Skip to main content
တ႐ုတ္နိုင္ငံသား ၁ ဦး ဓာတ္အားႀကိဳးတပ္ဆင္ေနစဥ္ ေျခေခ်ာ္ျပဳတ္က်ၿပီး ေသဆုံး
Ads Block

တ႐ုတ္နိုင္ငံသား ၁ ဦး ဓာတ္အားႀကိဳးတပ္ဆင္ေနစဥ္ ေျခေခ်ာ္ျပဳတ္က်ၿပီး ေသဆုံး



ထီးခ်ိဳင့္ၿမိဳ႕နယ္တြင္ တ႐ုတ္ႏိုင္ငံသား ၁ ဦး ဓာတ္အားႀကိဳးတပ္ဆင္ေနစဥ္ ေျခေခ်ာ္ျပဳတ္က်ၿပီး ေသဆုံးသြားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ထီးခ်ိဳင့္ၿမိဳ႕နယ္၊ ေရႊဘို-ျမစ္ႀကီးနားသြားကားလမ္း ေျမာက္ဘက္ ၂ ဖာလုံခန္႔ အကြာ ျပင္တဲႀကိဳးဝိုင္း၊ နဘား-အုန္းေတာ မဟာဓာတ္အားလိုင္းမိုင္တိုင္ ၁၀၇ ၌ ေမလ ၁၁ ရက္၊ မြန္းတည့္ ၁၂ နာရီ န္႔က ကၽြမ္းက်င္လုပ္သားျဖစ္သူ တ႐ုတ္နိုင္ငံသားတစ္ဦး ဓာတ္အားႀကိဳးတပ္ဆင္ေနစဥ္ ေျခေခ်ာ္ျပဳတ္က်ခဲ့ေၾကာင္း ရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါတရုတ္ႏိုင္ငံသားမွာ ေရွာင္ရီ၊ (၃၇)ႏွစ္ဆိုသူျဖစ္ၿပီး အင္းေတာ္ၿမိဳ႕နယ္၊ နန္႔သဲအေျခစိုက္ CCP(Central Chine Power)ကုမၸဏီမွ ဓာတ္ႀကိဳးတပ္ဆင္သည့္ ကၽြမ္းက်င္လုပ္သားျဖစ္ေၾကာင္း သိရသည္။
တ႐ုတ္နိုင္ငံသား ေရွာင္ရီသည္ အျမင့္ ၁၀၀ ေပခန္႔၌ ဓာတ္အားႀကိဳးတပ္ဆင္ေနစဥ္ ေျခေခ်ာ္ျပဳတ္က်ခဲ့သျဖင့္ ရရွိခဲ့ေသာဒဏ္ရာမ်ားေၾကာင့္ ေသဆုံးသြားေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဓမၼတာအတိုင္း ေသဆုံးျခင္းဟုတ္မဟုတ္သိရွိႏိုင္ရန္ ထီးခ်ိဳင့္ၿမိဳ႕မရဲစခန္း၌ ေသမႈေသခင္း အမွတ္စဥ္ ၁၅/၂၀၁၉ ျဖင့္ ေရးဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode Version

တရုတ်နိုင်ငံသား ၁ ဦး ဓာတ်အားကြိုးတပ်ဆင်နေစဉ် ခြေချော်ပြုတ်ကျပြီး သေဆုံး

ထီးချိုင့်မြို့နယ်တွင် တရုတ်နိုင်ငံသား ၁ ဦး ဓာတ်အားကြိုးတပ်ဆင်နေစဉ် ခြေချော်ပြုတ်ကျပြီး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွားကားလမ်း မြောက်ဘက် ၂ ဖာလုံခန့် အကွာ ပြင်တဲကြိုးဝိုင်း၊ နဘား-အုန်းတော မဟာဓာတ်အားလိုင်းမိုင်တိုင် ၁၀၇ ၌ မေလ ၁၁ ရက်၊ မွန်းတည့် ၁၂ နာရီ န့်က ကျွမ်းကျင်လုပ်သားဖြစ်သူ တရုတ်နိုင်ငံသားတစ်ဦး ဓာတ်အားကြိုးတပ်ဆင်နေစဉ် ခြေချော်ပြုတ်ကျခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတရုတ်နိုင်ငံသားမှာ ရှောင်ရီ၊ (၃၇)နှစ်ဆိုသူဖြစ်ပြီး အင်းတော်မြို့နယ်၊ နန့်သဲအခြေစိုက် CCP(Central Chine Power)ကုမ္ပဏီမှ ဓာတ်ကြိုးတပ်ဆင်သည့် ကျွမ်းကျင်လုပ်သားဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသား ရှောင်ရီသည် အမြင့် ၁၀၀ ပေခန့်၌ ဓာတ်အားကြိုးတပ်ဆင်နေစဉ် ခြေချော်ပြုတ်ကျခဲ့သဖြင့် ရရှိခဲ့သောဒဏ်ရာများကြောင့် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ်သိရှိနိုင်ရန် ထီးချိုင့်မြို့မရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် ၁၅/၂၀၁၉ ဖြင့် ရေးဖွင့်စစ်ဆေးနေကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။