Skip to main content
Ads Block
လွတ်လပ်သော အိန္ဒိယနိုင်ငံရဲ့  ပထမဆုံးသော အကြမ်းဖက်သမားဟာ ဟိန္ဒူအမျိုးသားရေး ၀ါဒီ တစ်ဦးဖြစ်ပြီး သူဟာ မဟတ္တမဂန္ဒီကို သတ်ခဲ့သူပါလို့  ပြောဆိုခဲ့တာကြောင့် ဘောလိဝုဒ်နာမည်ကျော်မှ နိုင်ငံရေးသမား တဖြစ်လဲ ကာမဲလ် ဟာဆန် ပြင်းထန်ထန်ဝေဖန်ခံနေရကာ ၄င်းကို ဖမ်းဆီးဖို့  တောင်းဆိုမှုတွေ ပေါ်ပေါက်နေပါတယ်။ 
အိန္ဒိယ သားကောင်းတွေဟာ ညီမျှမှုကို လိုလားကာ အရောင် သုံးရောင်ပါ သုံးရောင်ခြယ်အတိုင်း မူလပုံစံမပျက်ရှိချင်ကြပါကြောင်း၊ မိမိဟာလည်း အိန္ဒိယသားကောင်းတစ်ဦးဖြစ်ပြီး ဒီလို ထုတ်ဖော်ပြောရလို့  ဂုဏ်ယူကြောင်း ၄င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။ 
ဟိန္ဒူဘာသာကို အကြမ်းဖက်ဝါဒနဲ့  ဆက်စပ်ပြောဆိုခဲ့တဲ့ ၄င်းရဲ့မှတ်ချက်တွေကြောင့် ဟာဆန်အပေါ် ဝေဖန်မှုတွေ ချက်ချင်း ထွက်ပေါ်ခဲ့ကာ အမုန်းစကား ပြောဆိုမှုတွေ ပေါ်ပေါက်လာအောင် လှုံ့ဆော်မှုဖြစ်ခဲ့တဲ့အတွက် ဘောလိဝုဒ် ကြယ်ပွင့်ကို ဖမ်းဆီးဖို့  တွစ်တာကနေ ပြင်းပြင်းထန်ထန် တောင်းဆို ခဲ့ကြပါတယ်။ BJP ပါတီ ထောက်ခံသူ အချို့ ကလည်း ၄င်းဟာ အိန္ဒိယရဲ့လူနည်းစုအသိုင်းအ၀ိုင်းတွေကို ချွေးသိပ်ကျေနပ်စေကာ မဲတောင်းနေကြောင်း ဝေဖန်ခဲ့ပါတယ်။ 
ဒါပေမဲ့လည်း ဟာဆန်ရဲ့ပြောစကားတွေအပေါ် ထောက်ခံချက် ပေးသူတွေလည်း ရှိခဲ့ပါတယ် “ ဆိုတော့ကာ၊ BJP ရဲ့အပြောအရ ဂေါ့ဆီက ငြိမ်းချမ်းရေး လှုပ်ရှားသူတစ်ဦးပေါ့လေ၊ ကောင်းလေစွ’’ လို့  တစ်ယောက်က ထေ့ခဲ့သလို “ အမျိုးသား ဖခင်ကြီးကို သတ်ခဲ့သူကို အကြမ်းဖက်သမားလို့  ပြောတာ ဘာမှ မမှားပါဘူး’’ လို့  ဆိုခဲ့ကာ ဟိန္ဒူ အကြမ်းဖက်ဝါဒဆိုတဲ့ စကားလုံး မကြားချင်ရင် မွတ်ဆလင် အကြမ်းဖက် သမားဆိုတဲ့ ပြောဆိုမှုကိုလည်း ရပ်ပေးဖို့  ၄င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။
Unicode Version
ဂန္ဒီအား သတ်ခဲ့တဲ့ ဟိန္ဒူ လူသတ်သမားဟာ အိန္ဒိယရဲ့ပထမဆုံး အကြမ်းဖက်သမားဖြစ်ဟု ပြောဆိုခဲ့တဲ့ နိုင်ငံရေးသမား အပြင်းအထန် ဝေဖန်ခံနေရ 
လွတ်လပ်သော အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော အကြမ်းဖက်သမားဟာ ဟိန္ဒူအမျိုးသားရေး ဝါဒီ တစ်ဦးဖြစ်ပြီး သူဟာ မဟတ္တမဂန္ဒီကို သတ်ခဲ့သူပါလို့ ပြောဆိုခဲ့တာကြောင့် ဘောလိဝုဒ်နာမည်ကျော်မှ နိုင်ငံရေးသမား တဖြစ်လဲ ကာမဲလ် ဟာဆန် ပြင်းထန်ထန်ဝေဖန်ခံနေရကာ ၎င်းကို ဖမ်းဆီးဖို့ တောင်းဆိုမှုတွေ ပေါ်ပေါက်နေပါတယ်။ 
