Skip to main content
ဖြဲ႔စည္းပံုအေျခခံ ဥပေဒျပင္ဆင္ေရးသည္ ျမန္မာႏုိင္ငံအတြက္ အသက္တမွ်အေရးႀကီးဟု ျပည္ေထာင္စုလႊတ္ေတာ္ နာယကေျပာ
Ads Block

ဖြဲ႔စည္းပံုအေျခခံ ဥပေဒျပင္ဆင္ေရးသည္ ျမန္မာႏုိင္ငံအတြက္ အသက္တမွ်အေရးႀကီးဟု ျပည္ေထာင္စုလႊတ္ေတာ္ နာယကေျပာ


ဖြဲ႔စည္းပံုအေျခခံ ဥပေဒျပင္ဆင္ေရးသည္ မိမိတုိ႔ႏုိင္ငံအတြက္ အသက္တမွ်အေရးႀကီးသည့္အတြက္ ျပင္ဆင္သင့္ျပင္ဆင္ထုိက္ သည့္ ပုဒ္မမ်ားကို စိတ္ရင္းေစတနာအမွန္ျဖင့္ ေဆာင္ရြက္ၾကရန္ ျပည္ေထာင္စု လႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က ေျပာၾကား လုိက္သည္။

ဖြဲ႔စည္းပံုအေျခခံ ဥပေဒျပင္ဆင္ေရးသည္ ျမန္မာႏုိင္ငံအတြက္ အသက္တမွ်အေရးႀကီးဟု ျပည္ေထာင္စုလႊတ္ေတာ္ နာယကေျပာ


ေမလ ၁၄ ရက္ကက်င္းပသည့္ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ၁၂ ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး သတၱမေန႔တြင္ ဖြဲ႔ စည္းပံုအေျခခံ ဥပေဒကို ျပင္ဆင္သည့္ ဥပေဒၾကမ္းအတြက္ ေလ့လာစိစစ္ေရး ပူးေပါင္းေကာ္မတီ၏ ေလ့လာေတြ႔ရွိခ်က္ႏွင့္ သ ေဘာထားမွတ္ခ်က္အေပၚ လႊတ္ေတာ္ကိုယ္စားလွယ္ ေဆြးေႏြးတင္ျပခ်က္အေပၚ ပူးေပါင္းေကာ္မတီ၏ ရွင္းလင္းတင္ျပ ခ်က္ အစီရင္ခံစာကို ဖတ္ၾကားတင္ျပျခင္းႏွင့္ လႊတ္ေတာ္အဆံုးအျဖတ္ရယူရန္တြင္ ေျပာၾကားလုိက္ျခင္းျဖစ္သည္။
“ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးဟာ မိမိတုိ႔ႏုိင္ငံအတြက္အသက္တမွ် အေရးႀကီးပါတယ္။ ဥပေဒေတြထဲမွာ အေရးအႀကီး ဆံုး ဥပေဒျဖစ္တယ္ဆုိတာ အားလံုးအသိပဲျဖစ္ပါတယ္။ ဒါေၾကာင့္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနနဲ႔ တုိင္းရင္းသားစည္းလံုး ညီညႊတ္ေရး၊ အမ်ိဳးသားရင္ၾကားေစ့ေရး၊ တုိင္းျပည္တည္ၿငိမ္ ေအးခ်မ္းၿပီးဖြံ႔ၿဖိဳးတုိးတက္ေရးတုိ႔အတြက္ စိတ္ရင္းေစတနာအမွန္နဲ႔ ျပင္ဆင္သင့္ျပင္ဆင္ထုိက္တဲ့ ပုဒ္မမ်ားကို အားလံုးက ဝုိင္းဝန္းဆန္းစစ္ေဆြးေႏြးၿပီး ပူးေပါင္းေဆာင္ရြက္ၾကမွသာ ျပည္ေထာင္စု ႀကီးႏွင့္တကြ ႏုိင္ငံသူႏုိင္ငံသား တုိင္းရင္းအားလံုးရဲ႕အက်ိဳးျဖစ္ထြန္းမွာ ျဖစ္ပါတယ္” ဟု ဦးတီခြန္ျမတ္က ေျပာသည္။
လႊတ္ေတာ္မွ ဆက္လက္ေဆာင္ရြက္ရမည့္ လုပ္ငန္းစဥ္မ်ားအေပၚ အေလးအနက္ထား စဥ္းစားသံုးသပ္ၿပီး လက္ေတြ႔က်သည့္ လႊတ္ေတာ္ အဆံုးအျဖတ္ရယူျခင္းမ်ားကို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၎ကေျပာသည္။
ေက်ာင္းကုန္ၿမိဳ႕ဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းထြန္း တင္သြင္းသည့္ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္ရာတြင္ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၄၃ ဦးက လက္မွတ္ေရးထိုးခဲ့ၿပီး ကိုယ္စားလွယ္ ၆၃ ဦးက ေဆြးေႏြး ခဲ့ၾကသည္။
အဆုိပါ မူၾကမ္းကို ပူးေပါင္းေကာ္မတီ ေဆြးေႏြးရာတြင္ တစ္ပါတည္းေဆြးေႏြးရန္ႏွင့္ လႊတ္ေတာ္တြင္ အတည္ျပဳခ်က္ရယူၿပီး ေဆြးေႏြးရန္ တင္ျပခဲ့သည္။
ထုိ႔သို႔တင္ျပခ်က္အေပၚ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက မတ္တပ္ရပ္ကန္႔ကြက္ေသာ္လည္း မဲခြဲဆံုးျဖတ္ခဲ့ ရာ ေထာက္ခံမဲ ၃၈၀ မဲ ကန္႔ကြက္မဲ ၁၉၈ မဲ ၾကားေနမဲ ၆ မဲျဖစ္သည့္အတြက္ တစ္ေပါင္း တည္း ေလ့လာစိစစ္ေဆာင္ရြက္ရန္ လႊတ္ေတာ္က ဆံုးျဖတ္ခဲ့သည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

