Skip to main content
လြတ္ၿငိမ္းခ်မ္းသာခြင့္မ်ားေပးရာတြင္ ဆင္ျခင္တုံတရားႏွင့္ခ်င့္ခ်ိန္စဥ္းစားၿပီးမွသာ ေဆာင္ရြက္သင့္ဟု ျပည္ခုိင္ၿဖဳိးပါတီမွ ေဒါက္တာနႏၵာလွျမင့္ ေျပာ
Ads Block

လြတ္ၿငိမ္းခ်မ္းသာခြင့္မ်ားေပးရာတြင္ ဆင္ျခင္တုံတရားႏွင့္ခ်င့္ခ်ိန္စဥ္းစားၿပီးမွသာ ေဆာင္ရြက္သင့္ဟု ျပည္ခုိင္ၿဖဳိးပါတီမွ ေဒါက္တာနႏၵာလွျမင့္ ေျပာ


ႏုိင္ငံေတာ္သမၼတအေနျဖင့္ လြတ္ၿငိမ္းခ်မ္းသာခြင့္မ်ားေပးရာတြင္ ဥပေဒႏွင့္အညီဆင္ျခင္တုံတရားႏွင့္ ခ်င့္ခ်ိန္စဥ္းစားၿပီးမွသာ ေဆာင္ရြက္သင့္ေၾကာင္း ျပည္ေထာင္စုၾကံ႕ခုိင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ဗဟုိအလုပ္အမႈေဆာင္ေျပာေရးဆုိခြင့္ရွိသူေဒါက္တာနႏၵလွျမင့္က ေျပာလုိက္သည္။

လြတ္ၿငိမ္းခ်မ္းသာခြင့္မ်ားေပးရာတြင္ ဆင္ျခင္တုံတရားႏွင့္ခ်င့္ခ်ိန္စဥ္းစားၿပီးမွသာ ေဆာင္ရြက္သင့္ဟု ျပည္ခုိင္ၿဖဳိးပါတီမွ ေဒါက္တာနႏၵာလွျမင့္ ေျပာ


ေမလဒုတိယပတ္အတြင္း ျပည္ခုိင္ၿဖဳိးပါတီ၏ Facebook Page တြင္တင္ထားေသာ ဗီဒီယုိဖုိင္ အေမးအေျဖတြင္ ေျဖၾကားထားျခင္းျဖစ္သည္။ 
“ ေထာင္အတြင္းမွာဆူပူမႈေတြျဖစ္တဲ့ဟာကုိျပန္ၿပီး ၾကည့္လုိ႔ရွိရင္ အဓိကကေတာ့ ဒီလႊတ္ေပးတဲ့အေပၚမွာ မညီမွ်မႈေတြရွိတဲ့အေပၚမွာ ေထာင္ထဲမွာရွိေနတဲ့က်န္ခဲ့တဲ့ပုဂၢဳိလ္ေတြဟာမေက်နပ္လုိ႔ လႊတ္ေပးတဲ့အေပၚမွာ မူ၀ါဒဟာမညီမွ်လုိ႔၊ မေက်နပ္လုိ႔ ဒီေထာင္အတြင္းမွာဆူပူမႈေတြျဖစ္တယ္လုိ႔ ကြ်န္ေတာ္တုိ႔ေတြ႔ရွိတယ္။ ဆုိေတာ့ကာ ႏုိင္ငံေတာ္သမၼတအေနနဲ႔ လြတ္ၿငိမ္းခ်မ္းသာခြင့္ေတြေပးတဲ့အခါမွာ ဥပေဒနဲ႔အညီ ဆင္ျခင္တုံတရားနဲ႔ ခ်င့္ခ်ိန္စဥ္းစားၿပီးေတာ့မွေဆာင္ရြက္ဖုိ႔ ကြ်န္ေတာ္တုိ႔ကအႀကံျပဳ တုိက္တြန္းလုိပါတယ္’’ ဟု ျပည္ေထာင္စုၾကံ႕ခုိင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ဗဟုိအလုပ္အမႈေဆာင္ေျပာေရးဆုိခြင့္ရွိသူေဒါက္တာနႏၵလွျမင့္က ေျပာသည္။

လြတ္ၿငိမ္းခ်မ္းသာခြင့္မ်ားေပးရာတြင္ ဆင္ျခင္တုံတရားႏွင့္ခ်င့္ခ်ိန္စဥ္းစားၿပီးမွသာ ေဆာင္ရြက္သင့္ဟု ျပည္ခုိင္ၿဖဳိးပါတီမွ ေဒါက္တာနႏၵာလွျမင့္ ေျပာ


