Skip to main content
အုိေဘာ
Ads Block

တရုတ္ရဲ ့ကမၻာပတ္လမ္း(OBOR)စီမံကိန္းထဲက နယ္ရုပ္ေလးျမန္မာ ဘာေတြဆက္ျဖစ္လာႏုိင္သလဲ

တရုတ္ႏုိင္ငံရဲ ႔ကမၻာပတ္သိမ္းမယ့္ OBOR (One Belt One Road) စီမံကိန္းက ျမန္မာႏုိင္ငံက ဘာေတြရမလဲ။
ဒီေမးခြန္းဟာ ျမန္မာႏုိင္ငံသားတုိင္းက ေသခ်ာေပါက္ေမးမယ့္ ေမးခြန္းပဲ ျဖစ္ပါတယ္။ တကယ္လည္း ျမန္မာအပါအ၀င္ တရုတ္ပတ္လမ္း စီမံကိန္းထဲမွာ ပါ၀င္တဲ့ႏုိင္ငံတုိင္းလုိလုိက ႏုိင္ငံသားတုိင္းဟာ ဒီေမးခြန္းရဲ ႔အေျဖကုိ သိပ္သိခ်င္ေနၾကတာပါ။

တရုတ္ဘက္ကလာတဲ့ ျမန္မာအတြက္ သတင္းစကား
အုိေဘာ(OBOR)ကုိ ျမန္မာဘက္ကသာ လက္ခံခဲ့ရင္ ျမန္မာႏုိင္ငံအတြက္ ရလာႏုိင္တဲ့အက်ဳိးေက်းဇူးေတြ ရွိသလုိ သတိျပဳထားရမယ့္အခ်က္ေတြလည္း ရွိတယ္လုိ ့တရုတ္ႏုိင္ငံဘက္ကလာတဲ့ သတင္းအခ်ဳိ ့နဲ ့ထုတ္ျပန္အသိေပးခ်က္ေတြမွာ ပါရွိလာပါတယ္။ ဒါေတြထဲက အခ်က္အလက္အခ်ဳိ ့ကုိ အႏွစ္ခ်ဳပ္ခ်ျပရရင္ျဖင့္ အုိေဘာေၾကာင့္ ျမန္မာ့စီးပြားေရးက တုိးတက္ႏုိင္တယ္လုိ ့ဆုိထားတာပါ။ " ျမန္မာႏုိင္ငံဟာ အုိေဘာရဲ ႔ ေတာင္အာရွနဲ ့အေရွ ့ေတာင္အာရွႏုိင္ငံေတြ ခ်ိတ္ဆက္ရာ လမ္းဆုံလမ္းခြ အဓိလမ္းေၾကာင္းေပၚမွာ ရွိေနတဲ့အတြက္ က႑စုံတုိးတက္မႈ ရရွိႏုိင္မယ္။ အုိေဘာေၾကာင့္ နည္းပညာလည္း တုိးတက္လာမွာျဖစ္သလုိ သတင္းအခ်က္အလက္စီးဆင္းမႈေတြ လွ်င္ျမန္စြာျဖန္ ့ေ၀ႏုိင္ျပီး ႏုိင္ငံတကာေစ်းကြက္ထဲကုိ ျမန္ျမန္တုိး၀င္လာႏုိင္လိမ့္မယ္။ အုိေဘာအတြက္ မျဖစ္မေနျဖည့္တင္းရမယ့္ အေျခခံအေဆာက္အအုံဖြံ ့ျဖိဳးတုိးတက္ေရးလုပ္ငန္းစဥ္ေတြေၾကာင့္ ျမန္မာႏုိင္ငံတြင္းမွာ အေျခခံအေဆာက္အအုံဖြံ ့ျဖိဳးတုိးတက္ျပီး လူေနမႈအဆင့္အတန္းေတြလည္း ျမင့္မားလာမယ္။ အုိေဘာေၾကာင့္ပဲ ျမန္မာမွာ အလုပ္အကုိင္အခြင့္အလမ္းေတြ သန္းနဲ ့ခ်ီျပီး ထပ္ရလာႏုိင္သလုိ ျမန္မာလုပ္သားေတြဘက္ကလည္း စြမ္းရည္ျပည့္ဖုိ ့ျပင္ဆင္ထားရမယ္ " ဆုိတဲ့ အုိေဘာရဲ ႔ လမ္းစဥ္ထဲမွာ ျမန္မာနဲ ့ပတ္သက္ျပီး အေကာင္းျမင္ဘက္က ထည့္သြင္းေရးထားတာပါ။ အုိေဘာရဲ ႔အစီအရင္ခံစာထဲမွာ အေကာင္းဘက္က ေရးထားသလုိ ျဖစ္လာႏုိင္တဲ့ ဆုိးက်ဳိးအျပစ္ေတြကုိပါ ထည့္ေရးထားပါေသးတယ္။ " အုိေဘာေၾကာင့္ ႏုိင္ငံျခားသား ၀င္ေရာက္မႈျမင့္မားလာမွာျဖစ္တဲ့အတြက္ နယ္စပ္ဂိတ္ေတြကေန လူ၀င္မႈၾကီးၾကပ္ေရးကုိ ေသေသခ်ာခ်ာစိစစ္ဖုိ ့လုိအပ္မယ္။ အေျခခံအေဆာက္အအုံဖြံ ့ျဖိဳးဖုိ ့အတြက္ လမ္းနဲ ့အျခားေသာဆက္စပ္လုပ္ငန္းေတြ ေဖာက္လုပ္မႈေၾကာင့္ သဘာ၀ပတ္၀န္းက်င္ေတြ၊ လူေနအိမ္ေတြ၊ သစ္ေတာေတြ ထိခုိက္ပ်က္စီးမႈ ရွိလာႏုိင္တယ္။ နယ္စပ္ျဖတ္ေက်ာ္ အခြန္ကိစၥေတြနဲ ့၀င္ေငြထြက္ေငြ စိစစ္မႈလုပ္ငန္းစဥ္ေတြမွာ နည္းပညာပုိင္းအရျဖစ္ေစ၊ လုပ္ငန္းကၽြမ္းက်င္မႈ အားနည္းခ်က္အရျဖစ္ေစ အက်ဳိးရွိရွိခြဲေ၀အသုံးခ်ႏုိင္မႈ နည္းပါးလာႏုိင္တယ္။ ဒီလုိျဖစ္ရပ္အျပင္ အျခားေသာဆက္စပ္ဆုိးက်ဳိးေတြကုိ သက္ဆုိင္ရာ၀န္ၾကီးဌာနအလုိက္ ၾကိဳတင္ကာကြယ္ထားႏုိင္ဖုိ ့လုိတယ္ " လုိ ့အုိေဘာ အစီအရင္ခံစာက ထည့္သြင္းေဖာ္ျပထားပါေသးတယ္။ ဒီအခ်က္အလက္ေတြကေတာ့ မူ၀ါဒအားျဖင့္ ရည္ညႊန္းထားတာေတြျဖစ္ျပီး အတြင္းက်က် ေစ့ေစ့စပ္စပ္ ထည့္သြင္းစဥ္းစားဖုိ ့လုိပါေသးတယ္။ တရုတ္ႏုိင္ငံဘက္ကေတာ့ ဒီလုိသတင္းစကားေတြနဲ ့အတူ ျမန္မာဘက္က လက္ခံလာဖုိ ့၊ ျမန္မာဘက္ကလက္ခံရင္ ျမန္မာေတြ တုိးတက္ရာ တုိးတက္ေၾကာင္းျဖစ္မယ္လုိ ့တထစ္ခ်ေျပာထားပါတယ္။ ယုံၾကည္ျခင္း မယုံၾကည္ျခင္းေတြကုိေတာ့ ဆက္ေဆြးေႏြးပါမယ္။

ေဒၚေအာင္ဆန္းစုၾကည္ကုိ အုိေဘာနဲ ့အတူ ၾကိဳဆုိခဲ့တဲ့ တရုတ္သမၼတ ရွီက်င္းပင္
တရုတ္ႏုိင္ငံဟာ အုိေဘာအတြက္ လြန္ခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုေက်ာ္ကတည္းက ၾကိဳတင္ျပင္ဆင္ေနခဲ့တာျဖစ္သလုိ ၂၀၁၉ ခုႏွစ္ထဲမွာပဲ အုိေဘာနဲ ့ပတ္သက္တဲ့ Belt & Road Initiative Forum ကုိ သုံးၾကိမ္ေလာက္ က်င္းပသြားဖုိ ့ျပင္ဆင္ထားပါတယ္။ ဧျပီလ ၂၅ ရက္ကေန ၂၇ အထိ သုံးရက္ၾကာ က်င္းပျပီးစီးခဲ့တဲ့ ႏွစ္ၾကိမ္ေျမာက္ Belt & Road Initiative Forum မွာလည္း တရုတ္သမၼတ ရွီက်င္းပင္ဟာ ကမၻာ့ႏုိင္ငံေပါင္း ၃၇ ႏုိင္ငံက ထိပ္သီးေခါင္းေဆာင္အၾကီးအကဲေတြကုိ ေကာေဇာနီခင္းျပီး ၾကိဳဆုိခဲ့သလုိ ႏုိင္ငံေပါင္း ၁၅၀ ေက်ာ္က လူပုဂၢိဳလ္ေပါင္း ၅၀၀၀ ေက်ာ္ ၊ ႏုိင္ငံတကာအဖြဲ ့အစည္းေပါင္း ၉၀ ကုိပါ ဆြဲေဆာင္သိမ္းသြင္းခဲ့ပါတယ္။ ျမန္မာႏုိင္ငံက အသည္းမာတဲ့ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကုိလည္း အုိေဘာနဲ ့ၾကိဳဆုိျပီး နားလည္မႈေတြ ရယူဖုိ ့ၾကိဳးစားခဲ့ပါတယ္။ တရုတ္သမၼတ ရွီက်င္းပင္ဟာ ျမန္မာႏုိင္ငံနဲ ့ဆက္ဆံေရးအတြက္ အသာစီးရထားတာေတြကုိ ကုိင္ျပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကုိ ၾကိဳဆုိခဲ့တာျဖစ္ျပီး ေဒၚေအာင္ဆန္းစုၾကည္ဘက္ကလည္း တရုတ္သမၼတ ရွီက်င္းပင္ကုိ ပ်ားရည္နဲ ့ပဲ ၀မ္းခ်ဖုိ ့ၾကိဳးစားလာခဲ့ပါတယ္။ အထူးသျဖင့္ တရုတ္ကုိင္ထားတဲ့ ဖဲက ရခုိင္ျပည္နယ္ထဲက တုိက္ပြဲေတြရဲ ့ေနာက္ကြယ္က အေၾကာင္းတရား ၊ တရုတ္နယ္စပ္ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ စတဲ့အခ်က္ေတြျဖစ္ျပီး ျမန္မာဘက္ကေတာ့ ဒီအခ်က္ေတြကုိ မူအားျဖင့္သေဘာတူတယ္ဆုိထားျပီး တရုတ္လုိခ်င္တဲ့ အုိေဘာနဲ ့ျမစ္ဆုံကိစၥမွာ ေကာ္မရွင္ေတြဖြဲ ့ျပီး ျမန္မာေတြကုိ စည္းရုံးေပးပါမယ္ဆုိတဲ့အခ်က္မ်ဳိးပါပဲ။ အထူးသျဖင့္ တကယ့္တကယ္တမ္း တရုတ္နဲ ့ဆက္ဆံေရးမွာ ျမန္မာဘက္က ကုိင္ထားႏုိင္တဲ့ Trump Card (ႏုိင္ပြင့္ဖဲ) မရွိပါဘူး။ တရုတ္ဘက္ကေတာ့ ျမန္မာကုိ Trump Card မ်ားစြာကိုင္ျပီး လုိသလုိကစားေနတာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ျမန္မာေခါင္းေဆာင္ကုိ ၾကိဳဆုိမႈမွာ အေပၚစီးမဆန္ဘဲ ညင္သာသိမ္ေမြ ့ေႏြးေထြးမႈကုိပဲ ရွီက်င္းပင္က သုံးစြဲျပခဲ့ပါတယ္။ တရုတ္တုိ ့လုိခ်င္ေနတာက ျမန္မာႏုိင္ငံကုိ ျဖတ္သန္းတည္ေဆာက္ရမယ့္ အုိေဘာရဲ ့အစိတ္အပုိင္းနယ္ေျမေတြပဲ ျဖစ္ျပီး အဲဒီအစိတ္အပုိင္းနယ္ေျမေတြကုိ ျမန္မာဘက္က လက္ခံအတည္ျပဳ သုံးစြဲခြင့္ေပးေရးကုိ မီးစတစ္ဖက္ ေရမႈတ္တစ္ဖက္နည္းနဲ ့ပဲ ကစားေနတာပါ။ ဒီအခ်က္ကုိေတာ့ ႏွစ္ဖက္စလုံးက ေခါင္းေဆာင္ေတြကုိယ္တုိင္လည္း သိထားျပီးျဖစ္ပါတယ္။ 

