Skip to main content
ပန္းနာရင္ၾကပ္ေရာဂါကိုကုသၿပီး ေရာဂါထိန္းထားႏုိင္ပါက လူေကာင္းပကတိကဲ့သို႔ ေနထုိင္ႏုိင္ဟုဆုိ
Ads Block

ပန္းနာရင္ၾကပ္ေရာဂါကိုကုသၿပီး ေရာဂါထိန္းထားႏုိင္ပါက လူေကာင္းပကတိကဲ့သို႔ ေနထုိင္ႏုိင္ဟုဆုိ



ပန္းနာရင္ၾကပ္ေရာဂါသည္ ၀ဋ္နာကံနာမဟုတ္ဘဲ ကုသၿပီး ေရာဂါကိုထိန္းထားႏုိင္ပါက လူေကာင္းပကတိ ကဲ့သို႔ေနထုိင္ႏုိင္ေၾကာင္း အဆုတ္ႏွင့္ရင္ေခါင္းအထူးကုဆရာ၀န္ႀကီး ပါေမာကၡေဒါက္တာ၀င္းႏုိင္က ေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိသူနာျပဳတကၠသုိလ္တြင္ ေမလ ၁၂ ရက္က က်င္းပေသာ ကမၻာ႔ရင္ၾကပ္ပန္းနာေရာဂါ အထိမ္းအမွတ္ေန႔တြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။ 
“ပန္းနာရင္ၾကပ္ေရာဂါဟာ နာတာရွည္ေရာဂါတစ္ခုျဖစ္တယ္။ ျဖစ္လုိက္ေကာင္းလုိက္၊ ျဖစ္လုိက္ေကာင္းလုိက္ ဆုိေတာ့မေပ်ာက္ဘူးဆုိၿပီး ၀ဋ္နာကံနာဆုိၿပီး အယူအဆလြဲေလးေတြနဲ႔ ခံစားေနရတဲ့လူနာေတြ အမ်ားႀကီးရွိတယ္။ ကြ်န္ေတာ္တုိ႔ေခတ္မီကုထုံးကုသနည္းေတြနဲ႔ဆုိရင္ ဒီေရာဂါဟာအဲဒီလုိျဖစ္ေနတဲ့ ေရာဂါ မဟုတ္ဘူး။ ေသခ်ာကုသရင္ လူေကာင္းပကတိလုိေနထုိင္ႏုိင္တဲ့ေရာဂါျဖစ္တယ္ဆုိတာ သိပၸံပညာရွင္မ်ား ေတြ႔ရွိထားၿပီးျဖစ္ပါတယ္’’ဟု အဆုတ္ႏွင့္ရင္ေခါင္းအထူးကုဆရာ၀န္ႀကီး ပါေမာကၡေဒါက္တာ၀င္းႏုိင္က ေျပာသည္။
ပန္းနာရင္ၾကပ္ေရာဂါသည္ အသက္ရႈေသာေလျပြန္မ်ားေရာင္ရမ္းျခင္းေၾကာင့္ျဖစ္ပြားျခင္းျဖစ္ၿပီး မ်ိဳးရုိးဗီဇႏွင့္လည္း သက္ဆုိင္ကာ စားေသာက္ေနထုိင္မႈဂရုစုိက္ျခင္းႏွ္င့္သတိျပဳျခင္းတုိ႔လုပ္ေဆာင္ရန္ လုိအပ္ေၾကာင္း သိရသည္။
ကမၻာေပၚတြင္ ပန္းနာရင္ၾကပ္ေရာဂါခံစားေနရေသာ ေ၀ဒနာရွင္လူဦးေရ သန္းသုံးရာေက်ာ္ရွိၿပီး ျမန္မာႏုိင္ငံတြင္ လူဦးေရတစ္ရာတြင္ ငါးေယာက္အထက္ ပန္းနာရင္ၾကပ္ေ၀ဒနာရွင္ရွိေၾကာင္း သိရသည္။
“ပန္းနာရင္ၾကပ္ေရာဂါဟာ ကြ်န္မတုိ႔ငယ္ငယ္တုန္းကလုိမဟုတ္ေတာ့ဘူး။အခုဆုိရင္ ေရာဂါကုိထိန္းတဲ့ ရႈေဆးေတြ၊ ေသာက္ေဆးေတြ အမ်ားႀကီးေပၚလာၿပီ။ အရင္ေခတ္ကထက္စာရင္ အခုေခတ္မွာ ပန္းနာရင္ၾကပ္ေရာဂါသည္ဟာ ကံေကာင္းတယ္လုိ႔ေျပာရမယ္။ မေပ်ာက္ဘူးဆုိရင္ေတာင္မွ အင္မတန္မွ အရည္အေသြးေကာင္းတဲ့ေဆးေတြနဲ႔ ေရာဂါကုိထိန္းထားႏုိင္ၿပီ။ သူ႔ရဲ႕သေဘာသဘာ၀အရ ေပ်ာက္သြားတယ္ ဆုိေပမဲ့လည္းတစ္ခါတစ္ေလျပန္ထႏုိင္တာလည္းရွိတယ္။ ဒါေပမဲ့ ေရာဂါကုိထိန္းထားႏုိင္ပါတယ္’’ဟု ပါေမာကၡ ေဒါက္တာရတနာေက်ာ္က ေျပာသည္။
ပန္းနာရင္ၾကပ္ေရာဂါေ၀ဒနာလကၡဏာမ်ားအေနျဖင့္ ေခ်ာင္းဆုိးျခင္း၊ ရင္ၾကပ္ျခင္း၊ အသက္ရႈ႐ာတြင္တရႊီရႊီ ျမည္ေနျခင္း၊ ရင္ဘတ္ထဲတြင္ တင္းၾကပ္ေနျခင္းတုိ႔ျဖစ္ေပၚႏုိင္ၿပီး ေရာဂါကိုကုသမႈမရွိပါက အသက္အႏၱရာယ္ စုိးရိမ္ရသည္အထိျဖစ္ပြားနုိင္ေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

