Skip to main content
ဗုိလ္ခ်ဳပ္၏ အထိမ္းအမွတ္မ်ားကို ကာကြယ္ေစာင့္ေရွာက္ရန္ ျပည္နယ္အစိုးရတြင္ တာ၀န္ရိွဟု ကယားျပည္နယ္ ၀န္ႀကီးခ်ဳပ္ေျပာ
Ads Block

ဗုိလ္ခ်ဳပ္၏ အထိမ္းအမွတ္မ်ားကို ကာကြယ္ေစာင့္ေရွာက္ရန္ ျပည္နယ္အစိုးရတြင္ တာ၀န္ရိွဟု ကယားျပည္နယ္ ၀န္ႀကီးခ်ဳပ္ေျပာ


ကယားျပည္နယ္ လိ္ြဳင္ေကာ္ၿမိဳ႕၊ ၿမိဳင္ေဟဝန္ပန္းၿခံတြင္ တည္ရွိသည့္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ေၾကးရုပ္တုကုိ အျခားေနရာသို႔ ေျပာင္း ေရြ႕ေပးမည္ မဟုတ္ဘဲ ျပည္နယ္အစိုးရအေနျဖင့္ ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္သြားမည္ဟု ကယားျပည္နယ္ ဝန္ ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရိႈးက ေျပာၾကားလုိက္သည္။

ဗုိလ္ခ်ဳပ္၏ အထိမ္းအမွတ္မ်ားကို ကာကြယ္ေစာင့္ေရွာက္ရန္ ျပည္နယ္အစိုးရတြင္ တာ၀န္ရိွဟု ကယားျပည္နယ္ ၀န္ႀကီးခ်ဳပ္ေျပာ


ဗုိလ္ခ်ဳပ္ေၾကးရုပ္ေျပာင္းေရြ႕ေရးႏွင့္ ပတ္သက္ၿပီး ကယားျပည္နယ္အစိုးရႏွင့္ ကရင္နီလူငယ္မ်ားၾကား ေမလ ၁၄ ရက္က က်င္းပ ျပဳလုပ္သည့္ ေဆြးေႏြးပြဲတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာၾကားလုိက္ျခင္းျဖစ္သည္။
“ ႏွစ္ဖက္ညိွႏိႈင္းေဆာင္ရြက္တဲ့ ေနရာမွာ အဆင္မေျပတဲ့ အေျခအေနေတြရွိတဲ့အတြက္ ျပည္နယ္အစိုးရအေနနဲ႔ လံုးဝေနရာ ေျပာင္းေရြ႕မွာမဟုတ္ပါဘူး။ ျပည္နယ္အစိုးရအေနနဲ႔ ဗုိလ္ခ်ဳပ္ေအာင္ဆန္းအထိမ္းအမွတ္မ်ားကို ကာကြယ္ေစာင့္ ေရွာက္ရမယ့္ တာဝန္ရွိတဲ့အတြက္ လက္ရွိၿမိဳင္ေဟဝန္ပန္းၿခံထဲမွာရွိတဲ့ ဗုိလ္ခ်ဳပ္ေၾကးရုပ္တုကို ထိန္းသိမ္းကာ ကြယ္ေစာင့္ေရွာက္သြားမွာျဖစ္ ပါတယ္”ဟု ၀န္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရိႈးက ေျပာသည္။
ဝန္ႀကီးခ်ဳပ္၏ ဆံုးျဖတ္ခ်က္အေပၚ ကရင္နီလူငယ္မ်ားအစုအဖြဲ႔က ဆက္လက္ေဆြးေႏြးျခင္းမျပဳေတာ့ဘဲ ေဆြးေႏြးပြဲမွ ထြက္ခြာခဲ့ ေၾကာင္း သိရသည္။
“ ကၽြန္ေတာ္တုိ႔က မူလအစီအစဥ္အတိုင္းပဲ ဆက္လက္ေဆာင္ရြက္မယ္။ ဒီအေပၚမွာ တာဝန္ရွိတဲ့သူက ဘယ္ သူလဲဆုိတာ ျပည္သူလူထုက အေျဖထုတ္သြားမယ္။ တာဝန္ယူမႈ တာဝန္ခံမႈက ဘယ္သူဆီမွာရွိလဲ ဆုိတာကိုလည္း ေမးခြန္းထုတ္ရပါမယ္”ဟု ကရင္နီလူငယ္ေခါင္းေဆာင္တစ္ဦး ကေျပာသည္။
ျပည္ေထာင္စုေန႔တြင္ အဆိုပါ ဗုိလ္ခ်ဳပ္ေၾကးရုပ္ေျပာင္းေရြ႕ေရးအတြက္ ကရင္နီလူငယ္မ်ားက လူအင္အားျဖင့္ ဖယ္ရွားရန္ ႀကိဳးစားခဲ့သည့္အတြက္ ရာဘာက်ည္မ်ားျဖင့္ ပစ္ခတ္ခဲ့သည့္အတြက္ ထိခုိက္ဒဏ္ရာရရွိသူ ၄ ဦးရွိခဲ့ေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