တရုတ္ရဲ ့အုိေဘာကုိ ျမန္မာေခါင္းေဆာင္ေတြ လက္ခံထားသလား
အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ ့တရုတ္ခရီးစဥ္မတုိင္မီကတည္းက တပ္မေတာ္ေခါင္းေဆာင္ ဗုိလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္က တရုတ္ႏုိင္ငံကုိ သြားခဲ့ပါတယ္။ ဒီလုိသြားေရာက္ခဲ့တဲ့အခ်ိန္မွာလည္း တရုတ္သမၼတ ရွီက်င္းပင္ကုိယ္တုိင္ လက္ခံေတြ ့ဆုံခဲ့သလုိ တရုတ္ဘက္က ပုံေဖာ္ခ်င္ေနတဲ့ အုိေဘာကုိ ျမန္မာက လက္ခံကူညီေပးမယ္လုိ ့ ဗုိလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္ဘက္က စကားပလႅင္ခံခဲ့ျပီးျဖစ္ပါတယ္။ ႏွစ္ႏုိင္ငံ ဆက္ဆံေရးမွာ မူအားျဖင့္ သေဘာတူသည္ ၊ မူအားျဖင့္ လက္ခံသည္၊ တတ္ႏုိင္သမွ် ကူညီေပးမည္ ဆုိတဲ့ ထည္လဲသုံးစကားေတြကုိ ႏုိင္ငံ့ေခါင္းေဆာင္တုိင္းလုိလုိက သုံးစြဲေလ့ရွိသလုိမ်ဳိး တပ္မေတာ္ေခါင္းေဆာင္ကလည္း မူအားျဖင့္ သေဘာတူလက္ခံျပီး တတ္ႏုိင္သမွ်ကူညီေပးမယ္လုိ ့ေျပာခဲ့တာပါ။ ေဒၚေအာင္ဆန္းစုၾကည္ရဲ ့ခရီးစဥ္မွာလည္း ျမန္မာကုိ ျဖတ္သန္းမယ့္ အုိေဘာကုိ မူအားျဖင့္ လက္ခံျပီး လုိအပ္တဲ့စာခ်ဳပ္စာတမ္းခ်ဳပ္ဆုိမႈေတြနဲ ့ခုိင္ခုိင္မာမာ ေရွ ့ဆက္သြားၾကဖုိ ့စကားေတြ ထားခဲ့ၾကတယ္လုိ ့ဆုိပါတယ္။ ၂၀၁၃ ခုႏွစ္ကတည္းက တရုတ္သမၼတ ရွီက်င္းပင္ကုိယ္တုိင္ တရား၀င္စတင္မိတ္ဆက္ခဲ့တဲ့ အုိေဘာကုိ ဦးသိန္းစိန္အစုိးရလက္ထက္ကတည္းက မူအားျဖင့္ သေဘာတူထားျပီးသားျဖစ္သလုိ ေနာက္တက္လာမယ့္အစုိးရေတြကလည္း မူအားျဖင့္ သေဘာတူသည္လုိ ့သာ မျဖစ္မေန ေျပာကုိေျပာၾကမွာပဲ ျဖစ္ပါတယ္။ ဆုိလုိရရင္ျဖင့္ အုိေဘာကုိ မူအားျဖင့္ လက္ခံတယ္ဆုိတာဟာ ေခါင္းေဆာင္အဆက္ဆက္က မျဖစ္မေန ေျပာရမယ့္အခ်က္ ျဖစ္ကိုျဖစ္ေနတာပါ။ 

အုိေဘာက ျမန္မာရဲ ့ဘယ္ေနရာေတြကုိ ျဖတ္သန္းမွာတဲ့လဲ
အမ်ားစုကေတာ့ အုိေဘာရဲ ့ျမန္မာႏုိင္ငံထဲက ဆုံရပ္ဟာ ေက်ာက္ျဖဴလုိ ့ပဲ သိထားပါတယ္။ ဒါလည္း မွန္ပါတယ္။ တရုတ္ႏုိင္ငံကုိယ္တုိင္က ကမၻာပတ္လမ္းစီမံကိန္းထဲမွာ Check Piont ႏုိင္ငံေတြနဲ ့ျမိဳ ့ၾကီးေတြကုိ ျပထားေပမယ့္ အဲဒီျမိဳ ့ၾကီးေတြ၊ ႏုိင္ငံေတြ ေနရာမွာ ျမန္မာႏုိင္ငံ ပါ၀င္မေနတာဟာ ထူးျခားတဲ့အခ်က္လည္း ျဖစ္ပါတယ္။ အထူးသျဖင့္ Google မွာ ရွာၾကည့္ရင္ျဖစ္ေစ၊ အုိေဘာရဲ ့တရား၀င္၀က္ဘ္ဆုိက္မွာ ၀င္ၾကည့္ရင္ျဖစ္ေစ အုိေဘာပတ္လမ္းျပ ေျမပုံလမ္းေၾကာင္းထဲမွာ ျမန္မာႏုိင္ငံ လုံး၀ ပါ၀င္မေနပါဘူး။ ဘာေၾကာင့္ ပါ၀င္မေနတာလဲဆုိတာက စိတ္၀င္စားဖြယ္ တရုတ္တုိ ့ရဲ ့ျမဳပ္ကြက္ျဖစ္ေနသလုိ ျမန္မာႏုိင္ငံကုိ ထည့္မထားပဲနဲ ့ဘာေၾကာင့္ ျမန္မာကုိ အသည္းအသန္စည္းရုံးေနသလဲဆုိတာက ထည့္ေတြးရမယ့္အခ်က္ ျဖစ္လာပါတယ္။ ျမန္မာႏုိင္ငံက လူတန္းစားတစ္ရပ္သာလွ်င္ သိႏုိင္တဲ့အခ်က္လည္း ျဖစ္သြားတဲ့ အုိေဘာက ျမန္မာရဲ ့ဘယ္ေနရာကုိ ျဖတ္သန္းမွာလဲဆုိတာဟာ ျမန္မာလုပ္ငန္းရွင္ေတြအတြက္လည္း ေငြတြင္းၾကီးျဖစ္ေနပါတယ္။ တရုတ္ဘက္က တရား၀င္ထုတ္ျပန္အသိေပးမထားေပမယ့္ ေသခ်ာေပါက္ ထည့္စဥ္းစားရမယ့္ ေနရာ သုံးခုထက္မနည္းရွိပါတယ္။ ဒါကေတာ့ ရခုိင္ကမ္းရုိးတန္းေဒသထဲက ေက်ာက္ျဖဴ ၊ တနသၤာရီကမ္းရုိးတန္းေဒသထဲက ထား၀ယ္သုိ ့မဟုတ္ သီးျခားတစ္ခု ၊ ျမစ္၀ကၽြန္းေပၚနဲ ့ဆက္စပ္ေဒသထဲက ရန္ကုန္သုိ ့မဟုတ္ ဧရာ၀တီတုိင္းေဒသၾကီး၊ ျမန္မာႏုိင္ငံအလယ္ပုိင္းက မႏၱေလးနဲ ့ျမန္မာႏုိင္ငံအထက္ပုိင္း ျမစ္ၾကီးနား-ျမစ္ဆုံ စီးပြားေရးစၾကၤန္တုိ ့ပဲ ျဖစ္ပါတယ္။ ဒီေနရာမွာ စိတ္၀င္စားဖြယ္အေကာင္းဆုံးေနာက္ထပ္ တစ္ေနရာလည္း ရွိေနပါေသးတယ္။ ကရင္ျပည္နယ္နဲ ့ထုိင္းနယ္စပ္ေဒသေတြပဲ ျဖစ္ပါတယ္။ ဒါေပမဲ့ ျမစ္ၾကီးနား-ျမစ္ဆုံစီးပြားေရးစၾကၤန္ဟာ ဘယ္သူမွထည့္သြင္း သတ္မွတ္မထားတဲ့ ျမဳပ္ကြက္တစ္ခုလည္း ျဖစ္ေနပါတယ္။ အထူးသျဖင့္ ျမစ္ဆုံေရကာတာစီမံကိန္းကုိ တရုတ္တုိ ့အသည္းအသန္လုိခ်င္ေနတာဟာ ျမစ္ဆုံေဒသက သဘာ၀သယံဇာတေတြအျပင္ ျမစ္ၾကီးနား-ျမစ္ဆုံ စီပြားေရးစၾကၤန္ေၾကာင့္လည္း ပါ၀င္တယ္လုိ ့ဆုိရမွာပါ။ ျမစ္ၾကီးနား-ျမစ္ဆုံ စီးပြားေရးစၾကၤန္ထဲမွာ စိုက္ပ်ဳိးေရးဇုန္၊ စက္မႈဇုန္၊ ကုန္သြယ္ေရးဇုန္၊ ဇီ၀ထုတ္ကုန္ျပဳျပင္ထိမ္းသိမ္းေရးဇုန္ အပါအ၀င္ ဇုန္ေပါင္း ၁၂ ဇုန္ေလာက္ထည့္သြင္းထားသလုိ ေလဆိပ္ေတြပါ ပါ၀င္ေနခဲ့ပါတယ္။ တရုတ္တုိ ့ရဲ ့လူသိမခံေသးတဲ့ ျမစ္ၾကီးနား-ျမစ္ဆုံစီးပြားေရးစၾကၤန္အစီအရင္ခံစာထဲက စာမ်က္ႏွာတစ္မ်က္ႏွာတည္းကတင္ တရုတ္ႏုိင္ငံရဲ ့ၾကိဳတင္ျပင္ဆင္မႈတစ္ပုိင္းတစ္စကုိ ျမင္လုိက္ရတာလည္း ျဖစ္ပါတယ္။ 