ႏုိင္ငံေတာ္သမၼတသည္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၂၆ ရက္တြင္ အမိန္႔အမွတ္ ၁၅/၂၀၁၉ ျဖင့္  ႏုိင္ငံသား အက်ဥ္းသူ/သား ၆၉၄၈ ဦးအား ျပစ္ဒဏ္မွ လြတ္ၿငိမ္းသက္သာခြင့္ျပဳေစခဲ့ၿပီး ေမလ ၇ ရက္တြင္ အမိန္႔အမွတ္ ၁၆/၂၀၁၉ ျဖင့္ အက်ဥ္းသားအက်ဥ္းသူစုစုေပါင္း ၆၅၂၀ ဦးအားလည္းေကာင္း  လြတ္ၿငိမ္းသက္သာခြင့္မ်ား ေပးခဲ့သည္။
ထို႔ေနာက္ ေမလ ၈ ရက္တြင္ ကေလးအက်ဥ္းေထာင္ႏွင့္ ဘားအံ့အက်ဥ္းေထာင္မ်ားတြင္လည္းေကာင္း၊ ေမလ ၉ ရက္တြင္ ေရြဘုိ၊ ျမစ္ႀကိးနား၊ ထား၀ယ္၊ သာယာ၀တီ၊ ပုသိမ္အက်ဥ္းေထာင္တုိ႔တြင္ အက်ဥ္းသားမ်ားမွ  ဆူပူဆႏၵျပမႈမ်ားျဖစ္ပြားခဲ့သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version


နိုင်ငံတော်သမ္မတအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်များပေးရာတွင် ဥပဒေနှင့်အညီဆင်ခြင်တုံတရားနှင့် ချင့်ချိန်စဉ်းစားပြီးမှသာ ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ပြောရေးဆိုခွင့်ရှိသူဒေါက်တာနန္ဒလှမြင့်က ပြောလိုက်သည်။
မေလဒုတိယပတ်အတွင်း ပြည်ခိုင်ဖြိုးပါတီ၏ Facebook Page တွင်တင်ထားသော ဗီဒီယိုဖိုင် အမေးအဖြေတွင် ဖြေကြားထားခြင်းဖြစ်သည်။ 
“ ထောင်အတွင်းမှာဆူပူမှုတွေဖြစ်တဲ့ဟာကိုပြန်ပြီး ကြည့်လို့ရှိရင် အဓိကကတော့ ဒီလွှတ်ပေးတဲ့အပေါ်မှာ မညီမျှမှုတွေရှိတဲ့အပေါ်မှာ ထောင်ထဲမှာရှိနေတဲ့ကျန်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာမကျေနပ်လို့ လွှတ်ပေးတဲ့အပေါ်မှာ မူဝါဒဟာမညီမျှလို့၊ မကျေနပ်လို့ ဒီထောင်အတွင်းမှာဆူပူမှုတွေဖြစ်တယ်လို့ ကျွန်တော်တို့တွေ့ရှိတယ်။ ဆိုတော့ကာ နိုင်ငံတော်သမ္မတအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေပေးတဲ့အခါမှာ ဥပဒေနဲ့အညီ ဆင်ခြင်တုံတရားနဲ့ ချင့်ချိန်စဉ်းစားပြီးတော့မှဆောင်ရွက်ဖို့ ကျွန်တော်တို့ကအကြံပြု တိုက်တွန်းလိုပါတယ်’’ ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ပြောရေးဆိုခွင့်ရှိသူဒေါက်တာနန္ဒလှမြင့်က ပြောသည်။
နိုင်ငံတော်သမ္မတသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်တွင် အမိန့်အမှတ် ၁၅/၂၀၁၉ ဖြင့်  နိုင်ငံသား အကျဉ်းသူ/သား ၆၉၄၈ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုစေခဲ့ပြီး မေလ ၇ ရက်တွင် အမိန့်အမှတ် ၁၆/၂၀၁၉ ဖြင့် အကျဉ်းသားအကျဉ်းသူစုစုပေါင်း ၆၅၂၀ ဦးအားလည်းကောင်း  လွတ်ငြိမ်းသက်သာခွင့်များ ပေးခဲ့သည်။
ထို့နောက် မေလ ၈ ရက်တွင် ကလေးအကျဉ်းထောင်နှင့် ဘားအံ့အကျဉ်းထောင်များတွင်လည်းကောင်း၊ မေလ ၉ ရက်တွင် ရွေဘို၊ မြစ်ကြိးနား၊ ထားဝယ်၊ သာယာဝတီ၊ ပုသိမ်အကျဉ်းထောင်တို့တွင် အကျဉ်းသားများမှ  ဆူပူဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။