Unicode Version

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးသည် မြန်မာနိုင်ငံအတွက် အသက်တမျှအရေးကြီးဟု ပြည်ထောင်စုလွှတ်တော် နာယကပြော

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးသည် မိမိတို့နိုင်ငံအတွက် အသက်တမျှအရေးကြီးသည့်အတွက် ပြင်ဆင်သင့်ပြင်ဆင်ထိုက် သည့် ပုဒ်မများကို စိတ်ရင်းစေတနာအမှန်ဖြင့် ဆောင်ရွက်ကြရန် ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြား လိုက်သည်။
မေလ ၁၄ ရက်ကကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအတွက် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သ ဘောထားမှတ်ချက်အပေါ် လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေးတင်ပြချက်အပေါ် ပူးပေါင်းကော်မတီ၏ ရှင်းလင်းတင်ပြ ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြခြင်းနှင့် လွှတ်တော်အဆုံးအဖြတ်ရယူရန်တွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ မိမိတို့နိုင်ငံအတွက်အသက်တမျှ အရေးကြီးပါတယ်။ ဥပဒေတွေထဲမှာ အရေးအကြီး ဆုံး ဥပဒေဖြစ်တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါကြောင့်လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းပြည်တည်ငြိမ် အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စိတ်ရင်းစေတနာအမှန်နဲ့ ပြင်ဆင်သင့်ပြင်ဆင်ထိုက်တဲ့ ပုဒ်မများကို အားလုံးက ဝိုင်းဝန်းဆန်းစစ်ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ကြမှသာ ပြည်ထောင်စု ကြီးနှင့်တကွ နိုင်ငံသူနိုင်ငံသား တိုင်းရင်းအားလုံးရဲ့အကျိုးဖြစ်ထွန်းမှာ ဖြစ်ပါတယ်” ဟု ဦးတီခွန်မြတ်က ပြောသည်။
လွှတ်တော်မှ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် အလေးအနက်ထား စဉ်းစားသုံးသပ်ပြီး လက်တွေ့ကျသည့် လွှတ်တော် အဆုံးအဖြတ်ရယူခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ကျောင်းကုန်မြို့ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း တင်သွင်းသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်ရာတွင် လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးက လက်မှတ်ရေးထိုးခဲ့ပြီး ကိုယ်စားလှယ် ၆၃ ဦးက ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ မူကြမ်းကို ပူးပေါင်းကော်မတီ ဆွေးနွေးရာတွင် တစ်ပါတည်းဆွေးနွေးရန်နှင့် လွှတ်တော်တွင် အတည်ပြုချက်ရယူပြီး ဆွေးနွေးရန် တင်ပြခဲ့သည်။
ထို့သို့တင်ပြချက်အပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မတ်တပ်ရပ်ကန့်ကွက်သော်လည်း မဲခွဲဆုံးဖြတ်ခဲ့ ရာ ထောက်ခံမဲ ၃၈၀ မဲ ကန့်ကွက်မဲ ၁၉၈ မဲ ကြားနေမဲ ၆ မဲဖြစ်သည့်အတွက် တစ်ပေါင်း တည်း လေ့လာစိစစ်ဆောင်ရွက်ရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။