Skip to main content
သံအမတ္
Ads Block

ျမစ္ဆုံစီမံကိန္းအေၾကာင္း ျပန္အစေဖာ္ခဲ့သည့္ တရုတ္သံအမတ္ၾကီး ေဟာင္လ်ံ ျမန္မာ့ေျမေပၚမွ ျပန္လည္ထြက္ခြာရေတာ့မည္

ျမစ္ဆုံစီမံကိန္းအေၾကာင္း ျပန္လည္အစေဖာ္ခဲ့သည့္ ျမန္မာႏုိင္ငံဆုိင္ရာ တရုတ္သံအမတ္ၾကီး မစၥတာေဟာင္လ်ံသည္ မၾကာခင္ကာလအတြင္း ျမန္မာႏုိင္ငံမွ ျပန္လည္ထြက္ခြာသြားရေတာ့မည္ျဖစ္ေၾကာင္း သိရသည္။ 

ျမန္မာႏုိင္ငံဆုိင္ရာ တရုတ္သံအမတ္အျဖစ္ ၂၀၁၆ ခုႏွစ္မွစ၍သုံးႏွစ္တာ တာ၀န္လာေရာက္ထမ္းေဆာင္ခဲ့ေသာ သံအမတ္ၾကီး မစၥတာေဟာင္လ်ံမွာ ၂၀၁၉ ခုႏွစ္ ပထမေျခာက္လအတြင္းမွာပင္ တာ၀န္သက္တမ္းကုန္ဆုံးသြားျပီျဖစ္ေသာေၾကာင့္ ျမန္မာႏုိင္ငံမွ ထြက္ခြာသြားရန္စီစဥ္ေနျခင္းလည္းျဖစ္ကာ ထြက္ခြာမသြားမီကာလမ်ားအတြင္း သံတမန္လုပ္ထုံးလုပ္နည္းအတုိင္း ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္အပါအ၀င္ ျပည္ေထာင္စု၀န္ၾကီးမ်ားႏွင့္အျခားေသာထိပ္တန္းတာ၀န္ရွိသူမ်ားကုိ သြားေရာက္ေတြ ့ဆုံမႈမ်ား လုပ္ေဆာင္ေနေၾကာင္းလည္း သိရသည္။ ျမန္မာႏုိင္ငံဆုိင္ရာ တရုတ္သံရုံး၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္အား ေမလ(၇)ရက္က သြားေရာက္ေတြ ့ဆုံ ႏႈတ္ဆက္ခဲ့ေၾကာင္း ေတြ ့ရျပီး ျမန္မာႏုိင္ငံကုိလည္း ႏိုင္ငံအေျခအေနႏွင့္ကိုက္ညီသည့္ ဖြံ႕ၿဖိဳးတိုးတက္ေရးလမ္းေၾကာင္းသို႔ ေလွ်ာက္လွမ္း၍ ႏိုင္ငံေရးတည္ၿငိမ္ေရး၊ အမ်ိဳးသားစည္းလံုးညီညြတ္ေရးႏွင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးကို အေကာင္အထည္ေဖာ္ေဆာင္ေနသည့္အေပၚ ေထာက္ခံအားေပးေၾကာင္း၊ ခ်စ္ၾကည္ရင္းႏွီးေသာ အိမ္နီးခ်င္းႏိုင္ငံႏွင့္ “ေဆြမ်ိဳးေပါက္ေဖာ္” ညီအစ္ကိုအေနႏွင့္ တရုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံကို ဆက္လက္ေထာက္ခံအားေပးရန္ ဆႏၵရွိေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရသည္။ ယင္းေနာက္တြင္ လႊတ္ေတာ္ႏွစ္ရပ္မ်ား ဥကၠ႒ႏွင့္ဒုတိယဥကၠ႒မ်ားကုိလည္းေကာင္း ၊ သာသနာေရးႏွင့္ယဥ္ေက်းမႈ၀န္ၾကီးဌာန ျပည္ေထာင္စု၀န္ၾကီးကုိလည္းေကာင္း၊ လွ်ပ္စစ္ႏွင့္စြမ္းအင္၀န္ၾကီးဌာန ျပည္ေထာင္စု၀န္ၾကီးကုိလည္းေကာင္း၊ ျပန္ၾကားေရး၀န္ၾကီးဌာန