Skip to main content
ေကာလင္းၿမိဳ႕မွ ေရႊထြက္သည္ဆိုေသာေတာင္ကို လံုျခံဳေရးအရပိတ္ထားေသာ္လည္း ညအခ်ိန္ခိုးတူးသူမ်ား ရွိေနဆဲဟု ဆို 
Ads Block

ေကာလင္းၿမိဳ႕မွ ေရႊထြက္သည္ဆိုေသာေတာင္ကို လံုျခံဳေရးအရပိတ္ထားေသာ္လည္း ညအခ်ိန္ခိုးတူးသူမ်ား ရွိေနဆဲဟု ဆို 


စစ္ကိုင္းတိုင္းေဒသႀကီး၊ ေကာလင္းၿမိဳ႕နယ္ရွိ ေရႊထြက္သည္ဆိုေသာသစ္ေစးေတာင္တြင္ လံုၿခံဳေရးအရ တားျမစ္ပိတ္ပင္မႈမ်ားရွိေသာ္လည္း ညအခ်ိန္၌လာေရာက္ခိုးတူးေနသူမ်ားရွိေနဆဲ ျဖစ္ေၾကာင္း သတင္းရရွိသည္။
ေကာလင္းၿမိဳ႕ အေနာက္ဖက္မိုင္ ၂၀ ခန္႔အကြာ၌တည္ရွိေသာ အဆိုပါသစ္ေစးေတာင္တြင္ ေက်ာက္ႏွင့္ ေျမေရာရာမွ ေရႊမ်ားပါ၀င္သည္ဆိုသည့္သတင္းမ်ားေၾကာင့္ မတ္လဆန္းပိုင္းမွစတင္ကာ အနီးအနားရွိ ေဒသခံမ်ားက လာေရာက္တူးေဖာ္ခဲ့ၾကျခင္းျဖစ္သည္။ 

ေကာလင္းၿမိဳ႕မွ ေရႊထြက္သည္ဆိုေသာေတာင္ကို လံုျခံဳေရးအရပိတ္ထားေသာ္လည္း ညအခ်ိန္ခိုးတူးသူမ်ား ရွိေနဆဲဟု ဆို 


အဆိုပါသတင္းမွာ အနီးအနားေက်းရြာမ်ားမွတစ္ဆင့္ ပင္လယ္ဘူးၿမိဳ႕နယ္မ်ားအထိသတင္းျပန္႔ႏွံ႔ခဲ့ကာ ေရႊတူးေဖာ္ရွာေဖြမႈမ်ား တိုးပြားလာသျဖင့္ မတ္လ ၂၆ ရက္၌ အဆိုပါသစ္ေစးေတာင္ကို ေကာလင္းၿမိဳ႕နယ္မွ သက္ဆိုင္ရာဆာ၀န္ရွိသူမ်ားက သြားေရာက္ပိတ္ပင္ကာ ကန္႔သတ္နယ္ေျမသတ္မွတ္ခဲ့သည္။

ေကာလင္းၿမိဳ႕မွ ေရႊထြက္သည္ဆိုေသာေတာင္ကို လံုျခံဳေရးအရပိတ္ထားေသာ္လည္း ညအခ်ိန္ခိုးတူးသူမ်ား ရွိေနဆဲဟု ဆို 


