Skip to main content
မန္စီးတီး
Ads Block

ေနာက္ဆုံးမိနစ္အထိ ေရကုန္ေရခမ္း ကစားျပီး ပရီးမီးယားလိဂ္ ခ်န္ပီယံဘြဲ ့ကုိ မန္စီးတီးအသင္းကပဲ ႏွစ္ႏွစ္ဆက္တုိက္ ဆြတ္ခူး

ရင္ခုန္စိတ္လႈပ္ရွားစရာအေကာင္းဆုံးေပးေလ့ရွိတဲ့ ပရီးမီးယားလိဂ္ရဲ ့ခ်န္ပီယံဆုကုိ ေနာက္ဆုံးပြဲစဥ္(၃၈)ပြဲရဲ ့ေနာက္ဆုံးမိနစ္အထိ ေရကုန္ေရခမ္းကစားျပီးေတာ့ မန္စီးတီးအသင္းက ရရွိသြားပါတယ္။ 

မန္စီးတီးအသင္းဟာ ပြဲစဥ္(၃၇)အထိ လီဗာပူးအသင္းကို ရမွတ္တစ္မွတ္အသာနဲ ့ဦးေဆာင္ခဲ့တာျဖစ္ျပီး ဒီႏွစ္ ပရီးမီးယားလိဂ္ဟာ သမုိင္းတစ္ေလွ်ာက္ ရင္ခုန္စရာအေကာင္းဆုံးျပိဳင္ပြဲတစ္ခုအျဖစ္ ပရိသတ္ေတြကုိ ဖမ္းစားႏုိင္ခဲ့တာပါ။ တစ္သင္းနဲ ့တစ္သင္းၾကားမွာ ရမွတ္တစ္မွတ္သာ ကြာျခားတဲ့အတြက္ ဘယ္အသင္းက ခ်န္ပီယံဆုကုိ ရယူသြားမလဲဆုိတာဟာ ေနာက္ဆုံးမိနစ္အထိ ရင္ခုန္စရာေကာင္းခဲ့တာလည္း အမွန္ပါပဲ။ အထူးသျဖင့္ လီဗာပူးအသင္းက အိမ္ကြင္းမွာ ၀ုဖ္ဗာဟန္တန္အသင္းကို ကစားရတာျဖစ္ျပီး မန္စီးတီးအသင္းကေတာ့ တန္းဆင္းသြားရျပီျဖစ္တဲ့ ဘရုိက္တန္အသင္းကုိ အေ၀းကြင္းမွာ သြားေရာက္ကစားခဲ့ရတာျဖစ္ပါတယ္။ အသင္းရဲ ့ပရိသတ္ေတြဟာလည္း ေနာက္ဆုံးမိနစ္ေတြအထိ သူတုိ ့အသင္းမ်ား ဖလားရေလမလားဆုိတဲ့ ေမွ်ာ္လင့္ခ်က္ေတြနဲ ့ဖုန္းေတြကုိ ပြတ္ရင္း ၾကည့္ရႈအားေပးခဲ့ၾကတာကုိလည္ ျမင္ေတြ ့ရပါတယ္။ ဒီလုိအားေပးေနေပမယ့္ မန္စီးတီးအသင္းေတာ့ အေ၀းကြင္းမွာ သြားကစားရသည့္တုိင္ေအာင္ ဘရုိက္တန္အသင္းကုိ ေလးဂုိးတစ္ဂုိး ဆုိတဲ့ ရလဒ္နဲ ့အတူ လီဗာပူးအသင္းကို တစ္မွတ္အသာနဲ ့ႏွစ္ႏွစ္ဆက္ ခ်န္ပီယံဘြဲ ့ရယူကာကြယ္သြားႏုိင္ခဲ့ပါတယ္။ ပရီးမီယားလိဂ္ရဲ ့ေနာက္ဆုံးပြဲစဥ္ေတြအတြင္းမွာေတာ့ ခ်န္ပီယံဆုအတြက္သာ ရင္ခုန္စရာေကာင္းခဲ့တာျဖစ္ျပီး ခ်န္ပီယံလိဂ္ေလးသင္း ၀င္ခြင့္ေနရာ၊ ယူရုိပါလိဂ္ ၀င္ခြင့္ေနရာနဲ ့တန္ဆင္းဇုန္တုိက္ပြဲေတြဟာ အရင္ႏွစ္ေတြကလုိ ရင္ခုန္စရာေတာ့ သိပ္မေကာင္းခဲ့ပါဘူး။ လီဗာပူးအသင္းကေတာ့ ခ်န္ပီယံဆုအတြက္ ေနာက္ဆုံးမိနစ္အထိ အားထုတ္ၾကိဳးပမ္းခဲ့ေပမယ့္ ေနာက္ဆုံး(၆)ပြဲေလာက္အက်န္မွာ ေျခေခ်ာ္ခဲ့တဲ့ အျပစ္ကုိ ခံစားသြားရတာလည္း ျဖစ္ျပီး ေနာက္ဆုံးလက္က်န္(၁၀)ပြဲေလာက္အလုိကတည္းက ဦးေဆာင္ထားႏုိင္မႈကုိ ေဘးဖယ္ေပးလုိက္ရျခင္းဟာ အိပ္မက္ဆုိးတစ္ခု ျဖစ္သြားခဲ့ျခင္းလုိ ့ဆုိရမွာပါ။ ဒါေပမဲ့လည္း နာမည္ေက်ာ္ ဂႏၱ၀င္ကစားသမားၾကီး အလန္ရွီးယားကေတာ့ လီဗာပူးအသင္းေရာ မန္စီးတီးအသင္းပါ ပရီးမီးယားလိဂ္ ဒုတိယဆုအတြက္ မထုိက္တန္တဲ့အသင္းေတြအျဖစ္ ဂုဏ္ျပဳခဲ့သလုိ ႏွစ္သင္းလုံးကုိလည္း အႏုိင္ေပးခ်င္ခဲ့တာမ်ဳိး ျဖစ္ပါတယ္။ သုိ ့ေသာ္လည္း မန္စီးတီးအသင္းကေတာ့ လက္ထဲမွာ ေရာက္လာတဲ့ဆုကုိ လက္မလႊတ္တမ္းဆုပ္ကုိင္ထားဖုိ ့အတြက္ လုပ္စရာရွိတဲ့အလုပ္ကုိ သေရေတာင္ အက်မခံဘဲ ျပတ္ျပတ္သားသားလုပ္ခဲ့တာလုိ ့ဆုိႏုိင္ပါတယ္။ ဒီရာသီ ပရီးမီးယားလိဂ္ရဲ ့ခ်န္ပီယံဆုကုိေတာ့ မန္စီးတီးက ဆြတ္ခူးခဲ့သလုိ ဒုတိယေနရာမွာေတာ့ လီဗာပူးက ရွိေနပါတယ္။ ခ်န္ပီယံလိဂ္၀င္ခြင့္ရေလးသင္းကေတာ့ မန္စီးတီး၊ လီဗာပူး၊ ခ်ဲလ္ဆီး၊ စပါးတုိ ့ျဖစ္ျပီး ယူရုိပါလိဂ္ကုိေတာ့ အာဆင္နယ္၊ မန္ယူအသင္းတုိ ့က ၀င္ခြင့္ရခဲ့ပါတယ္။

