Skip to main content
တူ၀ရီးေတာ္စပ္ၾကသည့္ ဉီးပဉၨင္းႏွစ္ပါး စကားမ်ားရန္ျဖစ္ရာမွ ဓားျဖင့္ခုတ္သတ္မႈျဖစ္ပြား
Ads Block

တူ၀ရီးေတာ္စပ္ၾကသည့္ ဉီးပဉၨင္းႏွစ္ပါး စကားမ်ားရန္ျဖစ္ရာမွ ဓားျဖင့္ခုတ္သတ္မႈျဖစ္ပြား

 



ဧရာ၀တီတိုင္းေဒသႀကီး၊ ျမန္ေအာင္ၿမိဳ႕နယ္၌ ဉီးပဉၨင္းႏွစ္ပါးရန္ျဖစ္စကားၾကရာမွ ဓားျဖင့္ခုတ္သတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

တူ၀ရီးေတာ္စပ္ၾကသည့္ ဉီးပဉၨင္းႏွစ္ပါး စကားမ်ားရန္ျဖစ္ရာမွ ဓားျဖင့္ခုတ္သတ္မႈျဖစ္ပြား


ျဖစ္စဥ္မွာ ျမန္ေအာင္ၿမိဳ႕နယ္၊ ေရႊက်င္နယ္ေျမရဲစခန္းအပိုင္ျဖစ္ေသာ ေရတြင္းကုန္းေက်းရြာရွိ ဘုန္းႀကီးေက်ာင္း၌ ေမလ ၁၃ ရက္၊ နံနက္ပိုင္းမိုးမလင္းခင္အခ်ိန္တြင္ လူသတ္မႈျဖစ္ပြားေၾကာင္း သတင္းေပးခ်က္အရတာ၀န္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ၾကသည္။
ေသဆံုးသူမွာ ယင္းေက်ာင္း၌သီတင္းသံုးေနထိုင္သည့္ ေအာင္ေဇာ္၀င္း(၃၆)ႏွစ္၊ ၀ါေတာ္(၁)၀ါဆိုသူျဖစ္ၿပီး ဘယ္ပါးေစာင္းျပတ္ရွဒဏ္ရာတစ္ခ်က္ျဖင့္ ေနရာတြင္ေသဆံုးေနျခင္းျဖစ္ေၾကာင္း ေရႊက်င္နယ္ေျမရဲစခန္းမွ သိရသည္။
ျပစ္မႈက်ဴးလြန္သူမွာ ေသဆံုးသူႏွင့္ေဆြမ်ိဳးေတာ္စပ္သည့္ ဉီးပဉၨင္းျဖစ္သူ ေဇာ္ဘိုဘိုေအာင္၊ (၃၁)ႏွစ္ျဖစ္ၿပီး တစ္ဦးအေပၚတစ္ဦး အျပန္အလွန္ဆံုးမစကားမ်ားေျပာဆိုၾကရာမွ ရန္ျဖစ္ၿပီးဓားမျဖင့္ခုတ္သတ္လိုက္ျခင္း ျဖစ္ေၾကာင္း စစ္ေဆးသိရွိရသည္။
“သူတို႔ႏွစ္ေယာက္က တူး၀ရီးေတာ္စပ္ၾကတယ္လို႔ သိရတယ္။ဆံုးမစကားေတြေျပာဆိုၾကရင္းနဲ႔ မခံမရပ္ႏိုင္ ျဖစ္ၾကရာကေန ဓားမနဲ႔ခုတ္သတ္လိုက္တာလို႔ ကနဦးစစ္ေဆးခ်က္အရ သိရပါတယ္။ အသက္ကလည္း မတိမ္းမယိမ္းဆိုတဲ့အခါက်ေတာ့ အျပန္အလွန္ဆံုးမစကားေတြေျပာဆိုၾကတာကို ေလးစားမႈမရွိၾကတဲ့အခါမွာ စကားမ်ားရန္ျဖစ္ၾကတာတဲ့။ ေသဆံုးသူကေတာ့ ၀ါေတာ္(၁)၀ါျဖစ္ၿပီး ျပစ္မႈက်ဴးလြန္သူကေတာ့ သႀကၤန္အၿပီး ႏွစ္ဆန္း(၁)ရက္ေန႔ကမွ ဘုန္းႀကီး၀တ္လိုက္တာပါ” ဟု ေရႊက်င္နယ္ေျမရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေဇာ္ဘိုဘိုေအာင္(၃၁)ႏွစ္ကို ေရႊက်င္နယ္ေျမရဲစခန္း၌ (ပ)၁၈၁၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)

Unicode Version

တူဝရီးတော်စပ်ကြသည့် ဉီးပဉ္ဇင်းနှစ်ပါး စကားများရန်ဖြစ်ရာမှ ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၌ ဉီးပဉ္ဇင်းနှစ်ပါးရန်ဖြစ်စကားကြရာမှ ဓားဖြင့်ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မြန်အောင်မြို့နယ်၊ ရွှေကျင်နယ်မြေရဲစခန်းအပိုင်ဖြစ်သော ရေတွင်းကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်း၌ မေလ ၁၃ ရက်၊ နံနက်ပိုင်းမိုးမလင်းခင်အချိန်တွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းပေးချက်အရတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။
သေဆုံးသူမှာ ယင်းကျောင်း၌သီတင်းသုံးနေထိုင်သည့် အောင်ဇော်ဝင်း(၃၆)နှစ်၊ ဝါတော်(၁)ဝါဆိုသူဖြစ်ပြီး ဘယ်ပါးစောင်းပြတ်ရှဒဏ်ရာတစ်ချက်ဖြင့် နေရာတွင်သေဆုံးနေခြင်းဖြစ်ကြောင်း ရွှေကျင်နယ်မြေရဲစခန်းမှ သိရသည်။
ပြစ်မှုကျူးလွန်သူမှာ သေဆုံးသူနှင့်ဆွေမျိုးတော်စပ်သည့် ဉီးပဉ္ဇင်းဖြစ်သူ ဇော်ဘိုဘိုအောင်၊ (၃၁)နှစ်ဖြစ်ပြီး တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်ဆုံးမစကားများပြောဆိုကြရာမှ ရန်ဖြစ်ပြီးဓားမဖြင့်ခုတ်သတ်လိုက်ခြင်း ဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။
“သူတို့နှစ်ယောက်က တူးဝရီးတော်စပ်ကြတယ်လို့ သိရတယ်။ဆုံးမစကားတွေပြောဆိုကြရင်းနဲ့ မခံမရပ်နိုင် ဖြစ်ကြရာကနေ ဓားမနဲ့ခုတ်သတ်လိုက်တာလို့ ကနဦးစစ်ဆေးချက်အရ သိရပါတယ်။ အသက်ကလည်း မတိမ်းမယိမ်းဆိုတဲ့အခါကျတော့ အပြန်အလှန်ဆုံးမစကားတွေပြောဆိုကြတာကို လေးစားမှုမရှိကြတဲ့အခါမှာ စကားများရန်ဖြစ်ကြတာတဲ့။ သေဆုံးသူကတော့ ဝါတော်(၁)ဝါဖြစ်ပြီး ပြစ်မှုကျူးလွန်သူကတော့ သြင်္ကန်အပြီး နှစ်ဆန်း(၁)ရက်နေ့ကမှ ဘုန်းကြီးဝတ်လိုက်တာပါ” ဟု ရွှေကျင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇော်ဘိုဘိုအောင်(၃၁)နှစ်ကို ရွှေကျင်နယ်မြေရဲစခန်း၌ (ပ)၁၈၁၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။