“ဒီသစ္ေစးေတာင္က ၿမိဳ႕နယ္ ၃ ခုနဲ႔ထိစပ္ေနတဲ့အတြက္ ကြ်န္ေတာ္တို႔ေကာလင္းၿမိဳ႕နယ္အျပင္ ဟိုးဘက္ျခမ္းမွာရွိတဲ့ ပင္လည္ဘူးၿမိဳ႕နယ္ဘက္ကေတြလည္း လာတူးေဖာ္ၾကတာေပါ့။ တူးေဖာ္တာေတြ မ်ားလာေတာ့ ေျမၿပိဳမႈေတြျဖစ္လာတယ္ေလ။အဲဒါေၾကာင့္ သက္ဆိုင္ရာအာဏာပိုင္ေတြက ကန္႔သတ္နယ္ေျမ အျဖစ္တားျမစ္ပိတ္ပင္ခဲ့ေပမဲ့ လစ္ရင္လစ္သလိုညအခ်ိန္မွာ ခိုးတူးၾကတာေပါ့။ညစဥ္ လူ ၁၀၀ ၀န္းက်င္ ေလာက္ေတာ့ ရွိမယ္” ဟု ေကာလင္းၿမိဳ႕နယ္မွ ေဒသခံတစ္ဦးက ေျပာသည္။
ထို႔ျပင္ ေရႊထြက္သည့္သစ္ေစးေတာင္သည္ အလြန္က်ယ္၀န္းသည့္အတြက္ေၾကာင့္ လံုၿခံဳေရးအင္အား မလံုေလာက္မႈမ်ားရွိေနေသာ္လည္း အေရးယူေဆာင္ရြက္မႈလုပ္ငန္းမ်ား အတတ္ႏိုင္ဆံုးလုပ္ေဆာင္ေနေၾကာင္း ေကာလင္းၿမိဳ႕မရဲစခန္း၊ စခန္းမွဴးထံမွ သိရသည္။ 
“ေတာ္ေတာ္က်ယ္တယ္ဗ်။ ၅ မိုင္ပတ္လည္ေလာက္ရွိတယ္ေလ။ကြ်န္ေတာ္တို႔ ရဲတပ္ဖြဲ႔အင္အား အေနနဲ႔ကလည္း အဓိကအႏၱရာယ္ရွိႏုိင္မဲ့ အေပၚပိုင္းေနရာေတြကို လံုၿခံဳေရးေဆာင္ရြက္ေပးေနရတာေပါ့။ ဒါေပမဲ့လစ္တဲ့ေနရာေတြကေန တူးေဖာ္မႈေတြရွိေနတာေတာ့အမွန္ပဲ။လက္ရွိအခ်ိန္မွာလည္း အေရးယူ ဖမ္းဆီးထားတာ အမႈ ၂၀ ေက်ာ္ရွိၿပီ။ၿပီးခဲ့တဲ့ရက္ကေတာင္ မိုးရြာတဲ့အတြက္ေျမၿပိဳမႈေတြရွိခဲ့တယ္။ ဒါေပမဲ့လူရွင္းတဲ့အခ်ိန္မို႔လို႔ ေတာ္ေသးတာဗ်” ဟု ေကာလင္းၿမိဳ႕မရဲစခန္းမွ စခန္းမွဴးဒုရဲမွဴးေငြမ်ိဳးျမင့္နီက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
လက္ရွိတြင္ ပညာေပးမႈမ်ားေဆာင္ရြက္ထားေသာ္လည္း လိုက္နာမႈအားနည္းေနေၾကာင္းလည္း ၄င္းေျပာျပခ်က္အရ သိရသည္။ 

- ဒါးဇ(အကုန္သိသတင္းဌာန) | Source - ေအာင္သန္း၀င္း(ေကာလင္း)

