Skip to main content
အားကစားသတင္း
Ads Block

လီဗာပူးနဲ ့၀ုဖ္ရဲ ့ပရီးမီးယားလိဂ္ေနာက္ဆုံးပြဲစဥ္အျပီး သတင္းစာရွင္းလင္းပြဲကုိ ထူးျခားျဖစ္စဥ္အျဖစ္ သတင္းသမားတစ္ဦးတည္းသာ တက္ေရာက္

ပရီးမီးယားလိဂ္ေနာက္ဆုံးပြဲစဥ္ လီဗာပူးနဲ ့၀ုဖ္ဗာဟမ္တန္တုိ ့ရဲ ့ပြဲမွာ သတင္းစာရွင္းလင္းပြဲကုိ အားကစားသတင္းသမားတစ္ဦးတည္းသာ တက္ေရာက္သတင္းရယူခဲ့တဲ့အတြက္ ပရီးမီးယားလိဂ္သမုိင္းမွာ ထူးျခားျဖစ္စဥ္တစ္ခုအျဖစ္ မွတ္တမ္း၀င္သြားပါတယ္။ 

ပုံမွန္အားျဖင့္ ႏွစ္ဖက္အသင္းရဲ ့ကစားပြဲအျပီးတုိင္းမွာ သတင္းသမားေတြက အသင္းနည္းျပေတြနဲ ့အားကစားသမားေတြကုိ ကစားကြက္အခင္းအက်င္းပုံစံအားနည္းခ်က္အားသာခ်က္ေတြကုိ ေမးျမန္းဖုိ ့အတြက္ အမ်ားအျပားလာေရာက္ေလ့ရွိေပမယ့္ လီဗာပူးက ၀ုဖ္ဗာဟမ္တန္ကုိ ႏွစ္ဂုိးနဲ ့အႏုိင္ရခဲ့တဲ့ပြဲမွာေတာ့ ထူးျခားျဖစ္ရပ္တစ္ခုအျဖစ္ သတင္းသမားတစ္ဦးတည္းသာ ရွိခဲ့တာကုိ အသင္းေတြဘက္ကလည္း မွတ္တမ္းျပန္တင္ေဖာ္ျပခဲ့တာပါ။ အထူးသျဖင့္ ၀ုဖ္အသင္းဟာ ဒီရာသီမွာ အသင္းၾကီးတုိင္းလုိလုိကုိ ဒုကၡေကာင္းေကာင္းေပးႏုိင္ခဲ့ျပီးေတာ့ FA မွာဆုိရင္လည္း လီဗာပူး၊ မန္ယူအသင္းတုိ ့ကုိပါ အႏုိင္ကစားထားႏုိင္ခဲ့တာပါ။ ဒါ့အျပင္ ဒီရာသီအတြင္းမွာေတာ့ အာဆင္နယ္၊ ခ်ဲလ္ဆီးတုိ ့ကုိပါ အႏုိင္ကစားႏုိင္ခဲ့တဲ့အသင္းျဖစ္တဲ့အတြက္ ၀ုဖ္အသင္းရဲ ့ကစားဟန္ဟာ အားကစားမီဒီယာသမားေတြၾကားမွာ ေျပာစမွတ္ျဖစ္ခဲ့သလုိ စိတ္၀င္တစားလည္း ရွိခဲ့ၾကပါတယ္။ ဒါေပမဲ့ ေနာက္ဆုံးပိတ္ပြဲမွာ လီဗာပူးကုိ ရႈံးနိမ့္ခဲ့တဲ့အျပင္ သတင္းသမားေတြလည္း တစ္ေယာက္တည္းသာရွိတဲ့အတြက္ သတင္းစာရွင္းလင္းပြဲဟာ သတင္းစာရွင္းလင္းပြဲနဲ ့မတူခဲ့လုိ ့၀ုဖ္အသင္းဘက္ကလည္း တက္ေရာက္မႈမရွိခဲ့ဘူးလုိ ့ဆုိပါတယ္။ အားကစားမီဒီယာသမားေတြအားလုံးနီးပါးဟာ လီဗာပူးအသင္းရဲ ့ခ်န္ပီယံဆုအတြက္ အက်ိတ္အနယ္ယွဥ္ျပိဳင္ခဲ့ၾကပုံထက္ မန္စီးတီးအသင္းရဲ ့ခ်န္ပီယံဖလားရယူမႈကုိပဲ ေစာင္းေပးခဲ့တဲ့ပုံစံမ်ဳိး ျမင္ေတြ ့ရတယ္လုိ ့လည္း အသင္းေတြဘက္က ဓါတ္ပုံသတင္းထုတ္ျပန္မႈေတြမွာ ေဖာ္ျပၾကပါတယ္။

