Skip to main content
ကိုယ္က်ိဳးစီးပြားအတြက္ အလုပ္မလုပ္ပါက ဂုဏ္သိကၡာ တည္ေဆာက္စရာမလိုဟု တပ္မေတာ္အား ေဒါင္းတိ္ု႔မ်ိဳးဆက္ သံခ်ပ္ အဖြဲ႔ေထာက္ျပ
Ads Block

ကိုယ္က်ိဳးစီးပြားအတြက္ အလုပ္မလုပ္ပါက ဂုဏ္သိကၡာ တည္ေဆာက္စရာမလိုဟု တပ္မေတာ္အား ေဒါင္းတိ္ု႔မ်ိဳးဆက္ သံခ်ပ္ အဖြဲ႔ေထာက္ျပ



တပ္မေတာ္၏ ဂုဏ္သိကၡာကို ထိခိုက္ေစသည္ဟုဆိုကာ တရားစြဲဆိုေနျခင္းအေပၚ တပ္မေတာ္အေနျဖင့္ ကိုယ္က်ိဳးစီးပြား အ တြက္ အလုပ္မလုပ္ဘဲ ျပည္သူအတြက္ ႏုိင္ငံအတြက္ အလုပ္လုပ္ပါက ဂုဏ္သိကၡာဆိုေသာ အရာမွာ တည္ေဆာက္စရာ မလိုဘဲ ရွိေနမည္ဟု ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႔မွ ကိုပိုင္ၿဖိဳးမင္းက ေျပာသည္။

ကိုယ္က်ိဳးစီးပြားအတြက္ အလုပ္မလုပ္ပါက ဂုဏ္သိကၡာ တည္ေဆာက္စရာမလိုဟု တပ္မေတာ္အား ေဒါင္းတိ္ု႔မ်ိဳးဆက္ သံခ်ပ္ အဖြဲ႔ေထာက္ျပ


ေမလ ၁၃ ရက္ မရမ္းကုန္းၿမိဳ႕နယ္ တရားရုံးတြင္ တတိယအႀကိမ္ေျမာက္ ရုံးထုတ္စစ္ေဆးမႈအၿပီးတြင္ မီဒီယာမ်ားကို အထက္ပါ အတိုင္း ေျပာၾကားလိုက္ျခင္း ျဖစ္သည္။
“ျမန္မာႏုိင္ငံမွာ တပ္မေတာ္ဆိုတာ အရင္တည္းက ရွိေနတဲ့ အဖြဲ႕အစည္းပါ၊ အဲဒီလိုအဖြဲ႕အစည္းတစ္ခုမွာ ကိုယ္က်ိဳးစီးပြား အ တြက္ မရွာခဲ့ဘူး၊ ျပည္သူအတြက္ပဲ အလုပ္လုပ္မယ္ဆိုရင္ ဂုဏ္သိကၡာဆိုတဲ့ အရာဟာ တည္ေဆာက္စရာ မလိုဘဲ ရွိေနမွာပဲ ျဖစ္တယ္လို႔ က်ြန္ေတာ္ေျပာခ်င္ပါတယ္၊ အခုဟာက ဂုဏ္သိကၡာက ေလပူေဖာင္းတစ္လံုးရဲ႕ နံရံထုထည္ေလာက္ေတာင္ မရွိဘူး ျဖစ္ေနတယ္ေလ”ဟု ကိုပိုင္ၿဖိဳးမင္းက ေျပာသည္။
တပ္မေတာ္မွ ပုဒ္မ ၅၀၅ (က) ႏွင့္ တရားစြဲဆိုခံေနရေသာ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႔၏ ယေန႔ ေမလ ၁၃ ရက္ တတိယ ေျမာက္ရုံး ခ်ိန္းတြင္ တရားလိုဘက္မွ သက္ေသခံပစၥည္း တင္သြင္းမႈအတြက္ အနည္းငယ္ အျငင္းပြားမႈ ျဖစ္ပြားခဲ့သည္။
မရမ္းကုန္းၿမိဳ႕နယ္ တရားရုံးတြင္ ယေန႔ တတိယေျမာက္အျဖစ္ အဆိုပါအဖြဲ႕ကို ရုံးထုတ္စစ္ေဆးခဲ့ျခင္း ျဖစ္ၿပီး တရားလိုဘက္မွ လိုအပ္ေသာ သက္ေသမ်ား တရားရုံးသို႔ ယူလာႏုိင္ခဲ့ျခင္း မရွိခဲ့ဟု စြပ္စြဲခံရသူမ်ားဘက္မွ အထက္တန္းေရွ႕ေန ဦးေအာင္စည္ ဟိန္းက ေျပာသည္။
ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႕မွ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူ၊ ကိုပိုင္ၿဖိဳးမင္း၊ ကိုေဇာ္လင္းထြဋ္(ခ) ဖိုးသားႏွင့္ မေကခိုင္ထြန္း(ခ) ေကႀကီးတို႕ကို ပုဒ္မ ၅၀၅(က)ႏွင့္ တရားစြဲဆိုထားၿပီး ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္ ရဲစခန္းတြင္လည္း ပုဒ္မ ၆၆(ဃ)၊ ပုဒ္မ ၅၀၅ (က)တို႔ျဖင့္ ထပ္မံတိုင္ၾကားခံထားရေၾကာင္း သိရသည္။
လာမည့္ရုံးခ်ိန္းကို ေမလ ၂၁ရက္ကို ျပန္လည္ခ်ိန္းဆိုလိုက္ၿပီး သက္ေသခံပစၥည္း တင္သြင္းမႈကို တရားရုံမွ လက္ခံမခံ ဆံုးျဖတ္ သြားမည္ ျဖစ္သည္။

