Skip to main content
ကိုရီးယားႏုိင္ငံသူအား အဓမၼျပဳက်င့္ရန္ႀကံစည္ေသာ ဆိုင္ကယ္ကယ္ရီသမားကို ဖမ္းဆီးရမိ
Ads Block

ကိုရီးယားႏုိင္ငံသူအား အဓမၼျပဳက်င့္ရန္ႀကံစည္ေသာ ဆိုင္ကယ္ကယ္ရီသမားကို ဖမ္းဆီးရမိ



ကိုရီးယားႏိုင္ငံသူအား အဓမၼျပဳက်င့္ရန္ႀကိဳးစားၿပီး ပစၥည္းမ်ားလုယက္ခဲ့သည့္ ဆိုင္ကယ္ကယ္ရီသမားကို ဖမ္းဆီးရမိၿပီျဖစ္ေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႔မွ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။ 

ကိုရီးယားႏုိင္ငံသူအား အဓမၼျပဳက်င့္ရန္ႀကံစည္ေသာ ဆိုင္ကယ္ကယ္ရီသမားကို ဖမ္းဆီးရမိ


ျဖစ္စဥ္မွာ ရန္ကုန္ၿမိဳ႕ ေအာင္မဂၤလာကားႀကီးကြင္းသို႔ ၿပီးခဲ့သည့္ ေမလ ၁ ရက္၌ကိုရီးယားႏိုင္ငံသူသည္ ၎၏အမ်ိဳးသမီးသူငယ္ခ်င္းကို လိုက္ပို႔အၿပီးတည္းခိုေနထိုင္ရာ ဝိဇယဟိုတယ္သို႔ျပန္ရန္ ဆိုင္ကယ္ကယ္ရီသမားတစ္ဦးကို ေငြက်ပ္(၂၀၀၀ိ/-)ျဖင့္ ငွားရမ္းခဲ့ရာမွ အဆိုပါဆိုင္ကယ္သမားက လက္သီးႏွင့္ထိုးသည့္အျပင္ ၎၏ပစၥည္းမ်ားကိုလုယက္၍ အဓမၼျပဳက်င့္ရန္ႀကိဳးစားခဲ့ျခင္းျဖစ္သည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ခေလာက္ခ်ိဳက္နယ္ေျမရဲစခန္းသို႔အမႈဖြင့္တိုင္ၾကားခဲ့သျဖင့္ ျပစ္မႈက်ဴးလြန္သူကို ဖမ္းဆီးရမိေရးေဆာင္ရြက္ခဲ့ရာ ေမလ ၁၂ ရက္၊ ယမန္ေန႔ ညေန ၄ နာရီတြင္ ဆုိင္ကယ္သမားကို ၎ေနထိုင္ရာလိႈင္သာယာၿမိဳ႕နယ္၌ ရဲတပ္ဖြဲ႔ကဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း တိုင္းရဲတပ္ဖြဲ႔၏ သတင္းထုတ္ျပန္ခ်က္မွ သိရသည္။
ဖမ္းဆီးရမိသူမွာ စန္းဦး(ခ)ေက်ာ္သက္ပိုင္ဆိုသူျဖစ္ၿပီး အခင္းျဖစ္သည့္ေန႔က ဆိုင္ကယ္ငွားရမ္းသည့္ ကိုရီးယားႏုိင္ငံသူကို ခေရပင္လမ္းခြဲမွ တညင္းကုန္းလမ္းခြဲအဆင္းဘက္သို႔ ေခၚေဆာင္ကာ မဂၤလာဒံုၿမိဳ႕နယ္ရွိ IC-Power ဆီဆိုင္တြင္ ဓာတ္ဆီျဖည့္ၿပီးေနာက္ ညင္းကုန္းဘက္မွေရႊျပည္သာတံတားလမ္းအတိုင္း လိႈင္သာယာၿမိဳ႕နယ္ဘက္သို႔ ဆက္လက္ထြက္ခြာသြားခဲ့ေၾကာင္း သိရသည္။
ယင္းသို႔ေခၚေဆာင္ရာ၌ အခ်ိန္ၾကာေနသျဖင့္အျမန္ပို႔ေပးရန္ ကိုရီးယားႏုိင္ငံသူကေျပာရာ စန္းဦး(ခ) ေက်ာ္သက္ပိုင္က လမ္းမႀကီးမွ လမ္းၾကားတစ္ခုအတြင္းသို႔ေမာင္းႏွင္ဝင္ေရာက္ခဲ့ၿပီးေနာက္ အဓမၼျပဳက်င့္ရန္ ႀကိဳးစားခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္ ကိုရီးယားႏိုင္ငံသူမွအတင္းရုန္းသည့္အတြက္ မ်က္ႏွာကိုလက္သီးျဖင့္ထိုးသည့္အျပင္ ေဒၚလာ ၂၀၀ တန္ေရႊဆြဲႀကိဳး(၁)ကံုးကိုလည္း လုယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။ 
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ စန္းဦး(ခ)ေက်ာ္သက္ပိုင္ကို သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးႏိုင္သျဖင့္ ခေလာက္ခ်ိဳက္နယ္ေျမရဲစခန္း၌ ရာဇသတ္ႀကီးပုဒ္မ-၃၇၆/၅၁၁/၄၀၃/၃၂၃ တို႔ျဖင့္ အမႈဖြင့္ကာ တရားစြဲတင္ႏိုင္ေရး ေဆာင္ရြက္ေနေၾကာင္း သတင္းရရွိသည္။
ၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) ပါတီ ဗဟုိျပန္ၾကားေရးမွ အတြင္းေရးမွဴးမုံရြာေအာင္ရွင္က ေျပာလုိက္သည္။

