Skip to main content
ကက္ရွ္မီးယားတြင္ သုံးႏွစ္သမီးေလး မုဒိမ္းက်င့္ခံရမႈနဲ ့ပတ္သက္ၿပီး ဆူပူဆႏၵျပမႈမ်ား ျဖစ္ပြား 
Ads Block

ကက္ရွ္မီးယားတြင္ သုံးႏွစ္သမီးေလး မုဒိမ္းက်င့္ခံရမႈနဲ ့ပတ္သက္ၿပီး ဆူပူဆႏၵျပမႈမ်ား ျဖစ္ပြား 


သုံးႏွစ္အရြယ္ ကေလးတစ္ဦး မုဒိမ္းက်င့္ခံရတာနဲ ့ပတ္သက္ၿပီး ေမ ၁၃ ရက္ေန ့က အိႏၵိယအုပ္ခ်ဳပ္တဲ့ ကက္ရွ္မီးယားဘက္ျခမ္းမွာ ဆူပူဆႏၵျပမႈေတြ ျဖစ္ပြားခဲ့ကာ အစုိးရ လုံၿခဳံေရးတပ္ဖြဲ ့ေတြနဲ ့ တုိက္ခုိက္မႈေတြ ျဖစ္ခဲ့ၿပီး လူ တစ္ဒါဇင္ေလာက္ ဒဏ္ရာရခဲ့ပါတယ္။ 
ၿပီးခဲ့တဲ့ ဗုဒၶဟူးေန ့က ကေလးမေလးရဲ႕မိသားစုနဲ ့ အိမ္နီးခ်င္းျဖစ္တဲ့ ကားျပင္သမား လူငယ္ တစ္ဦးဟာ ကေလးကုိ အနီးအနားက စာသင္ေက်ာင္း အိမ္သာထဲ ဖ်ားေယာင္းေခၚေဆာင္သြားၿပီး လိင္ပုိင္းဆုိင္ရာ က်ဴးလြန္ေစာ္ကားခဲ့ျခင္း ျဖစ္ပါတယ္။ ျပည္နယ္ရဲ႕အဓိက ၿမိဳ ့ႀကီးျဖစ္တဲ့ ဆရီနာဂါေျမာက္ပုိင္း ဆမ္ေဘာဧရိယာမွာ ေနထုိင္တဲ့ အသက္ ၂၀ အရြယ္လုိ ့ ယူဆရတဲ့ က်ဴးလြန္သူကုိ ဖမ္းဆီးထိန္းသိမ္း ထားခဲ့ပါတယ္။ ဒါေပမဲ့လည္း က်ဴးလြန္သူဟာ အသက္ ၁၃ ႏွစ္သာရွိေသးတယ္ဆုိတဲ့ ေက်ာင္းအပ္ ေမြးစာရင္းကုိ အျခား စာသင္ေက်ာင္းတစ္ေက်ာင္းက ေက်ာင္းအုပ္က ထုတ္ေပးလာတာေၾကာင့္ ေဒါသ ေပါက္ကြဲမႈေတြ ျဖစ္လာခဲ့ကာ ကက္ရွ္မီးယားေတာင္ၾကားေဒသတ၀န္း ဆႏၵျပမႈေတြ ေပၚေပါက္ခဲ့ပါတယ္။ ဆႏၵျပသူေတြက က်ဴးလြန္သူရဲ ့ ေမြးစာရင္းဟာ အတုသာျဖစ္ၿပီး ၄င္းကုိ အသက္မျပည့္သေယာင္လုပ္ကာ အျပစ္ေပါ့ေစဖုိ ့ ႀကံရြယ္ခဲ့တာျဖစ္ေၾကာင္း ေ၀ဖန္ခဲ့ၾကပါတယ္။ 
