Skip to main content
သမၼတထရမ့္ထံ ၿခိမ္းေျခာက္စာေပးပုိ႔ခဲ့သူ ေထာင္ အႏွစ္ ၁၄၀ ထုိက္ေသာ အမႈမ်ားျဖင့္ စြဲခ်က္တင္ခံရ
Ads Block

သမၼတထရမ့္ထံ ၿခိမ္းေျခာက္စာေပးပုိ႔ခဲ့သူ ေထာင္ အႏွစ္ ၁၄၀ ထုိက္ေသာ အမႈမ်ားျဖင့္ စြဲခ်က္တင္ခံရ



အေမရိကန္မွာ သမၼတထရမ့္နဲ႔ အျခားအဖြဲ႕အစည္းအခ်ိဳ႕အား သံသယျဖစ္ဖြယ္ အျဖဴေရာင္အမႈန္႔ေတြ ေပးပုိ႔ၿပီး ၿခိမ္းေျခာက္ခဲ့သူ အမ်ိဳးသားတစ္ဦးကုိ အမႈ စုစုေပါင္း ၁၆ မႈျဖင့္ စြဲခ်က္တင္လုိက္ေၾကာင္း ေမလ ၁၃ ရက္ေန႔မွာ သတင္းရရွိပါတယ္။ 
ဂယ္ရီဂရာဗဲလ္ အမည္ရွိ ၄င္းအမ်ိဳးသားဟာ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလမွာ သမၼတထရမ့္ထံ စာအိတ္တစ္အိတ္ ေပးပုိ႔ခဲ့ပါတယ္။ စာအိတ္ထဲမွာ အျဖဴေရာင္အမႈန္႔ေတြ ထည့္ထားၿပီး လက္ေရးျဖင့္ “ေသစမ္း”ဟု ေရးသားထားပါတယ္။ ၄င္းဟာ ဘုရားေက်ာင္းတစ္ေက်ာင္း၊ ဗလီတစ္ခုနဲ႔ လူမ်ိဳးေရးခြဲျခားမႈ တုိက္ဖ်က္ေရးအဖြဲ႕ႀကီးတစ္ခုထံသုိ႔လည္း အလားတူေပးစာေတြ ေပးပုိ႔ခဲ့ပါေသးတယ္။
ထုိအျဖဴေရာင္အမႈန္႔ေတြဟာ ဇီဝအဆိပ္ျဖစ္ေၾကာင္း စာထဲမွာ ထည့္သြင္းေဖၚျပ ၿခိမ္းေျခာက္ထားေပမဲ့ ဓါတ္ခြဲစစ္ေဆးၾကည့္ခဲ့ရာမွာေတာ့ အႏၲရာယ္မျဖစ္ေစႏုိင္ေၾကာင္း ေတြ႕ခဲ့ရပါတယ္။ စာအိတ္အခ်ိဳ႕မွာဆုိရင္ ကေလးကုိယ္လိမ္းေပါင္ဒါေတြ ျဖစ္ေနမွန္း ေတြ႕ခဲ့ရပါတယ္။
ဒါ့ျပင္ ၄င္းဟာ ဗားမြန္႔တ္ ၊ ဝါရွင္တန္နဲ႔ ကြန္နက္တီကတ္ျပည္နယ္ ေနရာအခ်ိဳ႕မွာ အစုိးရအေဆာက္အအုံေတြနဲ႔ စိတ္က်န္းမာေရးေဆး႐ုံေတြကုိ ဗုံးခြဲတုိက္ခုိက္မည္ဟုလည္း အီးေမးလ္ျဖင့္တစ္သြယ္ ဖုန္းျဖင့္တစ္မ်ိဳး ၿခိမ္းေျခာက္ခဲ့ပါေသးတယ္။
၄င္းက်ဴးလြန္ခဲ့တဲ့ ျပစ္မႈေတြဟာ ႀကီးေလးတာေၾကာင့္ ယခုစြဲခ်က္ ၁၆ မႈစလုံးအတြက္ အျပစ္ရွိေၾကာင္း စီရင္ရင္ခ်က္ ခ်ခံရပါက ေထာင္ အႏွစ္ ၁၄၀ အထိ က်ခံရမွာ ျဖစ္ပါတယ္။
ထုိအမ်ိဳးသားဟာ ၂၀၁၃ ခုႏွစ္တုန္းကလည္း ယခုကဲ့သုိ႔ ၿခိမ္းေျခာက္စာမ်ား ေပးပုိ႔ခဲ့တဲ့အတြက္ ေထာင္က်ခဲ့ဖူးပါတယ္။

