Skip to main content
သားအဖနှစ်ဦး စကားများရန်ဖြစ်ခဲ့ပြီးနောက် ဖခင်ဖြစ်သူ ကြိုးဆွဲချ သေဆုံး
Ads Block

သားအဖနှစ်ဦး စကားများရန်ဖြစ်ခဲ့ပြီးနောက် ဖခင်ဖြစ်သူ ကြိုးဆွဲချ သေဆုံး


ဖက်ချာဘူရီပြည်နယ် ချအမ်းခရိုင်မှာရှိ ၄င်းတို့ နေအိမ်ဘေး ဂိုထောင်အတွင်း ဆူဝစ်အမည်ရ ယင်း အမျိုးသား သေဆုံးခဲ့နေကြောင်း ချအမ်းရဲဌာနက တနင်္ဂနွေနေနေ့ည ၁၁း၃၀ လောက်မှာ သတင်းရရှိခဲ့တယ်လို့  ဆိုပါတယ်။ 



Unicode Version

သားအဖနှစ်ဦး စကားများရန်ဖြစ်ခဲ့ပြီးနောက် ဖခင်ဖြစ်သူ ကြိုးဆွဲချ သေဆုံ

ထိုင်းနိုင်ငံ ဖက်ချာဘူရီပြည်နယ်မှ အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက သမီးဖြစ်သူနဲ့စကားများရန်ဖြစ်ခဲ့ပြီး သမီးဖြစ်သူမှ သေလိုက်ပါလားဟု ပြောဆိုခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က မေ ၁၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဖက်ချာဘူရီပြည်နယ် ချအမ်းခရိုင်မှာရှိ ၎င်းတို့နေအိမ်ဘေး ဂိုထောင်အတွင်း ဆူဝစ်အမည်ရ ယင်း အမျိုးသား သေဆုံးခဲ့နေကြောင်း ချအမ်းရဲဌာနက တနင်္ဂနွေနေနေ့ည ၁၁း၃၀ လောက်မှာ သတင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ 
သေဆုံးသူရဲ့အမျိုသမီး ဖြစ်သူ အသက် ၇၁ နှစ် အရွယ်  Suwan Rodchua ကသူ့ခင်ပွန်းနဲ့ သမီးဖြစ်သူတို့ နှစ်ယောက် ရန်ဖြစ်ရင်း ဖခင်က သမီးဖြစ်သူအား သေလိုက်လို့ အော်ပြောခဲ့ကြောင်း ယင်းနောက် သမီးဖြစ်သူက ကိုယ့်ဖာသာအရင်သွားသေလို့ တုံ့ပြန်ပြောဆိုခဲ့တာဖြစ်ကြောင်း သမီးက ပြန်ပြောလိုက်ပြီးနောက် သူမ အမျိုးသားဟာ ပျောက်သွားခဲ့ပြီး သုံးနာရီအကြာမှာ ဂိုထောင်ထဲ နိုင်လွန်ကြိုးနဲ့ ကြိုးဆွဲချသေဆုံးနေတာ တွေ့ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ သေဆုံးသူ ဖခင်ဟာ အသက် ၇၃နှစ် ရှိပြီဖြစ်ကြောင်း သိရပါတယ်။ 


-မေ (အကုန်သိ သတင်းဌာန) | Ref : The Nation  

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။