ၿမိဳ ့မ်ားစြာမွာ ေပၚေပါက္ေနတဲ့ ဆႏၵျပမႈေတြကုိ မ်က္ရည္ယုိဓါတ္ေငြ ့ေတြ၊ ခဲက်ည္သုံး ပစ္ခတ္မႈေတြ လုပ္ကာ ၿဖဳိခြဲခဲ့ၿပီး အစုိးရ လုံၿခဳံေရးတပ္ဖြဲ ့၀င္ေတြအပါအ၀င္ လူ တစ္ဒါဇင္ထက္မနည္း ဒဏ္ရာရခဲ့ေၾကာင္း အႀကီးတန္းရဲအရာရွိ ဆြာယမ္ ပရာကက္ရွ္ပါနီက ေျပာဆုိပါတယ္။ “ ဒဏ္ရာရဆႏၵျပသူေတြထဲက တစ္ဦးကေတာ့ ဒဏ္ရာအေျခအေန စုိးရိမ္ရပါတယ္’’ လုိ ့ ၄င္းက ေျပာဆုိခဲ့ပါတယ္။ ေက်ာင္းအုပ္အေပၚ စြဲဆုိထားတဲ့ သီးျခားစြဲခ်က္ကုိ မိမိတုိ ့ အမႈဖြင့္ထားကာ စစ္ေဆးေမးျမန္းမႈေတြလုပ္ဖုိ ့ ၄င္းကုိ ထိန္းသိမ္း ခဲ့ေၾကာင္းလည္း ၄င္းက ဆုိခ့ဲပါတယ္။ 
ဆရီနာဂါၿမိဳ႕မွာလည္း လူေထာင္ခ်ီၿပီး ဆႏၵျပခဲ့ၾကကာ အစုိးရတပ္ဖြဲ ့ေတြနဲ ့ တုိက္ခုိက္မႈေတြ ျဖစ္ခဲ့ပါတယ္။ 
ပ်ံႏွံ ့ေနတဲ့ ဆႏၵျပကန္ ့ကြက္မႈေတြကုိ ထိန္းခ်ဳပ္ဖုိ ့အတြက္ ကက္ရွ္မီးယားေတာင္ၾကားေဒသ တ၀န္း အစုိးရ တပ္ဖြဲ ့၀င္ ေထာင္ေပါင္းမ်ားစြာကုိ အဓိကရုဏ္းႏွိမ္နင္းေရး ၀တ္စုံနဲ ့လက္နက္ကိရိယာေတြ ေပးအပ္ကာ ေနရာခ်ထားေၾကာင္း တာ၀န္ရွိသူေတြက ေျပာပါတယ္။ ဆူပူဆႏၵျပမႈေတြေၾကာင့္ ေဒသတြင္းရွိ စာသင္ေက်ာင္း ေတြ အားလုံး ပိတ္ထားသလုိ ေစ်းဆုိင္ေတြ၊ စီးပြားေရးလုပ္ငန္းေတြလည္း ပိတ္ထားၾကေၾကာင္း သိရပါတယ္။ 
တကၠသုိလ္ သုံးခုရွိ ေက်ာင္းသား ရာေပါင္းမ်ားစြာဟာလည္း ေက်ာင္း၀န္းအတြင္း ဆႏၵျပမႈေတြ လုပ္ခဲ့ကာ က်ဴးလြန္သူကုိ ထိေရာက္ျပင္းထန္တဲ့ ျပစ္ဒဏ္ေပးဖုိ ့နဲ ့ ေက်ာင္းအုပ္ကုိ အေရးယူဖုိ ့ ေတာင္းဆုိခဲ့ၾကပါတယ္။