ပန်းနာရင်ကြပ်ရောဂါကိုကုသပြီး ရောဂါထိန်းထားနိုင်ပါက လူကောင်းပကတိကဲ့သို့ နေထိုင်နိုင်ဟုဆို

ပန်းနာရင်ကြပ်ရောဂါသည် ဝဋ်နာကံနာမဟုတ်ဘဲ ကုသပြီး ရောဂါကိုထိန်းထားနိုင်ပါက လူကောင်းပကတိ ကဲ့သို့နေထိုင်နိုင်ကြောင်း အဆုတ်နှင့်ရင်ခေါင်းအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဝင်းနိုင်က ပြောသည်။
ရန်ကုန်မြို့ရှိသူနာပြုတက္ကသိုလ်တွင် မေလ ၁၂ ရက်က ကျင်းပသော ကမ္ဘာ့ရင်ကြပ်ပန်းနာရောဂါ အထိမ်းအမှတ်နေ့တွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ပန်းနာရင်ကြပ်ရောဂါဟာ နာတာရှည်ရောဂါတစ်ခုဖြစ်တယ်။ ဖြစ်လိုက်ကောင်းလိုက်၊ ဖြစ်လိုက်ကောင်းလိုက် ဆိုတော့မပျောက်ဘူးဆိုပြီး ဝဋ်နာကံနာဆိုပြီး အယူအဆလွဲလေးတွေနဲ့ ခံစားနေရတဲ့လူနာတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ခေတ်မီကုထုံးကုသနည်းတွေနဲ့ဆိုရင် ဒီရောဂါဟာအဲဒီလိုဖြစ်နေတဲ့ ရောဂါ မဟုတ်ဘူး။ သေချာကုသရင် လူကောင်းပကတိလိုနေထိုင်နိုင်တဲ့ရောဂါဖြစ်တယ်ဆိုတာ သိပ္ပံပညာရှင်များ တွေ့ရှိထားပြီးဖြစ်ပါတယ်’’ဟု အဆုတ်နှင့်ရင်ခေါင်းအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဝင်းနိုင်က ပြောသည်။
ပန်းနာရင်ကြပ်ရောဂါသည် အသက်ရှုသောလေပြွန်များရောင်ရမ်းခြင်းကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး မျိုးရိုးဗီဇနှင့်လည်း သက်ဆိုင်ကာ စားသောက်နေထိုင်မှုဂရုစိုက်ခြင်းနှ်င့်သတိပြုခြင်းတို့လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် ပန်းနာရင်ကြပ်ရောဂါခံစားနေရသော ဝေဒနာရှင်လူဦးရေ သန်းသုံးရာကျော်ရှိပြီး မြန်မာနိုင်ငံတွင် လူဦးရေတစ်ရာတွင် ငါးယောက်အထက် ပန်းနာရင်ကြပ်ဝေဒနာရှင်ရှိကြောင်း သိရသည်။
“ပန်းနာရင်ကြပ်ရောဂါဟာ ကျွန်မတို့ငယ်ငယ်တုန်းကလိုမဟုတ်တော့ဘူး။အခုဆိုရင် ရောဂါကိုထိန်းတဲ့ ရှုဆေးတွေ၊ သောက်ဆေးတွေ အများကြီးပေါ်လာပြီ။ အရင်ခေတ်ကထက်စာရင် အခုခေတ်မှာ ပန်းနာရင်ကြပ်ရောဂါသည်ဟာ ကံကောင်းတယ်လို့ပြောရမယ်။ မပျောက်ဘူးဆိုရင်တောင်မှ အင်မတန်မှ အရည်အသွေးကောင်းတဲ့ဆေးတွေနဲ့ ရောဂါကိုထိန်းထားနိုင်ပြီ။ သူ့ရဲ့သဘောသဘာဝအရ ပျောက်သွားတယ် ဆိုပေမဲ့လည်းတစ်ခါတစ်လေပြန်ထနိုင်တာလည်းရှိတယ်။ ဒါပေမဲ့ ရောဂါကိုထိန်းထားနိုင်ပါတယ်’’ဟု ပါမောက္ခ ဒေါက်တာရတနာကျော်က ပြောသည်။
ပန်းနာရင်ကြပ်ရောဂါဝေဒနာလက္ခဏာများအနေဖြင့် ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်း၊ အသက်ရှုရာတွင်တရွှီရွှီ မြည်နေခြင်း၊ ရင်ဘတ်ထဲတွင် တင်းကြပ်နေခြင်းတို့ဖြစ်ပေါ်နိုင်ပြီး ရောဂါကိုကုသမှုမရှိပါက အသက်အန္တရာယ် စိုးရိမ်ရသည်အထိဖြစ်ပွားနိုင်ကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။