Skip to main content
၁၀ ႏွစ္ႏွင့္ ၁၇ ႏွစ္အရြယ္လူငယ္ႏွစ္ဦးအား စိတ္ၾကြရူးသြပ္ေဆးျပားမ်ား၊ ဘိန္းစိမ္းမ်ားႏွင့္အတူ ဖမ္းမိ 
Ads Block

၁၀ ႏွစ္ႏွင့္ ၁၇ ႏွစ္အရြယ္လူငယ္ႏွစ္ဦးအား စိတ္ၾကြရူးသြပ္ေဆးျပားမ်ား၊ ဘိန္းစိမ္းမ်ားႏွင့္အတူ ဖမ္းမိ 


အသက္ ၁၀ ႏွစ္သားႏွင့္ ၁၇ ႏွစ္အရြယ္ရွိလူငယ္တို႔ႏွစ္ဦးကို စိတ္ၾကြရူးသြပ္ေဆးျပားမ်ားႏွင့္ ဘိန္းစိမ္းမ်ား လက္၀ယ္ေတြ႔ရွိမႈျဖင့္ ဖမ္းဆီးရမိခဲ့ေၾကာင္း ကခ်င္ျပည္နယ္၊ မံစီၿမိဳ႕မရဲတပ္ဖြဲ႔ထံမွ သိရသည္။
ျဖစ္စဥ္မွာ မံစီၿမိဳ႕နယ္၊ သံတံတားေက်းရြာ-မန္သာေက်းရြာသြားကားလမ္း၌ ေမလ ၁၁ ရက္၊ ေန႔လယ္ ၁၁ နာရီခြဲခန္႔က မူးယစ္တပ္ဖြဲ႔၀င္မ်ားပါ၀င္ေသာပူးေပါင္းအဖြဲ႔က စစ္ေဆးေရး၀င္ခဲ့ၾကေၾကာင္းသိရသည္။
ထိုစဥ္ မံစီၿမိဳ႕၊ ကမ္းနီေက်းရြာေန လြမ္းစိုး(၁၇)ႏွစ္ေမာင္းႏွင္ၿပီး တစ္ရြာတည္းေန ေနျခည္ေအာင္(၁၀)ႏွစ္ လိုက္ပါလာေသာ 125 ဆိုင္ကယ္စစ္ေဆးရန္တားဆီးစဥ္ လက္ထဲ၌ကိုင္ေဆာင္ထားသည့္အထုတ္ကို လမ္းေပၚသို႔ ေနျခည္ေအာင္ကလႊင့္ပစ္ခဲ့သျဖင့္ ဖြင့္ေဖာက္စစ္ေဆးခဲ့ၾကသည္။
ယင္းအထုတ္မွာ ငွက္ေပ်ာဖတ္ျဖင့္ပတ္ထုတ္ထားေသာ WY ပန္းေရာင္စိတ္ၾကြရႈးသြပ္ေဆးျပား ၂၀၀ ျပား(ေငြ ၄၀၀,၀၀၀ က်ပ္)ႏွင့္ ဘိန္းစိမ္းဟုယူဆရေသာ အနက္ေရာင္အေစး ၅၀ ဂရမ္ (ေငြ  ၇၅၀,၀၀ က်ပ္) စုစုေပါင္းကာလေပါက္ေစ်း ၄၇၅,၀၀၀ က်ပ္တို႔ကို သိမ္းဆည္းရမိခဲ့ျခင္းျဖစ္သည္။ 
စစ္ေဆးခ်က္အရ အမည္မသိ(စံုစမ္းဆဲ)အမ်ိဳးသားတစ္ဦးထံမွ ေငြ ၁၁၀,၀၀၀ က်ပ္ျဖင့္ ၎တို႔သံုးစြဲရန္ႏွင့္ ျပန္လည္ေရာင္းခ်ရန္ ၀ယ္ယူလာျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရွိခဲ့ရသည္။
အမႈႏွင့္ပတ္သက္၍ လြမ္းစိုး၊ (၁၇)ႏွစ္ႏွင့္ ေနျခည္ေအာင္၊ (၁၀)ႏွစ္တို႔ႏွစ္ဦးကို မံစီၿမိဳ႕မရဲစခန္း၌ မူးယစ္ေဆး၀ါးႏွင့္စိတ္ကိုေျပာင္းလဲေစတတ္ေသာ ပုဒ္မ- ၁၉(က)/၂၁/၂၂(ဂ) ျဖင့္ အမႈဖြင့္စစ္ေဆးေနၾကာင္း သတင္းရရွိသည္။  
- ဒါးဇ(အကုန္သိသတင္းဌာန) | Source - ဗန္းေမာ္ပြင့္သစ္

Unicode Version

၁၀ နှစ်နှင့် ၁၇ နှစ်အရွယ်လူငယ်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများ၊ ဘိန်းစိမ်းများနှင့်အတူ ဖမ်းမိ 

အသက် ၁၀ နှစ်သားနှင့် ၁၇ နှစ်အရွယ်ရှိလူငယ်တို့နှစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းစိမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ကချင်ပြည်နယ်၊ မံစီမြို့မရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ မံစီမြို့နယ်၊ သံတံတားကျေးရွာ-မန်သာကျေးရွာသွားကားလမ်း၌ မေလ ၁၁ ရက်၊ နေ့လယ် ၁၁ နာရီခွဲခန့်က မူးယစ်တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က စစ်ဆေးရေးဝင်ခဲ့ကြကြောင်းသိရသည်။
ထိုစဉ် မံစီမြို့၊ ကမ်းနီကျေးရွာနေ လွမ်းစိုး(၁၇)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ နေခြည်အောင်(၁၀)နှစ် လိုက်ပါလာသော 125 ဆိုင်ကယ်စစ်ဆေးရန်တားဆီးစဉ် လက်ထဲ၌ကိုင်ဆောင်ထားသည့်အထုတ်ကို လမ်းပေါ်သို့ နေခြည်အောင်ကလွှင့်ပစ်ခဲ့သဖြင့် ဖွင့်ဖောက်စစ်ဆေးခဲ့ကြသည်။
ယင်းအထုတ်မှာ ငှက်ပျောဖတ်ဖြင့်ပတ်ထုတ်ထားသော WY ပန်းရောင်စိတ်ကြွရှုးသွပ်ဆေးပြား ၂၀၀ ပြား(ငွေ ၄၀၀,၀၀၀ ကျပ်)နှင့် ဘိန်းစိမ်းဟုယူဆရသော အနက်ရောင်အစေး ၅၀ ဂရမ် (ငွေ  ၇၅၀,၀၀ ကျပ်) စုစုပေါင်းကာလပေါက်ဈေး ၄၇၅,၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ 
စစ်ဆေးချက်အရ အမည်မသိ(စုံစမ်းဆဲ)အမျိုးသားတစ်ဦးထံမှ ငွေ ၁၁၀,၀၀၀ ကျပ်ဖြင့် ၎င်းတို့သုံးစွဲရန်နှင့် ပြန်လည်ရောင်းချရန် ဝယ်ယူလာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။
အမှုနှင့်ပတ်သက်၍ လွမ်းစိုး၊ (၁၇)နှစ်နှင့် နေခြည်အောင်၊ (၁၀)နှစ်တို့နှစ်ဦးကို မံစီမြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ပုဒ်မ- ၁၉(က)/၂၁/၂၂(ဂ) ဖြင့် အမှုဖွင့်စစ်ဆေးနေကြာင်း သတင်းရရှိသည်။  
- ဒါးဇ(အကုန်သိသတင်းဌာန) | Source - ဗန်းမော်ပွင့်သစ်

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။