ဟာဆန်ဟာ တမီလ်နာဒူးပြည်နယ် အခြေစိုက် ပါတီငယ်တစ်ခုဖြစ်တဲ့ ပြည်သူ့တရားမျှတရေး ဗဟိုပြုပါတီ ခေါင်းဆောင်တစ်ဦးဖြစ်ကာ တနင်္ဂနွေနေ့က ရွေးကောက်ပွဲ မဲဆွယ်အခမ်းအနားတစ်ခုမှာ ယင်းသို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ၎င်းဟာ ယင်းပြည်နယ်မှာ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီရဲ့အာဏာရ BJP ပါတီကို ထိုးနှက်တိုက်ခိုက်နိုင်မယ့် အခွင့်အလမ်းရှာနေခဲ့ပြီး အမျိုးဇာတ်နဲ့ဘာသာရေးအပေါ် အခြေပြု ခွဲခြားတဲ့ တုန်လှုပ်ဖွယ် မှတ်ချက်ဖြစ်ကြောင်း စွပ်စွဲခဲ့ကြပါတယ်။ 
“ဒီနေရာက မွတ်ဆလင်အများစု ရှိနေတဲ့ ဧရိယာတစ်ခုဖြစ်လို့ ကျွန်တော် ဒီလိုပြောနေတာ မဟုတ်ပါဘူး။’’ ဟာဆန်က တက်ရောက်လာတဲ့ လူအုပ်ကို တမီလ်ဘာသာစကားနဲ့ ပြောဆိုခဲ့ပါတယ်။ “ အိန္ဒိယမှာ ဟိန္ဒူအစွန်းရောက်ဝါဒ ရှိနေတယ်လို့ ပြောခဲ့တာကြောင့် သူတို့ ကျွန်တော့်ကို တိုက်ခိုက် ဝေဖန်ကြတယ်။ ကျွန်တော် ပြောလိုက်မယ် လွတ်လပ်တဲ့ အိန္ဒိယရဲ့ပထမဆုံးသော အကြမ်းဖက်သမားက ဟိန္ဒူတစ်ဦးဖြစ်ပါ။ သူ့နာမည်က နာသူရမ် ဂေါ့ဆီပါ’’ လို့ ၁၉၄၈ ခုနှစ်က ဂန္ဒီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီကို ရည်ညွှန်းကာ ၎င်းက ပြောဆိုခဲ့ပါတယ်။ 
အိန္ဒိယ သားကောင်းတွေဟာ ညီမျှမှုကို လိုလားကာ အရောင် သုံးရောင်ပါ သုံးရောင်ခြယ်အတိုင်း မူလပုံစံမပျက်ရှိချင်ကြပါကြောင်း၊ မိမိဟာလည်း အိန္ဒိယသားကောင်းတစ်ဦးဖြစ်ပြီး ဒီလို ထုတ်ဖော်ပြောရလို့ ဂုဏ်ယူကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။ 
ဟိန္ဒူဘာသာကို အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်ပြောဆိုခဲ့တဲ့ ၎င်းရဲ့မှတ်ချက်တွေကြောင့် ဟာဆန်အပေါ် ဝေဖန်မှုတွေ ချက်ချင်း ထွက်ပေါ်ခဲ့ကာ အမုန်းစကား ပြောဆိုမှုတွေ ပေါ်ပေါက်လာအောင် လှုံ့ဆော်မှုဖြစ်ခဲ့တဲ့အတွက် ဘောလိဝုဒ် ကြယ်ပွင့်ကို ဖမ်းဆီးဖို့ တွစ်တာကနေ ပြင်းပြင်းထန်ထန် တောင်းဆို ခဲ့ကြပါတယ်။ BJP ပါတီ ထောက်ခံသူ အချို့ကလည်း ၎င်းဟာ အိန္ဒိယရဲ့လူနည်းစုအသိုင်းအဝိုင်းတွေကို ချွေးသိပ်ကျေနပ်စေကာ မဲတောင်းနေကြောင်း ဝေဖန်ခဲ့ပါတယ်။ 
ဒါပေမဲ့လည်း ဟာဆန်ရဲ့ပြောစကားတွေအပေါ် ထောက်ခံချက် ပေးသူတွေလည်း ရှိခဲ့ပါတယ် “ ဆိုတော့ကာ၊ BJP ရဲ့အပြောအရ ဂေါ့ဆီက ငြိမ်းချမ်းရေး လှုပ်ရှားသူတစ်ဦးပေါ့လေ၊ ကောင်းလေစွ’’ လို့ တစ်ယောက်က ထေ့ခဲ့သလို “ အမျိုးသား ဖခင်ကြီးကို သတ်ခဲ့သူကို အကြမ်းဖက်သမားလို့ ပြောတာ ဘာမှ မမှားပါဘူး’’ လို့ ဆိုခဲ့ကာ ဟိန္ဒူ အကြမ်းဖက်ဝါဒဆိုတဲ့ စကားလုံး မကြားချင်ရင် မွတ်ဆလင် အကြမ်းဖက် သမားဆိုတဲ့ ပြောဆိုမှုကိုလည်း ရပ်ပေးဖို့ ၎င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။
-ကိုလင်း(အကုန်သိ သတင်းဌာန) | Ref : RT  
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။