Skip to main content
“ဒီကေန႔ ကြ်န္ေတာ္တုိ႔ႏုိင္ငံသားေတြဘယ္ေလာက္ညီညြတ္ေနၿပီလဲ” ဟု ျပည္ခုိင္ၿဖဳိးပါတီဥကၠ႒ ေမးခြန္းထုတ္
Ads Block

“ဒီကေန႔ ကြ်န္ေတာ္တုိ႔ႏုိင္ငံသားေတြဘယ္ေလာက္ညီညြတ္ေနၿပီလဲ” ဟု ျပည္ခုိင္ၿဖဳိးပါတီဥကၠ႒ ေမးခြန္းထုတ္


ျမန္မာႏုိင္ငံ၏လက္ရွိအေျခအေနမွာ လြန္စြာအႏၱရာယ္ႀကီးမားေသာအမ်ိဳးသားအစည္းေျပမႈႀကီး ျဖစ္ထြန္းေပၚေပါက္ေနေၾကာင္း ျပည္ေထာင္စုၾကံ႕ခုိင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွဥကၠ႒ ဦးသန္းေ႒းက ေျပာလိုက္သည္။
ရန္ကုန္ၿမိဳ႕ရွိ ဂႏၶမာဟုိေဆးတြင္ ေမလ ၁၄ ရက္ကက်င္းပေသာ ဒုတိယအႀကိမ္ စိမ္းလန္းေရႊျပည္ စာေပဆုခ်ီးျမွင့္ပြဲတြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။ 
“ဒီကေန႔ႏုိင္ငံေတာ္ရဲ႕အေျခအေနဟာ အလြန္အႏၱရာယ္ႀကီးမားတဲ့ အလြန္႔အလြန္အႏၱရာယ္ႀကီးမားတဲ့ အမ်ိဳးသားအစည္းေျပမႈႀကီးျဖစ္ထြန္းေပၚေပါက္ေနတယ္လုိ႔ သေဘာေပါက္လက္ခံၾကရမွာပါ။ ဒီလုိ သူတစ္လူ၊ ငါတစ္မင္းအစည္းေျပမႈနဲ႔ေတာ့ နက္ျဖန္သဘက္မုိးေပၚပ်ံတက္ဖုိ႔အသာထားၿပီးေတာ့ ဒီေန႔ ကြ်န္ေတာ္တုိ႔ ေလွ်ာက္ေနတဲ့၊ ကြ်န္ေတာ္တုိ႔ရပ္တည္ေနတဲ့၊ ေျမျပင္ထက္နိမ့္က်တဲ့ ေခ်ာက္ထဲ ျပဳတ္မက်သြားေအာင္ပဲ ၀ုိင္း၀န္းႀကဳိးပမ္းၾကရမယ့္အေနအထားျဖစ္ပါတယ္လုိ႔ ျမင္ပါတယ္ခင္ဗ်ား’’ဟု ျပည္ေထာင္စုၾကံ႕ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေ႒းက ေျပာသည္။
၂၀၁၅ ခုႏွစ္၊ ႏုိ၀င္ဘာလတြင္က်င္းပေသာ ပါတီစုံဒိမုိကေရစီအေထြေထြေရြးေကာက္ပြဲတြင္ NLD ပါတီမွ အႏုိင္ရရွိကာ အစုိးရသစ္တစ္ရပ္အေနျဖင့္တက္လာၿပီးေနာက္ပုိင္းတြင္ ရခုိင္ျပည္နယ္အေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရး စသည့္ျပႆနာမ်ားထပ္မံေပၚေပါက္လာခဲ့ၿပီး လက္ရွိတြင္အစုိးရသက္တမ္း တစ္၀က္ေက်ာ္ၿပီ ျဖစ္သည္။
“ တကယ္လည္းႏုိင္ငံေခါင္းေဆာင္ႀကီးေတြ ေဖာ္ထုတ္ခဲ့တဲ့ အၿမဲတမ္းလည္းမွန္ကန္ေနတဲ့သီအုိရီတစ္ခုျဖစ္တဲ့ တုိင္းျပည္ရဲ႕အားဟာ ျပည္တြင္းမွာသာရွိတယ္ဆုိတဲ့အမွန္တရားသုိ႔ေသာ္လည္း ညီညြတ္မႈအားျဖစ္ဖုိ႔ေတာ့ လုိပါတယ္။ ညီညြတ္မႈအားရွိဖုိ႔ေတာ့လုိပါတယ္။ အဲဒီေတာ့ ဟုတ္ပါၿပီ။ ဒီကေန႔ ကြ်န္ေတာ္တုိ႔ႏုိင္ငံသားေတြ ဘယ္ေလာက္ညီညြတ္ေနၿပီလဲ’’ဟု ဦးသန္းေ႒းက ဆက္ေျပာသည္။
ရခုိင္ျပည္နယ္အေရးအား ျပည္ခုိင္ၿဖဳိးပါတီမွ ျပည္တြင္းပညာရွင္မ်ားႏွင့္ျပည္တြင္းတြင္သာေျဖရွင္းရန္ တုိက္တြန္းခဲ့ေသာ္အစုိးရမွ ေဒါက္တာကုိဖီအာနန္ေကာ္မရွင္တစ္ရပ္ဖြဲ႔စည္းခဲ့သည္။
အလားတူ ႏုိင္ငံေတာ္သမၼတအားေတြ႔ဆုံခြင့္ရရွိရန္ ျပည္ခုိင္ၿဖဳိးပါတီမွ ႏုိင္ငံေရးပါတီမ်ားႏွင့္အတူ ေတာင္းဆုိခဲ့ေသာ္လည္း ေတြ႔ဆုံခြင့္မရေသးေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

