Skip to main content
ဖ်ာပုံၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦးအား ပစ္စတုိေသနတ္၊ က်ည္ (၁၃)ေထာင့္ႏွင့္အတူ ဖမ္းမိ
Ads Block

ဖ်ာပုံၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦးအား ပစ္စတုိေသနတ္၊ က်ည္ (၁၃)ေထာင့္ႏွင့္အတူ ဖမ္းမိ



ဖ်ာပံုၿမိဳ႕တြင္ ယေန႔(ေမလ ၁၂ ရက္)၊ နံနက္အေစာပိုင္းက အမ်ိဳးသားတစ္ဦးအား ပစ္စတုိေသနတ္၊ က်ည္ (၁၃)ေထာင့္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ 
ျဖစ္စဥ္မွာ ဧရာဝတီတုိင္းေဒသႀကီး၊ ဖ်ာပုံၿမိဳ႕၊ ေမလ ၁၂ ရက္၊ နံနက္ ၀ နာရီ ၃၀ မိနစ္ခန္႔က ဖ်ာပုံၿမိဳ႕နယ္ ရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ဒုရဲအုပ္ ေဇာ္ဟိန္းႏွင့္ တပ္ဖြဲ႔ဝင္မ်ား၊ စရဖ၊ SB တပ္ဖြဲ႔ဝင္မ်ားက အမွတ္(၁၅) ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၊နယ္ေျမမႉးတုိ႔ႏွင့္အတူ ေသနတ္ကိုင္ေဆာင္သူကို သတင္းအရ လုိက္လံ႐ွာေဖြခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ရွာေဖြရာ အမွတ္ (၁၅)ရပ္ကြက္၊ေအာင္သုခလမ္းမႀကီးေပၚတြင္ ေသနတ္ကုိင္ေဆာင္လာသူ ဦေနာ္တင္ (၄၇)ႏွစ္ ၊ (ဘ)ဦးအုိက္ထြန္း ၊ေရလုပ္ငန္း(႐ွမ္း/ေျမာက္ ေကာင္းခါးျပည္သူ႔စစ္တပ္ဖြဲ႔ဝင္၊ၾကည္ ၅၅၆ ၊ဗုိလ္မႉး အဆင့္ စီးပြားေရးတာဝန္ခံ)အမွတ္ (၄၃၅)၊ေအာင္သုခလမ္းမႀကီး ၊အမွတ္(၁၅)ရပ္ကြက္ေနသူလက္ထဲတြင္ ကိုင္ေဆာင္လာသည့္ အ႐ွည္ (၈)လက္မခန္႔႐ွိ ၉မမ ပစ္စတုိတစ္လက္ေတြ႔႐ွိရသျဖင့္ သက္ေသမ်ားေ႐ွ႕တြင္ စစ္ေဆးခဲ့ေၾကာင္း သိရသည္။ 
စစ္ေဆးခ်က္အရ က်ည္ဆံ (၁)ေထာင့္ထုိးထားၿပီး ေသနတ္မွာ ေမာင္းတင္လ်က္အသင့္႐ွိၿပီး က်ည္ကဒ္ အတြင္းမွ ၉မမ က်ည္ ၄ ေထာင့္၊ စုစုေပါင္း က်ည္ (၅)ေထာင့္ ေတြ႔႐ွိရသျဖင့္ ႐ွာေဖြပုံစံျဖင့္ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။ 
ထို႔ေနာက္ ဦးေနာ္တင္အား ဆက္လက္စစ္ေဆးေမးျမန္းရာမွ ၎၏ ေနအိမ္အေပၚထပ္အိပ္ခန္းအတြင္း အနက္ေရာင္သားေရ ဂ်က္ကင္အက်ၤီအိတ္အတြင္း ၉မမ က်ည္ဆံ (၇)ေထာင့္ ထပ္မံေတြ႔႐ွိခဲ့ေၾကာင္း သိရသည္။ 
အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လက္နက္ႏွင့္ခဲယမ္းမ်ား တရားမဝင္ကုိင္ေဆာင္သြားလာသူ ဦးေနာ္တင္အား ဖ်ာပုံၿမိဳ႕မရဲစခန္း၌ (ပ) ၅၅၆/၂၀၁၉ ၊ လက္နက္ဥပေဒ ပုဒ္မ -၁၉(စ)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။ 