အုိေဘာ ဘယ္လုိျဖစ္တည္လာသလဲ ၊ အုိေဘာက ဘယ္အထိသြားမွာလဲနဲ ့အုိေဘာရဲ ့စိတ္၀င္စားဖြယ္ အခ်က္အလက္ေတြ
အုိေဘာဟာ တကယ္ေတာ့ တရုတ္ႏုိင္ငံရဲ ့ဘုရင္ေတြလက္ထက္ကတည္းက ရွိခဲ့ဖူးတဲ့ အာရွ-ဥေရာပ ခ်ိတ္ဆက္ Silk Road (ပုိးလမ္းမၾကီး)ကုိ ဗားရွင္းေလးဆင့္ေလာက္ ျမွင့္ထားတဲ့ မဟာစီမံကိန္းၾကီးျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ တရုတ္ႏုိင္ငံရဲ ့၂၁ ရာစုအလြန္ ကမၻာ့နံပါတ္တစ္ျဖစ္ေရး မဟာအိပ္မက္ ကမၻာပတ္လမ္းစီမံကိန္းၾကီးလုိ ့ဆုိရမွာပါ။ တရုတ္တုိ ့လက္ခံခ်င္သည္ျဖစ္ေစ၊ ျငင္းဆုိသည္ျဖစ္ေစ အုိေဘာဟာ တရုတ္ကုိ ကမၻာၾကီးက ျပန္လည္မီွခုိေရး၊ ေနာက္တစ္နည္းအားျဖင့္ တရုတ္က ကမၻာ့ေခါင္းေဆာင္ျဖစ္ေရး အိပ္မက္ၾကီးလုိ ့ဆုိႏုိင္ပါတယ္။ အုိေဘာရဲ ့မွတ္စုေလးေတြမွာေတာ့ ၂၀၁၃ ခုႏွစ္ စက္တင္ဘာလမွာ သမၼတ ရွီက်င္းပင္က Silk Road Economic Belt ဆုိျပီး စတင္မိတ္ဆက္ခဲ့ပါတယ္။ ေနာက္တစ္လၾကာတဲ့အခ်ိန္မွာေတာ့ 21st Century Maritime Silk Road ဆုိျပီး ထပ္ေျပာျပန္ပါတယ္။ ၂၀၁၄ ခုႏွစ္ ႏုိ၀င္ဘာမွာေတာ့ အဲဒီစီမံကိန္းၾကီးအတြက္ Silk Road Fund ဆုိျပီး ေဒၚလာ ၄၀ ဘီလ်ံထည့္၀င္မွာျဖစ္ေၾကာင္း သမၼတရွီက်င္းပင္က ေျပာပါတယ္။ ၂၀၁၅ ခုႏွစ္ မတ္လေရာက္ခ်ိန္မွာေတာ့ Silk Road Economic Belt နဲ ့21st Century Maritime Silk Road ဆုိျပီး ႏွစ္ခုတစ္ခုေပါင္းစပ္မွာ ျဖစ္ေၾကာင္း ထပ္မံေၾကညာပါတယ္။ ၂၀၁၅ ဒီဇင္ဘာလမွာေတာ့ အဲဒီစီမံကိန္းေတြအတြက္ အေျခခံတည္ေထာင္ေပးမယ့္ AIIB ( Asian Infrasture Investment Bank ) ကုိ စတင္ တည္ေထာင္လုိက္ပါတယ္။ ၂၀၁၆ ခုႏွစ္ ဇြန္လမွာေတာ့ China Railway Express ကုမၸဏီကုိ တည္ေထာင္ေပးျပန္ပါတယ္။ အဲဒီလမွာပဲ မြန္ဂုိလီးယား၊ ရုရွားတုိ ့နဲ ့အတူ China-Mongolia-Russia ဆုိတဲ့ အုိေဘာကုိ အေထာက္အကူေပးမယ့္ သုံးႏုိင္ငံခ်ိတ္ဆက္ပူးေပါင္းေဆာင္ရြက္ေရးစာခ်ဳပ္ကို ခ်ဳပ္ဆုိလုိက္ပါတယ္။ ၂၀၁၇ ခုႏွစ္ ေမလမွာေတာ့ ပထမဆုံးအၾကိမ္ Belt & Road Forum ကုိ ေပက်င္းမွာပဲ စတင္က်င္းပခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္ ဇြန္လနဲ ့ေအာက္တုိဘာလေတြမွာ BRI (Belt & Road Initiative) အစီအရင္ခံစာ ပထမဆုံးတစ္ေစာင္ကို စတင္ထုတ္ျပန္ခဲ့ျပီး တရုတ္ကြန္ျမဴနစ္ပါတီအတြင္းမွာ အတည္ျပဳခဲ့ၾကပါတယ္။ ၂၀၁၈ ဇန္န၀ါရီလမွာ အုိေဘာအတြက္ မလုိလားအပ္တဲ့အရႈပ္အေထြးေတြကုိ ေျဖရွင္းႏုိင္ေစဖုိ ့ဆက္စပ္ႏုိင္ငံေတြနဲ ့ခ်ိတ္ဆက္ေဆြးေႏြးညိွႏိႈင္းမႈေတြ ဆက္တုိက္စတင္လုပ္ေဆာင္ခဲ့ၾကပါတယ္။ ၂၀၁၉ ခုႏွစ္ မတ္လမွာေတာ့ ဥေရာပႏုိင္ငံေတြထဲက အီတလီႏုိင္ငံက ပထမဆုံးေသာပူးေပါင္းပါ၀င္မႈအျဖစ္ BRI ကုိ လက္ခံေဆြးေႏြးလာပါတယ္။ ဧျပီ ၂၅-၂၇ မွာေတာ့ ႏုိင္ငံအသီးသီးက ေခါင္းေဆာင္ေတြကုိ ေစ်းကြက္ပရိုမုိးရွင္းထပ္ဆင္းပါတယ္။ ဒီႏွစ္ ၂၀၁၉ ရဲ ့စက္တင္ဘာလေလာက္မွာပဲ ေနာက္ထပ္ Belt & Road Initiative ဖုိရမ္တစ္ခု ထပ္လုပ္ဖုိ ့စီစဥ္ထားျပီး ျဖစ္ပါတယ္။ ၂၀၁၃ တုန္းက ႏုိင္ငံေပါင္း ၆၅ ႏုိင္ငံ ပူးေပါင္းပါ၀င္ဖုိ ့လုိအပ္တယ္ဆုိတဲ့ အုိေဘာမွာ ေဒၚလာ ၉၀၀ ဘီလ်ံေလာက္ ရင္းႏွီးျမဳပ္ႏွံဖုိ ့လုိအပ္တယ္လုိ ့တရုတ္ႏုိင္ငံဘက္က အတည္ျပဳခဲ့ပါတယ္။ ဒီအထဲမွာမွ အာရွပစိဖိတ္ ၄၅ ႏုိင္ငံအတြင္းမွာ အုိေဘာနဲ ့ဆက္စပ္ျပီး အေျခခံအေဆာက္အအုံဖြံ ့ျဖိဳးတုိးတက္ဖုိ ့အတြက္ ရင္းႏွီးျမဳပ္ႏွံရမယ့္ေငြဟာ ေဒၚလာ ၁ ဒသမ ၇ ထရီလီယံ ရွိလိမ့္မယ္လုိ ့ADB က ခန္ ့မွန္းထားခဲ့ပါတယ္။ တရုတ္ႏုိင္ငံဟာ BRI ကုိ စတင္အသိေပးမိတ္ဆက္လုိက္တဲ့ ၂၀၁၃ ခုႏွစ္ကေန ၂၀၁၈ ခုႏွစ္အထိ ဆက္စပ္ႏုိင္ငံေတြနဲ ့ကုန္သြယ္ေရးမွာ ေဒၚလာ ၆၉၇၅ ဒသမ ၆၂၃ ဘီလ်ံအထိ အျပန္အလွန္ကုန္သြယ္မႈေတြ လုပ္ႏုိင္ခဲ့တယ္လုိ ့အခ်က္အလက္ေတြက ဆုိပါတယ္။ အုိေဘာထဲမွာ မျဖစ္မေန ေဖာ္ေဆာင္ရမွာက ႏုိင္ငံေပါင္း ၂၀၀ ေလာက္မွာ ဆိပ္ကမ္းၾကီးေပါင္း ၆၀၀ တည္ေဆာက္ဖုိ ့ျပင္ဆင္ထားသလုိ တရုတ္ဘက္က ႏုိင္ငံေပါင္း ၆၂ ႏုိင္ငံနဲ ့ေလေၾကာင္းပ်ံသန္းေရး သေဘာတူစာခ်ဳပ္ေတြ လုိက္ခ်ဳပ္ေနျပီလုိ ့သတင္းေတြ ရထားပါတယ္။ တကယ္လုိ ့အဲဒီ ၆၂ ႏုိင္ငံနဲ ့အုိေဘာရဲ ့မူေဘာင္အတြင္းမွာ ေလေၾကာင္းပ်ံသန္းေရးဆုိင္ရာ အျပန္အလွန္သေဘာတူႏုိင္ခဲ့ရင္ တစ္ပတ္အတြင္း ၄၅ ႏုိင္ငံရဲ ့ေလေၾကာင္းပ်ံသန္းမႈအၾကိမ္ေရ ၅၀၀၀ ေက်ာ္ရွိလိမ့္မယ္လုိ ့တြက္ခ်က္ထားပါတယ္။ အုိေဘာထဲမွာ ပါ၀င္တဲ့ႏုိင္ငံေတြနဲ ့အလုပ္လုပ္ရင္ ေငြေၾကးကိစၥက မျဖစ္မေနပါကုိ ပါလာရမွာျဖစ္တဲ့အတြက္လည္း တရုတ္တုိ ့က ေငြေၾကးစနစ္ခုိင္မာအားေကာင္းတဲ့ ႏုိင္ငံ ၂၄ ႏုိင္ငံမွာ ဘဏ္ခြဲေပါင္း ၁၀၂ ခုကုိ Payment Gateway System တစ္ခုတည္ေဆာက္ထားျပီးျပီျဖစ္သလုိ အဲဒီစနစ္ကုိ က်င့္သုံးဖုိ ့အတြက္ ႏုိင္ငံေပါင္း ၄၀ က ဘဏ္ေပါင္း ၁၆၅ ဘဏ္နဲ ့အၾကိဳသေဘာတူညီမႈရယူထားျပီးပါျပီ။ အုိေဘာပတ္လမ္းထဲမွာ ကမၻာ့တုိက္ၾကီး(၆)တုိက္ထဲက ႏုိင္ငံေပါင္း ၁၂၆ ႏုိင္ငံပါ၀င္ထားတာမွာ ဇုန္အလုိက္ခြဲရင္ အာရွတုိက္က ၃၆ ႏုိင္ငံ၊ ဥေရာပတုိက္က ၂၆ ႏုိင္ငံ၊ ေျမာက္အေမရိကတုိက္က ၁၁ ႏုိင္ငံ၊ ေတာင္အေမရိကတုိက္က ၇ ႏုိင္ငံ၊ အာဖရိကတုိက္က ၃၇ ႏုိင္ငံနဲ ့သမုဒၵရာဇုန္က ၉ ႏုိင္ငံ ပါ၀င္တယ္လုိ ့ခြဲျခမ္းစိတ္ျဖာႏုိင္ပါတယ္။ ကမၻာမွာ ႏုိင္ငံေပါင္း ၂၀၀ ေက်ာ္ရွိတဲ့အထဲက ထက္၀က္ေက်ာ္ကုိ တရုတ္ပတ္လမ္းထဲမွာ ထည့္ထားလုိက္ျပီဆုိရင္ ဒါက ဘာကုိရည္ညႊန္းတယ္လုိ ့ဆုိခ်င္ပါသလဲ။

အုိေဘာအတြက္ တရုတ္ရဲ ့လူမႈေဗဒဆုိင္ရာ စိတ္၀င္စားဖြယ္ ၾကိဳတင္ျပင္ဆင္မႈ
တစ္ခ်ိန္က တရုတ္ႏုိင္ငံဟာ စီးပြားေရးအက်ဳိးအျမတ္ရဖုိ ့အတြက္ ဘယ္သူေသေသ ငေတမာရင္ျပီးေရာဆုိတဲ့ ဘယ္သူ ့အတြက္မွ ထည့္မစဥ္းစားတဲ့ လူၾကမ္းစီးပြားရွာနည္းကုိသုံးခဲ့ပါတယ္။ သုံးခဲ့လုိ ့လည္း ႏုိင္ငံအသီးသီးက မုန္းခဲ့တာကုိ ခံရပါတယ္။ ဒီဘက္ ဆယ္စုႏွစ္ကုိေရာက္လာခ်ိန္မွာေတာ့ တရုတ္တုိ ့ဗ်ဳဟာေျပာင္းလဲသြားပါတယ္။ ဒါကေတာ့ ျပည္သူခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈရဖုိ ့အတြက္ တရုတ္ႏုိင္ငံသား လူငယ္မ်ဳိးဆက္ ပညာေတာ္သင္ေတြကုိ ကမၻာ့ႏုိင္ငံအသီးသီးဆီကုိ ခြဲတမ္းက်ပုံစံနဲ ့ေစလႊတ္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္အထိကုိပဲ တရုတ္ႏုိင္ငံသား ပညာေတာ္သင္ လူငယ္မ်ဳိးဆက္ ၆ သိန္းတိတိကုိ အုိေဘာပတ္လမ္းရွိရာႏုိင္ငံတုိင္းလုိလုိကုိ ေစလႊတ္ခဲ့တယ္လုိ ့သိရပါတယ္။ ဒီလူငယ္ေတြက သက္ဆုိင္ရာႏုိင္ငံေတြမွာ ၀င္ေရာက္ျပီးေတာ့ ဘာသာစကားကုိသင္ယူပါတယ္။ အမႈအက်င့္နဲ ့ဗီဇေတြကုိ ေလ့လာပါတယ္။ အားနည္းခ်က္အားသာခ်က္ေတြကုိ မွတ္တမ္းျပဳစုၾကပါတယ္။ ဘယ္လုိစည္းရုံးရင္ ရႏုိင္မလဲဆုိတာကုိ စနည္းနာၾကပါတယ္။ ယဥ္ေက်းမႈေတြကုိ စူးစမ္းၾကပါတယ္။ ဘယ္အခ်က္ကုိထိရင္ လက္မခံဘူးလဲဆုိတာကုိ ကင္းေထာက္ၾကပါတယ္။ လုိအပ္ရင္ သက္ဆုိင္ရာႏုိင္ငံေတြရဲ ့အစုိးရအသုိင္းအ၀ုိင္းထဲအထိ တုိး၀င္လုိ ့ရမယ့္လမ္းေၾကာင္းေတြကုိပါ ရွာေဖြထားပါတယ္။ ေနာက္ထပ္စိတ္၀င္စားဖြယ္အခ်က္ကေတာ့ တရုတ္တုိ ့ရဲ ့နတ္ဘုရားတစ္ပါးလုိ ကုိးကြယ္ဆည္းကပ္တဲ့ ကမၻာေက်ာ္ပညာရွင္ၾကီး ကြန္ျဖဴးရွပ္၀ါဒကုိ သြပ္သြင္းေရး စီမံခ်က္ပဲျဖစ္ပါတယ္။ ကြန္ျဖဴးရွပ္၀ါဒဟာ လူသားေတြအေပၚမွာ လြန္စြာအက်ဳိးျပဳတယ္ဆုိတာကုိ တစ္ကမၻာလုံးက လက္ခံထားျပီးသားျဖစ္တဲ့အတြက္ ကြန္ျဖဴးရွပ္အစစ္နဲ ့ဂ်င္းကြန္ျဖဴးရွပ္၀ါဒကိုပါ သက္ဆုိင္ရာႏုိင္ငံတုိင္းကုိ သြပ္သြင္းဖုိ ့ျပင္ဆင္ပါတယ္။ ဒီအတြက္ ကြန္ျဖဴးရွပ္အမ်ဳိးသားယဥ္ေက်းမႈစင္တာ ၁၇ ခု ေဆာက္ထားပါတယ္။ ကြန္ျဖဴးရွပ္အယူအဆျဖန္ ့ခ်ိေရး အင္စတီက်ဳ ့၁၇၃ ခု ဖြင့္ထားျပီးပါျပီ။ ကြန္ျဖဴးရွပ္ အယူ၀ါဒဆုိင္ရာ စာသင္ခန္းေပါင္း ၁၈၄ ခုကုိ ႏုိင္ငံအသီးသီးမွာ တစ္ဆင့္ခ်င္း တည္ေထာင္ထားပါတယ္။ 