Unicode Version

ကောလင်းမြို့မှ ရွှေထွက်သည်ဆိုသောတောင်ကို လုံခြုံရေးအရပိတ်ထားသော်လည်း ညအချိန်ခိုးတူးသူများ ရှိနေဆဲဟု ဆို 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ရှိ ရွှေထွက်သည်ဆိုသောသစ်စေးတောင်တွင် လုံခြုံရေးအရ တားမြစ်ပိတ်ပင်မှုများရှိသော်လည်း ညအချိန်၌လာရောက်ခိုးတူးနေသူများရှိနေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။
ကောလင်းမြို့ အနောက်ဖက်မိုင် ၂၀ ခန့်အကွာ၌တည်ရှိသော အဆိုပါသစ်စေးတောင်တွင် ကျောက်နှင့် မြေရောရာမှ ရွှေများပါဝင်သည်ဆိုသည့်သတင်းများကြောင့် မတ်လဆန်းပိုင်းမှစတင်ကာ အနီးအနားရှိ ဒေသခံများက လာရောက်တူးဖော်ခဲ့ကြခြင်းဖြစ်သည်။ 
အဆိုပါသတင်းမှာ အနီးအနားကျေးရွာများမှတစ်ဆင့် ပင်လယ်ဘူးမြို့နယ်များအထိသတင်းပြန့်နှံ့ခဲ့ကာ ရွှေတူးဖော်ရှာဖွေမှုများ တိုးပွားလာသဖြင့် မတ်လ ၂၆ ရက်၌ အဆိုပါသစ်စေးတောင်ကို ကောလင်းမြို့နယ်မှ သက်ဆိုင်ရာဆာဝန်ရှိသူများက သွားရောက်ပိတ်ပင်ကာ ကန့်သတ်နယ်မြေသတ်မှတ်ခဲ့သည်။
“ဒီသစ်စေးတောင်က မြို့နယ် ၃ ခုနဲ့ထိစပ်နေတဲ့အတွက် ကျွန်တော်တို့ကောလင်းမြို့နယ်အပြင် ဟိုးဘက်ခြမ်းမှာရှိတဲ့ ပင်လည်ဘူးမြို့နယ်ဘက်ကတွေလည်း လာတူးဖော်ကြတာပေါ့။ တူးဖော်တာတွေ များလာတော့ မြေပြိုမှုတွေဖြစ်လာတယ်လေ။အဲဒါကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေက ကန့်သတ်နယ်မြေ အဖြစ်တားမြစ်ပိတ်ပင်ခဲ့ပေမဲ့ လစ်ရင်လစ်သလိုညအချိန်မှာ ခိုးတူးကြတာပေါ့။ညစဉ် လူ ၁၀၀ ဝန်းကျင် လောက်တော့ ရှိမယ်” ဟု ကောလင်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ရွှေထွက်သည့်သစ်စေးတောင်သည် အလွန်ကျယ်ဝန်းသည့်အတွက်ကြောင့် လုံခြုံရေးအင်အား မလုံလောက်မှုများရှိနေသော်လည်း အရေးယူဆောင်ရွက်မှုလုပ်ငန်းများ အတတ်နိုင်ဆုံးလုပ်ဆောင်နေကြောင်း ကောလင်းမြို့မရဲစခန်း၊ စခန်းမှူးထံမှ သိရသည်။ 
“တော်တော်ကျယ်တယ်ဗျ။ ၅ မိုင်ပတ်လည်လောက်ရှိတယ်လေ။ကျွန်တော်တို့ ရဲတပ်ဖွဲ့အင်အား အနေနဲ့ကလည်း အဓိကအန္တရာယ်ရှိနိုင်မဲ့ အပေါ်ပိုင်းနေရာတွေကို လုံခြုံရေးဆောင်ရွက်ပေးနေရတာပေါ့။ ဒါပေမဲ့လစ်တဲ့နေရာတွေကနေ တူးဖော်မှုတွေရှိနေတာတော့အမှန်ပဲ။လက်ရှိအချိန်မှာလည်း အရေးယူ ဖမ်းဆီးထားတာ အမှု ၂၀ ကျော်ရှိပြီ။ပြီးခဲ့တဲ့ရက်ကတောင် မိုးရွာတဲ့အတွက်မြေပြိုမှုတွေရှိခဲ့တယ်။ ဒါပေမဲ့လူရှင်းတဲ့အချိန်မို့လို့ တော်သေးတာဗျ” ဟု ကောလင်းမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးငွေမျိုးမြင့်နီက အကုန်သိသတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ပညာပေးမှုများဆောင်ရွက်ထားသော်လည်း လိုက်နာမှုအားနည်းနေကြောင်းလည်း ၎င်းပြောပြချက်အရ သိရသည်။ 


- ဒါးဇ(အကုန်သိသတင်းဌာန) | Source - အောင်သန်းဝင်း(ကောလင်း)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။