- ဒါးဇ(အကုန္သိသတင္းဌာန)

Unicode Version



ကိုရီးယားနိုင်ငံသူအား အဓမ္မပြုကျင့်ရန်ကြိုးစားပြီး ပစ္စည်းများလုယက်ခဲ့သည့် ဆိုင်ကယ်ကယ်ရီသမားကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 
ဖြစ်စဉ်မှာ ရန်ကုန်မြို့ အောင်မင်္ဂလာကားကြီးကွင်းသို့ ပြီးခဲ့သည့် မေလ ၁ ရက်၌ကိုရီးယားနိုင်ငံသူသည် ၎င်း၏အမျိုးသမီးသူငယ်ချင်းကို လိုက်ပို့အပြီးတည်းခိုနေထိုင်ရာ ဝိဇယဟိုတယ်သို့ပြန်ရန် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးကို ငွေကျပ်(၂၀၀၀ိ/-)ဖြင့် ငှားရမ်းခဲ့ရာမှ အဆိုပါဆိုင်ကယ်သမားက လက်သီးနှင့်ထိုးသည့်အပြင် ၎င်း၏ပစ္စည်းများကိုလုယက်၍ အဓမ္မပြုကျင့်ရန်ကြိုးစားခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ခလောက်ချိုက်နယ်မြေရဲစခန်းသို့အမှုဖွင့်တိုင်ကြားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ မေလ ၁၂ ရက်၊ ယမန်နေ့ ညနေ ၄ နာရီတွင် ဆိုင်ကယ်သမားကို ၎င်းနေထိုင်ရာလှိုင်သာယာမြို့နယ်၌ ရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်မှ သိရသည်။
ဖမ်းဆီးရမိသူမှာ စန်းဦး(ခ)ကျော်သက်ပိုင်ဆိုသူဖြစ်ပြီး အခင်းဖြစ်သည့်နေ့က ဆိုင်ကယ်ငှားရမ်းသည့် ကိုရီးယားနိုင်ငံသူကို ခရေပင်လမ်းခွဲမှ တညင်းကုန်းလမ်းခွဲအဆင်းဘက်သို့ ခေါ်ဆောင်ကာ မင်္ဂလာဒုံမြို့နယ်ရှိ IC-Power ဆီဆိုင်တွင် ဓာတ်ဆီဖြည့်ပြီးနောက် ညင်းကုန်းဘက်မှရွှေပြည်သာတံတားလမ်းအတိုင်း လှိုင်သာယာမြို့နယ်ဘက်သို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ယင်းသို့ခေါ်ဆောင်ရာ၌ အချိန်ကြာနေသဖြင့်အမြန်ပို့ပေးရန် ကိုရီးယားနိုင်ငံသူကပြောရာ စန်းဦး(ခ) ကျော်သက်ပိုင်က လမ်းမကြီးမှ လမ်းကြားတစ်ခုအတွင်းသို့မောင်းနှင်ဝင်ရောက်ခဲ့ပြီးနောက် အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း သိရသည်။
သို့သော် ကိုရီးယားနိုင်ငံသူမှအတင်းရုန်းသည့်အတွက် မျက်နှာကိုလက်သီးဖြင့်ထိုးသည့်အပြင် ဒေါ်လာ ၂၀၀ တန်ရွှေဆွဲကြိုး(၁)ကုံးကိုလည်း လုယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စန်းဦး(ခ)ကျော်သက်ပိုင်ကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးနိုင်သဖြင့် ခလောက်ချိုက်နယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၅၁၁/၄၀၃/၃၂၃ တို့ဖြင့် အမှုဖွင့်ကာ တရားစွဲတင်နိုင်ရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
ကြာင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဗဟိုပြန်ကြားရေးမှ အတွင်းရေးမှူးမုံရွာအောင်ရှင်က ပြောလိုက်သည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။