အုိေဘာနဲ ့ပတ္သက္ျပီး ကမၻာ့ေခါင္းေဆာင္အခ်ဳိ ့ရဲ ့မွတ္ခ်က္
" ဘယ္ႏုိင္ငံကမွ တရုတ္ႏိုင္ငံရဲ ့ေရရွည္အက်ဳိးအျမတ္ကုိ ေမွ်ာ္ကုိးျပီး စီမံခ်က္ခ်မွတ္ေဖာ္ေဆာင္ထားႏုိင္တာမ်ဳိး မေတြ ့ရေသးပါဘူး။ တရုတ္တုိ ့ရဲ ့BRI ဟာ ႏွစ္ ၁၀၀ စီမံကိန္းပဲ ျဖစ္ပါတယ္ " လုိ ့ဆြစ္ဇာလန္သမၼတသစ္ Ueli Maurer က လြန္ခဲ့တဲ့ရက္ပုိင္းကပဲ မွတ္ခ်က္ျပဳခဲ့ပါတယ္။ တရုတ္ရဲ ့အစဥ္အလာျပိဳင္ဘက္ အိႏၵိယနဲ ့ဂ်ပန္ေခါင္းေဆာင္ေတြကလည္း အုိေဘာကုိ အကြက္ျမင္လွတဲ့ မဟာဗ်ဳဟာတစ္ခုအျဖစ္ လက္ခံထားၾကသလုိ အုိေဘာကုိ Counter ျပန္ထိန္းႏုိင္မယ့္ Asia-Africa Growth Corridor (AAGC) ကုိ ႏွစ္ႏုိင္ငံပူးေပါင္းျပီး ဦးေဆာင္အေကာင္အထည္ေဖာ္ဖုိ ့၂၀၁၇ မွာ ကမၻာကုိေၾကညာခဲ့ပါတယ္။ အာရွနဲ ့အာဖရိကတုိက္တုိ ့ကုိ ခ်ိတ္ဆက္ႏုိင္ရင္ ႏုိင္ငံေပါင္း ၁၀၀ နီးပါး ရွိလာမွာျဖစ္ျပီး ဒီႏုိင္ငံေတြအားလုံးက အုိေဘာထက္ AAGC ကုိသာ လက္ခံၾကမယ္ဆုိရင္ ေနာက္တစ္နည္းအားျဖင့္ AAGC ေၾကာင့္ အုိေဘာကုိ ေ၀၀ါးသြားၾကမယ္ဆုိရင္ အိႏၵိယ၊ ဂ်ပန္နဲ ့ေနာက္ကြယ္က အေမရိကန္တုိ ့ရဲ ့တရုတ္ကုိ ၀န္းရံပိတ္ဆုိ ့ေရးစိတ္ကူးဟာ အေကာင္အထည္ေပၚသြားတာျဖစ္တယ္လုိ ့ဆုိႏုိင္ပါတယ္။ ေသခ်ာတာကေတာ့ ကမၻာ့ေခါင္းေဆာင္အသီးသီးဟာလည္း အုိေဘာေၾကာင့္ စိတ္ေအးလက္ေအး ေနေနရတယ္လုိ ့မေျပာႏုိင္ေတာ့ပါဘူး။ အုိေဘာကုိ တစ္နည္းနည္းနဲ ့ျဖစ္ေစ ပတ္သက္ရမွာျဖစ္သလုိ တစ္စတစ္စၾကီးထြားလာတဲ့ တရုတ္ကုိ ထိန္းခ်ဳပ္ဖုိ ့က အုိေဘာထဲကုိ ၀င္မွျဖစ္မယ့္သေဘာမ်ဳိး မီးစိမ္းျပလာတာေတြ ့ရပါတယ္။ 

အုိေဘာထဲကေန ျမန္မာက ဘယ္လုိအက်ဳိးအျမတ္ေတြ ရွာေဖြသင့္သလဲ
တရုတ္ႏုိင္ငံရဲ ့မဟာဗ်ဳဟာျပ ေျမပုံထဲမွာ ျမန္မာႏုိင္ငံကုိ ဆက္ေၾကာင္းတစ္ခုအျဖစ္ ထည့္သြင္းေရးဆြဲမထားေပမယ့္ တရုတ္ႏုိင္ငံဘက္က နားလည္ေနတဲ့တစ္ခ်က္က အိႏၵိယသမုဒၵရာပင္လယ္ေရေၾကာင္းကုန္သြယ္ေရးထြက္ေပါက္ကုိ အတုိဆုံးနဲ ့အျမန္ဆုံးေရာက္ႏုိင္မယ့္လမ္းေၾကာင္းဟာ ျမန္မာႏုိင္ငံကလြဲျပီး အျခားႏုိင္ငံမရွိဘူးဆုိတာ သိထားသင့္ပါတယ္။ အထူးသျဖင့္ အုိေဘာထဲမွာ မျဖစ္မေနလုပ္ရမယ့္အလုပ္ေတြကုိ သိထားဖုိ ့လုိသလုိ သက္ဆုိင္ရာႏုိင္ငံအလုိက္ ျပန္လုပ္ေပးရမယ့္အပုိင္းေတြကုိလည္း ခြဲျခမ္းစိတ္ျဖာသုံးသပ္ထားဖုိ ့လုိပါတယ္။ ျမန္မာႏုိင္ငံအတြက္ကေတာ့ တရုတ္တုိ ့ဟာ ယူနန္ျပည္နယ္နဲ ့မျဖစ္မေန ပတ္သက္ရမယ့္အပိုင္းေတြရွိေနလုိ ့လမ္းေတြ ေဖာက္ကုိေဖာက္ေပးရမွာပါ။ အထူးသျဖင့္ ေက်ာက္ျဖဴကေန ယူနန္ျပည္နယ္ ကူမင္းျမိဳ ့အထိ သြယ္တန္းထားတဲ့ ေရနံနဲ ့သဘာ၀ဓါတ္ေငြ ့ပုိက္လုိင္းကုိ တည္မီွျပီးေတာ့ ေက်ာက္ျဖဴ-ကူမင္း ရထားလမ္း၊ ကားလမ္းစီမံကိန္းကုိ ေဖာ္ေဆာင္ေပးရမွာပါ။ ေက်ာက္ျဖဴ-ကူမင္းကားလမ္းနဲ ့ရထားလမ္းစီမံကိန္းဟာ လြန္ခဲ့တဲ့ ဆယ္ႏွစ္ေလာက္ကတည္းက တရုတ္ဘက္က စတင္ေလသံပစ္ထားျပီးသားျဖစ္သလုိ တရုတ္ဘက္ျခမ္းမွာေတာ့ ၂၀၁၅ မတုိင္မီကတည္းက အေ၀းေျပးလမ္းေတြ၊ ရထားလမ္းကြန္ရက္ေတြကုိ ခ်ိတ္ဆက္ေဖာ္ေဆာင္ထားျပီးျပီျဖစ္ပါတယ္။ အထူးသျဖင့္ တရုတ္-ျမန္မာနယ္စပ္ က်ယ္ေခါင္ျမိဳ ့အထိ ရထားလမ္းနဲ ့ကားလမ္းေတြက ေပါက္ေနျပီပဲျဖစ္ပါတယ္။ ျမန္မာဘက္ျခမ္းမွာေတာ့ မူဆယ္နဲ ့ကခ်င္ျပည္နယ္ဘက္က ေနရာအခ်ဳိ ့ကုိ တည္မီွျပီး ရခုိင္ျပည္နယ္အထိ ရထားလမ္း၊ ကားလမ္းေတြေျခဆန္ ့ဖုိ ့တရုတ္တုိ ့က ၀င္တုိးေနရဆဲပါပဲ။ ေဆာက္လုပ္ေရး၀န္ၾကီးဌာနကေန သိလုိက္ရတဲ့အခ်က္အလက္အခ်ဳိ ့အရ ျမန္မာဘက္ကလည္း က်ယ္ေခါင္-ေက်ာက္ျဖဴ ကားလမ္း၊ ရထားလမ္းကုိ ျမန္မာျပည္ေျမပုံမွာ ကန္ ့လန္ ့ျဖတ္ျမင္ရတဲ့အတုိင္း(ပုိက္လုိင္းအတုိင္း)ေဖာက္လုပ္ခြင့္ေပးမွာ မဟုတ္ဘဲ လမ္းအူေၾကာင္းအသစ္ေတြ ဖန္တီးေပးမယ္လုိ ့ဆုိပါတယ္။ ဒီလုိ လမ္းအူေၾကာင္းအသစ္ေတြထဲမွာ ရန္ကုန္-မႏၱေလးအျမန္လမ္းမၾကီးကုိ တစ္စိတ္တစ္ပုိင္းျဖတ္သန္းအသုံးျပဳသြားေစမယ္လုိ ့ဆုိပါတယ္။ ဆုိလုိတာက ရန္ကုန္-မႏၱေလးအျမန္လမ္းမၾကီးကုိ အဆင့္ျမင့္တင္ေရးမွာ တရုတ္ကုိေခၚသုံးသြားမယ့္၊ တရုတ္ေငြကုိ ထည့္၀င္သုံးစြဲသြားေစမယ့္သေဘာမ်ဳိးျဖစ္ပါတယ္။ ေဆာက္လုပ္ေရး၀န္ၾကီးဌာနဘက္က ေပးခ်င္တဲ့လမ္းအူေၾကာင္းေတြအရ အဂၤလိပ္အကၡရာ Z ကုိ ေျပာင္းျပန္လွန္ထားတဲ့ပုံစံမ်ဳိးျဖစ္လာလိမ့္မယ္လုိ ့ၾကားသိရဖူးပါတယ္။ ျမန္မာႏုိင္ငံဟာ လမ္းပန္းဆက္သြယ္ေရးကုိ မျဖစ္မေနျဖည့္တင္းရမယ့္ႏုိင္ငံတစ္ႏုိင္ငံျဖစ္ေနသလုိ ေဒၚလာဘီလ်ံခ်ီျပီး ရင္းႏွီးျမဳပ္ႏွံဖုိ ့အတြက္လည္း ေငြအင္အား ခ်ိနဲ ့ေနတဲ့ ႏုိင္ငံလည္း ျဖစ္ပါတယ္။ ဒီအေနအထားမွာ တရုတ္ႏုိင္ငံရဲ ့အုိေဘာကုိ ျမန္မာႏုိင္ငံက လမ္းပန္းဆက္သြယ္ေရးမွာ ထည့္သြင္းလုိက္ရင္ ျမန္မာတုိ ့ရင္းႏွီးျမဳပ္ႏွံရမယ့္ေငြပမာဏ ေတာ္ေတာ္ေလးကုိ သက္သာသြားမယ့္သေဘာမ်ဳိးျဖစ္ပါတယ္။ သုိ ့ေသာ္လည္း ဘယ္ႏုိင္ငံကမွ ခ်စ္လြန္းလုိ ့အလကားေပးမွာမဟုတ္တာကုိေတာ့ တကယ္တမ္းခ်ဳပ္ဆုိမယ့္စာခ်ဳပ္ေတြက်ရင္ သိသာမွာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း စာခ်ဳပ္ခ်ဳပ္ဆုိရမယ့္ ႏုိင္ငံေတာ္ေခါင္းေဆာင္ေတြအေနနဲ ့တရုတ္တုိ ့ရဲ ့ကြက္ေက်ာ္ျမင္တတ္ပုံနဲ ့လုိလားခ်က္ေတြကုိ စနည္းနာေထာက္လွမ္းျပီး ခ်က္ေကာင္းကုိ ထုိးတတ္ဖုိ ့လုိပါတယ္။ တရုတ္-ျမန္မာခ်ိတ္ဆက္မယ့္ကားလမ္းအတြက္က လမ္းအူေၾကာင္းကုိ ရွာေဖြတာမွာ ခက္ခဲမႈမရွိႏုိင္ေပမယ့္ ႏွစ္ႏုိင္ငံခ်ိတ္ဆက္မယ့္ အျမန္ရထားလမ္းကေတာ့ ထင္သေလာက္မလြယ္လွပါဘူး။ အထူးသျဖင့္ ျမန္မာႏုိင္ငံရဲ ့ရထားသံလမ္းေတြဟာ ႏုိင္ငံတကာသံလမ္းေတြထက္ တစ္ေပ၀န္က်င္းပုိက်ဥ္းေနတဲ့အတြက္ ရွိျပီးသားလမ္းေတြနဲ ့ဘယ္လုိမွ ခ်ိတ္ဆက္လုိ ့ရမွာ မဟုတ္ပါဘူး။ ခ်ိတ္ဆက္ခဲ့ရင္လည္း ျမန္မာျပည္ထဲကုိ ရထား၀င္လာျပီဆုိတာနဲ ့ဘုရားတရားသာ တထားၾကဖုိ ့လုိပါတယ္။ ေသခ်ာေပါက္ ရထားေမွာက္မွာပါ။ ဒါေၾကာင့္ ရထားလမ္းကုိ မျဖစ္မေနအသစ္ေဖာက္ရမွာျဖစ္သလုိ လွ်ပ္စစ္ရထားလုိမ်ဳိးသာ ေဖာ္ေဆာင္မယ္ဆုိရင္ေတာ့ တရုတ္တုိ ့ဆီကေန လွ်ပ္စစ္မီးရဖုိ ့လည္း ၾကိဳတင္ေတာင္းခံထားရပါမယ္။ အုိေဘာထဲမွာေတာ့ ဘယ္ႏုိင္ငံမွာမဆုိ ရထားလမ္း၊ ကားလမ္းနဲ ့ကုန္သြယ္ေရးဆိပ္ကမ္းေတြ ေဖာက္လုပ္ရမွာျဖစ္တဲ့အတြက္ ဒီအခ်က္ေတြအားလုံး လုိအပ္ေနတဲ့ ျမန္မာဟာ အေတာင္းအရမ္းေတြ ပက္စက္ဖုိ ့လုိသလုိ ရဲ၀ံ့စြာအေရးဆုိတတ္ဖုိ ့လုိပါတယ္။ ဒီလုိရထားလမ္း၊ ကားလမ္းေတြ၊ ဆိပ္ကမ္းေတြေဖာက္လုပ္မႈမွာ အင္ဂ်င္နီယာနည္းပညာေတြပါ၀င္လာမွာျဖစ္တဲ့အတြက္ ျမန္မာေတြဘက္ကေတာ့ ယူတတ္ရင္ပညာရမွာပါပဲ။ ေနာက္တစ္ခ်က္က ဘဏ္လုပ္ငန္းနဲ ့ဆက္စပ္တာေတြ၊ ဒီဂ်စ္တယ္နည္းပညာနဲ ့ဆက္စပ္တာေတြ၊ ပင္လယ္ေရေၾကာင္းကုန္သြယ္မႈ နက္၀ါ့ခ္ခ်ိတ္ဆက္မႈေတြမွာလည္း ျမန္မာေတြဘက္က ယူတတ္ဖုိ ့လုိေနပါတယ္။ တကယ္ေတာ့ အုိေဘာဟာ ယူတတ္ရင္(ကုိယ္က်ဳိးစီးပြားအတြက္ကုိမရည္ရြယ္ပါ) ႏုိင္ငံအတြက္ ရႏုိင္တာေတြအမ်ားအျပား ရွိထားပါတယ္။ ေသးေသးေလးကအစ အေသးစိတ္ႏုိင္စြာနဲ ့ေတာင္းဆုိတတ္ရင္၊ ႏုိင္ငံတကာစာခ်ဳပ္စာတမ္းေတြကုိ ကၽြမ္းက်င္ပုိင္ႏုိင္စြာ အသုံးခ်တတ္ရင္ တရုတ္တုိ ့ထင္သလုိ ျခယ္လွယ္ခြင့္ရမွာ မဟုတ္ပါဘူး။ အဓိကကေတာ့ ျမန္မာႏုိင္ငံရဲ ့အခ်ဳပ္အျခာပုိင္နက္ထဲကေန ျဖတ္သန္းမွာျဖစ္တဲ့အတြက္ ျမန္မာေခါင္းေဆာင္ေတြကသာလွ်င္ အဓိကက်တယ္လုိ ့ဆုိခ်င္တာပါ။