- ေက်ာ္စုိးမုိး- ဖ်ာပံု(အကုန္သိသတင္းဌာန)

Unicode Version

ဖျာပုံမြို့တွင် အမျိုးသားတစ်ဦးအား ပစ်စတိုသေနတ်၊ ကျည် (၁၃)ထောင့်နှင့်အတူ ဖမ်းမိ

ဖျာပုံမြို့တွင် ယနေ့(မေလ ၁၂ ရက်)၊ နံနက်အစောပိုင်းက အမျိုးသားတစ်ဦးအား ပစ်စတိုသေနတ်၊ ကျည် (၁၃)ထောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ မေလ ၁၂ ရက်၊ နံနက် ၀ နာရီ ၃၀ မိနစ်ခန့်က ဖျာပုံမြို့နယ် ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ် ဇော်ဟိန်းနှင့် တပ်ဖွဲ့ဝင်များ၊ စရဖ၊ SB တပ်ဖွဲ့ဝင်များက အမှတ်(၁၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး၊နယ်မြေမှူးတို့နှင့်အတူ သေနတ်ကိုင်ဆောင်သူကို သတင်းအရ လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။
ထို့သို့ရှာဖွေရာ အမှတ် (၁၅)ရပ်ကွက်၊အောင်သုခလမ်းမကြီးပေါ်တွင် သေနတ်ကိုင်ဆောင်လာသူ ဦနော်တင် (၄၇)နှစ် ၊ (ဘ)ဦးအိုက်ထွန်း ၊ရေလုပ်ငန်း(ရှမ်း/မြောက် ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ဝင်၊ကြည် ၅၅၆ ၊ဗိုလ်မှူး အဆင့် စီးပွားရေးတာဝန်ခံ)အမှတ် (၄၃၅)၊အောင်သုခလမ်းမကြီး ၊အမှတ်(၁၅)ရပ်ကွက်နေသူလက်ထဲတွင် ကိုင်ဆောင်လာသည့် အရှည် (၈)လက်မခန့်ရှိ ၉မမ ပစ်စတိုတစ်လက်တွေ့ရှိရသဖြင့် သက်သေများရှေ့တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။ 
စစ်ဆေးချက်အရ ကျည်ဆံ (၁)ထောင့်ထိုးထားပြီး သေနတ်မှာ မောင်းတင်လျက်အသင့်ရှိပြီး ကျည်ကဒ် အတွင်းမှ ၉မမ ကျည် ၄ ထောင့်၊ စုစုပေါင်း ကျည် (၅)ထောင့် တွေ့ရှိရသဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။ 
ထို့နောက် ဦးနော်တင်အား ဆက်လက်စစ်ဆေးမေးမြန်းရာမှ ၎င်း၏ နေအိမ်အပေါ်ထပ်အိပ်ခန်းအတွင်း အနက်ရောင်သားရေ ဂျက်ကင်အင်္ကျီအိတ်အတွင်း ၉မမ ကျည်ဆံ (၇)ထောင့် ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။ 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လက်နက်နှင့်ခဲယမ်းများ တရားမဝင်ကိုင်ဆောင်သွားလာသူ ဦးနော်တင်အား ဖျာပုံမြို့မရဲစခန်း၌ (ပ) ၅၅၆/၂၀၁၉ ၊ လက်နက်ဥပဒေ ပုဒ်မ -၁၉(စ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ 

- ကျော်စိုးမိုး- ဖျာပုံ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။