ့္ကာ အုပ္စုအဆင့္မွ ထြက္ခဲ့ရေၾကာင္း သိရသည္။
ျမန္မာအသင္းသည္ ေမလ ၁၄ ရက္ေန႔ ယွဥ္ၿပိဳင္ကစားခဲ့ေသာ အုပ္စုေနာက္ဆံုးပြဲစဥ္တြင္ ဗီယက္နမ္အသင္းကို ၂ - ၁ ရလဒ္ျဖင့္ ရႈံးနိမ့္ခဲ့ျခင္း ျဖစ္သည္။

အာဆီယံ ယူ ၁၅ ၿပိဳင္ပြဲတြင္ ျမန္မာ ယူ ၁၅ အမ်ိဳးသမီးအသင္း အုပ္စုအဆင့္ျဖင့္ အိမ္ျပန္ရ 


ျမန္မာအသင္းမွ ဦးေဆာင္ဂိုးကို စတင္သြင္းယူႏုိင္ခဲ့ေသာ္လည္း ပြဲၿပီးဆံုးခ်ိန္ တြင္ ၂-၁ ရလဒ္ျဖင့္ ရႈံးနိမ့္ခဲ့ျခင္း ျဖစ္သည္။
ျမန္မာအသင္းသည္ အုပ္စုအဖြင့္ပြဲတြင္ တီေမာအသင္းကို သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆံုး သြင္းယူၿပီး ၂၆ - ၀ ရလဒ္ျဖင့္ အႏုိင္ ရခဲ့ေသာ္လည္း ဖီလစ္ပိုင္အသင္းကို ၅ - ၀ ရလဒ္ျဖင့္ ရႈံးနိမ့္ၿပီး အုပ္စုေနာက္ဆံုးပြဲတြင္ ဗီယက္နမ္အသင္းကို ထပ္မံရႈံးနိမ့္ခဲ့ျခင္း ျဖစ္သည္။

အာဆီယံ ယူ ၁၅ ၿပိဳင္ပြဲတြင္ ျမန္မာ ယူ ၁၅ အမ်ိဳးသမီးအသင္း အုပ္စုအဆင့္ျဖင့္ အိမ္ျပန္ရ 


ျမန္မာအသင္းသည္ အုပ္စု(က)တြင္ ဗီယက္နမ္၊ တီေမာ၊ ဖီလစ္ပိုင္အသင္းတို႔ႏွင့္ တစ္အုပ္စုတည္း က်ေရာက္ခဲ့ၿပီး သံုးပြဲကစား၊ ၁ ပြဲႏုိင္ ၂ ပြဲရႈံး ရမွတ္(၃)မွတ္သာ ရရွိကာ ၿပိဳင္ပြဲမွ ထြက္ခဲ့ရျခင္း ျဖစ္သည္။
ဗီယက္နမ္အသင္းမွာ အုပ္စုပထမ ေနရာျဖင့္လည္ေကာင္း၊ ဖီလစ္ပိုင္အသင္းမွာ ဒုတိယျဖင့္လည္းေကာင္း ဆီးမီးဖိုင္နယ္သို႔ တက္ ေရာက္ခဲ့ၿပီး အုပ္စု (ခ)မွ အိမ္ရွင္ ထိုင္းအသင္းႏွင့္ ဖီလစ္ပိုင္အသင္းမွာ ေတြ႔ဆံုရဖြယ္ ရွိေနသည္။
ျမန္မာအသင္းကို နည္းျပခ်ဳပ္အျဖစ္ ေဒၚေမသူထြန္းက တာ၀န္ယူ ကိုင္တြယ္ခဲ့ျခင္းျဖစ္ၿပီး အာရွ ယူ ၁၆ ေျခစစ္ပြဲကို ထပ္မံယွဥ္ ၿပိဳင္ရန္ ရွိေၾကာင္းလည္း သိရသည္။

- ထက္ေ၀လင္း(အကုန္သိ သတင္းဌာန)

Unicode Version

အာဆီယံ ယူ ၁၅ ပြိုင်ပွဲတွင် မြန်မာ ယူ ၁၅ အမျိုးသမီးအသင်း အုပ်စုအဆင့်ဖြင့် အိမ်ပြန်ရ 

ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာဆီယံ ယူ ၁၅ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာယူ ၁၅ အမျိုး သမီးအသင်းသည် ဗီယက်နမ်အသင်းအား ရှုံးနိမ့်ကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။
မြန်မာအသင်းသည် မေလ ၁၄ ရက်နေ့ ယှဉ်ပြိုင်ကစားခဲ့သော အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဗီယက်နမ်အသင်းကို ၂ - ၁ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းမှ ဦးဆောင်ဂိုးကို စတင်သွင်းယူနိုင်ခဲ့သော်လည်း ပွဲပြီးဆုံးချိန် တွင် ၂-၁ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲတွင် တီမောအသင်းကို သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူပြီး ၂၆ - ၀ ရလဒ်ဖြင့် အနိုင် ရခဲ့သော်လည်း ဖီလစ်ပိုင်အသင်းကို ၅ - ၀ ရလဒ်ဖြင့် ရှုံးနိမ့်ပြီး အုပ်စုနောက်ဆုံးပွဲတွင် ဗီယက်နမ်အသင်းကို ထပ်မံရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စု(က)တွင် ဗီယက်နမ်၊ တီမော၊ ဖီလစ်ပိုင်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး သုံးပွဲကစား၊ ၁ ပွဲနိုင် ၂ ပွဲရှုံး ရမှတ်(၃)မှတ်သာ ရရှိကာ ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်း ဖြစ်သည်။
ဗီယက်နမ်အသင်းမှာ အုပ်စုပထမ နေရာဖြင့်လည်ကောင်း၊ ဖီလစ်ပိုင်အသင်းမှာ ဒုတိယဖြင့်လည်းကောင်း ဆီးမီးဖိုင်နယ်သို့ တက် ရောက်ခဲ့ပြီး အုပ်စု (ခ)မှ အိမ်ရှင် ထိုင်းအသင်းနှင့် ဖီလစ်ပိုင်အသင်းမှာ တွေ့ဆုံရဖွယ် ရှိနေသည်။
မြန်မာအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်မေသူထွန်းက တာဝန်ယူ ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး အာရှ ယူ ၁၆ ခြေစစ်ပွဲကို ထပ်မံယှဉ် ပြိုင်ရန် ရှိကြောင်းလည်း သိရသည်။

- ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။