Skip to main content
မစိမ့္ထက္ ေတာင္ေပၚမွျပဳတ္က်ေသဆုံးမႈႏွင့္ပတ္သက္၍ ေတာင္တက္အဖြဲ႕ေခါင္းေဆာင္ကို တရားစြဲမည္ဟု ေသဆံုးသူ၏ ဖခင္ေျပာ
Ads Block

မစိမ့္ထက္ ေတာင္ေပၚမွျပဳတ္က်ေသဆုံးမႈႏွင့္ပတ္သက္၍ ေတာင္တက္အဖြဲ႕ေခါင္းေဆာင္ကို တရားစြဲမည္ဟု ေသဆံုးသူ၏ ဖခင္ေျပာ


မစိမ့္ထက္ ေသဆုံးမႈႏွင့္ပတ္သက္၍ ေတာင္တက္အဖြဲ႕ေခါင္းေဆာင္ကို တရားစြဲဆုိမည္ျဖစ္ေၾကာင္း ေသဆံုးသူ၏ဖခင္ျဖစ္သူဦးေမာင္ေမာင္ေလးက ေျပာလုိက္သည္။

မစိမ့္ထက္ ေတာင္ေပၚမွျပဳတ္က်ေသဆုံးမႈႏွင့္ပတ္သက္၍ ေတာင္တက္အဖြဲ႕ေခါင္းေဆာင္ကို တရားစြဲမည္ဟု ေသဆံုးသူ၏ ဖခင္ေျပာ


ရန္ကုန္ၿမိဳ႕ရွိ စင္ထရယ္ဟုိတယ္တြင္ ေမလ ၁၂ ရက္ကက်င္းပေသာ မစိမ့္ထက္အားကယ္ဆယ္ရွာေဖြေရး သတင္းမွတ္တမ္းအေတြ႔အႀကဳံရွင္းလင္းပြဲတြင္ ဖခင္ျဖစ္သူဦးေမာင္ေမာင္ေလးက သတင္းမီဒီယာမ်ားသုိ႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ တာ၀န္ရွိတဲ့ဘက္က အေရးယူမႈမရွိဘူးဆုိရင္ေတာ့ ကြ်န္ေတာ့္ဘက္ကတရားစြဲရမွာေပါ့။ ဒါေပမဲ့လည္း တရားေရးနဲ႔ပတ္သက္လုိ႔ ကြ်န္ေတာ့္ကုိဆက္သြယ္မယ့္သူကုိကြ်န္ေတာ္ေမွ်ာ္လင့္ေနတာေပါ့။ ကြ်န္ေတာ္ တစ္ေယာက္တည္းလုပ္ဖုိ႔က ကြ်န္ေတာ္မွာကအင္အားလည္းနည္းတယ္။ အိမ္မွာကလည္းလူခြဲလည္းမရွိဘူး။ အခုေတာ့ ကြ်န္ေတာ္နည္းနည္းစၿပီးဆက္သြယ္ေနတယ္။ အဓိကေခါင္းေဆာင္ပါပဲ။ မစိမ့္ထက္ေသဆုံးမႈမွာ တာ၀န္ရွိတာ ေတာင္တက္ေခါင္းေဆာင္ပါပဲ။ ကြ်န္ေတာ္ကေတာ့အဲဒီလုိယူဆတယ္။ တရားစြဲရင္ေတာ့ ေခါင္းေဆာင္ကုိစြဲရမွာေပါ့။ မွန္ပါတယ္’’ဟု ဦးေမာင္ေမာင္ေလးကေျပာသည္။

မစိမ့္ထက္ ေတာင္ေပၚမွျပဳတ္က်ေသဆုံးမႈႏွင့္ပတ္သက္၍ ေတာင္တက္အဖြဲ႕ေခါင္းေဆာင္ကို တရားစြဲမည္ဟု ေသဆံုးသူ၏ ဖခင္ေျပာ


ျဖစ္စဥ္မွာ ကခ်င္ျပည္နယ္ ပူတာအုိရွိဖုန္ကရာဇီေတာင္သုိ႔ မစိမ့္ထက္အပါအ၀င္ အဖြဲ႔၀င္ ၂၀ ဦးပါ၀င္ေသာ  summiter ေတာင္တက္အဖြဲ႔သည္ ဧၿပီလ ၆ ရက္တြင္ ထြက္ခြာတက္ရွိခဲ့ကာ ဧၿပီ ၁၂ရက္ေန႔မနက္ပုိင္းတြင္ ေတာင္ထိပ္သုိ႔ေရာက္ရွိခဲ့ၿပီး မနက္ကုိးနာရီေက်ာ္တြင္ ေတာင္ေအာက္သုိ႔ျပန္ဆင္းရာမွ မစိမ့္ထက္မွာ ေျခေခ်ာ္ကာ ေတာင္ေအာက္သုိ႔ျပဳတ္က်သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ 
အဆုိပါ ျပဳတ္က်သည့္ျဖစ္စဥ္တြင္ ေတာင္တက္ေခါင္းေဆာင္တြင္ တာ၀န္ရွိေၾကာင္း ေ၀ဖန္ေထာက္ျပမႈတုိ႔ ရွိၾကၿပီး ၄င္းဖန္ဂရန္ရာဇီေတာင္သုိ႔မစိမ့္ထက္အပါအ၀င္ေတာင္တက္သူမ်ားအား ဦးေဆာင္ ေခၚေဆာင္သြားသူမွာ ျမန္မာႏုိင္ငံေျခလ်င္ေတာင္တက္အဖြဲ႔ခ်ဳပ္မွ အမႈေဆာင္အဖြဲ႔၀င္တစ္ဦးျဖစ္သူ ကုိပန္းသီး(ေခၚ)ကုိေဇာ္ဇင္ခုိင္ျဖစ္ေၾကာင္း သိရသည္။
“(ကုိေဇာ္ဇင္ခုိင္) သူကအခုေလာေလာဆယ္ ႏုိင္ငံျခားခရီးလြန္ေနတယ္။သူျပန္လာမွ  ဘယ္လုိသေဘာထား ရွိတယ္ဆုိတာသိရမွာေလ။ အခုျဖစ္စဥ္ကေရခဲမာေနတဲ့အခ်ိန္သူတုိ႔ သတိလက္လြတ္ျဖစ္သြားတယ္ ထင္ပါတယ္။ ကြ်န္ေတာ္သြားတဲ့အခါမွာလည္းသတိလက္လြတ္ေျခေခ်ာ္လက္ေခ်ာ္လဲသြားတာေလးေတြရွိတယ္။ အဲဒီအခါ ကြ်န္ေတာ္တုိ႔အခ်င္းခ်င္းျပန္ၿပီးထိန္းရတာရွိတယ္။ အသက္အႏၱရာယ္အထိေတာ့ မျဖစ္ဖူးဘူးေပါ့။ ဒါကသြားရင္းနဲ႔ျဖစ္တာဆုိေတာ့ နည္းနည္းေပါ့ေလ်ာ့သြားတယ္လုိ႔ထင္ပါတယ္’’ဟု ျမန္မာႏုိင္ငံ ေျခလ်င္ေတာင္တက္အဖြဲ႔ခ်ဳပ္မွ အတြင္းေရးမွဴးဦးေက်ာ္သူက ေျပာသည္။
မစိမ့္ထက္ ျပဳတ္က်ခဲ့သည့္ေနရာကို ျမန္မာႏုိင္ငံေျခလ်င္ေတာင္တက္အဖြဲ႔ခ်ဳပ္ ဒုတိယဥကၠ႒ ဦးက်င္ဦး ေခါင္းေဆာင္ေသာ အဖြဲ႔မွ ဧၿပီ၂၄ရက္ေန႔ စတင္ထြက္ခြာကာ ေမလဆန္းထိသြားေရာက္ရွာေဖြခဲ့ေသာ္လည္း မစိမ့္ထက္၏ လုံၿခဳံေရးအက်ၤီႏွင့္မ်က္မွန္သာေတြ႔ရွိခဲ့သည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

မစိမ့်ထက် တောင်ပေါ်မှပြုတ်ကျသေဆုံးမှုနှင့်ပတ်သက်၍ တောင်တက်အဖွဲ့ခေါင်းဆောင်ကို တရားစွဲမည်ဟု သေဆုံးသူ၏ ဖခင်ပြော

