Skip to main content
ဌာနဆိုင္ရာမ်ား အဂတိလိုက္စားကာ ေပးမွလုပ္ေနၾကေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ေ၀ဖန္
Ads Block

ဌာနဆိုင္ရာမ်ား အဂတိလိုက္စားကာ ေပးမွလုပ္ေနၾကေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ေ၀ဖန္


လက္ရွိအခ်ိန္အထိ ဌာနဆုိင္ရာမ်ားတြင္ လုပ္ငန္းဆုိင္ရာကိစၥမ်ား ေဆာင္ရြက္ရာတြင္ ဂတိလိုက္စားမႈမ်ားရိွေနေၾကာင္း ေဝါမဲဆႏၵ နယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ဦးတင္ေထြးက ေျပာသည္။
ေမလ ၁၃ ရက္က က်င္းပသည့္ ျပည္ေထာင္စု လႊတ္ေတာ္အစည္းအေဝး သတၱမေန႔အစီအစဥ္တြင္ အဂတိလုိက္ စားမႈေကာ္မရွင္ ၏ ႏွစ္ပတ္လည္ လုပ္ငန္းေဆာင္ရြက္မႈ အစီရင္ခံစာႏွင့္ စပ္လ်ဥ္းၿပီးေဆြးေႏြးရာတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ဒီေန႔ျဖစ္ပ်က္ေနတဲ့အေျခအေန အားလံုးကိုၾကည့္မယ္ဆုိရင္ေတာ့ အဂတိလုိက္စားမႈက ပုဂၢိဳလ္တစ္ဦး တစ္ေယာက္တည္းက လုပ္တာမဟုတ္ပါဘူး။ ဟိုအေပၚက ေအာက္အထိမွာ ဆင့္ကဲဆင့္ကဲ အခုအခ်ိန္ထိလည္း လုပ္ေနတယ္ဆုိတာကိုေတာ့ ကၽြန္ ေတာ္တုိ႔ကုိ ေတာင္မျမင္ရေသာ္လည္း ၾကားသိေနရတာ အမ်ားႀကီး ရွိေနပါ တယ္။ ကၽြန္ေတာ္တုိ႔ ေလာကမွာ အၿမဲေျပာေနၾက တာရွိပါတယ္။ ပုဒ္မ (၄) ေပးမွလုပ္တာပါ။ အခ်ိန္နဲ႔တေျပး ညီလုပ္ေဆာင္ရမယ့္ ကိစၥသည္ပင္လွ်င္ မ်ားစြာၾကန္႔ၾကာ ေနၾကပါ တယ္” ဟု ဦးတင္ေထြးက ေျပာသည္။
ဌာနဆုိင္ရာမ်ားတြင္ ျဖစ္ေပၚေနသည့္ အဂတိလုိက္စားမႈမ်ားႏွင့္ ပတ္သက္ၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အားလံုးတြင္လည္း အဂတိလုိက္စားမႈ တုိက္ဖ်က္ေရးေကာ္မရွင္ရုံးခြဲမ်ား ဖြင့္လွစ္ႏုိင္ပါက ေလ်ာ့က်သြား မည္ျဖစ္ေၾကာင္းလည္း ၎ကေဆြးေႏြး ခဲ့သည္။
လက္ရွိတြင္ အဂတိလုိက္စားမႈ ေကာ္မရွင္ရုံးခြဲမ်ားကို ေနျပည္ေတာ္ႏွင့္ ရန္ကုန္ၿမိဳ႕တို႔တြင္ ဖြင့္လွစ္ထားၿပီး က်န္တုိင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ ဆက္လက္ဖြင့္လွစ္ႏုိင္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း အဂတိလုိက္စားမႈေကာ္မရွင္မွ တာဝန္ရွိသူမ်ားက ေျပာဆုိထားသည္။
အစိုးရသစ္လက္ထက္တြင္ တနသၤာရီတုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္၊ ရန္ကုန္တုိင္းေဒသႀကီး ဥပေဒခ်ဳပ္အပါအဝင္ ညႊန္ခ်ဳပ္မ်ား၊ ညႊန္ မွဴးမ်ား၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးမ်ားကို အဂတိလုိက္စားမႈတုိက္ဖ်က္ေရး ဥပေဒမ်ားျဖင့္ အေရးယူထားသည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

Unicode Version


လက်ရှိအချိန်အထိ ဌာနဆိုင်ရာများတွင် လုပ်ငန်းဆိုင်ရာကိစ္စများ ဆောင်ရွက်ရာတွင် ဂတိလိုက်စားမှုများရှိနေကြောင်း ဝေါမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးတင်ထွေးက ပြောသည်။
မေလ ၁၃ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး သတ္တမနေ့အစီအစဉ်တွင် အဂတိလိုက် စားမှုကော်မရှင် ၏ နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်းပြီးဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ဖြစ်ပျက်နေတဲ့အခြေအနေ အားလုံးကိုကြည့်မယ်ဆိုရင်တော့ အဂတိလိုက်စားမှုက ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်တည်းက လုပ်တာမဟုတ်ပါဘူး။ ဟိုအပေါ်က အောက်အထိမှာ ဆင့်ကဲဆင့်ကဲ အခုအချိန်ထိလည်း လုပ်နေတယ်ဆိုတာကိုတော့ ကျွန် တော်တို့ကို တောင်မမြင်ရသော်လည်း ကြားသိနေရတာ အများကြီး ရှိနေပါ တယ်။ ကျွန်တော်တို့ လောကမှာ အမြဲပြောနေကြ တာရှိပါတယ်။ ပုဒ်မ (၄) ပေးမှလုပ်တာပါ။ အချိန်နဲ့တပြေး ညီလုပ်ဆောင်ရမယ့် ကိစ္စသည်ပင်လျှင် များစွာကြန့်ကြာ နေကြပါ တယ်” ဟု ဦးတင်ထွေးက ပြောသည်။
ဌာနဆိုင်ရာများတွင် ဖြစ်ပေါ်နေသည့် အဂတိလိုက်စားမှုများနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးတွင်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးခွဲများ ဖွင့်လှစ်နိုင်ပါက လျော့ကျသွား မည်ဖြစ်ကြောင်းလည်း ၎င်းကဆွေးနွေး ခဲ့သည်။
လက်ရှိတွင် အဂတိလိုက်စားမှု ကော်မရှင်ရုံးခွဲများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ဖွင့်လှစ်ထားပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆက်လက်ဖွင့်လှစ်နိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဂတိလိုက်စားမှုကော်မရှင်မှ တာဝန်ရှိသူများက ပြောဆိုထားသည်။
အစိုးရသစ်လက်ထက်တွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်အပါအဝင် ညွှန်ချုပ်များ၊ ညွှန် မှူးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေများဖြင့် အရေးယူထားသည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။