Skip to main content
ဟာရဲရား
Ads Block

မန္ယူအသင္းရဲ ့က်ရႈံးမႈေတြမွာ ၇၅ ရာခုိင္ႏႈန္းဟာ ကစားသမားေတြေၾကာင့္ျဖစ္တယ္လုိ ့ဟာရဲရား ထုတ္ေဖာ္

ဒီရာသီ ပရီးမီးယားလိဂ္အပါအ၀င္ ဘက္ေပါင္းစုံမွာ မန္ယူအသင္းရဲ ့က်ရိပ္ျပသြားခဲ့ရျခင္းဟာ အသင္းရဲ ့နည္းျပေတြနဲ ့မဆုိင္ဘဲ ၇၅ ရာခုိင္ႏႈန္းဟာ ကစားသမားေတြေၾကာင့္ ျဖစ္တယ္လုိ ့အသင္းကေန လတ္တေလာထြက္ခြာသြားသူ ဟာရဲရားက ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။ 

မန္ယူအသင္းရဲ ့ကြင္းလယ္ကစားသမားအျဖစ္ကေန ပီအက္ဂ်ီအသင္းဆီကုိ ရာသီအကုန္ေနာက္ဆုံးပြဲစဥ္အျပီးမွာပဲ ေျပာင္းေရႊ ့သြားျပီျဖစ္တဲ့ ဟာရဲရားက မန္ယူပရိသတ္ေတြကုိ သိေစဖုိ ့အတြက္ အခုလုိထုတ္ေဖာ္ေျပာၾကားလုိက္တာမ်ဳိးလည္း ျဖစ္ပါတယ္။ " တျခားလူတစ္ဦးဦးအေပၚမွာ အျပစ္ပုံခ်ဖုိ ့မမွ်တပါဘူး။ ခင္ဗ်ားတုိ ့အေနနဲ ့သိပ္ကုိ ဆုိး၀ါးတဲ့ရာသီတစ္ခုကုိ ျဖတ္သန္းလုိက္ရျပီဆုိရင္ အဲဒါဟာ ကစားသမားေတြနဲ ့၇၅ ရာခုိင္ႏႈန္းတုိက္ရုိက္ သက္ဆုိင္ပါတယ္ " လုိ ့ဟာရဲရားက ထုတ္ေဖာ္ေျပာၾကာလုိက္ပါတယ္။ မန္ယူအသင္းရဲ ့ပုံရိပ္ေတြ တရစပ္က်ဆင္းေနရျခင္းေတြမွာ အသင္းရဲ ့ကစားသမားေတြေရာ ပရိသတ္ေတြကပါ တရားခံရွာတဲ့ပုံစံမ်ဳိးနဲ ့ေ၀ဖန္ေနၾကေပမယ့္ ကစားသမားေတြအေပၚမွာ ဘယ္သူကမွ သိပ္ျပီး အျပစ္ျမင္ၾကတဲ့ပုံမေပၚျခင္းကိုလည္း ဟာရဲရားက ဘ၀င္မက်ျဖစ္ေနရတယ္လုိ ့ဆုိပါတယ္။ အထူးသျဖင့္ နာမည္ေက်ာ္နည္းျပၾကီး ေမာ္ရင္ဟုိလက္ထက္မွာ ေပါင္သန္း ၄၀၀ ေလာက္ ဆက္တုိက္သုံးစြဲခဲ့ေပမယ့္ မန္ယူအသင္းဟာ ယူရုိပါလိဂ္ဖလား၊ ျပည္တြင္းဖလားတစ္လုံးတုိ ့သာ ရရွိခဲ့ျပီး ဒီရာသီမွာေတာ့ ခ်န္ပီယံလိဂ္၀င္ခြင့္ပါ ဆုံးရႈံးသြားတဲ့အထိ ဆုိး၀ါးတဲ့အေျခအေနဆုိက္ခဲ့ျခင္းကုိ ေမာ္ရင္ဟုိတစ္ဦးတည္းအေပၚမွာပဲ အျပစ္ပုံခ်ဖုိ ့မသင့္ဘူးလုိ ့ဆုိပါတယ္။ ေမာ္ရင္ဟုိဟာ တာ၀န္ယူမႈရွိစြာနဲ ့အသင္းကေန ထြက္ေပးလုိက္ေပမယ့္ နာမည္ဆုိးသာတြင္ခဲ့သလုိ အသစ္၀င္လာတဲ့ နည္းျပဆုိးရွားစ္ဟာလည္း အစပုိင္းမွာ မန္ယူကုိ နလန္ထူေစခဲ့ေပမယ့္ ရာသီကုန္ကာနီးမွာေတာ့ မူလမန္ယူျပန္ျဖစ္ေစခဲ့လုိ ့ပရိသတ္ေတြက မေက်မနပ္ျဖစ္ၾကတာမ်ဳိးပါ။

သုိ ့ေသာ္လည္း ဒီက်ရႈံးမႈေတြမွာ ေမာ္ရင္ဟုိေရာ ဆုိးရွားစ္တုိ ့မွာပါ တာ၀န္အျပည့္အ၀ရွိတာမ်ဳိး မဟုတ္ဘဲ မန္ယူကစားသမားေတြဟာ မန္ယူစိတ္ဓါတ္မ်ဳိး မရွိခဲ့ၾကဘဲ အသင္းအတြက္ ေပးဆပ္မႈအားနည္းခဲ့ၾကတယ္လုိ ့ဟာရဲရားသုံးသပ္ထားပါတယ္။ ဒါ့အျပင္ မန္ယူအသင္းရဲ ့က်ရႈံးမႈေတြထဲမွာ ကုိယ္တုိင္လည္း ပါ၀င္ခဲ့တဲ့အတြက္ အျပစ္မကင္းသလုိမ်ဳိး ခံစားရေၾကာင္း ဟာရဲရားက ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။ 