-ကုိလင္း(အကုန္သိ သတင္းဌာန) | Ref : CNA

Unicode Version

ကက်ရှ်မီးယားတွင် သုံးနှစ်သမီးလေး မုဒိမ်းကျင့်ခံရမှုနဲ့ပတ်သက်ပြီး ဆူပူဆန္ဒပြမှုများ ဖြစ်ပွား 

သုံးနှစ်အရွယ် ကလေးတစ်ဦး မုဒိမ်းကျင့်ခံရတာနဲ့ပတ်သက်ပြီး မေ ၁၃ ရက်နေ့က အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဘက်ခြမ်းမှာ ဆူပူဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ကာ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး လူ တစ်ဒါဇင်လောက် ဒဏ်ရာရခဲ့ပါတယ်။ 
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကလေးမလေးရဲ့မိသားစုနဲ့ အိမ်နီးချင်းဖြစ်တဲ့ ကားပြင်သမား လူငယ် တစ်ဦးဟာ ကလေးကို အနီးအနားက စာသင်ကျောင်း အိမ်သာထဲ ဖျားယောင်းခေါ်ဆောင်သွားပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခဲ့ခြင်း ဖြစ်ပါတယ်။ ပြည်နယ်ရဲ့အဓိက မြို့ကြီးဖြစ်တဲ့ ဆရီနာဂါမြောက်ပိုင်း ဆမ်ဘောဧရိယာမှာ နေထိုင်တဲ့ အသက် ၂၀ အရွယ်လို့ ယူဆရတဲ့ ကျူးလွန်သူကို ဖမ်းဆီးထိန်းသိမ်း ထားခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျူးလွန်သူဟာ အသက် ၁၃ နှစ်သာရှိသေးတယ်ဆိုတဲ့ ကျောင်းအပ် မွေးစာရင်းကို အခြား စာသင်ကျောင်းတစ်ကျောင်းက ကျောင်းအုပ်က ထုတ်ပေးလာတာကြောင့် ဒေါသ ပေါက်ကွဲမှုတွေ ဖြစ်လာခဲ့ကာ ကက်ရှ်မီးယားတောင်ကြားဒေသတဝန်း ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက ကျူးလွန်သူရဲ့ မွေးစာရင်းဟာ အတုသာဖြစ်ပြီး ၎င်းကို အသက်မပြည့်သယောင်လုပ်ကာ အပြစ်ပေါ့စေဖို့ ကြံရွယ်ခဲ့တာဖြစ်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။ 
မြို့များစွာမှာ ပေါ်ပေါက်နေတဲ့ ဆန္ဒပြမှုတွေကို မျက်ရည်ယိုဓါတ်ငွေ့တွေ၊ ခဲကျည်သုံး ပစ်ခတ်မှုတွေ လုပ်ကာ ဖြိုခွဲခဲ့ပြီး အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပါအဝင် လူ တစ်ဒါဇင်ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း အကြီးတန်းရဲအရာရှိ ဆွာယမ် ပရာကက်ရှ်ပါနီက ပြောဆိုပါတယ်။ “ ဒဏ်ရာရဆန္ဒပြသူတွေထဲက တစ်ဦးကတော့ ဒဏ်ရာအခြေအနေ စိုးရိမ်ရပါတယ်’’ လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။ ကျောင်းအုပ်အပေါ် စွဲဆိုထားတဲ့ သီးခြားစွဲချက်ကို မိမိတို့ အမှုဖွင့်ထားကာ စစ်ဆေးမေးမြန်းမှုတွေလုပ်ဖို့ ၎င်းကို ထိန်းသိမ်း ခဲ့ကြောင်းလည်း ၎င်းက ဆိုခဲ့ပါတယ်။ 
ဆရီနာဂါမြို့မှာလည်း လူထောင်ချီပြီး ဆန္ဒပြခဲ့ကြကာ အစိုးရတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ 
ပျံနှံ့နေတဲ့ ဆန္ဒပြကန့်ကွက်မှုတွေကို ထိန်းချုပ်ဖို့အတွက် ကက်ရှ်မီးယားတောင်ကြားဒေသ တဝန်း အစိုးရ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံနဲ့လက်နက်ကိရိယာတွေ ပေးအပ်ကာ နေရာချထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဆူပူဆန္ဒပြမှုတွေကြောင့် ဒေသတွင်းရှိ စာသင်ကျောင်း တွေ အားလုံး ပိတ်ထားသလို ဈေးဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေလည်း ပိတ်ထားကြကြောင်း သိရပါတယ်။ 
တက္ကသိုလ် သုံးခုရှိ ကျောင်းသား ရာပေါင်းများစွာဟာလည်း ကျောင်းဝန်းအတွင်း ဆန္ဒပြမှုတွေ လုပ်ခဲ့ကာ ကျူးလွန်သူကို ထိရောက်ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးဖို့နဲ့ ကျောင်းအုပ်ကို အရေးယူဖို့ တောင်းဆိုခဲ့ကြပါတယ်။

-ကိုလင်း(အကုန်သိ သတင်းဌာန) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။