Skip to main content
ေရထြက္ကုန္မ်ားျပည္ပသို႔တင္ပို႔ရာတြင္ လိုအပ္ခ်က္မ်ားအဆင္ေျပေစရန္ ဝန္ႀကီးဌာနမွေဆာင္ရြက္ေပးမည္ဟု ဆို
Ads Block

ေရထြက္ကုန္မ်ားျပည္ပသို႔တင္ပို႔ရာတြင္ လိုအပ္ခ်က္မ်ားအဆင္ေျပေစရန္ ဝန္ႀကီးဌာနမွေဆာင္ရြက္ေပးမည္ဟု ဆို


ျမန္မာႏိုင္ငံမွ ေရထြက္ကုန္ပစၥည္းျပည္ပတင္ပို႔ရာတြင္ တင္သြင္းမည့္ႏုိင္ငံအလိုက္ လိုအပ္ခ်က္ လုပ္ထံုးလုပ္နည္းမ်ားျဖင့္ ကိုက္ညီေစရန္ ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရး ဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီးဒုတိယဝန္ႀကီးဦးေအာင္ထူးက ေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္တြင္ ေမလ ၁၂ ရက္ကက်င္းပေသာ ႏွစ္ပတ္လည္အခမ္းအနားတြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။
“ ျမန္မာႏိုင္ငံမွ ေရထြက္ကုန္ပစၥည္းမ်ားတင္ပို႔မႈဟာ တင္သြင္းတဲ့ႏိုင္ငံဆိုင္ရာအေရအေသြးနဲ႔ စံခ်ိန္စံညႊန္း သတ္မွတ္ခ်က္မ်ား၊ အစားအေသာက္နဲ႔တင္သြင္းျခင္းႏွင့္ လိုပ္အပ္ခ်က္ လုပ္ထံုးလုပ္နည္းႏွင့္ကိုက္ညီေအာင္ စီးပြြား/ကူးသန္းဝန္ႀကီးဌာနကကူညီေဆာင္ရြက္ေပးသြားမွာျဖစ္ပါတယ္”ဟု စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရး ဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီးဒုတိယဝန္ႀကီးဦးေအာင္ထူးက ေျပာသည္။
ျမန္မာႏိုင္ငံမွ ငါးတန္မ်ားကိုတရုတ္ႏုိင္ငံမွ ကုန္သည္မ်ားကဝယ္ယူရန္ ၂၀၁၈ ခုႏွစ္ပို္င္းကတည္းက ကမ္းလွမ္းထားေသာ္လည္း တင္ပို႔သည့္ငါးတန္အမည္သည္ တရုတ္ႏုိင္ငံ၏ ကုန္သြယ္မႈစာရင္းတြင္ မွတ္တမ္း မရွိသျဖင့္ ယခုထက္တုိင္တင္ပို႔ေရာင္းခ်ႏုိင္ျခင္းမရွိေသးေၾကာင္း သိရသည္။
ထို႔အတြက္ တရုတ္ႏုိင္ငံ၏ သြင္းကုန္စာရင္းထဲတြင္ ျမန္မာႏုိင္ငံမွ တင္ပို႔သည့္ငါးတန္နာမည္ ပါဝင္ႏိုင္ေရး ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလမွာတရုတ္ႏိုင္ငံသြင္းကုန္ႏွင့္ ပို႔ကုန္အစားအစာေဘးကင္းလံုျခံဳမႈဌာနသို႔ သံတမန္လမ္းေၾကာင္းျဖင့္ အေၾကာင္းၾကားထားေၾကာင္းသိရသည္။ 
ထုိ႔အျပင္ ေဆာ္ဒီအာေရးဗီးယားႏိုင္ငံသို႔ ျမန္မာႏိုင္ငံမွ ငါးျမစ္ခ်င္းျပန္လည္တင္ပို႔ခြင့္ရႏိုင္ေစရန္ ေဆာ္ဒီအာေရဗီးယားႏိုင္ငံရွိ အစားအစာႏွင့္ ေဆးဝါးအာဏာပိုင္အဖြဲ႕ျဖင့္ သြားေရာက္ေတြ႕ဆံုညွိႏႈိင္းခဲ့ျခင္း၊ ေဆာ္ဒီအာေရးဗီးယားႏိုင္ငံသံရံုးမွ တာဝန္ရွိသူမ်ားျဖင့္ ညွိႏႈိင္းျခင္းတုိ႔ ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။ 
ျမန္မာႏုိင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္၊ ပို႔ကုန္လုပ္ငန္းရွင္မ်ား၊ ေမြးျမဴေရးလုပ္ငန္းရွင္မ်ား၊ ေတာင္သူမ်ားအားလံုးသည္ တရုတ္ႏုိင္ငံသို႔ ငါးတန္တင္ပို႔ႏိုင္ရန္ႏွင့္ ေဆာ္ဒီအာေရဗီးယားႏိုင္ငံသို႔ ငါးျမစ္ခ်င္းျပန္လည္တင္ပို႔ႏိုင္ရန္ အစိုးရပိုင္းမွ ေဆာင္ရြက္သင့္သည့္အခ်က္မ်ား လ်င္ျမန္စြာေဆာင္ရြက္ေပးေစလိုေၾကာင္း ေတာင္းဆိုေနေၾကာင္း သိရသည္။ 

