Skip to main content
၂၀၂၀ ခုႏွစ္တြင္ ျပည္ခုိင္ၿဖဳိးပါတီႏုိင္ပါကေရႊေခတ္ျပန္ေရာက္ရမည္ဟု ျပည္ခိုင္ၿဖိဳးပါတီဗဟုိအတြင္းေရးမွဴး ကတိေပး 
Ads Block

၂၀၂၀ ခုႏွစ္တြင္ ျပည္ခုိင္ၿဖဳိးပါတီႏုိင္ပါကေရႊေခတ္ျပန္ေရာက္ရမည္ဟု ျပည္ခိုင္ၿဖိဳးပါတီဗဟုိအတြင္းေရးမွဴး ကတိေပး 



၂၀၁၂ ခုႏွစ္မွ ၂၀၁၄ ခုႏွစ္အတြင္း ေရႊေခတ္ေရာက္ခဲ့ၿပီး လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ျပည္ခိုင္ၿဖိဳးပါတီ အႏိုင္ရရွိပါက ေရႊေခတ္ျပန္ေရာက္ေစရမည္ဟု ျပည္ေထာင္စုၾကံ႕ခုိင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ဗဟုိအတြင္းေရးမွဴး ဦးတင္ေအာင္ခ်စ္က ေျပာလုိက္သည္။

၂၀၂၀ ခုႏွစ္တြင္ ျပည္ခုိင္ၿဖဳိးပါတီႏုိင္ပါကေရႊေခတ္ျပန္ေရာက္ရမည္ဟု ျပည္ခိုင္ၿဖိဳးပါတီဗဟုိအတြင္းေရးမွဴး ကတိေပး 


မေကြးတုိင္းေဒသႀကီး၊ ေအာင္လံၿမိဳ႕နယ္၊ ကြ်ဲေသေက်းရြာတြင္ ေမလ ၁၂ ရက္က က်င္းပသည့္ ပါတီ၀င္အဆုိျပဳလႊာေပးအပ္ပြဲတြင္ ယခုကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။ 
“ တုိတုိနဲ႔လုိရင္းေျပာရရင္ ခင္ဗ်ားတုိ႔ ဒီပါတီ၀င္လုိ႔ ၀န္းရံလုိ႔  ဒီပါတီႏုိင္ရင္ ခင္ဗ်ားတုိ႔ဘာျဖစ္မလဲ။ ကြ်န္ေတာ္ ရဲရဲႀကီးအာမခံရဲတယ္။ ကြ်န္ေတာ္ေျပာခဲ့တယ္။ ၂၀၁၂ ကေန ၂၀၁၄ ၾကားမွာေရႊေခတ္ျဖစ္ခဲ့တယ္လုိ႔ ကြ်န္ေတာ္ေျပာခဲ့တယ္။ အဲဒီေခတ္ကုိ ျပန္ေရာက္ေစရမယ္။ ဘယ္လုိေရာက္မွာလဲ။ ခင္ဗ်ားတုိ႔ေတြ ထုတ္လုိက္တဲ့ စုိက္ပ်ိဳးလုိက္တဲ့သီးႏွံရဲ႕ ကုနု္က်စရိတ္ထက္သာလြန္တဲ့ ေစ်းနႈန္းရေအာင္ ျပည္ခုိင္ၿဖဳိးပါတီ မျဖစ္ျဖစ္ေအာင္ေဆာင္ရြက္ေပးမယ္”ဟု ျပည္ေထာင္စုၾကံ႕ခုိင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ဗဟုိအတြင္းေရးမွဴး ဦးတင္ေအာင္ခ်စ္က ေျပာသည္။

၂၀၂၀ ခုႏွစ္တြင္ ျပည္ခုိင္ၿဖဳိးပါတီႏုိင္ပါကေရႊေခတ္ျပန္ေရာက္ရမည္ဟု ျပည္ခိုင္ၿဖိဳးပါတီဗဟုိအတြင္းေရးမွဴး ကတိေပး 


ျပည္ေထာင္စုၾကံ႕ခုိင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီသည္ ၂၀၁၀ ခုႏွစ္ေရြးေကာက္ပြဲတြင္ ေထာက္ခံမဲအမ်ားစုရရွိကာ သမၼတဦးသိန္းစိန္ဦးေဆာင္ေသာ အစုိးရတစ္ရပ္ဖြဲ႔စည္းႏုိင္ခဲ့ၿပီး ၂၀၁၅ ခုနွစ္အထိ အုပ္ခ်ဳပ္ခဲ့ကာ ၂၀၁၅ ခုႏွစ္၊ ႏုိ၀င္ဘာလေရြးေကာက္ပြဲတြင္ NLD ပါတီကိုရႈံးနိမ့္ခဲ့သည္။
လက္ရွိ NLD ပါတီအစုိးရလက္ထက္တြင္ လယ္ယာေျမႏွင့္အျခားေျမမ်ားသိမ္းဆည္းခံရမႈ စိစစ္ေရး ေကာ္မတီမ်ားဖြဲ႔စည္းကာ သိမ္းဆည္းခံရေသာလယ္ယာေျမနွင့္အျခားေျမမ်ားအား ျပန္လည္စစ္ေဆး၍ လယ္သမားမ်ားထံ ျပန္လည္ေပးအပ္မႈမ်ားရွိေနသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version


၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ရွှေခေတ်ရောက်ခဲ့ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိပါက ရွှေခေတ်ပြန်ရောက်စေရမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်က ပြောလိုက်သည်။
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ကျွဲသေကျေးရွာတွင် မေလ ၁၂ ရက်က ကျင်းပသည့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲတွင် ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။ 
“ တိုတိုနဲ့လိုရင်းပြောရရင် ခင်ဗျားတို့ ဒီပါတီဝင်လို့ ဝန်းရံလို့  ဒီပါတီနိုင်ရင် ခင်ဗျားတို့ဘာဖြစ်မလဲ။ ကျွန်တော် ရဲရဲကြီးအာမခံရဲတယ်။ ကျွန်တော်ပြောခဲ့တယ်။ ၂၀၁၂ ကနေ ၂၀၁၄ ကြားမှာရွှေခေတ်ဖြစ်ခဲ့တယ်လို့ ကျွန်တော်ပြောခဲ့တယ်။ အဲဒီခေတ်ကို ပြန်ရောက်စေရမယ်။ ဘယ်လိုရောက်မှာလဲ။ ခင်ဗျားတို့တွေ ထုတ်လိုက်တဲ့ စိုက်ပျိုးလိုက်တဲ့သီးနှံရဲ့ ကုနု်ကျစရိတ်ထက်သာလွန်တဲ့ ဈေးနှုန်းရအောင် ပြည်ခိုင်ဖြိုးပါတီ မဖြစ်ဖြစ်အောင်ဆောင်ရွက်ပေးမယ်”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်က ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် ထောက်ခံမဲအများစုရရှိကာ သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်အထိ အုပ်ချုပ်ခဲ့ကာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလရွေးကောက်ပွဲတွင် NLD ပါတီကိုရှုံးနိမ့်ခဲ့သည်။
လက်ရှိ NLD ပါတီအစိုးရလက်ထက်တွင် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု စိစစ်ရေး ကော်မတီများဖွဲ့စည်းကာ သိမ်းဆည်းခံရသောလယ်ယာမြေနှင့်အခြားမြေများအား ပြန်လည်စစ်ဆေး၍ လယ်သမားများထံ ပြန်လည်ပေးအပ်မှုများရှိနေသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။