Skip to main content
ျမန္မာစစ္တပ္နဲ ့ ဘ႑ာေရး အဆက္အဆံ ျဖတ္ေတာက္ဖုိ ့ ကမာၻႏုိင္ငံေတြကုိ ကုလသမဂၢ စုံစမ္းစစ္ေဆးသူမ်ား တုိက္တြန္း 
Ads Block

ျမန္မာစစ္တပ္နဲ ့ ဘ႑ာေရး အဆက္အဆံ ျဖတ္ေတာက္ဖုိ ့ ကမာၻႏုိင္ငံေတြကုိ ကုလသမဂၢ စုံစမ္းစစ္ေဆးသူမ်ား တုိက္တြန္း 


ျမန္မာႏုိင္ငံရဲ႕လက္နက္ကုိင္တပ္ဖြဲ ့ေတြအေပၚ ဘ႑ာေရးအဆက္အဆံနဲ ့ အျခားေထာက္ပံ့မႈေတြ ျဖတ္ေတာက္ဖုိ ့ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးမစ္ရွင္က အဂၤါေန ့(ေမ ၁၄) မွာ ကမာၻ ့ႏုိင္ငံေတြကုိ တုိက္တြန္းလုိက္ကာ ဘဂၤါလီမြတ္ဆလင္ေတြအေပၚ ဖိႏွိပ္ခဲ့မႈေတြအတြက္ ထိပ္တန္းဗုိလ္ခ်ဳပ္ႀကီးေတြကုိ တရားစြဲဆုိဖုိ ့ ထပ္မံေတာင္းဆုိလုိက္ေၾကာင္း သိရပါတယ္။ 

ျမန္မာစစ္တပ္နဲ ့ ဘ႑ာေရး အဆက္အဆံ ျဖတ္ေတာက္ဖုိ ့ ကမာၻႏုိင္ငံေတြကုိ ကုလသမဂၢ စုံစမ္းစစ္ေဆးသူမ်ား တုိက္တြန္း 


ဘဂၤါလီ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး လြယ္ကူေခ်ာေမြ ့ေစဖုိ ့နဲ ့ အက်ပ္အတည္းေျဖရွင္းေရး အတြက္ ျမန္မာဘက္က ႀကိဳးစားေဆာင္ရြက္ေနတဲ့ အေထာက္အထား မေတြ ့ရေၾကာင္း မစ္ရွင္ အဖြဲ ့၀င္ တစ္ဦးျဖစ္တဲ့ ၾသစေၾတးလ် လူ ့အခြင့္အေရး ေရွ ့ေန ခရစၥတုိဖာ ဆီေဒါ့တီက ေျပာဆုိခဲ့ပါတယ္။ ျမန္မာအစုိးရက ယင္း မစ္ရွင္အဖြဲ ့၀င္ေတြ ႏုိင္ငံသုိ ့ လာေရာက္ခြင့္ တားျမစ္ထားေပမယ့္ ၄င္းတုိ ့ဟာ ယခုလ အေစာပုိင္းမွစကာ ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေကာ့ဘဇားခရုိင္ရွိ ဒုကၡသည္စခန္းေတြအပါအ၀င္ ေဒသတြင္း လွည့္လည္သြားေရာက္ခဲ့ၾကပါတယ္။ 
လူ ့အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ ဆက္ျဖစ္ေနကာ ျမန္မာစစ္တပ္နဲ ့ ႏုိင္ငံေရး၊ စီးပြားေရး၊ ဘ႑ာေရးဆုိင္ရာ ဆက္ဆံမႈေတြကုိ အာရုံစုိက္ရမွာျဖစ္ၿပီး ပစ္မွတ္ထားရမယ့္ လူပုဂၢဳိလ္၊ အေၾကာင္းအရာ ေတြကုိ ေရြးထုတ္ရမွာ ျဖစ္ေၾကာင္း ဆီေဒါ့တီက ဆုိခဲ့ပါတယ္။ ေငြေၾကး အေထာက္အပံ့ေတြ ျဖတ္ေတာက္ေရး ေဆာင္ရြက္ခ်က္ေတြကေန ဖိအားတုိးျမင့္ေစကာ အၾကမ္းဖက္မႈေတြ ေလွ်ာ့ခ်ေရး ရည္မွန္းခ်က္ကုိ အေထာက္အကူျဖစ္ေစမွာျဖစ္ေၾကာင္း ၄င္းက ဆက္လက္ေျပာဆုိခဲ့ပါတယ္။ ယင္းသုိ ့ ေထာက္ပံ့မႈေတြ ျဖတ္ေတာက္ဖုိ ့နဲ ့ပတ္သက္ၿပီး ႏုိင္ငံအမည္တိတိက်က် ထုတ္ေဖာ္ တုိက္တြန္းခဲ့ျခင္းေတာ့ မရွိပါဘူး။ ျမန္မာ တပ္မေတာ္ဟာ တရုတ္၊ ရုရွားနဲ ့ အျခားႏုိင္ငံေတြကေန စစ္လက္နက္ေတြ ၀ယ္ယူခဲ့ပါတယ္။ အေနာက္ႏုိင္ငံ အမ်ားစုကေတာ့ လူ ့အခြင့္အေရး ဖိႏွိပ္မႈေတြေၾကာင့္ဆုိကာ ေလ့က်င့္သင္တန္းေပး အစီအစဥ္ေတြကုိ ရပ္ဆုိင္းထားသလုိ လက္နက္တင္ပုိ ့မႈေတြလည္း ပိတ္ပင္ထားပါတယ္။ 
ျမန္မာအစုိးရကေတာ့ ၂၀၁၇ ခုႏွစ္ မတ္လ အတြင္းက ဂ်ီနီဗာရွိ လူ ့အခြင့္အေရးေကာင္စီမွာ အဆုိပါ အခ်က္အလက္ရွာေဖြေရး မစ္ရွင္ ဖြဲ ့စည္းခ်ိန္ကစလုိ ့ လက္မခံေၾကာင္း ေျပာဆုိထားခဲ့ပါတယ္။ ယင္း အဖြဲ ့ဟာ ဘဂၤါလီေတြ၊ ျမန္မာႏုိင္ငံမွ အျခား တုိင္းရင္းသားလက္နက္ကုိင္အုပ္စုေတြနဲ ့ ပဋိပကၡေတြမွာ ျမန္မာစစ္တပ္ရဲ႕လူ ့အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအေပၚ စုံစမ္းစစ္ေဆးဖုိ ့ တာ၀န္ေပးအပ္ခံထားရပါတယ္။