ပရီးမီးယားလိဂ္ရဲ ့ေရႊဖိနပ္ဆုကုိေတာ့ လီဗာပူးတုိက္စစ္မွဴး ဆာလက္ရွ္၊ မာေနးလ္နဲ ့အာဆင္နယ္တုိက္စစ္မွဴး အူဘာမီယန္းတုိ ့က သြင္းဂုိး(၂၂)ဂုိးစီနဲ ့ပူးတြဲအေနအထားနဲ ့ရပ္တည္ခဲ့ၾကပါတယ္။ ပရီးမီးယားလိဂ္ရဲ ့ေရႊလက္အိပ္ဆုကုိေတာ့ လီဗာပူးအသင္းရဲ ့ဂုိးသမား အလီဆင္က(Clean Sheets ၂၁ ပြဲ)နဲ ့အျခားေသာ ဂုိးသမားေတြကုိ ျပတ္ျပတ္သားသား ေက်ာ္ျဖတ္ျပီး ရရွိသြားခဲ့ပါတယ္။ 

Unicode Version

ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံးပေးလေ့ရှိတဲ့ ပရီးမီးယားလိဂ်ရဲ့ချန်ပီယံဆုကို နောက်ဆုံးပွဲစဉ်(၃၈)ပွဲရဲ့နောက်ဆုံးမိနစ်အထိ ရေကုန်ရေခမ်းကစားပြီးတော့ မန်စီးတီးအသင်းက ရရှိသွားပါတယ်။ 
မန်စီးတီးအသင်းဟာ ပွဲစဉ်(၃၇)အထိ လီဗာပူးအသင်းကို ရမှတ်တစ်မှတ်အသာနဲ့ဦးဆောင်ခဲ့တာဖြစ်ပြီး ဒီနှစ် ပရီးမီးယားလိဂ်ဟာ သမိုင်းတစ်လျှောက် ရင်ခုန်စရာအကောင်းဆုံးပြိုင်ပွဲတစ်ခုအဖြစ် ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တာပါ။ တစ်သင်းနဲ့တစ်သင်းကြားမှာ ရမှတ်တစ်မှတ်သာ ကွာခြားတဲ့အတွက် ဘယ်အသင်းက ချန်ပီယံဆုကို ရယူသွားမလဲဆိုတာဟာ နောက်ဆုံးမိနစ်အထိ ရင်ခုန်စရာကောင်းခဲ့တာလည်း အမှန်ပါပဲ။ အထူးသဖြင့် လီဗာပူးအသင်းက အိမ်ကွင်းမှာ ဝုဖ်ဗာဟန်တန်အသင်းကို ကစားရတာဖြစ်ပြီး မန်စီးတီးအသင်းကတော့ တန်းဆင်းသွားရပြီဖြစ်တဲ့ ဘရိုက်တန်အသင်းကို အဝေးကွင်းမှာ သွားရောက်ကစားခဲ့ရတာဖြစ်ပါတယ်။ အသင်းရဲ့ပရိသတ်တွေဟာလည်း နောက်ဆုံးမိနစ်တွေအထိ သူတို့အသင်းများ ဖလားရလေမလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ဖုန်းတွေကို ပွတ်ရင်း ကြည့်ရှုအားပေးခဲ့ကြတာကိုလည် မြင်တွေ့ရပါတယ်။ ဒီလိုအားပေးနေပေမယ့် မန်စီးတီးအသင်းတော့ အဝေးကွင်းမှာ သွားကစားရသည့်တိုင်အောင် ဘရိုက်တန်အသင်းကို လေးဂိုးတစ်ဂိုး ဆိုတဲ့ ရလဒ်နဲ့အတူ လီဗာပူးအသင်းကို တစ်မှတ်အသာနဲ့နှစ်နှစ်ဆက် ချန်ပီယံဘွဲ့ရယူကာကွယ်သွားနိုင်ခဲ့ပါတယ်။ ပရီးမီယားလိဂ်ရဲ့နောက်ဆုံးပွဲစဉ်တွေအတွင်းမှာတော့ ချန်ပီယံဆုအတွက်သာ ရင်ခုန်စရာကောင်းခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်လေးသင်း ဝင်ခွင့်နေရာ၊ ယူရိုပါလိဂ် ဝင်ခွင့်နေရာနဲ့တန်ဆင်းဇုန်တိုက်ပွဲတွေဟာ အရင်နှစ်တွေကလို ရင်ခုန်စရာတော့ သိပ်မကောင်းခဲ့ပါဘူး။ လီဗာပူးအသင်းကတော့ ချန်ပီယံဆုအတွက် နောက်ဆုံးမိနစ်အထိ အားထုတ်ကြိုးပမ်းခဲ့ပေမယ့် နောက်ဆုံး(၆)ပွဲလောက်အကျန်မှာ ခြေချော်ခဲ့တဲ့ အပြစ်ကို ခံစားသွားရတာလည်း ဖြစ်ပြီး နောက်ဆုံးလက်ကျန်(၁၀)ပွဲလောက်အလိုကတည်းက ဦးဆောင်ထားနိုင်မှုကို ဘေးဖယ်ပေးလိုက်ရခြင်းဟာ အိပ်မက်ဆိုးတစ်ခု ဖြစ်သွားခဲ့ခြင်းလို့ဆိုရမှာပါ။ ဒါပေမဲ့လည်း နာမည်ကျော် ဂန္တဝင်ကစားသမားကြီး အလန်ရှီးယားကတော့ လီဗာပူးအသင်းရော မန်စီးတီးအသင်းပါ ပရီးမီးယားလိဂ် ဒုတိယဆုအတွက် မထိုက်တန်တဲ့အသင်းတွေအဖြစ် ဂုဏ်ပြုခဲ့သလို နှစ်သင်းလုံးကိုလည်း အနိုင်ပေးချင်ခဲ့တာမျိုး ဖြစ်ပါတယ်။ သို့သော်လည်း မန်စီးတီးအသင်းကတော့ လက်ထဲမှာ ရောက်လာတဲ့ဆုကို လက်မလွှတ်တမ်းဆုပ်ကိုင်ထားဖို့အတွက် လုပ်စရာရှိတဲ့အလုပ်ကို သရေတောင် အကျမခံဘဲ ပြတ်ပြတ်သားသားလုပ်ခဲ့တာလို့ဆိုနိုင်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ချန်ပီယံဆုကိုတော့ မန်စီးတီးက ဆွတ်ခူးခဲ့သလို ဒုတိယနေရာမှာတော့ လီဗာပူးက ရှိနေပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရလေးသင်းကတော့ မန်စီးတီး၊ လီဗာပူး၊ ချဲလ်ဆီး၊ စပါးတို့ဖြစ်ပြီး ယူရိုပါလိဂ်ကိုတော့ အာဆင်နယ်၊ မန်ယူအသင်းတို့က ဝင်ခွင့်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ရွှေဖိနပ်ဆုကိုတော့ လီဗာပူးတိုက်စစ်မှူး ဆာလက်ရှ်၊ မာနေးလ်နဲ့အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းတို့က သွင်းဂိုး(၂၂)ဂိုးစီနဲ့ပူးတွဲအနေအထားနဲ့ရပ်တည်ခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်ရဲ့ရွှေလက်အိပ်ဆုကိုတော့ လီဗာပူးအသင်းရဲ့ဂိုးသမား အလီဆင်က( Clean Sheets 21 )နဲ့အခြားသော ဂိုးသမားတွေကို ပြတ်ပြတ်သားသား ကျော်ဖြတ်ပြီး ရရှိသွားခဲ့ပါတယ်။ 

   -  မုိးတိမ္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။