Skip to main content
မိဘအား ရိုင္းျပစြာေျပာဆိုေနသူကို၀င္တားေသာ အိမ္နီးခ်င္း ၀ါးစိမ္းတုတ္ျဖင့္ အရိုက္ခံရ
Ads Block

မိဘအား ရိုင္းျပစြာေျပာဆိုေနသူကို၀င္တားေသာ အိမ္နီးခ်င္း ၀ါးစိမ္းတုတ္ျဖင့္ အရိုက္ခံရ


ပဲခူးတိုင္းေဒသႀကီး၊ လက္ပံတန္းၿမိဳ႕နယ္၌ အရက္ေသာက္ၿပီး မိဘအားရိုင္းျပစြာေျပာဆိုေနသူကို၀င္တားေသာ အိမ္နီးခ်င္း ၀ါးစိမ္းတုတ္ျဖင့္ အရိုက္ခံခဲ့ရေၾကာင္း သိရသည္။ 
ျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီး၊ လက္ပံတန္းၿမိဳ႕နယ္ ဆင္ကူးရြာသစ္ေက်းရြာအုပ္စု၊ ရြာသစ္ေက်းရြာတြင္ ေနထိုင္ေသာ ေအာင္မ်ိဳးသူ၊ ၂၇ ႏွစ္သည္ ေမလ ၁၃ ရက္၊ မြန္းလြဲ ၂ နာရီခန္႔က အရက္မူးၿပီး ၀ါးစိမ္းတုတ္ကိုကိုင္ေဆာင္လ်က္ ၎၏မိဘမ်ားကိုရိုင္းျပစြာေအာ္ဟစ္ေျပာဆိုေနခဲ့ေၾကာင္း သိရသည္။

မိဘအား ရိုင္းျပစြာေျပာဆိုေနသူကို၀င္တားေသာ အိမ္နီးခ်င္း ၀ါးစိမ္းတုတ္ျဖင့္ အရိုက္ခံရ


ထိုျဖစ္စဥ္ကို ျမင့္ေတြ႔ေနသည့္ အိမ္နီးခ်င္းျဖစ္ေသာ ဦးေငြေမာင္း၊ (၆၆)ႏွစ္က “မင္းမိဘေတြကို ဘာလုိ႔ ရိုင္းဆိုင္းေနတာလဲ” ဟုေျပာဆိုတားျမစ္ဖ်န္ေျဖေပးစဥ္ “ခင္မ်ားအေၾကာင္းဘာပါလဲ” ဟု ေအာင္မ်ိဳးသူမွ ျပန္လည္ေျပာဆို၍ ကိုင္ေဆာင္ထားေသာ၀ါးစိမ္းတုတ္ျဖင့္ ရိုက္လိုက္ရာ ဦးေငြေမာင္း၌ ၀ဲဂ်ိဳေစာင္းေပါက္ၿပဲ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
“အရက္မူးၿပီးေတာ့ မိဘကိုေအာ္ဟစ္ေျပာဆိုေနတာကို ဦးေငြေမာင္းကေန ၀င္ၿပီးေတာ့ ေျပာဆိုတားျမစ္တာေပါ့။ အဲဒါကိုလက္မခံဘဲ ၀ါး၀ိမ္းတုတ္နဲ႔ ေခါင္းကိုရိုက္လိုက္တာဒဏ္ရာျပင္းထန္ရရွိသြားတယ္။ဒါေပမဲ့ အသက္အႏၱရာယ္ေတာ့ မရွိပါဘူး။ၿပီးေတာ့ က်ဴးလြန္ခံရတဲ့ ဦးေငြေမာင္းဟာေထာင္ထြက္ပါပဲ။ သူ႔သားကို သတ္မႈနဲ႔ေထာင္က်ေနရာကေန လြတ္ၿငိမ္းနဲ႔ ျပန္လြတ္လာသူပါ” ဟု လက္ပံတန္းၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေအာင္မ်ိဳးသူ၊ (၂၇)ႏွစ္ကို လက္ပံတန္းၿမိဳ႕မရဲစခန္း၌ ရာဇသတ္ႀကီးပုဒ္မ-၃၂၅ ျဖင့္ အမႈဖြင့္ထားေၾကာင္း သတင္းရရွိသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)

Unicode Version

မိဘအား ရိုင်းပြစွာပြောဆိုနေသူကိုဝင်တားသော အိမ်နီးချင်း ဝါးစိမ်းတုတ်ဖြင့် အရိုက်ခံရ

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၌ အရက်သောက်ပြီး မိဘအားရိုင်းပြစွာပြောဆိုနေသူကိုဝင်တားသော အိမ်နီးချင်း ဝါးစိမ်းတုတ်ဖြင့် အရိုက်ခံခဲ့ရကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် ဆင်ကူးရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် နေထိုင်သော အောင်မျိုးသူ၊ ၂၇ နှစ်သည် မေလ ၁၃ ရက်၊ မွန်းလွဲ ၂ နာရီခန့်က အရက်မူးပြီး ဝါးစိမ်းတုတ်ကိုကိုင်ဆောင်လျက် ၎င်း၏မိဘများကိုရိုင်းပြစွာအော်ဟစ်ပြောဆိုနေခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဉ်ကို မြင့်တွေ့နေသည့် အိမ်နီးချင်းဖြစ်သော ဦးငွေမောင်း၊ (၆၆)နှစ်က “မင်းမိဘတွေကို ဘာလို့ ရိုင်းဆိုင်းနေတာလဲ” ဟုပြောဆိုတားမြစ်ဖျန်ဖြေပေးစဉ် “ခင်များအကြောင်းဘာပါလဲ” ဟု အောင်မျိုးသူမှ ပြန်လည်ပြောဆို၍ ကိုင်ဆောင်ထားသောဝါးစိမ်းတုတ်ဖြင့် ရိုက်လိုက်ရာ ဦးငွေမောင်း၌ ဝဲဂျိုစောင်းပေါက်ပြဲ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အရက်မူးပြီးတော့ မိဘကိုအော်ဟစ်ပြောဆိုနေတာကို ဦးငွေမောင်းကနေ ဝင်ပြီးတော့ ပြောဆိုတားမြစ်တာပေါ့။ အဲဒါကိုလက်မခံဘဲ ဝါးဝိမ်းတုတ်နဲ့ ခေါင်းကိုရိုက်လိုက်တာဒဏ်ရာပြင်းထန်ရရှိသွားတယ်။ဒါပေမဲ့ အသက်အန္တရာယ်တော့ မရှိပါဘူး။ပြီးတော့ ကျူးလွန်ခံရတဲ့ ဦးငွေမောင်းဟာထောင်ထွက်ပါပဲ။ သူ့သားကို သတ်မှုနဲ့ထောင်ကျနေရာကနေ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာသူပါ” ဟု လက်ပံတန်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောင်မျိုးသူ၊ (၂၇)နှစ်ကို လက်ပံတန်းမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ-၃၂၅ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။