- ZHO (အကုန္သိ သတင္းဌာန)  | Ref : Reuters

Unicode Version



အမေရိကန်မှာ သမ္မတထရမ့်နဲ့ အခြားအဖွဲ့အစည်းအချို့အား သံသယဖြစ်ဖွယ် အဖြူရောင်အမှုန့်တွေ ပေးပို့ပြီး ခြိမ်းခြောက်ခဲ့သူ အမျိုးသားတစ်ဦးကို အမှု စုစုပေါင်း ၁၆ မှုဖြင့် စွဲချက်တင်လိုက်ကြောင်း မေလ ၁၃ ရက်နေ့မှာ သတင်းရရှိပါတယ်။ 
ဂယ်ရီဂရာဗဲလ် အမည်ရှိ ၎င်းအမျိုးသားဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ သမ္မတထရမ့်ထံ စာအိတ်တစ်အိတ် ပေးပို့ခဲ့ပါတယ်။ စာအိတ်ထဲမှာ အဖြူရောင်အမှုန့်တွေ ထည့်ထားပြီး လက်ရေးဖြင့် “သေစမ်း”ဟု ရေးသားထားပါတယ်။ ၎င်းဟာ ဘုရားကျောင်းတစ်ကျောင်း၊ ဗလီတစ်ခုနဲ့ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးအဖွဲ့ကြီးတစ်ခုထံသို့လည်း အလားတူပေးစာတွေ ပေးပို့ခဲ့ပါသေးတယ်။
ထိုအဖြူရောင်အမှုန့်တွေဟာ ဇီဝအဆိပ်ဖြစ်ကြောင်း စာထဲမှာ ထည့်သွင်းဖေါ်ပြ ခြိမ်းခြောက်ထားပေမဲ့ ဓါတ်ခွဲစစ်ဆေးကြည့်ခဲ့ရာမှာတော့ အန္တရာယ်မဖြစ်စေနိုင်ကြောင်း တွေ့ခဲ့ရပါတယ်။ စာအိတ်အချို့မှာဆိုရင် ကလေးကိုယ်လိမ်းပေါင်ဒါတွေ ဖြစ်နေမှန်း တွေ့ခဲ့ရပါတယ်။
ဒါ့ပြင် ၎င်းဟာ ဗားမွန့်တ် ၊ ဝါရှင်တန်နဲ့ ကွန်နက်တီကတ်ပြည်နယ် နေရာအချို့မှာ အစိုးရအဆောက်အအုံတွေနဲ့ စိတ်ကျန်းမာရေးဆေးရုံတွေကို ဗုံးခွဲတိုက်ခိုက်မည်ဟုလည်း အီးမေးလ်ဖြင့်တစ်သွယ် ဖုန်းဖြင့်တစ်မျိုး ခြိမ်းခြောက်ခဲ့ပါသေးတယ်။
၎င်းကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေဟာ ကြီးလေးတာကြောင့် ယခုစွဲချက် ၁၆ မှုစလုံးအတွက် အပြစ်ရှိကြောင်း စီရင်ရင်ချက် ချခံရပါက ထောင် အနှစ် ၁၄၀ အထိ ကျခံရမှာ ဖြစ်ပါတယ်။
ထိုအမျိုးသားဟာ ၂၀၁၃ ခုနှစ်တုန်းကလည်း ယခုကဲ့သို့ ခြိမ်းခြောက်စာများ ပေးပို့ခဲ့တဲ့အတွက် ထောင်ကျခဲ့ဖူးပါတယ်။

- ZHO (အကုန်သိ သတင်းဌာန)  | Ref : Reuters

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။