- ကုိလင္း (အကုန္သိ သတင္းဌာန) | Ref : bdnews 24

Unicode Version

မြန်မာစစ်တပ်နဲ့ ဘဏ္ဍာရေး အဆက်အဆံ ဖြတ်တောက်ဖို့ ကမ္ဘာနိုင်ငံတွေကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများ တိုက်တွန်း 

မြန်မာနိုင်ငံရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ဘဏ္ဍာရေးအဆက်အဆံနဲ့ အခြားထောက်ပံ့မှုတွေ ဖြတ်တောက်ဖို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က အင်္ဂါနေ့(မေ ၁၄) မှာ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းလိုက်ကာ ဘင်္ဂါလီမွတ်ဆလင်တွေအပေါ် ဖိနှိပ်ခဲ့မှုတွေအတွက် ထိပ်တန်းဗိုလ်ချုပ်ကြီးတွေကို တရားစွဲဆိုဖို့ ထပ်မံတောင်းဆိုလိုက်ကြောင်း သိရပါတယ်။ 
ဘင်္ဂါလီ ဒုက္ခသည်တွေ နေရပ်ပြန်ရေး လွယ်ကူချောမွေ့စေဖို့နဲ့ အကျပ်အတည်းဖြေရှင်းရေး အတွက် မြန်မာဘက်က ကြိုးစားဆောင်ရွက်နေတဲ့ အထောက်အထား မတွေ့ရကြောင်း မစ်ရှင် အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ သြစတြေးလျ လူ့အခွင့်အရေး ရှေ့နေ ခရစ္စတိုဖာ ဆီဒေါ့တီက ပြောဆိုခဲ့ပါတယ်။ မြန်မာအစိုးရက ယင်း မစ်ရှင်အဖွဲ့ဝင်တွေ နိုင်ငံသို့ လာရောက်ခွင့် တားမြစ်ထားပေမယ့် ၎င်းတို့ဟာ ယခုလ အစောပိုင်းမှစကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းတွေအပါအဝင် ဒေသတွင်း လှည့်လည်သွားရောက်ခဲ့ကြပါတယ်။ 
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေကာ မြန်မာစစ်တပ်နဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံမှုတွေကို အာရုံစိုက်ရမှာဖြစ်ပြီး ပစ်မှတ်ထားရမယ့် လူပုဂ္ဂိုလ်၊ အကြောင်းအရာ တွေကို ရွေးထုတ်ရမှာ ဖြစ်ကြောင်း ဆီဒေါ့တီက ဆိုခဲ့ပါတယ်။ ငွေကြေး အထောက်အပံ့တွေ ဖြတ်တောက်ရေး ဆောင်ရွက်ချက်တွေကနေ ဖိအားတိုးမြင့်စေကာ အကြမ်းဖက်မှုတွေ လျှော့ချရေး ရည်မှန်းချက်ကို အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။ ယင်းသို့ ထောက်ပံ့မှုတွေ ဖြတ်တောက်ဖို့နဲ့ပတ်သက်ပြီး နိုင်ငံအမည်တိတိကျကျ ထုတ်ဖော် တိုက်တွန်းခဲ့ခြင်းတော့ မရှိပါဘူး။ မြန်မာ တပ်မတော်ဟာ တရုတ်၊ ရုရှားနဲ့ အခြားနိုင်ငံတွေကနေ စစ်လက်နက်တွေ ဝယ်ယူခဲ့ပါတယ်။ အနောက်နိုင်ငံ အများစုကတော့ လူ့အခွင့်အရေး ဖိနှိပ်မှုတွေကြောင့်ဆိုကာ လေ့ကျင့်သင်တန်းပေး အစီအစဉ်တွေကို ရပ်ဆိုင်းထားသလို လက်နက်တင်ပို့မှုတွေလည်း ပိတ်ပင်ထားပါတယ်။ 
မြန်မာအစိုးရကတော့ ၂၀၁၇ ခုနှစ် မတ်လ အတွင်းက ဂျီနီဗာရှိ လူ့အခွင့်အရေးကောင်စီမှာ အဆိုပါ အချက်အလက်ရှာဖွေရေး မစ်ရှင် ဖွဲ့စည်းချိန်ကစလို့ လက်မခံကြောင်း ပြောဆိုထားခဲ့ပါတယ်။ ယင်း အဖွဲ့ဟာ ဘင်္ဂါလီတွေ၊ မြန်မာနိုင်ငံမှ အခြား တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့ ပဋိပက္ခတွေမှာ မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးအပ်ခံထားရပါတယ်။

- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref : bdnews 24 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။