Skip to main content
အမ်ိဳးသား ၃ ဦးထန္းရည္အတူေသာက္ၾကရာမွ စကားမ်ားရန္ျဖစ္ၿပီး ၂ ဦးေသဆံုး 
Ads Block

အမ်ိဳးသား ၃ ဦးထန္းရည္အတူေသာက္ၾကရာမွ စကားမ်ားရန္ျဖစ္ၿပီး ၂ ဦးေသဆံုး 


မလိႈင္ၿမိဳ႕နယ္တြင္ တစ္ရြာတည္းေနအမ်ိဳးသား ၃ ဦးထန္းရည္အတူေသာက္ၾကရာမွ စကားမ်ားရန္ျဖစ္ၿပီး ၂ ဦး ေသဆံုးသြားေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ မလိႈင္ၿမိဳ႕နယ္၊ သံုးေတာင္ရြာမေက်းရြာ၌ ေနထိုင္ေသာ အသက္ ၄၁ ႏွစ္ရွိ ေအာင္မိုးဆိုသူ၏ေနအိမ္၌ တစ္ရြာတည္းေန ထြန္းထြန္း၀င္း(၄၀)ႏွစ္၊ ေအာင္ေက်ာ္ဆန္း(၄၀)ႏွစ္ႏွင့္ ေအာင္မိုးခ်မ္း(၃၀)ႏွစ္တို႔ ၃ ဦးသည္ ေမလ ၁၃  ရက္၊ နံနက္ ၂ နာရီခြဲတြင္ ထန္းရည္ေသာက္ခဲ့ၾကေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
ထိုသို႔ေသာက္စားၾကရာမွ စကားမ်ားၿပီး ထြန္းထြန္း၀င္း၊ (၄၀)ႏွစ္က သစ္သားတုတ္ျဖင့္ ရိုက္လိုက္ရာ အတူတူေသာက္စားေနသူႏွစ္ဦးျဖစ္ေသာ ေအာင္ေက်ာ္ဆန္း(၄၀)ႏွစ္ႏွင့္ ေအာင္မိုးခ်မ္း(၃၀)ႏွစ္တို႔မွာ ဦးေခါင္းေနာက္ေစ့ရိုက္ခံရ၍ ေနရာ၌ပြဲခ်င္းၿပီးေသဆံုးသြားၾကျခင္းျဖစ္ေၾကာင္း သိရသည္။
အိမ္ရွင္ကိုေအာင္မိုး၊ (၄၁)ႏွစ္မွလည္း ၀င္၍တားျမစ္ခဲ့သည္ကို ထြန္းထြန္း၀င္းကမေက်နပ္သျဖင့္ ေနအိမ္ကိုပါ မီးရိႈ႕သြားခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
“အတူတူေသာက္စားၾကရင္းနဲ႔ ရန္ျဖစ္စကားမ်ားၾကတာပါပဲ။မူးေနၾကတဲ့အတြက္ အခုလိုလူသတ္မႈ ျဖစ္ပြားသြားရတဲ့သေဘာပါ။ထူးထူးျခားျခားေတာ့ မရွိပါဘူး။ဒါေပမဲ့ ႏွစ္ေလာင္းၿပိဳင္လူသတ္မႈ ျဖစ္ပြားသြားတာေပါ့” ဟု ေႏွာကန္နယ္ေျမရဲစခန္းမွ အမႈစစ္ရဲအရာရွိက ေျပာသည္။
အမႈႏွင့္ပတ္သက္၍ ထြန္းထြန္း၀င္း၊ (၄၀)ႏွစ္ကို ေႏွာကန္နယ္ေျမရဲစခန္း၌ (ပ)၂၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂/၄၃၆ (လူသတ္မႈ/မီးရႈိ႕မႈ)တို႔ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)

Unicode Version

အမျိုးသား ၃ ဦးထန်းရည်အတူသောက်ကြရာမှ စကားများရန်ဖြစ်ပြီး ၂ ဦးသေဆုံး 

မလှိုင်မြို့နယ်တွင် တစ်ရွာတည်းနေအမျိုးသား ၃ ဦးထန်းရည်အတူသောက်ကြရာမှ စကားများရန်ဖြစ်ပြီး ၂ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မလှိုင်မြို့နယ်၊ သုံးတောင်ရွာမကျေးရွာ၌ နေထိုင်သော အသက် ၄၁ နှစ်ရှိ အောင်မိုးဆိုသူ၏နေအိမ်၌ တစ်ရွာတည်းနေ ထွန်းထွန်းဝင်း(၄၀)နှစ်၊ အောင်ကျော်ဆန်း(၄၀)နှစ်နှင့် အောင်မိုးချမ်း(၃၀)နှစ်တို့ ၃ ဦးသည် မေလ ၁၃  ရက်၊ နံနက် ၂ နာရီခွဲတွင် ထန်းရည်သောက်ခဲ့ကြကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ထိုသို့သောက်စားကြရာမှ စကားများပြီး ထွန်းထွန်းဝင်း၊ (၄၀)နှစ်က သစ်သားတုတ်ဖြင့် ရိုက်လိုက်ရာ အတူတူသောက်စားနေသူနှစ်ဦးဖြစ်သော အောင်ကျော်ဆန်း(၄၀)နှစ်နှင့် အောင်မိုးချမ်း(၃၀)နှစ်တို့မှာ ဦးခေါင်းနောက်စေ့ရိုက်ခံရ၍ နေရာ၌ပွဲချင်းပြီးသေဆုံးသွားကြခြင်းဖြစ်ကြောင်း သိရသည်။
အိမ်ရှင်ကိုအောင်မိုး၊ (၄၁)နှစ်မှလည်း ဝင်၍တားမြစ်ခဲ့သည်ကို ထွန်းထွန်းဝင်းကမကျေနပ်သဖြင့် နေအိမ်ကိုပါ မီးရှို့သွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
“အတူတူသောက်စားကြရင်းနဲ့ ရန်ဖြစ်စကားများကြတာပါပဲ။မူးနေကြတဲ့အတွက် အခုလိုလူသတ်မှု ဖြစ်ပွားသွားရတဲ့သဘောပါ။ထူးထူးခြားခြားတော့ မရှိပါဘူး။ဒါပေမဲ့ နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွားသွားတာပေါ့” ဟု နှောကန်နယ်မြေရဲစခန်းမှ အမှုစစ်ရဲအရာရှိက ပြောသည်။
အမှုနှင့်ပတ်သက်၍ ထွန်းထွန်းဝင်း၊ (၄၀)နှစ်ကို နှောကန်နယ်မြေရဲစခန်း၌ (ပ)၂၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၄၃၆ (လူသတ်မှု/မီးရှို့မှု)တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။