Skip to main content
ရာမာဒန္ဥပုသ္ကာလမွာ အၾကမ္းဖက္တုိက္ခုိက္ဖုိ ့ စီစဥ္ေနတဲ့ ဘဂၤါလီႏွစ္ဦး အပါအ၀င္ ၄ ဦးကုိ မေလးရွားရဲမ်ား ေဖၚထုတ္ဖမ္းဆီး 
Ads Block

ရာမာဒန္ဥပုသ္ကာလမွာ အၾကမ္းဖက္တုိက္ခုိက္ဖုိ ့ စီစဥ္ေနတဲ့ ဘဂၤါလီႏွစ္ဦး အပါအ၀င္ ၄ ဦးကုိ မေလးရွားရဲမ်ား ေဖၚထုတ္ဖမ္းဆီး 


ရာမာဒန္လျမတ္အတြင္း အၾကမ္းဖက္တုိက္ခုိက္ရန္ စီစဥ္ေနသူ ၄ ဦးကုိ ေဖၚထုတ္ဖမ္းဆီးႏုိင္ခဲ့ေၾကာင္း မေလးရွားရဲတပ္ဖြဲ႕က ေမလ ၁၃ ရက္ေန႔မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ရာမာဒန္ဥပုသ္ကာလမွာ အၾကမ္းဖက္တုိက္ခုိက္ဖုိ ့ စီစဥ္ေနတဲ့ ဘဂၤါလီႏွစ္ဦး အပါအ၀င္ ၄ ဦးကုိ မေလးရွားရဲမ်ား ေဖၚထုတ္ဖမ္းဆီး 


အဆုိပါ ၄ ဦးအနက္ ၂ ဦးဟာ ျမန္မာျပည္မွ ထြက္ေျပးခုိလႈံလာတယ္ဆုိတဲ့ ဘဂၤလီ ၂ ဦးျဖစ္ၿပီး က်န္ ၂ ဦးကေတာ့ မေလးရွားနဲ႔ အင္ဒိုနီးရွားႏုိင္ငံသားမ်ား ျဖစ္ၾကပါတယ္။ ၄င္းတုိ႔ကုိ ေသနတ္ ၁ လက္၊ လက္လုပ္ဗုံး ၆ လုံးနဲ႔အတူ ဖမ္းဆီးရမိခဲ့တာပါ။ 
ထုိအဖြဲ႕ဟာ မေလးရွားမွာျဖစ္ပြားခဲ့တဲ့ ၂၀၁၈ ႏုိဝင္ဘာလ ဟိႏၵဴ-မြတ္စလင္ အဓိက႐ုဏ္းမွာ အသတ္ခံခဲ့ရတဲ့ မီးသတ္သမားတစ္ဦးအတြက္ ကလဲ့စားေခ်လုိၾကၿပီး ရာမာဒန္ဥပုသ္လရဲ႕ ပထမအပတ္အတြင္းမွာ လက္တုန္ ့ျပန္တုိက္ခုိက္ၾကရန္ ျပင္ဆင္ေနခဲ့ေၾကာင္း သိရပါတယ္။
ထုိမီးသတ္သမား ေသဆုံးရမႈေၾကာင့္ မေလးမြတ္စလင္မ်ား အမ်က္ေဒါသထြက္ခဲ့ရၿပီး အခ်ိဳ႕ကေတာ့ ဟိႏၵဴေခါင္းေဆာင္ေတြဟာ အဓိက႐ုဏ္းျဖစ္ပြားေစရန္ လႈံ႕ေဆာ္ခဲ့ေၾကာင္း စြပ္စြဲခဲ့ၾကပါတယ္။ 
ယခုဖမ္းမိထားတဲ့အဖြဲ႕ဟာ အစၥလာမ္သာသနာကုိ ေစာ္ကားသူနဲ႔ ထိန္းသိမ္းႁမွင့္တင္ရန္ ပ်က္ကြက္သူ အထင္ကရပုဂၢိဳလ္ႀကီးေတြကုိလည္း လုပ္ၾကံသတ္ျဖတ္ရန္ စီစဥ္ထားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
၄င္းဘဂၤလီ ၂ ဦးအနက္ အသက္ ၂၀ အ႐ြယ္ စားပြဲထုိးျဖစ္သူ ၁ ဦးဟာ ARSA ေသာင္းက်န္းသူအဖြဲ႕ကုိ ေထာက္ခံအားေပးသူျဖစ္ၿပီး UNHCR မွတ္ပုံတင္ကဒ္ ကုိင္ေဆာင္ထားေၾကာင္းလည္း သိရပါတယ္။ 
ကုလသမဂၢမွ ထုတ္ေပးထားတဲ့ မွတ္ပုံတင္ျဖင့္ မေလးရွားမွာ ခုိလႈံေနတဲ့ ဘဂၤလီဦးေရဟာ ၉၀,၀၀၀ ခန္႔ရွိေၾကာင္း စာရင္းအင္းမ်ားအရ သိရေပမဲ့ အျခားအဖြဲ႕အစည္းမ်ားကေတာ့ လာေရာက္ေနထုိင္ေနသူ ဘဂၤလီစုစုေပါင္း ၂ သိန္းခန္႔ရွိမည္ဟု ခန္႔မွန္းထားပါတယ္။