ျပည္ေထာင္စု၀န္ၾကီးကုိလည္းေကာင္း၊ စီမံကိန္းႏွင့္ဘ႑ာေရး၀န္ၾကီးဌာန ျပည္ေထာင္စု၀န္ၾကီးကုိလည္းေကာင္း၊ ပုိ ့ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ၾကီးဌာန ျပည္ေထာင္စုဝန္ၾကီးကုိလည္းေကာင္း ဆက္တုိက္ဆုိသကဲ့သုိ ့သြားေရာက္ေတြ ့ဆုံ ႏႈတ္ဆက္ခဲ့ေၾကာင္း ေတြ ့ရသည္။ ေမလ ၁၂ ရက္တြင္လည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္အား သြားေရာက္ေတြ ့ဆုံခဲ့ျပီး ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ား ပုိမုိတုိးတက္ေအာင္ေဆြးေႏြးေဆာင္ရြက္ႏုိင္ခဲ့မႈအေျခအေနမ်ားကုိ ေဆြးေႏြးခဲ့ၾကသည္ဟု သိရသည္။ အထူးသျဖင့္ ျမန္မာႏုိင္ငံ၏ ထာ၀ရ ၿငိမ္းခ်မ္းေရးရရွိရန္အတြက္ တ႐ုတ္ႏုိင္ငံမွပါ၀င္ကူညီေဆာင္ရြက္ေပးေနမႈအေျခအေနမ်ားႏွင့္ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ နယ္စပ္ေဒသေန ႏွစ္ႏုိင္ငံျပည္သူမ်ားအခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးစြာဆက္ဆံမႈ၊ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္ႏွင့္ အုပ္ခ်ဳပ္ေရးဆုိင္ရာအဖြဲ႕အစည္းအခ်င္းခ်င္း ပူးေပါင္းေဆာင္ရြက္မႈမ်ားမွတစ္ဆင့္ ေဆာင္ရြက္ရမည့္အေျခအေနမ်ား၊ နယ္စပ္ကုန္သြယ္မႈမ်ား တုိးျမႇင့္ေဆာင္ရြက္ရန္လုိအပ္မႈ အေျခအေနမ်ား၊ တ႐ုတ္ႏုိင္ငံ၏ရပ္၀န္းႏွင့္လမ္းေၾကာင္းစီမံကိန္း (OBOR)သည္ ျမန္မာႏုိင္ငံ အတြက္အက်ိဳးျပဳမည့္ စီမံကိန္းလုပ္ငန္းမ်ားပါ၀င္ေနသည့္အေျခအေနမ်ား၊ ရခုိင္ျပည္နယ္အေရး ကိစၥရပ္မ်ားႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏုိင္ငံအေနျဖင့္ ႏုိင္ငံတကာအလယ္တြင္ ျမန္မာႏုိင္ငံဘက္မွရပ္တည္ ေဆာင္ရြက္ေပးေနမႈအေျခအေနမ်ားကုိလည္း ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

တရုတ္သံအမတ္ၾကီး မစၥတာေဟာင္လ်ံသည္ ျမန္မာႏုိင္ငံသားမ်ားအၾကား တိမ္ျမဳပ္ေနျပီျဖစ္ေသာ ျမစ္ဆုံစီမံကိန္းကုိ ျပန္ႏိႈးဆြခဲ့သူျဖစ္ျပီး ျမစ္ဆုံစီမံကိန္းကုိ မလုပ္ပါက ၾကီးမားေသာသက္ေရာက္ဆုိးက်ဳိးမ်ားျဖင့္ ျမန္မာႏုိင္ငံက ရင္ဆုိင္သြားရလိမ့္မည္ဆုိေသာ သေဘာမ်ဳိးျဖင့္ တုိင္းရင္းသားေခါင္းေဆာင္မ်ားကုိ အသိေပးဖိအားေပးခဲ့သူလည္း ျဖစ္သည္။ 