Unicode Version

ဒီရာသီ ပရီးမီးယားလိဂ်အပါအဝင် ဘက်ပေါင်းစုံမှာ မန်ယူအသင်းရဲ့ကျရိပ်ပြသွားခဲ့ရခြင်းဟာ အသင်းရဲ့နည်းပြတွေနဲ့မဆိုင်ဘဲ ၇၅ ရာခိုင်နှုန်းဟာ ကစားသမားတွေကြောင့် ဖြစ်တယ်လို့အသင်းကနေ လတ်တလောထွက်ခွာသွားသူ ဟာရဲရားက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ 
မန်ယူအသင်းရဲ့ကွင်းလယ်ကစားသမားအဖြစ်ကနေ ပီအက်ဂျီအသင်းဆီကို ရာသီအကုန်နောက်ဆုံးပွဲစဉ်အပြီးမှာပဲ ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ဟာရဲရားက မန်ယူပရိသတ်တွေကို သိစေဖို့အတွက် အခုလိုထုတ်ဖော်ပြောကြားလိုက်တာမျိုးလည်း ဖြစ်ပါတယ်။ " တခြားလူတစ်ဦးဦးအပေါ်မှာ အပြစ်ပုံချဖို့မမျှတပါဘူး။ ခင်ဗျားတို့အနေနဲ့သိပ်ကို ဆိုးဝါးတဲ့ရာသီတစ်ခုကို ဖြတ်သန်းလိုက်ရပြီဆိုရင် အဲဒါဟာ ကစားသမားတွေနဲ့၇၅ ရာခိုင်နှုန်းတိုက်ရိုက် သက်ဆိုင်ပါတယ် " လို့ဟာရဲရားက ထုတ်ဖော်ပြောကြာလိုက်ပါတယ်။ မန်ယူအသင်းရဲ့ပုံရိပ်တွေ တရစပ်ကျဆင်းနေရခြင်းတွေမှာ အသင်းရဲ့ကစားသမားတွေရော ပရိသတ်တွေကပါ တရားခံရှာတဲ့ပုံစံမျိုးနဲ့ဝေဖန်နေကြပေမယ့် ကစားသမားတွေအပေါ်မှာ ဘယ်သူကမှ သိပ်ပြီး အပြစ်မြင်ကြတဲ့ပုံမပေါ်ခြင်းကိုလည်း ဟာရဲရားက ဘဝင်မကျဖြစ်နေရတယ်လို့ဆိုပါတယ်။ အထူးသဖြင့် နာမည်ကျော်နည်းပြကြီး မော်ရင်ဟိုလက်ထက်မှာ ပေါင်သန်း ၄၀၀ လောက် ဆက်တိုက်သုံးစွဲခဲ့ပေမယ့် မန်ယူအသင်းဟာ ယူရိုပါလိဂ်ဖလား၊ ပြည်တွင်းဖလားတစ်လုံးတို့သာ ရရှိခဲ့ပြီး ဒီရာသီမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်ပါ ဆုံးရှုံးသွားတဲ့အထိ ဆိုးဝါးတဲ့အခြေအနေဆိုက်ခဲ့ခြင်းကို မော်ရင်ဟိုတစ်ဦးတည်းအပေါ်မှာပဲ အပြစ်ပုံချဖို့မသင့်ဘူးလို့ဆိုပါတယ်။ မော်ရင်ဟိုဟာ တာဝန်ယူမှုရှိစွာနဲ့အသင်းကနေ ထွက်ပေးလိုက်ပေမယ့် နာမည်ဆိုးသာတွင်ခဲ့သလို အသစ်ဝင်လာတဲ့ နည်းပြဆိုးရှားစ်ဟာလည်း အစပိုင်းမှာ မန်ယူကို နလန်ထူစေခဲ့ပေမယ့် ရာသီကုန်ကာနီးမှာတော့ မူလမန်ယူပြန်ဖြစ်စေခဲ့လို့ပရိသတ်တွေက မကျေမနပ်ဖြစ်ကြတာမျိုးပါ။ သို့သော်လည်း ဒီကျရှုံးမှုတွေမှာ မော်ရင်ဟိုရော ဆိုးရှားစ်တို့မှာပါ တာဝန်အပြည့်အဝရှိတာမျိုး မဟုတ်ဘဲ မန်ယူကစားသမားတွေဟာ မန်ယူစိတ်ဓါတ်မျိုး မရှိခဲ့ကြဘဲ အသင်းအတွက် ပေးဆပ်မှုအားနည်းခဲ့ကြတယ်လို့ဟာရဲရားသုံးသပ်ထားပါတယ်။ ဒါ့အပြင် မန်ယူအသင်းရဲ့ကျရှုံးမှုတွေထဲမှာ ကိုယ်တိုင်လည်း ပါဝင်ခဲ့တဲ့အတွက် အပြစ်မကင်းသလိုမျိုး ခံစားရကြောင်း ဟာရဲရားက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ 

   -  မုိးတိမ္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။