- ZHO (အကုန္သိ သတင္းဌာန) |  Ref : Reuters

Unicode Version



ရာမာဒန်လမြတ်အတွင်း အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေသူ ၄ ဦးကို ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က မေလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဆိုပါ ၄ ဦးအနက် ၂ ဦးဟာ မြန်မာပြည်မှ ထွက်ပြေးခိုလှုံလာတယ်ဆိုတဲ့ ဘင်္ဂလီ ၂ ဦးဖြစ်ပြီး ကျန် ၂ ဦးကတော့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံသားများ ဖြစ်ကြပါတယ်။ ၎င်းတို့ကို သေနတ် ၁ လက်၊ လက်လုပ်ဗုံး ၆ လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။ 
ထိုအဖွဲ့ဟာ မလေးရှားမှာဖြစ်ပွားခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာလ ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းမှာ အသတ်ခံခဲ့ရတဲ့ မီးသတ်သမားတစ်ဦးအတွက် ကလဲ့စားချေလိုကြပြီး ရာမာဒန်ဥပုသ်လရဲ့ ပထမအပတ်အတွင်းမှာ လက်တုန့်ပြန်တိုက်ခိုက်ကြရန် ပြင်ဆင်နေခဲ့ကြောင်း သိရပါတယ်။
ထိုမီးသတ်သမား သေဆုံးရမှုကြောင့် မလေးမွတ်စလင်များ အမျက်ဒေါသထွက်ခဲ့ရပြီး အချို့ကတော့ ဟိန္ဒူခေါင်းဆောင်တွေဟာ အဓိကရုဏ်းဖြစ်ပွားစေရန် လှုံ့ဆော်ခဲ့ကြောင်း စွပ်စွဲခဲ့ကြပါတယ်။ 
ယခုဖမ်းမိထားတဲ့အဖွဲ့ဟာ အစ္စလာမ်သာသနာကို စော်ကားသူနဲ့ ထိန်းသိမ်းမြှင့်တင်ရန် ပျက်ကွက်သူ အထင်ကရပုဂ္ဂိုလ်ကြီးတွေကိုလည်း လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
၎င်းဘင်္ဂလီ ၂ ဦးအနက် အသက် ၂၀ အရွယ် စားပွဲထိုးဖြစ်သူ ၁ ဦးဟာ ARSA သောင်းကျန်းသူအဖွဲ့ကို ထောက်ခံအားပေးသူဖြစ်ပြီး UNHCR မှတ်ပုံတင်ကဒ် ကိုင်ဆောင်ထားကြောင်းလည်း သိရပါတယ်။ 
ကုလသမဂ္ဂမှ ထုတ်ပေးထားတဲ့ မှတ်ပုံတင်ဖြင့် မလေးရှားမှာ ခိုလှုံနေတဲ့ ဘင်္ဂလီဦးရေဟာ ၉၀,၀၀၀ ခန့်ရှိကြောင်း စာရင်းအင်းများအရ သိရပေမဲ့ အခြားအဖွဲ့အစည်းများကတော့ လာရောက်နေထိုင်နေသူ ဘင်္ဂလီစုစုပေါင်း ၂ သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားပါတယ်။

- ZHO (အကုန်သိ သတင်းဌာန)  | Ref : Reuters

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။