အုိေဘာမလာခင္ကတည္းက လက္ဦးမႈယူထားသူေတြ ရွိသလား
အုိေဘာကုိ တရုတ္က ေသေသခ်ာခ်ာမိတ္ဆက္ခဲ့တာဟာ ၂၀၁၇ ခုႏွစ္ကျဖစ္ျပီး အဲဒီမတုိင္မီကတည္းက လက္ဦးမႈလာယူထားတဲ့ တရုတ္ေတြ ရွိေနပါတယ္။ အထူးသျဖင့္ တရုတ္လုပ္ငန္းရွင္ေတြဟာ ျမန္မာႏုိင္ငံထဲမွာ ေျမယာေတြမ်ားစြာကုိ ၀ယ္ယူထားၾကတာပါ။ သူတုိ ့၀ယ္ယူထားတဲ့ေျမယာေတြဟာ ဘယ္ေလာက္အထိရွိမယ္ထင္သလဲလုိ ့တစ္စုံတစ္ေယာက္က ေမးလာရင္ေတာ့ ေသခ်ာေပါက္ေျဖရမွာက ျမန္မာႏုိင္ငံထိပ္ဖ်ားကေန ေအာက္ဆုံး တနသၤာရီအထိ ဘယ္တုိင္းေဒသ၊ ျပည္နယ္မွမလြတ္ဘဲ ေျမကြက္ေတြ ဧကေထာင္ခ်ီျပီး ၀ယ္ထားၾကတယ္လုိ ့ဆုိရမွာပါ။ ျပင္ဦးလြင္လုိေနရာေတြ၊ ထား၀ယ္လုိေနရာေတြ၊ ျမစ္ၾကီးနားလုိေနရာေတြ၊ ရန္ကုန္လုိေနရာေနေတြနဲ ့ေက်ာက္ျဖဴလုိေနရာေတြမွာ တရုတ္တုိ ့က တုိက္ရုိက္အမည္မခံဘဲ တစ္ဆင့္ခံလူယုံျမန္မာေတြနဲ ့ေျမ၀ယ္ထားၾကတာမ်ဳိးပါ။ ေနာက္တစ္ခ်က္ကေတာ့ တရုတ္က ေငြမည္းေတြကုိ ျမန္မာေျမထဲမွာလာျပီး ဆပ္ျပာဖြတ္လုိက္ၾကတာမ်ဳိးပါပဲ။ တရုတ္ေတြက လက္ဦးမႈယူထားသလုိ မ်က္စိၾကီးနားၾကီး ျမန္မာလုပ္ငန္းရွင္ေတြကလည္း လက္ဦးမႈယူထားျပီးသားပဲ ျဖစ္ပါတယ္။ အထူးသျဖင့္ ေျမယာကိစၥေတြက ျမန္မာလုပ္ငန္းရွင္ေတြအတြက္ မျဖစ္မေန လက္ဦးထားတဲ့အရာဆုိရင္ မမွားပါဘူး။

ျမန္မာေခါင္းေဆာင္ေတြကုိ အၾကံျပဳခ်င္တဲ့အခ်က္
မင္းသားၾကီး လြင္မုိးေျပာသလုိပါပဲ။ တစ္ခြန္းတည္းပဲ ေျပာပါမယ္။ အုိေဘာကုိ လက္ခံပါ။ ဒါေပမဲ့ စာခ်ဳပ္မခ်ဳပ္ခင္ကတည္းက အထပ္ထပ္အခါခါ စိစစ္ပါ။ ျပည္သူျပည္သားအက်ဳိးကုိ ေရွ ့ရႈငဲ့ညာစဥ္းစားပါ။ 

Unicode Version

တရုတ်နိုင်ငံရဲ့ကမ္ဘာပတ်သိမ်းမယ့် OBOR (One Belt One Road) စီမံကိန်းက မြန်မာနိုင်ငံက ဘာတွေရမလဲ။
ဒီမေးခွန်းဟာ မြန်မာနိုင်ငံသားတိုင်းက သေချာပေါက်မေးမယ့် မေးခွန်းပဲ ဖြစ်ပါတယ်။ တကယ်လည်း မြန်မာအပါအဝင် တရုတ်ပတ်လမ်း စီမံကိန်းထဲမှာ ပါဝင်တဲ့နိုင်ငံတိုင်းလိုလိုက နိုင်ငံသားတိုင်းဟာ ဒီမေးခွန်းရဲ့အဖြေကို သိပ်သိချင်နေကြတာပါ။

တရုတ်ဘက်ကလာတဲ့ မြန်မာအတွက် သတင်းစကား
အိုဘော(OBOR)ကို မြန်မာဘက်ကသာ လက်ခံခဲ့ရင် မြန်မာနိုင်ငံအတွက် ရလာနိုင်တဲ့အကျိုးကျေးဇူးတွေ ရှိသလို သတိပြုထားရမယ့်အချက်တွေလည်း ရှိတယ်လို့တရုတ်နိုင်ငံဘက်ကလာတဲ့ သတင်းအချို့နဲ့ထုတ်ပြန်အသိပေးချက်တွေမှာ ပါရှိလာပါတယ်။ ဒါတွေထဲက အချက်အလက်အချို့ကို အနှစ်ချုပ်ချပြရရင်ဖြင့် အိုဘောကြောင့် မြန်မာ့စီးပွားရေးက တိုးတက်နိုင်တယ်လို့ဆိုထားတာပါ။ " မြန်မာနိုင်ငံဟာ အိုဘောရဲ့ တောင်အာရှနဲ့အရှေ့တောင်အာရှနိုင်ငံတွေ ချိတ်ဆက်ရာ လမ်းဆုံလမ်းခွ အဓိလမ်းကြောင်းပေါ်မှာ ရှိနေတဲ့အတွက် ကဏ္ဍစုံတိုးတက်မှု ရရှိနိုင်မယ်။ အိုဘောကြောင့် နည်းပညာလည်း တိုးတက်လာမှာဖြစ်သလို သတင်းအချက်အလက်စီးဆင်းမှုတွေ လျှင်မြန်စွာဖြန့်ဝေနိုင်ပြီး နိုင်ငံတကာဈေးကွက်ထဲကို မြန်မြန်တိုးဝင်လာနိုင်လိမ့်မယ်။ အိုဘောအတွက် မဖြစ်မနေဖြည့်တင်းရမယ့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေကြောင့် မြန်မာနိုင်ငံတွင်းမှာ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ပြီး လူနေမှုအဆင့်အတန်းတွေလည်း မြင့်မားလာမယ်။ အိုဘောကြောင့်ပဲ မြန်မာမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ သန်းနဲ့ချီပြီး ထပ်ရလာနိုင်သလို မြန်မာလုပ်သားတွေဘက်ကလည်း စွမ်းရည်ပြည့်ဖို့ပြင်ဆင်ထားရမယ် " ဆိုတဲ့ အိုဘောရဲ့ လမ်းစဉ်ထဲမှာ မြန်မာနဲ့ပတ်သက်ပြီး အကောင်းမြင်ဘက်က ထည့်သွင်းရေးထားတာပါ။ အိုဘောရဲ့အစီအရင်ခံစာထဲမှာ အကောင်းဘက်က ရေးထားသလို ဖြစ်လာနိုင်တဲ့ ဆိုးကျိုးအပြစ်တွေကိုပါ ထည့်ရေးထားပါသေးတယ်။ " အိုဘောကြောင့် နိုင်ငံခြားသား ဝင်ရောက်မှုမြင့်မားလာမှာဖြစ်တဲ့အတွက် နယ်စပ်ဂိတ်တွေကနေ လူဝင်မှုကြီးကြပ်ရေးကို သေသေချာချာစိစစ်ဖို့လိုအပ်မယ်။ အခြေခံအဆောက်အအုံဖွံ့ဖြိုးဖို့အတွက် လမ်းနဲ့အခြားသောဆက်စပ်လုပ်ငန်းတွေ ဖောက်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင်တွေ၊ လူနေအိမ်တွေ၊ သစ်တောတွေ ထိခိုက်ပျက်စီးမှု ရှိလာနိုင်တယ်။ နယ်စပ်ဖြတ်ကျော် အခွန်ကိစ္စတွေနဲ့ဝင်ငွေထွက်ငွေ စိစစ်မှုလုပ်ငန်းစဉ်တွေမှာ နည်းပညာပိုင်းအရဖြစ်စေ၊ လုပ်ငန်းကျွမ်းကျင်မှု အားနည်းချက်အရဖြစ်စေ အကျိုးရှိရှိခွဲဝေအသုံးချနိုင်မှု နည်းပါးလာနိုင်တယ်။ ဒီလိုဖြစ်ရပ်အပြင် အခြားသောဆက်စပ်ဆိုးကျိုးတွေကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ကြိုတင်ကာကွယ်ထားနိုင်ဖို့လိုတယ် " လို့အိုဘော အစီအရင်ခံစာက ထည့်သွင်းဖော်ပြထားပါသေးတယ်။ ဒီအချက်အလက်တွေကတော့ မူဝါဒအားဖြင့် ရည်ညွှန်းထားတာတွေဖြစ်ပြီး အတွင်းကျကျ စေ့စေ့စပ်စပ် ထည့်သွင်းစဉ်းစားဖို့လိုပါသေးတယ်။ တရုတ်နိုင်ငံဘက်ကတော့ ဒီလိုသတင်းစကားတွေနဲ့အတူ မြန်မာဘက်က လက်ခံလာဖို့၊ မြန်မာဘက်ကလက်ခံရင် မြန်မာတွေ တိုးတက်ရာ တိုးတက်ကြောင်းဖြစ်မယ်လို့တထစ်ချပြောထားပါတယ်။ ယုံကြည်ခြင်း မယုံကြည်ခြင်းတွေကိုတော့ ဆက်ဆွေးနွေးပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အိုဘောနဲ့အတူ ကြိုဆိုခဲ့တဲ့ တရုတ်သမ္မတ ရှီကျင်းပင်
တရုတ်နိုင်ငံဟာ အိုဘောအတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကတည်းက ကြိုတင်ပြင်ဆင်နေခဲ့တာဖြစ်သလို ၂၀၁၉ ခုနှစ်ထဲမှာပဲ အိုဘောနဲ့ပတ်သက်တဲ့ Belt & Road Initiative Forum ကို သုံးကြိမ်လောက် ကျင်းပသွားဖို့ပြင်ဆင်ထားပါတယ်။ ဧပြီလ ၂၅ ရက်ကနေ ၂၇ အထိ သုံးရက်ကြာ ကျင်းပပြီးစီးခဲ့တဲ့ နှစ်ကြိမ်မြောက် Belt & Road Initiative Forum မှာလည်း တရုတ်သမ္မတ ရှီကျင်းပင်ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၃၇ နိုင်ငံက ထိပ်သီးခေါင်းဆောင်အကြီးအကဲတွေကို ကောဇောနီခင်းပြီး ကြိုဆိုခဲ့သလို နိုင်ငံပေါင်း ၁၅၀ ကျော်က လူပုဂ္ဂိုလ်ပေါင်း ၅၀၀၀ ကျော် ၊ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၉၀ ကိုပါ ဆွဲဆောင်သိမ်းသွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံက အသည်းမာတဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အိုဘောနဲ့ကြိုဆိုပြီး နားလည်မှုတွေ ရယူဖို့ကြိုးစားခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင်းပင်ဟာ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးအတွက် အသာစီးရထားတာတွေကို ကိုင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း တရုတ်သမ္မတ ရှီကျင်းပင်ကို ပျားရည်နဲ့ပဲ ဝမ်းချဖို့ကြိုးစားလာခဲ့ပါတယ်။ အထူးသဖြင့် တရုတ်ကိုင်ထားတဲ့ ဖဲက ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေရဲ့နောက်ကွယ်က အကြောင်းတရား ၊ တရုတ်နယ်စပ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတဲ့အချက်တွေဖြစ်ပြီး မြန်မာဘက်ကတော့ ဒီအချက်တွေကို မူအားဖြင့်သဘောတူတယ်ဆိုထားပြီး တရုတ်လိုချင်တဲ့ အိုဘောနဲ့မြစ်ဆုံကိစ္စမှာ ကော်မရှင်တွေဖွဲ့ပြီး မြန်မာတွေကို စည်းရုံးပေးပါမယ်ဆိုတဲ့အချက်မျိုးပါပဲ။ အထူးသဖြင့် တကယ့်တကယ်တမ်း တရုတ်နဲ့ဆက်ဆံရေးမှာ မြန်မာဘက်က ကိုင်ထားနိုင်တဲ့ Trump Card (နိုင်ပွင့်ဖဲ) မရှိပါဘူး။ တရုတ်ဘက်ကတော့ မြန်မာကို Trump Card များစွာကိုင်ပြီး လိုသလိုကစားနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာခေါင်းဆောင်ကို ကြိုဆိုမှုမှာ အပေါ်စီးမဆန်ဘဲ ညင်သာသိမ်မွေ့နွေးထွေးမှုကိုပဲ ရှီကျင်းပင်က သုံးစွဲပြခဲ့ပါတယ်။ တရုတ်တို့လိုချင်နေတာက မြန်မာနိုင်ငံကို ဖြတ်သန်းတည်ဆောက်ရမယ့် အိုဘောရဲ့အစိတ်အပိုင်းနယ်မြေတွေပဲ ဖြစ်ပြီး အဲဒီအစိတ်အပိုင်းနယ်မြေတွေကို မြန်မာဘက်က လက်ခံအတည်ပြု သုံးစွဲခွင့်ပေးရေးကို မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နည်းနဲ့ပဲ ကစားနေတာပါ။ ဒီအချက်ကိုတော့ နှစ်ဖက်စလုံးက ခေါင်းဆောင်တွေကိုယ်တိုင်လည်း သိထားပြီးဖြစ်ပါတယ်။ 