မစိမ့်ထက် သေဆုံးမှုနှင့်ပတ်သက်၍ တောင်တက်အဖွဲ့ခေါင်းဆောင်ကို တရားစွဲဆိုမည်ဖြစ်ကြောင်း သေဆုံးသူ၏ဖခင်ဖြစ်သူဦးမောင်မောင်လေးက ပြောလိုက်သည်။
ရန်ကုန်မြို့ရှိ စင်ထရယ်ဟိုတယ်တွင် မေလ ၁၂ ရက်ကကျင်းပသော မစိမ့်ထက်အားကယ်ဆယ်ရှာဖွေရေး သတင်းမှတ်တမ်းအတွေ့အကြုံရှင်းလင်းပွဲတွင် ဖခင်ဖြစ်သူဦးမောင်မောင်လေးက သတင်းမီဒီယာများသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ တာဝန်ရှိတဲ့ဘက်က အရေးယူမှုမရှိဘူးဆိုရင်တော့ ကျွန်တော့်ဘက်ကတရားစွဲရမှာပေါ့။ ဒါပေမဲ့လည်း တရားရေးနဲ့ပတ်သက်လို့ ကျွန်တော့်ကိုဆက်သွယ်မယ့်သူကိုကျွန်တော်မျှော်လင့်နေတာပေါ့။ ကျွန်တော် တစ်ယောက်တည်းလုပ်ဖို့က ကျွန်တော်မှာကအင်အားလည်းနည်းတယ်။ အိမ်မှာကလည်းလူခွဲလည်းမရှိဘူး။ အခုတော့ ကျွန်တော်နည်းနည်းစပြီးဆက်သွယ်နေတယ်။ အဓိကခေါင်းဆောင်ပါပဲ။ မစိမ့်ထက်သေဆုံးမှုမှာ တာဝန်ရှိတာ တောင်တက်ခေါင်းဆောင်ပါပဲ။ ကျွန်တော်ကတော့အဲဒီလိုယူဆတယ်။ တရားစွဲရင်တော့ ခေါင်းဆောင်ကိုစွဲရမှာပေါ့။ မှန်ပါတယ်’’ဟု ဦးမောင်မောင်လေးကပြောသည်။
ဖြစ်စဉ်မှာ ကချင်ပြည်နယ် ပူတာအိုရှိဖုန်ကရာဇီတောင်သို့ မစိမ့်ထက်အပါအဝင် အဖွဲ့ဝင် ၂၀ ဦးပါဝင်သော  summiter တောင်တက်အဖွဲ့သည် ဧပြီလ ၆ ရက်တွင် ထွက်ခွာတက်ရှိခဲ့ကာ ဧပြီ ၁၂ရက်နေ့မနက်ပိုင်းတွင် တောင်ထိပ်သို့ရောက်ရှိခဲ့ပြီး မနက်ကိုးနာရီကျော်တွင် တောင်အောက်သို့ပြန်ဆင်းရာမှ မစိမ့်ထက်မှာ ခြေချော်ကာ တောင်အောက်သို့ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
အဆိုပါ ပြုတ်ကျသည့်ဖြစ်စဉ်တွင် တောင်တက်ခေါင်းဆောင်တွင် တာဝန်ရှိကြောင်း ဝေဖန်ထောက်ပြမှုတို့ ရှိကြပြီး ၎င်းဖန်ဂရန်ရာဇီတောင်သို့မစိမ့်ထက်အပါအဝင်တောင်တက်သူများအား ဦးဆောင် ခေါ်ဆောင်သွားသူမှာ မြန်မာနိုင်ငံခြေလျင်တောင်တက်အဖွဲ့ချုပ်မှ အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုပန်းသီး(ခေါ်)ကိုဇော်ဇင်ခိုင်ဖြစ်ကြောင်း သိရသည်။
“(ကိုဇော်ဇင်ခိုင်) သူကအခုလောလောဆယ် နိုင်ငံခြားခရီးလွန်နေတယ်။သူပြန်လာမှ  ဘယ်လိုသဘောထား ရှိတယ်ဆိုတာသိရမှာလေ။ အခုဖြစ်စဉ်ကရေခဲမာနေတဲ့အချိန်သူတို့ သတိလက်လွတ်ဖြစ်သွားတယ် ထင်ပါတယ်။ ကျွန်တော်သွားတဲ့အခါမှာလည်းသတိလက်လွတ်ခြေချော်လက်ချော်လဲသွားတာလေးတွေရှိတယ်။ အဲဒီအခါ ကျွန်တော်တို့အချင်းချင်းပြန်ပြီးထိန်းရတာရှိတယ်။ အသက်အန္တရာယ်အထိတော့ မဖြစ်ဖူးဘူးပေါ့။ ဒါကသွားရင်းနဲ့ဖြစ်တာဆိုတော့ နည်းနည်းပေါ့လျော့သွားတယ်လို့ထင်ပါတယ်’’ဟု မြန်မာနိုင်ငံ ခြေလျင်တောင်တက်အဖွဲ့ချုပ်မှ အတွင်းရေးမှူးဦးကျော်သူက ပြောသည်။
မစိမ့်ထက် ပြုတ်ကျခဲ့သည့်နေရာကို မြန်မာနိုင်ငံခြေလျင်တောင်တက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျင်ဦး ခေါင်းဆောင်သော အဖွဲ့မှ ဧပြီ၂၄ရက်နေ့ စတင်ထွက်ခွာကာ မေလဆန်းထိသွားရောက်ရှာဖွေခဲ့သော်လည်း မစိမ့်ထက်၏ လုံခြုံရေးအင်္ကျီနှင့်မျက်မှန်သာတွေ့ရှိခဲ့သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။