Unicode Version

မြစ်ဆုံစီမံကိန်းအကြောင်း ပြန်လည်အစဖော်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟောင်လျံသည် မကြာခင်ကာလအတွင်း မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားရတော့မည်ဖြစ်ကြောင်း သိရသည်။ 
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် ၂၀၁၆ ခုနှစ်မှစ၍သုံးနှစ်တာ တာဝန်လာရောက်ထမ်းဆောင်ခဲ့သော သံအမတ်ကြီး မစ္စတာဟောင်လျံမှာ ၂၀၁၉ ခုနှစ် ပထမခြောက်လအတွင်းမှာပင် တာဝန်သက်တမ်းကုန်ဆုံးသွားပြီဖြစ်သောကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားရန်စီစဉ်နေခြင်းလည်းဖြစ်ကာ ထွက်ခွာမသွားမီကာလများအတွင်း သံတမန်လုပ်ထုံးလုပ်နည်းအတိုင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် ပြည်ထောင်စုဝန်ကြီးများနှင့်အခြားသောထိပ်တန်းတာဝန်ရှိသူများကို သွားရောက်တွေ့ဆုံမှုများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်များအရ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား မေလ(၇)ရက်က သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း တွေ့ရပြီး မြန်မာနိုင်ငံကိုလည်း နိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသို့ လျှောက်လှမ်း၍ နိုင်ငံရေးတည်ငြိမ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်နေသည့်အပေါ် ထောက်ခံအားပေးကြောင်း၊ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံနှင့် “ဆွေမျိုးပေါက်ဖော်” ညီအစ်ကိုအနေနှင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ဆက်လက်ထောက်ခံအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ ယင်းနောက်တွင် လွှတ်တော်နှစ်ရပ်များ ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌများကိုလည်းကောင်း ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုလည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုလည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုလည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုလည်းကောင်း ဆက်တိုက်ဆိုသကဲ့သို့သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း တွေ့ရသည်။ မေလ ၁၂ ရက်တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင်ဆွေးနွေးဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ ထာဝရ ငြိမ်းချမ်းရေးရရှိရန်အတွက် တရုတ်နိုင်ငံမှပါဝင်ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသနေ နှစ်နိုင်ငံပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဆက်ဆံမှု၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်နှင့် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဆောင်ရွက်ရမည့်အခြေအနေများ၊ နယ်စပ်ကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများ၊ တရုတ်နိုင်ငံ၏ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်း (OBOR)သည် မြန်မာနိုင်ငံ အတွက်အကျိုးပြုမည့် စီမံကိန်းလုပ်ငန်းများပါဝင်နေသည့်အခြေအနေများ၊ ရခိုင်ပြည်နယ်အရေး ကိစ္စရပ်များနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံဘက်မှရပ်တည် ဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ တရုတ်သံအမတ်ကြီး မစ္စတာဟောင်လျံသည် မြန်မာနိုင်ငံသားများအကြား တိမ်မြုပ်နေပြီဖြစ်သော မြစ်ဆုံစီမံကိန်းကို ပြန်နှိုးဆွခဲ့သူဖြစ်ပြီး မြစ်ဆုံစီမံကိန်းကို မလုပ်ပါက ကြီးမားသောသက်ရောက်ဆိုးကျိုးများဖြင့် မြန်မာနိုင်ငံက ရင်ဆိုင်သွားရလိမ့်မည်ဆိုသော သဘောမျိုးဖြင့် တိုင်းရင်းသားခေါင်းဆောင်များကို အသိပေးဖိအားပေးခဲ့သူလည်း ဖြစ်သည်။ 

   -  Iris (အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။