တရုတ်ရဲ့အိုဘောကို မြန်မာခေါင်းဆောင်တွေ လက်ခံထားသလား
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့တရုတ်ခရီးစဉ်မတိုင်မီကတည်းက တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံကို သွားခဲ့ပါတယ်။ ဒီလိုသွားရောက်ခဲ့တဲ့အချိန်မှာလည်း တရုတ်သမ္မတ ရှီကျင်းပင်ကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့သလို တရုတ်ဘက်က ပုံဖော်ချင်နေတဲ့ အိုဘောကို မြန်မာက လက်ခံကူညီပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်က စကားပလ္လင်ခံခဲ့ပြီးဖြစ်ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးမှာ မူအားဖြင့် သဘောတူသည် ၊ မူအားဖြင့် လက်ခံသည်၊ တတ်နိုင်သမျှ ကူညီပေးမည် ဆိုတဲ့ ထည်လဲသုံးစကားတွေကို နိုင်ငံ့ခေါင်းဆောင်တိုင်းလိုလိုက သုံးစွဲလေ့ရှိသလိုမျိုး တပ်မတော်ခေါင်းဆောင်ကလည်း မူအားဖြင့် သဘောတူလက်ခံပြီး တတ်နိုင်သမျှကူညီပေးမယ်လို့ပြောခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်မှာလည်း မြန်မာကို ဖြတ်သန်းမယ့် အိုဘောကို မူအားဖြင့် လက်ခံပြီး လိုအပ်တဲ့စာချုပ်စာတမ်းချုပ်ဆိုမှုတွေနဲ့ခိုင်ခိုင်မာမာ ရှေ့ဆက်သွားကြဖို့စကားတွေ ထားခဲ့ကြတယ်လို့ဆိုပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက တရုတ်သမ္မတ ရှီကျင်းပင်ကိုယ်တိုင် တရားဝင်စတင်မိတ်ဆက်ခဲ့တဲ့ အိုဘောကို ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက မူအားဖြင့် သဘောတူထားပြီးသားဖြစ်သလို နောက်တက်လာမယ့်အစိုးရတွေကလည်း မူအားဖြင့် သဘောတူသည်လို့သာ မဖြစ်မနေ ပြောကိုပြောကြမှာပဲ ဖြစ်ပါတယ်။ ဆိုလိုရရင်ဖြင့် အိုဘောကို မူအားဖြင့် လက်ခံတယ်ဆိုတာဟာ ခေါင်းဆောင်အဆက်ဆက်က မဖြစ်မနေ ပြောရမယ့်အချက် ဖြစ်ကိုဖြစ်နေတာပါ။ 

အိုဘောက မြန်မာရဲ့ဘယ်နေရာတွေကို ဖြတ်သန်းမှာတဲ့လဲ
အများစုကတော့ အိုဘောရဲ့မြန်မာနိုင်ငံထဲက ဆုံရပ်ဟာ ကျောက်ဖြူလို့ပဲ သိထားပါတယ်။ ဒါလည်း မှန်ပါတယ်။ တရုတ်နိုင်ငံကိုယ်တိုင်က ကမ္ဘာပတ်လမ်းစီမံကိန်းထဲမှာ Check Piont နိုင်ငံတွေနဲ့မြို့ကြီးတွေကို ပြထားပေမယ့် အဲဒီမြို့ကြီးတွေ၊ နိုင်ငံတွေ နေရာမှာ မြန်မာနိုင်ငံ ပါဝင်မနေတာဟာ ထူးခြားတဲ့အချက်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် Google မှာ ရှာကြည့်ရင်ဖြစ်စေ၊ အိုဘောရဲ့တရားဝင်ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်ရင်ဖြစ်စေ အိုဘောပတ်လမ်းပြ မြေပုံလမ်းကြောင်းထဲမှာ မြန်မာနိုင်ငံ လုံး၀ ပါဝင်မနေပါဘူး။ ဘာကြောင့် ပါဝင်မနေတာလဲဆိုတာက စိတ်ဝင်စားဖွယ် တရုတ်တို့ရဲ့မြုပ်ကွက်ဖြစ်နေသလို မြန်မာနိုင်ငံကို ထည့်မထားပဲနဲ့ဘာကြောင့် မြန်မာကို အသည်းအသန်စည်းရုံးနေသလဲဆိုတာက ထည့်တွေးရမယ့်အချက် ဖြစ်လာပါတယ်။ မြန်မာနိုင်ငံက လူတန်းစားတစ်ရပ်သာလျှင် သိနိုင်တဲ့အချက်လည်း ဖြစ်သွားတဲ့ အိုဘောက မြန်မာရဲ့ဘယ်နေရာကို ဖြတ်သန်းမှာလဲဆိုတာဟာ မြန်မာလုပ်ငန်းရှင်တွေအတွက်လည်း ငွေတွင်းကြီးဖြစ်နေပါတယ်။ တရုတ်ဘက်က တရားဝင်ထုတ်ပြန်အသိပေးမထားပေမယ့် သေချာပေါက် ထည့်စဉ်းစားရမယ့် နေရာ သုံးခုထက်မနည်းရှိပါတယ်။ ဒါကတော့ ရခိုင်ကမ်းရိုးတန်းဒေသထဲက ကျောက်ဖြူ ၊ တနင်္သာရီကမ်းရိုးတန်းဒေသထဲက ထားဝယ်သို့မဟုတ် သီးခြားတစ်ခု ၊ မြစ်ဝကျွန်းပေါ်နဲ့ဆက်စပ်ဒေသထဲက ရန်ကုန်သို့မဟုတ် ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာနိုင်ငံအလယ်ပိုင်းက မန္တလေးနဲ့မြန်မာနိုင်ငံအထက်ပိုင်း မြစ်ကြီးနား-မြစ်ဆုံ စီးပွားရေးစြင်္ကန်တို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားဖွယ်အကောင်းဆုံးနောက်ထပ် တစ်နေရာလည်း ရှိနေပါသေးတယ်။ ကရင်ပြည်နယ်နဲ့ထိုင်းနယ်စပ်ဒေသတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မြစ်ကြီးနား-မြစ်ဆုံစီးပွားရေးစြင်္ကန်ဟာ ဘယ်သူမှထည့်သွင်း သတ်မှတ်မထားတဲ့ မြုပ်ကွက်တစ်ခုလည်း ဖြစ်နေပါတယ်။ အထူးသဖြင့် မြစ်ဆုံရေကာတာစီမံကိန်းကို တရုတ်တို့အသည်းအသန်လိုချင်နေတာဟာ မြစ်ဆုံဒေသက သဘာဝသယံဇာတတွေအပြင် မြစ်ကြီးနား-မြစ်ဆုံ စီပွားရေးစြင်္ကန်ကြောင့်လည်း ပါဝင်တယ်လို့ဆိုရမှာပါ။ မြစ်ကြီးနား-မြစ်ဆုံ စီးပွားရေးစြင်္ကန်ထဲမှာ စိုက်ပျိုးရေးဇုန်၊ စက်မှုဇုန်၊ ကုန်သွယ်ရေးဇုန်၊ ဇီဝထုတ်ကုန်ပြုပြင်ထိမ်းသိမ်းရေးဇုန် အပါအဝင် ဇုန်ပေါင်း ၁၂ ဇုန်လောက်ထည့်သွင်းထားသလို လေဆိပ်တွေပါ ပါဝင်နေခဲ့ပါတယ်။ တရုတ်တို့ရဲ့လူသိမခံသေးတဲ့ မြစ်ကြီးနား-မြစ်ဆုံစီးပွားရေးစြင်္ကန်အစီအရင်ခံစာထဲက စာမျက်နှာတစ်မျက်နှာတည်းကတင် တရုတ်နိုင်ငံရဲ့ကြိုတင်ပြင်ဆင်မှုတစ်ပိုင်းတစ်စကို မြင်လိုက်ရတာလည်း ဖြစ်ပါတယ်။ 

