Skip to main content
သမၼတ
Ads Block

အၾကမ္းဖက္မႈႏွင့္ အနိ႒ာ႐ုံမ်ား မ်ားလာခ်ိန္၌ ဗုဒၶ၏အဆုံးအမျဖစ္ေသာ ခ်စ္ျခင္းေမတၱာျဖင့္ ေနထုိင္ရန္လုိအပ္လာေၾကာင္း သမၼတ ဦး၀င္းျမင့္ေျပာ

ကမၻာႀကီးတြင္ အၾကမ္းဖက္မႈမ်ားႏွင့္ အနိ႒ာ႐ုံမ်ား မ်ားျပားလာသည့္ အခ်ိန္မ်ိဳး၌ ဗုဒၶ၏အဆုံးအမမ်ားျဖစ္သည့္ ခ်စ္ျခင္းေမတၱာကို လက္ကိုင္ထား၍ ၿငိမ္းခ်မ္းစြာႏွင့္ သဟဇာတမွ်တစြာ ေနထိုင္ႏိုင္ေရးကို ဦးတည္သည့္ ဗုဒၶေန႔အခမ္းအနားမ်ားကို ႏွစ္စဥ္က်င္းပျခင္းသည္ ဆီေလ်ာ္မွန္ကန္မႈရွိၿပီး ေခတ္ကာလအေနအထားအရ ပို၍ပင္ လိုအပ္လာေၾကာင္း ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္က ေျပာသည္။ 

ဗီယက္နမ္ႏုိင္ငံတြင္ ေမလ ၁၂ ရက္က က်င္းပခဲ့သည့္ (၁၆)ႀကိမ္ေျမာက္ကုလသမဂၢဗုဒၶေန႔ ဖြင့္ပြဲအခမ္းအနား၌ ႏုိင္ငံေတာ္သမၼတ ဦး၀င္းျမင့္က ေျပာၾကားခဲ့ျခင္းလည္း ျဖစ္သည္။ အထူးသျဖင့္ (၁၆)ႀကိမ္ေျမာက္ ကုလသမဂၢဗုဒၶေန႔ အခမ္းအနားသို႔ တက္ေရာက္ရန္ ဖိတ္ၾကားခဲ့သည့္အတြက္ ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံအစိုးရႏွင့္ ဗီယက္နမ္အမ်ိဳးသားဗုဒၶသံဃအဖြဲ႕အား ေက်းဇူးအထူးပင္တင္ရွိေၾကာင္းလည္း ႏုိင္ငံေတာ္သမၼတက ေျပာသည္။ ဗုဒၶသာသနာသည္ ျမန္မာႏိုင္ငံသုိ ့ေအဒီ (၂)ရာစု ပ်ဴေခတ္မွစတင္ၿပီး ေရာက္ရွိေနခဲ့သည္ကို သမိုင္းမွတ္တမ္းမ်ားက ေဖာ္ျပလ်က္ရွိေၾကာင္း၊ ေအဒီ(၄)ရာစုႏွင့္ (၉) ရာစုအၾကားတြင္ ေစတီပုထိုး စသည့္ဗုဒၶသာသနိက အေဆာက္အအုံမ်ား ျမန္မာႏိုင္ငံတြင္ တည္ထားခဲ့ၾကသကဲ့သုိ ့ေအဒီ(၁၁)ရာစု ပုဂံေခတ္ကို ေရာက္လာသည့္အခါ ေထရဝါဒဗုဒၶဘာသာ စည္ပင္ထြန္းကား တိုးတက္လာခဲ့ေၾကာင္း၊ ယင္းကာလမွစ၍ ကုန္းေဘာင္ေခတ္အထိ (ေအဒီ (၁၁) ရာစုမွ (၁၈) ရာစု ေႏွာင္းပိုင္းအထိ) ျမန္မာႏိုင္ငံတြင္ ေထရဝါဒဗုဒၶဘာသာသည္ တိုင္းျပည္အုပ္ခ်ဳပ္သူ မင္းမ်ားႏွင့္ ျပည္သူျပည္သားတို႔၏ အားေပးကူညီပံ့ပိုးမႈႏွင့္အတူ ေထရဝါဒဗုဒၶဘာသာ ရဟန္းသံဃာေတာ္မ်ားက သာသနာေတာ္ကို ထိန္းသိမ္းေစာင့္ေရွာက္လာခဲ့ၾကေၾကာင္းလည္း ႏုိင္ငံေတာ္သမၼတက ေျပာသည္။ တည္ၿငိမ္ေအးခ်မ္းသည့္ကမၻာႀကီး တည္ေဆာက္ႏိုင္ေရးအတြက္ ဘာသာေရးသည္ အေရးႀကီးသည့္ အခန္းက႑မွ ပါဝင္ေနေၾကာင္း၊ ကမၻာေပၚရွိ ဘာသာတရားတိုင္းသည္ မိမိတို႔ကိုယ္တိုင္ ေကာင္းစြာထိန္းသိမ္းရန္၊ အျခားသူမ်ားကို ေလးစားရန္၊ ေလာဘႏွင့္ မုန္းတီးမႈမ်ား ေလွ်ာ႔ခ်ရန္ႏွင့္ ခ်ဳပ္ၿငိမ္းရန္ အသီးသီး ဆုံးမခဲ့ၾကေၾကာင္း၊ မိမိတို႔သည္ ကိုယ္ယုံၾကည္ရာ ဘာသာတရား၏ အဆုံးအမမ်ားကို က်င့္ၾကံလိုက္နာအားထုတ္ၾကမည္ဆိုလွ်င္ သဟဇာတမွ်တသည့္ လူမႈအဖြဲ႕အစည္းမ်ား၊ ထိုမွတစ္ဆင့္ ၿငိမ္းခ်မ္းသာယာဝေျပာသည့္ ကမၻာႀကီးကို တည္ေဆာက္ႏိုင္ၾကမည္မွာ မလြဲေၾကာင္း၊ ထုိ႔အျပင္ လူသားအားလုံးအေနျဖင့္ ေမတၱာ၊ အႏႈိင္းမဲ့ဂ႐ုဏာႏွင့္ ခႏၲီတရားတို႔ လက္ကိုင္ထားပါက ဘုံရည္မွန္းခ်က္ျဖစ္သည့္ တစ္ကမၻာ လုံး ၿငိမ္းခ်မ္းမႈ၊ ခ်မ္းသာႂကြယ္ဝမႈတို႔ကို ေပးစြမ္းႏိုင္ၾကမည္မွာ မလြဲေၾကာင္းလည္း ဆက္လက္ေျပာၾကားသည္။