Unicode Version

ဗိုလ်ချုပ်၏ အထိမ်းအမှတ်များကို ကာကွယ်စောင့်ရှောက်ရန် ပြည်နယ်အစိုးရတွင် တာဝန်ရှိဟု ကယားပြည်နယ် ဝန်ကြီးချုပ်ပြော

ကယားပြည်နယ် လိွုင်ကော်မြို့၊ မြိုင်ဟေဝန်ပန်းခြံတွင် တည်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို အခြားနေရာသို့ ပြောင်း ရွေ့ပေးမည် မဟုတ်ဘဲ ပြည်နယ်အစိုးရအနေဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည်ဟု ကယားပြည်နယ် ဝန် ကြီးချုပ် ဦးအယ်ဖောင်းရှိုးက ပြောကြားလိုက်သည်။
ဗိုလ်ချုပ်ကြေးရုပ်ပြောင်းရွေ့ရေးနှင့် ပတ်သက်ပြီး ကယားပြည်နယ်အစိုးရနှင့် ကရင်နီလူငယ်များကြား မေလ ၁၄ ရက်က ကျင်းပ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားလိုက်ခြင်းဖြစ်သည်။
“ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်တဲ့ နေရာမှာ အဆင်မပြေတဲ့ အခြေအနေတွေရှိတဲ့အတွက် ပြည်နယ်အစိုးရအနေနဲ့ လုံးဝနေရာ ပြောင်းရွေ့မှာမဟုတ်ပါဘူး။ ပြည်နယ်အစိုးရအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ်များကို ကာကွယ်စောင့် ရှောက်ရမယ့် တာဝန်ရှိတဲ့အတွက် လက်ရှိမြိုင်ဟေဝန်ပန်းခြံထဲမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်သွားမှာဖြစ် ပါတယ်”ဟု ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုးက ပြောသည်။
ဝန်ကြီးချုပ်၏ ဆုံးဖြတ်ချက်အပေါ် ကရင်နီလူငယ်များအစုအဖွဲ့က ဆက်လက်ဆွေးနွေးခြင်းမပြုတော့ဘဲ ဆွေးနွေးပွဲမှ ထွက်ခွာခဲ့ ကြောင်း သိရသည်။
“ ကျွန်တော်တို့က မူလအစီအစဉ်အတိုင်းပဲ ဆက်လက်ဆောင်ရွက်မယ်။ ဒီအပေါ်မှာ တာဝန်ရှိတဲ့သူက ဘယ် သူလဲဆိုတာ ပြည်သူလူထုက အဖြေထုတ်သွားမယ်။ တာဝန်ယူမှု တာဝန်ခံမှုက ဘယ်သူဆီမှာရှိလဲ ဆိုတာကိုလည်း မေးခွန်းထုတ်ရပါမယ်”ဟု ကရင်နီလူငယ်ခေါင်းဆောင်တစ်ဦး ကပြောသည်။
ပြည်ထောင်စုနေ့တွင် အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်ပြောင်းရွေ့ရေးအတွက် ကရင်နီလူငယ်များက လူအင်အားဖြင့် ဖယ်ရှားရန် ကြိုးစားခဲ့သည့်အတွက် ရာဘာကျည်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးရှိခဲ့ကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။