အိုဘော ဘယ်လိုဖြစ်တည်လာသလဲ ၊ အိုဘောက ဘယ်အထိသွားမှာလဲနဲ့အိုဘောရဲ့စိတ်ဝင်စားဖွယ် အချက်အလက်တွေ
အိုဘောဟာ တကယ်တော့ တရုတ်နိုင်ငံရဲ့ဘုရင်တွေလက်ထက်ကတည်းက ရှိခဲ့ဖူးတဲ့ အာရှ-ဥရောပ ချိတ်ဆက် Silk Road (ပိုးလမ်းမကြီး)ကို ဗားရှင်းလေးဆင့်လောက် မြှင့်ထားတဲ့ မဟာစီမံကိန်းကြီးဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တရုတ်နိုင်ငံရဲ့၂၁ ရာစုအလွန် ကမ္ဘာ့နံပါတ်တစ်ဖြစ်ရေး မဟာအိပ်မက် ကမ္ဘာပတ်လမ်းစီမံကိန်းကြီးလို့ဆိုရမှာပါ။ တရုတ်တို့လက်ခံချင်သည်ဖြစ်စေ၊ ငြင်းဆိုသည်ဖြစ်စေ အိုဘောဟာ တရုတ်ကို ကမ္ဘာကြီးက ပြန်လည်မှီခိုရေး၊ နောက်တစ်နည်းအားဖြင့် တရုတ်က ကမ္ဘာ့ခေါင်းဆောင်ဖြစ်ရေး အိပ်မက်ကြီးလို့ဆိုနိုင်ပါတယ်။ အိုဘောရဲ့မှတ်စုလေးတွေမှာတော့ ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာ သမ္မတ ရှီကျင်းပင်က Silk Road Economic Belt ဆိုပြီး စတင်မိတ်ဆက်ခဲ့ပါတယ်။ နောက်တစ်လကြာတဲ့အချိန်မှာတော့ 21st Century Maritime Silk Road ဆိုပြီး ထပ်ပြောပြန်ပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာမှာတော့ အဲဒီစီမံကိန်းကြီးအတွက် Silk Road Fund ဆိုပြီး ဒေါ်လာ ၄၀ ဘီလျံထည့်ဝင်မှာဖြစ်ကြောင်း သမ္မတရှီကျင်းပင်က ပြောပါတယ်။ ၂၀၁၅ ခုနှစ် မတ်လရောက်ချိန်မှာတော့ Silk Road Economic Belt နဲ့21st Century Maritime Silk Road ဆိုပြီး နှစ်ခုတစ်ခုပေါင်းစပ်မှာ ဖြစ်ကြောင်း ထပ်မံကြေညာပါတယ်။ ၂၀၁၅ ဒီဇင်ဘာလမှာတော့ အဲဒီစီမံကိန်းတွေအတွက် အခြေခံတည်ထောင်ပေးမယ့် AIIB ( Asian Infrasture Investment Bank ) ကို စတင် တည်ထောင်လိုက်ပါတယ်။ ၂၀၁၆ ခုနှစ် ဇွန်လမှာတော့ China Railway Express ကုမ္ပဏီကို တည်ထောင်ပေးပြန်ပါတယ်။ အဲဒီလမှာပဲ မွန်ဂိုလီးယား၊ ရုရှားတို့နဲ့အတူ China-Mongolia-Russia ဆိုတဲ့ အိုဘောကို အထောက်အကူပေးမယ့် သုံးနိုင်ငံချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို ချုပ်ဆိုလိုက်ပါတယ်။ ၂၀၁၇ ခုနှစ် မေလမှာတော့ ပထမဆုံးအကြိမ် Belt & Road Forum ကို ပေကျင်းမှာပဲ စတင်ကျင်းပခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇွန်လနဲ့အောက်တိုဘာလတွေမှာ BRI (Belt & Road Initiative) အစီအရင်ခံစာ ပထမဆုံးတစ်စောင်ကို စတင်ထုတ်ပြန်ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီအတွင်းမှာ အတည်ပြုခဲ့ကြပါတယ်။ ၂၀၁၈ ဇန်နဝါရီလမှာ အိုဘောအတွက် မလိုလားအပ်တဲ့အရှုပ်အထွေးတွေကို ဖြေရှင်းနိုင်စေဖို့ဆက်စပ်နိုင်ငံတွေနဲ့ချိတ်ဆက်ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်တိုက်စတင်လုပ်ဆောင်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ် မတ်လမှာတော့ ဥရောပနိုင်ငံတွေထဲက အီတလီနိုင်ငံက ပထမဆုံးသောပူးပေါင်းပါဝင်မှုအဖြစ် BRI ကို လက်ခံဆွေးနွေးလာပါတယ်။ ဧပြီ ၂၅-၂၇ မှာတော့ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကို ဈေးကွက်ပရိုမိုးရှင်းထပ်ဆင်းပါတယ်။ ဒီနှစ် ၂၀၁၉ ရဲ့စက်တင်ဘာလလောက်မှာပဲ နောက်ထပ် Belt & Road Initiative ဖိုရမ်တစ်ခု ထပ်လုပ်ဖို့စီစဉ်ထားပြီး ဖြစ်ပါတယ်။ ၂၀၁၃ တုန်းက နိုင်ငံပေါင်း ၆၅ နိုင်ငံ ပူးပေါင်းပါဝင်ဖို့လိုအပ်တယ်ဆိုတဲ့ အိုဘောမှာ ဒေါ်လာ ၉၀၀ ဘီလျံလောက် ရင်းနှီးမြုပ်နှံဖို့လိုအပ်တယ်လို့တရုတ်နိုင်ငံဘက်က အတည်ပြုခဲ့ပါတယ်။ ဒီအထဲမှာမှ အာရှပစိဖိတ် ၄၅ နိုင်ငံအတွင်းမှာ အိုဘောနဲ့ဆက်စပ်ပြီး အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြုပ်နှံရမယ့်ငွေဟာ ဒေါ်လာ ၁ ဒသမ ၇ ထရီလီယံ ရှိလိမ့်မယ်လို့ADB က ခန့်မှန်းထားခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ BRI ကို စတင်အသိပေးမိတ်ဆက်လိုက်တဲ့ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဆက်စပ်နိုင်ငံတွေနဲ့ကုန်သွယ်ရေးမှာ ဒေါ်လာ ၆၉၇၅ ဒသမ ၆၂၃ ဘီလျံအထိ အပြန်အလှန်ကုန်သွယ်မှုတွေ လုပ်နိုင်ခဲ့တယ်လို့အချက်အလက်တွေက ဆိုပါတယ်။ အိုဘောထဲမှာ မဖြစ်မနေ ဖော်ဆောင်ရမှာက နိုင်ငံပေါင်း ၂၀၀ လောက်မှာ ဆိပ်ကမ်းကြီးပေါင်း ၆၀၀ တည်ဆောက်ဖို့ပြင်ဆင်ထားသလို တရုတ်ဘက်က နိုင်ငံပေါင်း ၆၂ နိုင်ငံနဲ့လေကြောင်းပျံသန်းရေး သဘောတူစာချုပ်တွေ လိုက်ချုပ်နေပြီလို့သတင်းတွေ ရထားပါတယ်။ တကယ်လို့အဲဒီ ၆၂ နိုင်ငံနဲ့အိုဘောရဲ့မူဘောင်အတွင်းမှာ လေကြောင်းပျံသန်းရေးဆိုင်ရာ အပြန်အလှန်သဘောတူနိုင်ခဲ့ရင် တစ်ပတ်အတွင်း ၄၅ နိုင်ငံရဲ့လေကြောင်းပျံသန်းမှုအကြိမ်ရေ ၅၀၀၀ ကျော်ရှိလိမ့်မယ်လို့တွက်ချက်ထားပါတယ်။ အိုဘောထဲမှာ ပါဝင်တဲ့နိုင်ငံတွေနဲ့အလုပ်လုပ်ရင် ငွေကြေးကိစ္စက မဖြစ်မနေပါကို ပါလာရမှာဖြစ်တဲ့အတွက်လည်း တရုတ်တို့က ငွေကြေးစနစ်ခိုင်မာအားကောင်းတဲ့ နိုင်ငံ ၂၄ နိုင်ငံမှာ ဘဏ်ခွဲပေါင်း ၁၀၂ ခုကို Payment Gateway System တစ်ခုတည်ဆောက်ထားပြီးပြီဖြစ်သလို အဲဒီစနစ်ကို ကျင့်သုံးဖို့အတွက် နိုင်ငံပေါင်း ၄၀ က ဘဏ်ပေါင်း ၁၆၅ ဘဏ်နဲ့အကြိုသဘောတူညီမှုရယူထားပြီးပါပြီ။ အိုဘောပတ်လမ်းထဲမှာ ကမ္ဘာ့တိုက်ကြီး(၆)တိုက်ထဲက နိုင်ငံပေါင်း ၁၂၆ နိုင်ငံပါဝင်ထားတာမှာ ဇုန်အလိုက်ခွဲရင် အာရှတိုက်က ၃၆ နိုင်ငံ၊ ဥရောပတိုက်က ၂၆ နိုင်ငံ၊ မြောက်အမေရိကတိုက်က ၁၁ နိုင်ငံ၊ တောင်အမေရိကတိုက်က ၇ နိုင်ငံ၊ အာဖရိကတိုက်က ၃၇ နိုင်ငံနဲ့သမုဒ္ဒရာဇုန်က ၉ နိုင်ငံ ပါဝင်တယ်လို့ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ ကမ္ဘာမှာ နိုင်ငံပေါင်း ၂၀၀ ကျော်ရှိတဲ့အထဲက ထက်ဝက်ကျော်ကို တရုတ်ပတ်လမ်းထဲမှာ ထည့်ထားလိုက်ပြီဆိုရင် ဒါက ဘာကိုရည်ညွှန်းတယ်လို့ဆိုချင်ပါသလဲ။

အိုဘောအတွက် တရုတ်ရဲ့လူမှုဗေဒဆိုင်ရာ စိတ်ဝင်စားဖွယ် ကြိုတင်ပြင်ဆင်မှု
တစ်ချိန်က တရုတ်နိုင်ငံဟာ စီးပွားရေးအကျိုးအမြတ်ရဖို့အတွက် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ဘယ်သူ့အတွက်မှ ထည့်မစဉ်းစားတဲ့ လူကြမ်းစီးပွားရှာနည်းကိုသုံးခဲ့ပါတယ်။ သုံးခဲ့လို့လည်း နိုင်ငံအသီးသီးက မုန်းခဲ့တာကို ခံရပါတယ်။ ဒီဘက် ဆယ်စုနှစ်ကိုရောက်လာချိန်မှာတော့ တရုတ်တို့ဗျုဟာပြောင်းလဲသွားပါတယ်။ ဒါကတော့ ပြည်သူချင်း ချစ်ကြည်ရင်းနှီးမှုရဖို့အတွက် တရုတ်နိုင်ငံသား လူငယ်မျိုးဆက် ပညာတော်သင်တွေကို ကမ္ဘာ့နိုင်ငံအသီးသီးဆီကို ခွဲတမ်းကျပုံစံနဲ့စေလွှတ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်အထိကိုပဲ တရုတ်နိုင်ငံသား ပညာတော်သင် လူငယ်မျိုးဆက် ၆ သိန်းတိတိကို အိုဘောပတ်လမ်းရှိရာနိုင်ငံတိုင်းလိုလိုကို စေလွှတ်ခဲ့တယ်လို့သိရပါတယ်။ ဒီလူငယ်တွေက သက်ဆိုင်ရာနိုင်ငံတွေမှာ ဝင်ရောက်ပြီးတော့ ဘာသာစကားကိုသင်ယူပါတယ်။ အမှုအကျင့်နဲ့ဗီဇတွေကို လေ့လာပါတယ်။ အားနည်းချက်အားသာချက်တွေကို မှတ်တမ်းပြုစုကြပါတယ်။ ဘယ်လိုစည်းရုံးရင် ရနိုင်မလဲဆိုတာကို စနည်းနာကြပါတယ်။ ယဉ်ကျေးမှုတွေကို စူးစမ်းကြပါတယ်။ ဘယ်အချက်ကိုထိရင် လက်မခံဘူးလဲဆိုတာကို ကင်းထောက်ကြပါတယ်။ လိုအပ်ရင် သက်ဆိုင်ရာနိုင်ငံတွေရဲ့အစိုးရအသိုင်းအဝိုင်းထဲအထိ တိုးဝင်လို့ရမယ့်လမ်းကြောင်းတွေကိုပါ ရှာဖွေထားပါတယ်။ နောက်ထပ်စိတ်ဝင်စားဖွယ်အချက်ကတော့ တရုတ်တို့ရဲ့နတ်ဘုရားတစ်ပါးလို ကိုးကွယ်ဆည်းကပ်တဲ့ ကမ္ဘာကျော်ပညာရှင်ကြီး ကွန်ဖြူးရှပ်ဝါဒကို သွပ်သွင်းရေး စီမံချက်ပဲဖြစ်ပါတယ်။ ကွန်ဖြူးရှပ်ဝါဒဟာ လူသားတွေအပေါ်မှာ လွန်စွာအကျိုးပြုတယ်ဆိုတာကို တစ်ကမ္ဘာလုံးက လက်ခံထားပြီးသားဖြစ်တဲ့အတွက် ကွန်ဖြူးရှပ်အစစ်နဲ့ဂျင်းကွန်ဖြူးရှပ်ဝါဒကိုပါ သက်ဆိုင်ရာနိုင်ငံတိုင်းကို သွပ်သွင်းဖို့ပြင်ဆင်ပါတယ်။ ဒီအတွက် ကွန်ဖြူးရှပ်အမျိုးသားယဉ်ကျေးမှုစင်တာ ၁၇ ခု ဆောက်ထားပါတယ်။ ကွန်ဖြူးရှပ်အယူအဆဖြန့်ချိရေး အင်စတီကျု့၁၇၃ ခု ဖွင့်ထားပြီးပါပြီ။ ကွန်ဖြူးရှပ် အယူဝါဒဆိုင်ရာ စာသင်ခန်းပေါင်း ၁၈၄ ခုကို နိုင်ငံအသီးသီးမှာ တစ်ဆင့်ချင်း တည်ထောင်ထားပါတယ်။ 

အိုဘောနဲ့ပတ်သက်ပြီး ကမ္ဘာ့ခေါင်းဆောင်အချို့ရဲ့မှတ်ချက်
" ဘယ်နိုင်ငံကမှ တရုတ်နိုင်ငံရဲ့ရေရှည်အကျိုးအမြတ်ကို မျှော်ကိုးပြီး စီမံချက်ချမှတ်ဖော်ဆောင်ထားနိုင်တာမျိုး မတွေ့ရသေးပါဘူး။ တရုတ်တို့ရဲ့BRI ဟာ နှစ် ၁၀၀ စီမံကိန်းပဲ ဖြစ်ပါတယ် " လို့ဆွစ်ဇာလန်သမ္မတသစ် Ueli Maurer က လွန်ခဲ့တဲ့ရက်ပိုင်းကပဲ မှတ်ချက်ပြုခဲ့ပါတယ်။ တရုတ်ရဲ့အစဉ်အလာပြိုင်ဘက် အိန္ဒိယနဲ့ဂျပန်ခေါင်းဆောင်တွေကလည်း အိုဘောကို အကွက်မြင်လှတဲ့ မဟာဗျုဟာတစ်ခုအဖြစ် လက်ခံထားကြသလို အိုဘောကို Counter ပြန်ထိန်းနိုင်မယ့် Asia-Africa Growth Corridor (AAGC) ကို နှစ်နိုင်ငံပူးပေါင်းပြီး ဦးဆောင်အကောင်အထည်ဖော်ဖို့၂၀၁၇ မှာ ကမ္ဘာကိုကြေညာခဲ့ပါတယ်။ အာရှနဲ့အာဖရိကတိုက်တို့ကို ချိတ်ဆက်နိုင်ရင် နိုင်ငံပေါင်း ၁၀၀ နီးပါး ရှိလာမှာဖြစ်ပြီး ဒီနိုင်ငံတွေအားလုံးက အိုဘောထက် AAGC ကိုသာ လက်ခံကြမယ်ဆိုရင် နောက်တစ်နည်းအားဖြင့် AAGC ကြောင့် အိုဘောကို ေ၀ဝါးသွားကြမယ်ဆိုရင် အိန္ဒိယ၊ ဂျပန်နဲ့နောက်ကွယ်က အမေရိကန်တို့ရဲ့တရုတ်ကို ဝန်းရံပိတ်ဆို့ရေးစိတ်ကူးဟာ အကောင်အထည်ပေါ်သွားတာဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ သေချာတာကတော့ ကမ္ဘာ့ခေါင်းဆောင်အသီးသီးဟာလည်း အိုဘောကြောင့် စိတ်အေးလက်အေး နေနေရတယ်လို့မပြောနိုင်တော့ပါဘူး။ အိုဘောကို တစ်နည်းနည်းနဲ့ဖြစ်စေ ပတ်သက်ရမှာဖြစ်သလို တစ်စတစ်စကြီးထွားလာတဲ့ တရုတ်ကို ထိန်းချုပ်ဖို့က အိုဘောထဲကို ဝင်မှဖြစ်မယ့်သဘောမျိုး မီးစိမ်းပြလာတာတွေ့ရပါတယ်။ 