သမၼတ


ကုလသမဂၢဗုဒၶေန႔ အခမ္းအနားသည္ လူသားမ်ားအားလုံးကို ဗုဒၶ၏ အဆုံးအမႏွင့္ လမ္းစဥ္တို႔ကို မေမ့မေလ်ာ့လိုက္နာရမည္ဆိုသည့္ စိတ္အားထက္သန္မႈမ်ားကို တစ္ဖန္ျပန္လည္ေပၚေပါက္လာေစရန္ ႏႈိးေဆာ္ေနျခင္းျဖစ္ေၾကာင္း၊ ယင္းအတြက္ေၾကာင့္ မတူကြဲျပားမႈမ်ားရွိေနသည့္ ယေန႔ကမၻာ ေလာကႀကီးတြင္ တစ္ဦးအေပၚ တစ္ဦးထားရွိသည့္ ေမတၱာတရားကို မိမိတို႔၏ မိသားစုအတြင္းမွသည္ လူမႈေရး၊ ႏိုင္ငံေရး၊ အရပ္ဖက္ႏွင့္ ဘာသာေရး အဖြဲ႕အစည္းမ်ားအၾကား က်ယ္က်ယ္ျပန္႔ျပန္႔ ႀကိဳးစားတည္ေဆာက္ၾကရန္ တိုက္တြန္းလုိေၾကာင္း ႏိုင္ငံေတာ္သမၼတက ေျပာၾကားသည္။