“ဒီကနေ့ ကျွန်တော်တို့နိုင်ငံသားတွေဘယ်လောက်ညီညွတ်နေပြီလဲ” ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ မေးခွန်းထုတ်

မြန်မာနိုင်ငံ၏လက်ရှိအခြေအနေမှာ လွန်စွာအန္တရာယ်ကြီးမားသောအမျိုးသားအစည်းပြေမှုကြီး ဖြစ်ထွန်းပေါ်ပေါက်နေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက ပြောလိုက်သည်။
ရန်ကုန်မြို့ရှိ ဂန္ဓမာဟိုဆေးတွင် မေလ ၁၄ ရက်ကကျင်းပသော ဒုတိယအကြိမ် စိမ်းလန်းရွှေပြည် စာပေဆုချီးမြှင့်ပွဲတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ဒီကနေ့နိုင်ငံတော်ရဲ့အခြေအနေဟာ အလွန်အန္တရာယ်ကြီးမားတဲ့ အလွန့်အလွန်အန္တရာယ်ကြီးမားတဲ့ အမျိုးသားအစည်းပြေမှုကြီးဖြစ်ထွန်းပေါ်ပေါက်နေတယ်လို့ သဘောပေါက်လက်ခံကြရမှာပါ။ ဒီလို သူတစ်လူ၊ ငါတစ်မင်းအစည်းပြေမှုနဲ့တော့ နက်ဖြန်သဘက်မိုးပေါ်ပျံတက်ဖို့အသာထားပြီးတော့ ဒီနေ့ ကျွန်တော်တို့ လျှောက်နေတဲ့၊ ကျွန်တော်တို့ရပ်တည်နေတဲ့၊ မြေပြင်ထက်နိမ့်ကျတဲ့ ချောက်ထဲ ပြုတ်မကျသွားအောင်ပဲ ဝိုင်းဝန်းကြိုးပမ်းကြရမယ့်အနေအထားဖြစ်ပါတယ်လို့ မြင်ပါတယ်ခင်ဗျား’’ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက ပြောသည်။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင်ကျင်းပသော ပါတီစုံဒိမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှ အနိုင်ရရှိကာ အစိုးရသစ်တစ်ရပ်အနေဖြင့်တက်လာပြီးနောက်ပိုင်းတွင် ရခိုင်ပြည်နယ်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသည့်ပြဿနာများထပ်မံပေါ်ပေါက်လာခဲ့ပြီး လက်ရှိတွင်အစိုးရသက်တမ်း တစ်ဝက်ကျော်ပြီ ဖြစ်သည်။
“ တကယ်လည်းနိုင်ငံခေါင်းဆောင်ကြီးတွေ ဖော်ထုတ်ခဲ့တဲ့ အမြဲတမ်းလည်းမှန်ကန်နေတဲ့သီအိုရီတစ်ခုဖြစ်တဲ့ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာသာရှိတယ်ဆိုတဲ့အမှန်တရားသို့သော်လည်း ညီညွတ်မှုအားဖြစ်ဖို့တော့ လိုပါတယ်။ ညီညွတ်မှုအားရှိဖို့တော့လိုပါတယ်။ အဲဒီတော့ ဟုတ်ပါပြီ။ ဒီကနေ့ ကျွန်တော်တို့နိုင်ငံသားတွေ ဘယ်လောက်ညီညွတ်နေပြီလဲ’’ဟု ဦးသန်းဋ္ဌေးက ဆက်ပြောသည်။
ရခိုင်ပြည်နယ်အရေးအား ပြည်ခိုင်ဖြိုးပါတီမှ ပြည်တွင်းပညာရှင်များနှင့်ပြည်တွင်းတွင်သာဖြေရှင်းရန် တိုက်တွန်းခဲ့သော်အစိုးရမှ ဒေါက်တာကိုဖီအာနန်ကော်မရှင်တစ်ရပ်ဖွဲ့စည်းခဲ့သည်။
အလားတူ နိုင်ငံတော်သမ္မတအားတွေ့ဆုံခွင့်ရရှိရန် ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးပါတီများနှင့်အတူ တောင်းဆိုခဲ့သော်လည်း တွေ့ဆုံခွင့်မရသေးကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။