Skip to main content
ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႔၏ တတိယေျမာက္ ရုံးခ်ိန္းတြင္ သက္ေသခံပစၥည္း တင္သြင္းမႈ အျငင္းပြားမႈျဖစ္ 
Ads Block

ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႔၏ တတိယေျမာက္ ရုံးခ်ိန္းတြင္ သက္ေသခံပစၥည္း တင္သြင္းမႈ အျငင္းပြားမႈျဖစ္ 



တပ္မေတာ္မွ ပုဒ္မ ၅၀၅(က)ႏွင့္ တရားစြဲဆိုခံေနရေသာ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႔မွ အဖြဲ႔၀င္အခ်ိဳ႕ကို ေမလ ၁၃ ရက္ တတိ ယ အႀကိမ္ေျမာက္ရုံးထုတ္ရာတြင္ တရားလိုဘက္မွ သက္ေသခံပစၥည္း တင္သြင္းမႈအတြက္ အျငင္းပြားမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရ သည္။
မရမ္းကုန္းၿမိဳ႕နယ္ တရားရုံးတြင္ ယေန႔ တတိယ အႀကိမ္ေျမာက္အျဖစ္ ရံုးထုတ္စစ္ေဆးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
 “ဒီကေန႔ကေတာ့ စစ္ေဆးမႈက မစႏုိင္ေသးပါဘူး၊ တရားလိုဘက္က စီဒီမွတ္တမ္းေတြ၊ စာရြက္စာတမ္းေတြ တကယ့္မူရင္း ေတြကို ယူလာရမွာပါ၊ ဒါေတြကို ယူမလာႏုိင္ဘူး၊ ရုံးမွာရွိေနတဲ့ဟာေတြကလည္း မိတၱဴေတြပဲ ျဖစ္ပါတယ္၊ ဒါ့ေၾကာင့္ ေနာက္ရုံး ခ်ိန္းမွ သက္ေသေတြကို တင္သြင္းၿပီး တရားရုံးက လက္ခံမခံ ဆံုးျဖတ္မွာပါ”ဟု အထက္တန္းေရွ႕ေန ဦးေအာင္စည္ဟိန္းက ေျပာသည္။
စြပ္စြဲခံရသူမ်ားဘက္မွ အမႈကို ေအးေဆးတည္ၿငိမ္စြာ ရင္ဆိုင္ခ်င္ၿပီး သက္ေသမ်ား တင္သြင္းၿပီးပါက အျပန္အလွန္ေမးခြန္း မ်ား ကို စိတ္၀င္စားဖြယ္ ေမးျမန္းႏုိင္ရန္ ျပင္ဆင္ထားေၾကာင္းလည္း ေရွ႕ေနမ်ားက ေျပာသည္။
ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕မွ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူ၊ ကိုပိုင္ၿဖိဳးမင္း၊ ကိုေဇာ္လင္းထြဋ္(ခ) ဖိုးသားႏွင့္ မေကခိုင္ထြန္း(ခ) ေကႀကီးတို႕ကို ပုဒ္မ ၅၀၅(က)ႏွင့္ တရားစြဲဆိုထားၿပီး ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္ ရဲစခန္းတြင္လည္း ပုဒ္မ ၆၆(ဃ)၊ ပုဒ္မ ၅၀၅ (က) တို႔ျဖင့္ ထပ္မံတိုင္ၾကားခံထားရေၾကာင္း သိရသည္။
လာမည့္ရုံးခ်ိန္းကို ေမလ ၂၁ ရက္တြင္ ျပန္လည္ခ်ိန္းဆိုလိုက္ၿပီး သက္ေသခံပစၥည္း တင္သြင္းမႈကို တရားရုံမွ လက္ခံမခံ ဆံုးျဖတ္သြားမည္ ျဖစ္သည္။

- ထက္ေ၀လင္း(အကုန္သိ သတင္းဌာန)

Unicode Version

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၏ တတိယမြောက် ရုံးချိန်းတွင် သက်သေခံပစ္စည်း တင်သွင်းမှု အငြင်းပွားမှုဖြစ် 

တပ်မတော်မှ ပုဒ်မ ၅၀၅(က)နှင့် တရားစွဲဆိုခံနေရသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ အဖွဲ့ဝင်အချို့ကို မေလ ၁၃ ရက် တတိ ယ အကြိမ်မြောက်ရုံးထုတ်ရာတွင် တရားလိုဘက်မှ သက်သေခံပစ္စည်း တင်သွင်းမှုအတွက် အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
မရမ်းကုန်းမြို့နယ် တရားရုံးတွင် ယနေ့ တတိယ အကြိမ်မြောက်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 “ဒီကနေ့ကတော့ စစ်ဆေးမှုက မစနိုင်သေးပါဘူး၊ တရားလိုဘက်က စီဒီမှတ်တမ်းတွေ၊ စာရွက်စာတမ်းတွေ တကယ့်မူရင်း တွေကို ယူလာရမှာပါ၊ ဒါတွေကို ယူမလာနိုင်ဘူး၊ ရုံးမှာရှိနေတဲ့ဟာတွေကလည်း မိတ္တူတွေပဲ ဖြစ်ပါတယ်၊ ဒါ့ကြောင့် နောက်ရုံး ချိန်းမှ သက်သေတွေကို တင်သွင်းပြီး တရားရုံးက လက်ခံမခံ ဆုံးဖြတ်မှာပါ”ဟု အထက်တန်းရှေ့နေ ဦးအောင်စည်ဟိန်းက ပြောသည်။
စွပ်စွဲခံရသူများဘက်မှ အမှုကို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်ချင်ပြီး သက်သေများ တင်သွင်းပြီးပါက အပြန်အလှန်မေးခွန်း များ ကို စိတ်ဝင်စားဖွယ် မေးမြန်းနိုင်ရန် ပြင်ဆင်ထားကြောင်းလည်း ရှေ့နေများက ပြောသည်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်းထွဋ်(ခ) ဖိုးသားနှင့် မကေခိုင်ထွန်း(ခ) ကေကြီးတို့ကို ပုဒ်မ ၅၀၅(က)နှင့် တရားစွဲဆိုထားပြီး ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းတွင်လည်း ပုဒ်မ ၆၆(ဃ)၊ ပုဒ်မ ၅၀၅ (က) တို့ဖြင့် ထပ်မံတိုင်ကြားခံထားရကြောင်း သိရသည်။
လာမည့်ရုံးချိန်းကို မေလ ၂၁ ရက်တွင် ပြန်လည်ချိန်းဆိုလိုက်ပြီး သက်သေခံပစ္စည်း တင်သွင်းမှုကို တရားရုံမှ လက်ခံမခံ ဆုံးဖြတ်သွားမည် ဖြစ်သည်။

- ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။