Unicode Version 

ကမ္ဘာကြီးတွင် အကြမ်းဖက်မှုများနှင့် အနိဋ္ဌာရုံများ များပြားလာသည့် အချိန်မျိုး၌ ဗုဒ္ဓ၏အဆုံးအမများဖြစ်သည့် ချစ်ခြင်းမေတ္တာကို လက်ကိုင်ထား၍ ငြိမ်းချမ်းစွာနှင့် သဟဇာတမျှတစွာ နေထိုင်နိုင်ရေးကို ဦးတည်သည့် ဗုဒ္ဓနေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပခြင်းသည် ဆီလျော်မှန်ကန်မှုရှိပြီး ခေတ်ကာလအနေအထားအရ ပို၍ပင် လိုအပ်လာကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောသည်။ 
ဗီယက်နမ်နိုင်ငံတွင် မေလ ၁၂ ရက်က ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက်ကုလသမဂ္ဂဗုဒ္ဓနေ့ ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ အထူးသဖြင့် (၁၆)ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သည့်အတွက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရနှင့် ဗီယက်နမ်အမျိုးသားဗုဒ္ဓသံဃအဖွဲ့အား ကျေးဇူးအထူးပင်တင်ရှိကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောသည်။ ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံသို့အေဒီ (၂)ရာစု ပျူခေတ်မှစတင်ပြီး ရောက်ရှိနေခဲ့သည်ကို သမိုင်းမှတ်တမ်းများက ဖော်ပြလျက်ရှိကြောင်း၊ အေဒီ(၄)ရာစုနှင့် (၉) ရာစုအကြားတွင် စေတီပုထိုး စသည့်ဗုဒ္ဓသာသနိက အဆောက်အအုံများ မြန်မာနိုင်ငံတွင် တည်ထားခဲ့ကြသကဲ့သို့အေဒီ(၁၁)ရာစု ပုဂံခေတ်ကို ရောက်လာသည့်အခါ ထေရဝါဒဗုဒ္ဓဘာသာ စည်ပင်ထွန်းကား တိုးတက်လာခဲ့ကြောင်း၊ ယင်းကာလမှစ၍ ကုန်းဘောင်ခေတ်အထိ (အေဒီ (၁၁) ရာစုမှ (၁၈) ရာစု နှောင်းပိုင်းအထိ) မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓဘာသာသည် တိုင်းပြည်အုပ်ချုပ်သူ မင်းများနှင့် ပြည်သူပြည်သားတို့၏ အားပေးကူညီပံ့ပိုးမှုနှင့်အတူ ထေရဝါဒဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များက သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောသည်။ တည်ငြိမ်အေးချမ်းသည့်ကမ္ဘာကြီး တည်ဆောက်နိုင်ရေးအတွက် ဘာသာရေးသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ကမ္ဘာပေါ်ရှိ ဘာသာတရားတိုင်းသည် မိမိတို့ကိုယ်တိုင် ကောင်းစွာထိန်းသိမ်းရန်၊ အခြားသူများကို လေးစားရန်၊ လောဘနှင့် မုန်းတီးမှုများ လျှော့ချရန်နှင့် ချုပ်ငြိမ်းရန် အသီးသီး ဆုံးမခဲ့ကြကြောင်း၊ မိမိတို့သည် ကိုယ်ယုံကြည်ရာ ဘာသာတရား၏ အဆုံးအမများကို ကျင့်ကြံလိုက်နာအားထုတ်ကြမည်ဆိုလျှင် သဟဇာတမျှတသည့် လူမှုအဖွဲ့အစည်းများ၊ ထိုမှတစ်ဆင့် ငြိမ်းချမ်းသာယာဝပြောသည့် ကမ္ဘာကြီးကို တည်ဆောက်နိုင်ကြမည်မှာ မလွဲကြောင်း၊ ထို့အပြင် လူသားအားလုံးအနေဖြင့် မေတ္တာ၊ အနှိုင်းမဲ့ဂရုဏာနှင့် ခန္တီတရားတို့ လက်ကိုင်ထားပါက ဘုံရည်မှန်းချက်ဖြစ်သည့် တစ်ကမ္ဘာ လုံး ငြိမ်းချမ်းမှု၊ ချမ်းသာကြွယ်ဝမှုတို့ကို ပေးစွမ်းနိုင်ကြမည်မှာ မလွဲကြောင်းလည်း ဆက်လက်ပြောကြားသည်။ ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားသည် လူသားများအားလုံးကို ဗုဒ္ဓ၏ အဆုံးအမနှင့် လမ်းစဉ်တို့ကို မမေ့မလျော့လိုက်နာရမည်ဆိုသည့် စိတ်အားထက်သန်မှုများကို တစ်ဖန်ပြန်လည်ပေါ်ပေါက်လာစေရန် နှိုးဆော်နေခြင်းဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် မတူကွဲပြားမှုများရှိနေသည့် ယနေ့ကမ္ဘာ လောကကြီးတွင် တစ်ဦးအပေါ် တစ်ဦးထားရှိသည့် မေတ္တာတရားကို မိမိတို့၏ မိသားစုအတွင်းမှသည် လူမှုရေး၊ နိုင်ငံရေး၊ အရပ်ဖက်နှင့် ဘာသာရေး အဖွဲ့အစည်းများအကြား ကျယ်ကျယ်ပြန့်ပြန့် ကြိုးစားတည်ဆောက်ကြရန် တိုက်တွန်းလိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

    -   Iris (အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။