Skip to main content
ဒူးရင္းသီးအနံ႔ေၾကာင့္ ၾသစေတးလ်ၿမိဳ႕ေတာ္မွာ လူ ၅၀၀ ေက်ာ္ အလန္႔တၾကား ထြက္ေျပးခဲ့ရ
Ads Block

ဒူးရင္းသီးအနံ႔ေၾကာင့္ ၾသစေတးလ်ၿမိဳ႕ေတာ္မွာ လူ ၅၀၀ ေက်ာ္ အလန္႔တၾကား ထြက္ေျပးခဲ့ရ


ၾသစေတးလ်ႏုိင္ငံရဲ႕ၿမိဳ႕ေတာ္ ကင္ဘာရာမွာ စာၾကည့္တုိက္ထဲ ဒူးရင္းသီးနံ႔ လႈိင္ေနခဲ့ျခင္းကုိ မွားယြင္းထိတ္လန္႔ခဲ့ၾကတဲ့အတြက္ လူရာနဲ႔ခ်ီၿပီး ထြက္ေျပးခဲ့ၾကေၾကာင္း သိရပါတယ္။

ေမလ ၁၃ ရက္ေန႔ မြန္းလြဲပုိင္း ကင္ဘာရာတကၠသုိလ္စာၾကည့္တုိက္ထဲမွာ ဓါတ္ေငြ႕နံ႔ျပင္းျပင္းတစ္ခု ရခဲ့ၾကတာေၾကာင့္ မီးသတ္သမားေတြကုိ အေၾကာင္းၾကားခဲ့ရပါတယ္။ ၄င္းအေဆာက္အအုံထဲမွာ ရွိေနတဲ့ လူ ၅၅၀ ခန္႔ဟာလည္း ၆ မိနစ္အတြင္း ေဝးရာသုိ႔ စြန္႔ခြာထြက္ေျပးခဲ့ၾကပါတယ္။

ခဏအၾကာမွာ မီးသတ္သမားေတြေရာက္လာၿပီး စာၾကည့္တုိက္တစ္ခုလုံးကုိ ရွာေဖြခဲ့ၾကပါတယ္။ ၄င္းမီးသတ္သမားေတြထဲမွာ ေဘးဥပါဒ္ျဖစ္ေသာပစၥည္းမ်ားဆုိင္ရာ အထူးအဖြဲ႕ေတြလည္း ပါဝင္ခဲ့ၿပီး စာၾကည့္တုိက္တြင္းေလထု ေဘးကင္းစိတ္ခ်ရျခင္းရွိမရွိ တုိင္းတာခဲ့ၾကပါတယ္။

တစ္နာရီခန္႔အၾကာမွာေတာ့ အနံ႔ထြက္ေနတဲ့ေနရာကုိ ရွာေတြ႕ခဲ့ၾကရာ ဓါတ္ေငြ႕ယုိစိမ့္မႈမဟုတ္ပဲ ဒူးရင္းသီးနံ႔ ျဖစ္ေနေၾကာင္း ေတြ႕ခဲ့ရပါတယ္။ စာၾကည့္တုိက္ထဲ ဒူးရင္္းသီးစားခဲ့သူတစ္ဦးဟာ အမႈိက္ပုံးထဲ စြန္႔ပစ္ခဲ့ေပမယ့္ ၄င္းအမႈိက္ဟာ အနံ႔တလႈိင္လႈိင္ထြက္ေနခဲ့ျခင္း ျဖစ္ပါတယ္။ 

ယခင္ႏွစ္ထဲမွာလည္း မဲလ္ဘုန္းၿမိဳ႕ ေတာ္ဝင္နည္းပညာအသက္ေမြးတကၠသုိလ္မွာ ဒူးရင္းသီးတစ္လုံး ပုပ္ေနခဲ့တာေၾကာင့္ ေက်ာင္းသားေက်ာင္းသူနဲ႔ဆရာ စုစုေပါင္း ၅၀၀ ခန္႔ ထြက္ေျပးခဲ့ရပါေသးတယ္။

- ZHO (အကုန္သိ သတင္းဌာန) | (Ref : Channelnewsasia)

Unicode Version

ဒူးရင်းသီးအနံ့ကြောင့် သြစတေးလျမြို့တော်မှာ လူ ၅၀၀ ကျော် အလန့်တကြား ထွက်ပြေးခဲ့ရ

သြစတေးလျနိုင်ငံရဲ့မြို့တော် ကင်ဘာရာမှာ စာကြည့်တိုက်ထဲ ဒူးရင်းသီးနံ့ လှိုင်နေခဲ့ခြင်းကို မှားယွင်းထိတ်လန့်ခဲ့ကြတဲ့အတွက် လူရာနဲ့ချီပြီး ထွက်ပြေးခဲ့ကြကြောင်း သိရပါတယ်။

မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်း ကင်ဘာရာတက္ကသိုလ်စာကြည့်တိုက်ထဲမှာ ဓါတ်ငွေ့နံ့ပြင်းပြင်းတစ်ခု ရခဲ့ကြတာကြောင့် မီးသတ်သမားတွေကို အကြောင်းကြားခဲ့ရပါတယ်။ ၎င်းအဆောက်အအုံထဲမှာ ရှိနေတဲ့ လူ ၅၅၀ ခန့်ဟာလည်း ၆ မိနစ်အတွင်း ဝေးရာသို့ စွန့်ခွာထွက်ပြေးခဲ့ကြပါတယ်။

ခဏအကြာမှာ မီးသတ်သမားတွေရောက်လာပြီး စာကြည့်တိုက်တစ်ခုလုံးကို ရှာဖွေခဲ့ကြပါတယ်။ ၎င်းမီးသတ်သမားတွေထဲမှာ ဘေးဥပါဒ်ဖြစ်သောပစ္စည်းများဆိုင်ရာ အထူးအဖွဲ့တွေလည်း ပါဝင်ခဲ့ပြီး စာကြည့်တိုက်တွင်းလေထု ဘေးကင်းစိတ်ချရခြင်းရှိမရှိ တိုင်းတာခဲ့ကြပါတယ်။

တစ်နာရီခန့်အကြာမှာတော့ အနံ့ထွက်နေတဲ့နေရာကို ရှာတွေ့ခဲ့ကြရာ ဓါတ်ငွေ့ယိုစိမ့်မှုမဟုတ်ပဲ ဒူးရင်းသီးနံ့ ဖြစ်နေကြောင်း တွေ့ခဲ့ရပါတယ်။ စာကြည့်တိုက်ထဲ ဒူးရင်းသီးစားခဲ့သူတစ်ဦးဟာ အမှိုက်ပုံးထဲ စွန့်ပစ်ခဲ့ပေမယ့် ၎င်းအမှိုက်ဟာ အနံ့တလှိုင်လှိုင်ထွက်နေခဲ့ခြင်း ဖြစ်ပါတယ်။ 

ယခင်နှစ်ထဲမှာလည်း မဲလ်ဘုန်းမြို့ တော်ဝင်နည်းပညာအသက်မွေးတက္ကသိုလ်မှာ ဒူးရင်းသီးတစ်လုံး ပုပ်နေခဲ့တာကြောင့် ကျောင်းသားကျောင်းသူနဲ့ဆရာ စုစုပေါင်း ၅၀၀ ခန့် ထွက်ပြေးခဲ့ရပါသေးတယ်။

- ZHO (အကုန်သိ သတင်းဌာန) | (Ref : Channelnewsasia)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။