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode Version

ရေထွက်ကုန်များပြည်ပသို့တင်ပို့ရာတွင် လိုအပ်ချက်များအဆင်ပြေစေရန် ဝန်ကြီးဌာနမှဆောင်ရွက်ပေးမည်ဟု ဆို

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းပြည်ပတင်ပို့ရာတွင် တင်သွင်းမည့်နိုင်ငံအလိုက် လိုအပ်ချက် လုပ်ထုံးလုပ်နည်းများဖြင့် ကိုက်ညီစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒုတိယဝန်ကြီးဦးအောင်ထူးက ပြောသည်။
ရန်ကုန်မြို့ရှိမြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တွင် မေလ ၁၂ ရက်ကကျင်းပသော နှစ်ပတ်လည်အခမ်းအနားတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများတင်ပို့မှုဟာ တင်သွင်းတဲ့နိုင်ငံဆိုင်ရာအရေအသွေးနဲ့ စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ အစားအသောက်နဲ့တင်သွင်းခြင်းနှင့် လိုပ်အပ်ချက် လုပ်ထုံးလုပ်နည်းနှင့်ကိုက်ညီအောင် စီးပွား/ကူးသန်းဝန်ကြီးဌာနကကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒုတိယဝန်ကြီးဦးအောင်ထူးက ပြောသည်။
မြန်မာနိုင်ငံမှ ငါးတန်များကိုတရုတ်နိုင်ငံမှ ကုန်သည်များကဝယ်ယူရန် ၂၀၁၈ ခုနှစ်ပိုင်းကတည်းက ကမ်းလှမ်းထားသော်လည်း တင်ပို့သည့်ငါးတန်အမည်သည် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုစာရင်းတွင် မှတ်တမ်း မရှိသဖြင့် ယခုထက်တိုင်တင်ပို့ရောင်းချနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ထို့အတွက် တရုတ်နိုင်ငံ၏ သွင်းကုန်စာရင်းထဲတွင် မြန်မာနိုင်ငံမှ တင်ပို့သည့်ငါးတန်နာမည် ပါဝင်နိုင်ရေး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှာတရုတ်နိုင်ငံသွင်းကုန်နှင့် ပို့ကုန်အစားအစာဘေးကင်းလုံခြုံမှုဌာနသို့ သံတမန်လမ်းကြောင်းဖြင့် အကြောင်းကြားထားကြောင်းသိရသည်။ 
ထို့အပြင် ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ မြန်မာနိုင်ငံမှ ငါးမြစ်ချင်းပြန်လည်တင်ပို့ခွင့်ရနိုင်စေရန် ဆော်ဒီအာရေဗီးယားနိုင်ငံရှိ အစားအစာနှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ဖြင့် သွားရောက်တွေ့ဆုံညှိနှိုင်းခဲ့ခြင်း၊ ဆော်ဒီအာရေးဗီးယားနိုင်ငံသံရုံးမှ တာဝန်ရှိသူများဖြင့် ညှိနှိုင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ ပို့ကုန်လုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ တောင်သူများအားလုံးသည် တရုတ်နိုင်ငံသို့ ငါးတန်တင်ပို့နိုင်ရန်နှင့် ဆော်ဒီအာရေဗီးယားနိုင်ငံသို့ ငါးမြစ်ချင်းပြန်လည်တင်ပို့နိုင်ရန် အစိုးရပိုင်းမှ ဆောင်ရွက်သင့်သည့်အချက်များ လျင်မြန်စွာဆောင်ရွက်ပေးစေလိုကြောင်း တောင်းဆိုနေကြောင်း သိရသည်။ 

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။