ပရီးမီးယားလိဂ္မွာေတာ့ ဘယ္အသင္းေတြပဲ ကစားခဲ့သည္ျဖစ္ေစ အားကစားသတင္းသမားေတြ သတင္းတက္ေရာက္ရယူမႈ အမ်ားအျပားရွိခဲ့တာေၾကာင့္ ဒီတစ္ၾကိမ္ဟာ ထူးျခားျဖစ္ရပ္တစ္ခုလုိမ်ဳိး ျဖစ္သြားခဲ့ရတာလုိ ့လည္း အသင္းေတြဘက္က ေျပာပါတယ္။ 

Unicode Version

ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ် လီဗာပူးနဲ့ဝုဖ်ဗာဟမ်တန်တို့ရဲ့ပွဲမှာ သတင်းစာရှင်းလင်းပွဲကို အားကစားသတင်းသမားတစ်ဦးတည်းသာ တက်ရောက်သတင်းရယူခဲ့တဲ့အတွက် ပရီးမီးယားလိဂ်သမိုင်းမှာ ထူးခြားဖြစ်စဉ်တစ်ခုအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ 
ပုံမှန်အားဖြင့် နှစ်ဖက်အသင်းရဲ့ကစားပွဲအပြီးတိုင်းမှာ သတင်းသမားတွေက အသင်းနည်းပြတွေနဲ့အားကစားသမားတွေကို ကစားကွက်အခင်းအကျင်းပုံစံအားနည်းချက်အားသာချက်တွေကို မေးမြန်းဖို့အတွက် အများအပြားလာရောက်လေ့ရှိပေမယ့် လီဗာပူးက ဝုဖ်ဗာဟမ်တန်ကို နှစ်ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာတော့ ထူးခြားဖြစ်ရပ်တစ်ခုအဖြစ် သတင်းသမားတစ်ဦးတည်းသာ ရှိခဲ့တာကို အသင်းတွေဘက်ကလည်း မှတ်တမ်းပြန်တင်ဖော်ပြခဲ့တာပါ။ အထူးသဖြင့် ဝုဖ်အသင်းဟာ ဒီရာသီမှာ အသင်းကြီးတိုင်းလိုလိုကို ဒုက္ခကောင်းကောင်းပေးနိုင်ခဲ့ပြီးတော့ FA မှာဆိုရင်လည်း လီဗာပူး၊ မန်ယူအသင်းတို့ကိုပါ အနိုင်ကစားထားနိုင်ခဲ့တာပါ။ ဒါ့အပြင် ဒီရာသီအတွင်းမှာတော့ အာဆင်နယ်၊ ချဲလ်ဆီးတို့ကိုပါ အနိုင်ကစားနိုင်ခဲ့တဲ့အသင်းဖြစ်တဲ့အတွက် ဝုဖ်အသင်းရဲ့ကစားဟန်ဟာ အားကစားမီဒီယာသမားတွေကြားမှာ ပြောစမှတ်ဖြစ်ခဲ့သလို စိတ်ဝင်တစားလည်း ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ဆုံးပိတ်ပွဲမှာ လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့အပြင် သတင်းသမားတွေလည်း တစ်ယောက်တည်းသာရှိတဲ့အတွက် သတင်းစာရှင်းလင်းပွဲဟာ သတင်းစာရှင်းလင်းပွဲနဲ့မတူခဲ့လို့ဝုဖ်အသင်းဘက်ကလည်း တက်ရောက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။ အားကစားမီဒီယာသမားတွေအားလုံးနီးပါးဟာ လီဗာပူးအသင်းရဲ့ချန်ပီယံဆုအတွက် အကျိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပုံထက် မန်စီးတီးအသင်းရဲ့ချန်ပီယံဖလားရယူမှုကိုပဲ စောင်းပေးခဲ့တဲ့ပုံစံမျိုး မြင်တွေ့ရတယ်လို့လည်း အသင်းတွေဘက်က ဓါတ်ပုံသတင်းထုတ်ပြန်မှုတွေမှာ ဖော်ပြကြပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ဘယ်အသင်းတွေပဲ ကစားခဲ့သည်ဖြစ်စေ အားကစားသတင်းသမားတွေ သတင်းတက်ရောက်ရယူမှု အများအပြားရှိခဲ့တာကြောင့် ဒီတစ်ကြိမ်ဟာ ထူးခြားဖြစ်ရပ်တစ်ခုလိုမျိုး ဖြစ်သွားခဲ့ရတာလို့လည်း အသင်းတွေဘက်က ပြောပါတယ်။ 

    -  မုိးတိမ္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။