- ထက္ေ၀လင္း(အကုန္သိ သတင္းဌာန)

Unicode Version

ကိုယ်ကျိုးစီးပွားအတွက် အလုပ်မလုပ်ပါက ဂုဏ်သိက္ခာ တည်ဆောက်စရာမလိုဟု တပ်မတော်အား ဒေါင်းတို့မျိုးဆက် သံချပ် အဖွဲ့ထောက်ပြ

တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ တရားစွဲဆိုနေခြင်းအပေါ် တပ်မတော်အနေဖြင့် ကိုယ်ကျိုးစီးပွား အ တွက် အလုပ်မလုပ်ဘဲ ပြည်သူအတွက် နိုင်ငံအတွက် အလုပ်လုပ်ပါက ဂုဏ်သိက္ခာဆိုသော အရာမှာ တည်ဆောက်စရာ မလိုဘဲ ရှိနေမည်ဟု ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ကိုပိုင်ဖြိုးမင်းက ပြောသည်။
မေလ ၁၃ ရက် မရမ်းကုန်းမြို့နယ် တရားရုံးတွင် တတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးမှုအပြီးတွင် မီဒီယာများကို အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံမှာ တပ်မတော်ဆိုတာ အရင်တည်းက ရှိနေတဲ့ အဖွဲ့အစည်းပါ၊ အဲဒီလိုအဖွဲ့အစည်းတစ်ခုမှာ ကိုယ်ကျိုးစီးပွား အ တွက် မရှာခဲ့ဘူး၊ ပြည်သူအတွက်ပဲ အလုပ်လုပ်မယ်ဆိုရင် ဂုဏ်သိက္ခာဆိုတဲ့ အရာဟာ တည်ဆောက်စရာ မလိုဘဲ ရှိနေမှာပဲ ဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်၊ အခုဟာက ဂုဏ်သိက္ခာက လေပူဖောင်းတစ်လုံးရဲ့ နံရံထုထည်လောက်တောင် မရှိဘူး ဖြစ်နေတယ်လေ”ဟု ကိုပိုင်ဖြိုးမင်းက ပြောသည်။
တပ်မတော်မှ ပုဒ်မ ၅၀၅ (က) နှင့် တရားစွဲဆိုခံနေရသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၏ ယနေ့ မေလ ၁၃ ရက် တတိယ မြောက်ရုံး ချိန်းတွင် တရားလိုဘက်မှ သက်သေခံပစ္စည်း တင်သွင်းမှုအတွက် အနည်းငယ် အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။
မရမ်းကုန်းမြို့နယ် တရားရုံးတွင် ယနေ့ တတိယမြောက်အဖြစ် အဆိုပါအဖွဲ့ကို ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး တရားလိုဘက်မှ လိုအပ်သော သက်သေများ တရားရုံးသို့ ယူလာနိုင်ခဲ့ခြင်း မရှိခဲ့ဟု စွပ်စွဲခံရသူများဘက်မှ အထက်တန်းရှေ့နေ ဦးအောင်စည် ဟိန်းက ပြောသည်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်းထွဋ်(ခ) ဖိုးသားနှင့် မကေခိုင်ထွန်း(ခ) ကေကြီးတို့ကို ပုဒ်မ ၅၀၅(က)နှင့် တရားစွဲဆိုထားပြီး ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းတွင်လည်း ပုဒ်မ ၆၆(ဃ)၊ ပုဒ်မ ၅၀၅ (က)တို့ဖြင့် ထပ်မံတိုင်ကြားခံထားရကြောင်း သိရသည်။
လာမည့်ရုံးချိန်းကို မေလ ၂၁ရက်ကို ပြန်လည်ချိန်းဆိုလိုက်ပြီး သက်သေခံပစ္စည်း တင်သွင်းမှုကို တရားရုံမှ လက်ခံမခံ ဆုံးဖြတ် သွားမည် ဖြစ်သည်။

- ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။