အိုဘောထဲကနေ မြန်မာက ဘယ်လိုအကျိုးအမြတ်တွေ ရှာဖွေသင့်သလဲ
တရုတ်နိုင်ငံရဲ့မဟာဗျုဟာပြ မြေပုံထဲမှာ မြန်မာနိုင်ငံကို ဆက်ကြောင်းတစ်ခုအဖြစ် ထည့်သွင်းရေးဆွဲမထားပေမယ့် တရုတ်နိုင်ငံဘက်က နားလည်နေတဲ့တစ်ချက်က အိန္ဒိယသမုဒ္ဒရာပင်လယ်ရေကြောင်းကုန်သွယ်ရေးထွက်ပေါက်ကို အတိုဆုံးနဲ့အမြန်ဆုံးရောက်နိုင်မယ့်လမ်းကြောင်းဟာ မြန်မာနိုင်ငံကလွဲပြီး အခြားနိုင်ငံမရှိဘူးဆိုတာ သိထားသင့်ပါတယ်။ အထူးသဖြင့် အိုဘောထဲမှာ မဖြစ်မနေလုပ်ရမယ့်အလုပ်တွေကို သိထားဖို့လိုသလို သက်ဆိုင်ရာနိုင်ငံအလိုက် ပြန်လုပ်ပေးရမယ့်အပိုင်းတွေကိုလည်း ခွဲခြမ်းစိတ်ဖြာသုံးသပ်ထားဖို့လိုပါတယ်။ မြန်မာနိုင်ငံအတွက်ကတော့ တရုတ်တို့ဟာ ယူနန်ပြည်နယ်နဲ့မဖြစ်မနေ ပတ်သက်ရမယ့်အပိုင်းတွေရှိနေလို့လမ်းတွေ ဖောက်ကိုဖောက်ပေးရမှာပါ။ အထူးသဖြင့် ကျောက်ဖြူကနေ ယူနန်ပြည်နယ် ကူမင်းမြို့အထိ သွယ်တန်းထားတဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းကို တည်မှီပြီးတော့ ကျောက်ဖြူ-ကူမင်း ရထားလမ်း၊ ကားလမ်းစီမံကိန်းကို ဖော်ဆောင်ပေးရမှာပါ။ ကျောက်ဖြူ-ကူမင်းကားလမ်းနဲ့ရထားလမ်းစီမံကိန်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက တရုတ်ဘက်က စတင်လေသံပစ်ထားပြီးသားဖြစ်သလို တရုတ်ဘက်ခြမ်းမှာတော့ ၂၀၁၅ မတိုင်မီကတည်းက အဝေးပြေးလမ်းတွေ၊ ရထားလမ်းကွန်ရက်တွေကို ချိတ်ဆက်ဖော်ဆောင်ထားပြီးပြီဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်-မြန်မာနယ်စပ် ကျယ်ခေါင်မြို့အထိ ရထားလမ်းနဲ့ကားလမ်းတွေက ပေါက်နေပြီပဲဖြစ်ပါတယ်။ မြန်မာဘက်ခြမ်းမှာတော့ မူဆယ်နဲ့ကချင်ပြည်နယ်ဘက်က နေရာအချို့ကို တည်မှီပြီး ရခိုင်ပြည်နယ်အထိ ရထားလမ်း၊ ကားလမ်းတွေခြေဆန့်ဖို့တရုတ်တို့က ဝင်တိုးနေရဆဲပါပဲ။ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သိလိုက်ရတဲ့အချက်အလက်အချို့အရ မြန်မာဘက်ကလည်း ကျယ်ခေါင်-ကျောက်ဖြူ ကားလမ်း၊ ရထားလမ်းကို မြန်မာပြည်မြေပုံမှာ ကန့်လန့်ဖြတ်မြင်ရတဲ့အတိုင်း(ပိုက်လိုင်းအတိုင်း)ဖောက်လုပ်ခွင့်ပေးမှာ မဟုတ်ဘဲ လမ်းအူကြောင်းအသစ်တွေ ဖန်တီးပေးမယ်လို့ဆိုပါတယ်။ ဒီလို လမ်းအူကြောင်းအသစ်တွေထဲမှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို တစ်စိတ်တစ်ပိုင်းဖြတ်သန်းအသုံးပြုသွားစေမယ်လို့ဆိုပါတယ်။ ဆိုလိုတာက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို အဆင့်မြင့်တင်ရေးမှာ တရုတ်ကိုခေါ်သုံးသွားမယ့်၊ တရုတ်ငွေကို ထည့်ဝင်သုံးစွဲသွားစေမယ့်သဘောမျိုးဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်က ပေးချင်တဲ့လမ်းအူကြောင်းတွေအရ အင်္ဂလိပ်အက္ခရာ Z ကို ပြောင်းပြန်လှန်ထားတဲ့ပုံစံမျိုးဖြစ်လာလိမ့်မယ်လို့ကြားသိရဖူးပါတယ်။ မြန်မာနိုင်ငံဟာ လမ်းပန်းဆက်သွယ်ရေးကို မဖြစ်မနေဖြည့်တင်းရမယ့်နိုင်ငံတစ်နိုင်ငံဖြစ်နေသလို ဒေါ်လာဘီလျံချီပြီး ရင်းနှီးမြုပ်နှံဖို့အတွက်လည်း ငွေအင်အား ချိနဲ့နေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဒီအနေအထားမှာ တရုတ်နိုင်ငံရဲ့အိုဘောကို မြန်မာနိုင်ငံက လမ်းပန်းဆက်သွယ်ရေးမှာ ထည့်သွင်းလိုက်ရင် မြန်မာတို့ရင်းနှီးမြုပ်နှံရမယ့်ငွေပမာဏ တော်တော်လေးကို သက်သာသွားမယ့်သဘောမျိုးဖြစ်ပါတယ်။ သို့သော်လည်း ဘယ်နိုင်ငံကမှ ချစ်လွန်းလို့အလကားပေးမှာမဟုတ်တာကိုတော့ တကယ်တမ်းချုပ်ဆိုမယ့်စာချုပ်တွေကျရင် သိသာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စာချုပ်ချုပ်ဆိုရမယ့် နိုင်ငံတော်ခေါင်းဆောင်တွေအနေနဲ့တရုတ်တို့ရဲ့ကွက်ကျော်မြင်တတ်ပုံနဲ့လိုလားချက်တွေကို စနည်းနာထောက်လှမ်းပြီး ချက်ကောင်းကို ထိုးတတ်ဖို့လိုပါတယ်။ တရုတ်-မြန်မာချိတ်ဆက်မယ့်ကားလမ်းအတွက်က လမ်းအူကြောင်းကို ရှာဖွေတာမှာ ခက်ခဲမှုမရှိနိုင်ပေမယ့် နှစ်နိုင်ငံချိတ်ဆက်မယ့် အမြန်ရထားလမ်းကတော့ ထင်သလောက်မလွယ်လှပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ရထားသံလမ်းတွေဟာ နိုင်ငံတကာသံလမ်းတွေထက် တစ်ပေဝန်ကျင်းပိုကျဉ်းနေတဲ့အတွက် ရှိပြီးသားလမ်းတွေနဲ့ဘယ်လိုမှ ချိတ်ဆက်လို့ရမှာ မဟုတ်ပါဘူး။ ချိတ်ဆက်ခဲ့ရင်လည်း မြန်မာပြည်ထဲကို ရထားဝင်လာပြီဆိုတာနဲ့ဘုရားတရားသာ တထားကြဖို့လိုပါတယ်။ သေချာပေါက် ရထားမှောက်မှာပါ။ ဒါကြောင့် ရထားလမ်းကို မဖြစ်မနေအသစ်ဖောက်ရမှာဖြစ်သလို လျှပ်စစ်ရထားလိုမျိုးသာ ဖော်ဆောင်မယ်ဆိုရင်တော့ တရုတ်တို့ဆီကနေ လျှပ်စစ်မီးရဖို့လည်း ကြိုတင်တောင်းခံထားရပါမယ်။ အိုဘောထဲမှာတော့ ဘယ်နိုင်ငံမှာမဆို ရထားလမ်း၊ ကားလမ်းနဲ့ကုန်သွယ်ရေးဆိပ်ကမ်းတွေ ဖောက်လုပ်ရမှာဖြစ်တဲ့အတွက် ဒီအချက်တွေအားလုံး လိုအပ်နေတဲ့ မြန်မာဟာ အတောင်းအရမ်းတွေ ပက်စက်ဖို့လိုသလို ရဲဝံ့စွာအရေးဆိုတတ်ဖို့လိုပါတယ်။ ဒီလိုရထားလမ်း၊ ကားလမ်းတွေ၊ ဆိပ်ကမ်းတွေဖောက်လုပ်မှုမှာ အင်ဂျင်နီယာနည်းပညာတွေပါဝင်လာမှာဖြစ်တဲ့အတွက် မြန်မာတွေဘက်ကတော့ ယူတတ်ရင်ပညာရမှာပါပဲ။ နောက်တစ်ချက်က ဘဏ်လုပ်ငန်းနဲ့ဆက်စပ်တာတွေ၊ ဒီဂျစ်တယ်နည်းပညာနဲ့ဆက်စပ်တာတွေ၊ ပင်လယ်ရေကြောင်းကုန်သွယ်မှု နက်ဝါ့ခ်ချိတ်ဆက်မှုတွေမှာလည်း မြန်မာတွေဘက်က ယူတတ်ဖို့လိုနေပါတယ်။ တကယ်တော့ အိုဘောဟာ ယူတတ်ရင်(ကိုယ်ကျိုးစီးပွားအတွက်ကိုမရည်ရွယ်ပါ) နိုင်ငံအတွက် ရနိုင်တာတွေအများအပြား ရှိထားပါတယ်။ သေးသေးလေးကအစ အသေးစိတ်နိုင်စွာနဲ့တောင်းဆိုတတ်ရင်၊ နိုင်ငံတကာစာချုပ်စာတမ်းတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတတ်ရင် တရုတ်တို့ထင်သလို ခြယ်လှယ်ခွင့်ရမှာ မဟုတ်ပါဘူး။ အဓိကကတော့ မြန်မာနိုင်ငံရဲ့အချုပ်အခြာပိုင်နက်ထဲကနေ ဖြတ်သန်းမှာဖြစ်တဲ့အတွက် မြန်မာခေါင်းဆောင်တွေကသာလျှင် အဓိကကျတယ်လို့ဆိုချင်တာပါ။

အိုဘောမလာခင်ကတည်းက လက်ဦးမှုယူထားသူတွေ ရှိသလား
အိုဘောကို တရုတ်က သေသေချာချာမိတ်ဆက်ခဲ့တာဟာ ၂၀၁၇ ခုနှစ်ကဖြစ်ပြီး အဲဒီမတိုင်မီကတည်းက လက်ဦးမှုလာယူထားတဲ့ တရုတ်တွေ ရှိနေပါတယ်။ အထူးသဖြင့် တရုတ်လုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံထဲမှာ မြေယာတွေများစွာကို ဝယ်ယူထားကြတာပါ။ သူတို့ဝယ်ယူထားတဲ့မြေယာတွေဟာ ဘယ်လောက်အထိရှိမယ်ထင်သလဲလို့တစ်စုံတစ်ယောက်က မေးလာရင်တော့ သေချာပေါက်ဖြေရမှာက မြန်မာနိုင်ငံထိပ်ဖျားကနေ အောက်ဆုံး တနင်္သာရီအထိ ဘယ်တိုင်းဒေသ၊ ပြည်နယ်မှမလွတ်ဘဲ မြေကွက်တွေ ဧကထောင်ချီပြီး ဝယ်ထားကြတယ်လို့ဆိုရမှာပါ။ ပြင်ဦးလွင်လိုနေရာတွေ၊ ထားဝယ်လိုနေရာတွေ၊ မြစ်ကြီးနားလိုနေရာတွေ၊ ရန်ကုန်လိုနေရာနေတွေနဲ့ကျောက်ဖြူလိုနေရာတွေမှာ တရုတ်တို့က တိုက်ရိုက်အမည်မခံဘဲ တစ်ဆင့်ခံလူယုံမြန်မာတွေနဲ့မြေဝယ်ထားကြတာမျိုးပါ။ နောက်တစ်ချက်ကတော့ တရုတ်က ငွေမည်းတွေကို မြန်မာမြေထဲမှာလာပြီး ဆပ်ပြာဖွတ်လိုက်ကြတာမျိုးပါပဲ။ တရုတ်တွေက လက်ဦးမှုယူထားသလို မျက်စိကြီးနားကြီး မြန်မာလုပ်ငန်းရှင်တွေကလည်း လက်ဦးမှုယူထားပြီးသားပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြေယာကိစ္စတွေက မြန်မာလုပ်ငန်းရှင်တွေအတွက် မဖြစ်မနေ လက်ဦးထားတဲ့အရာဆိုရင် မမှားပါဘူး။

မြန်မာခေါင်းဆောင်တွေကို အကြံပြုချင်တဲ့အချက်
မင်းသားကြီး လွင်မိုးပြောသလိုပါပဲ။ တစ်ခွန်းတည်းပဲ ပြောပါမယ်။ အိုဘောကို လက်ခံပါ။ ဒါပေမဲ့ စာချုပ်မချုပ်ခင်ကတည်းက အထပ်ထပ်အခါခါ စိစစ်ပါ။ ပြည်သူပြည်သားအကျိုးကို ရှေ့ရှုငဲ့ညာစဉ်းစားပါ။ 

   -  မ်ဳိးမင္း(မက်ည္းလဟာ)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။