Skip to main content
ျပင္ပအပူဒဏ္ေၾကာင့္ ခႏၶာကုိယ္အပူခ်ိန္ျမင့္မားျခင္းအတြက္ ပါရာစီတေမာတုိက္ျခင္းမွာ လြဲမွားသည့္ အယူအဆျဖစ္ဟုဆုိ
Ads Block

ျပင္ပအပူဒဏ္ေၾကာင့္ ခႏၶာကုိယ္အပူခ်ိန္ျမင့္မားျခင္းအတြက္ ပါရာစီတေမာတုိက္ျခင္းမွာ လြဲမွားသည့္ အယူအဆျဖစ္ဟုဆုိ



အပူဒဏ္ေၾကာင့္ လူ႔ခႏၶာကုိယ္အပူခ်ိန္ျမင့္မားျခင္းကို ပါရာစီတေမာ ကုိယ္အပူက်ေဆးတုိက္ျခင္းသည္ လြဲမွားသည့္အယူအဆတစ္ရပ္ျဖစ္၍ေရွာင္ၾကဥ္သင့္ေၾကာင္း အေထြေထြသမားေတာ္ ေဒါက္တာ မုိးေအာင္ေက်ာ္ႏုိင္က ေျပာသည္။
အပူခ်ိန္ျမင့္မားျခင္းေၾကာင့္ ေခြ်းထြက္လြန္၍ ကုိယ္အပူခ်ိန္ ျမင့္မားျခင္းအား အကုိက္အခဲေပ်ာက္ေဆး တုိက္ေကြ်းမႈမ်ားရွိသည့္အေပၚ ယခုကဲ့သို႔ေျပာျခင္း ျဖစ္သည္။ 
“လူဟာ ေသြးေႏြးသတၱ၀ါထဲမွာ ပါတဲ့အတြက္ေၾကာင့္ ခႏၶာကုိယ္ကုိ ၃၇ ဒီဂရီဆဲစီရပ္မွာ ထိန္းသိမ္းထားရတယ္။ အဲဒီေတာ့ ပတ္၀န္းက်င္အပူခ်ိန္ျမင့္မားရင္ခႏၶာကုိယ္က ေခြ်းထြက္တာနဲ႔ ၃၇ ဒီဂရီဆဲစီရပ္မွာ ထိန္းသိမ္းထားရတယ္။ ေႏြရာသီမွာဆုိ ပတ္၀န္းက်င္အပူဓာတ္ေတြက ကုိယ့္ရဲ႔ ခႏၶာကုိယ္ထဲ အဲဒီအပူဓါတ္ေတြက စီး၀င္လာတယ္။ အဲဒီအခ်ိန္ေတြမွာ လူ႔ခႏၶာကုိယ္က အပူခ်ိန္ကုိ ပါရာစီတေမာ္လုိ ေဆးမ်ိဳးေပးၿပီး ကုိယ္အပူခ်လုိ႔မရပါဘူး။ ပါရာစီတေမာလုိေဆးဟာ ခႏၶာကိုယ္ထဲက အပူခ်ိန္ကုိ ေခြ်းထြက္ေအာင္လုပ္ၿပီးမွအပူခ်ိန္ေလွ်ာ့ခ်တဲ့နည္းပါ။ အခုဟာက ေခြ်းထြက္စရာမရွိေတာ့တဲ့အတြက္ မည္သည့္အပူက်ေဆးေပးေပးအပူမက်တဲ့အျပင္ ေဆးရဲ႔ေနာက္ဆက္တြဲဆုိးက်ိဳးေတြပါ ထပ္မံခံစားသြားရမယ္’’ ဟု အေထြေထြသမားေတာ္ ေဒါက္တာမုိးေအာင္ေက်ာ္ႏုိင္ကေျပာသည္။
ခႏၶာကုိယ္တြင္အပူဒဏ္ေၾကာင့္ေခြ်းထြက္လြန္ပါက ေရမ်ားမ်ားေသာက္ေပးျခင္း၊ အပူရွိန္ျမင့္မားပါက ေလေအးခံျခင္း၊ ေရစုိ၀တ္ကပ္ေပးျခင္း ၊အရိပ္ရ၍ ေလရေသာေနရာတြင္ သက္ေတာင့္သက္သာေနေပးျခင္းတုိ႔ ျပဳလုပ္ရန္ လုိအပ္ေၾကာင္း သိရသည္။
“အဲဒီလုိ ျပင္ပအပူဒဏ္ေၾကာင့္ခႏၶာကုိယ္ပူေနရင္ေတာ့ ေရခဲေရတုိက္တာတုိ႔၊ ပန္ကာေလခံတာတုိ႔၊ ဒါမွမဟုတ္ အဲယားပြန္းခန္းထဲမွာ ထားတာတုိ႔၊ ေရပတ္အ၀တ္ကုိအုပ္ထားေပးတာ ဒီနည္းနဲ႔ သူ႔အပူခ်ိန္ကုိခ်ပါမယ္။ လုိအပ္ရင္ ေရခဲတုံးေတြျဖည့္ထားတဲ့ေရကန္မွာ သူ႕ကုိ ၃၉ ဒီဂရီဆဲစီရပ္က်ေအာင္ အပူခ်ိန္ကုိျမန္ျမန္ခ်ေပးဖုိ႔ လုိပါတယ္။အဲဒီလုိနည္းနဲ႔ ခ်ႏုိင္ရင္ေတာ့ အပူေၾကာင့္သတိလစ္ၿပီး အသက္ဆုံးရႈံးျခင္းကုိ ကာကြယ္ႏုိင္ပါတယ္’’ ဟု ေဒါက္တာမုိးေအာင္ေက်ာ္ႏုိင္က ဆက္ေျပာသည္။
အပူခ်ိန္ျမင့္မားပါက လူ႔ခႏၶာကုိယ္တြင္ ေခြ်းထြက္လြန္ျခင္း၊ ေခါင္းမူးေ၀ျခင္း၊ ခႏၶာကုိ္ယ္အပူခ်ိန္ျမင့္မားျခင္း၊ သတိလစ္ကာ အသက္အႏၱရာယ္ထိခုိက္မႈတုိ႔ရွိႏုိင္ေၾကာင္းသိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

ပြင်ပအပူဒဏ်ကြောင့် ခန္ဓာကိုယ်အပူချိန်မြင့်မားခြင်းအတွက် ပါရာစီတမောတိုက်ခြင်းမှာ လွဲမှားသည့် အယူအဆဖြစ်ဟုဆို

အပူဒဏ်ကြောင့် လူ့ခန္ဓာကိုယ်အပူချိန်မြင့်မားခြင်းကို ပါရာစီတမော ကိုယ်အပူကျဆေးတိုက်ခြင်းသည် လွဲမှားသည့်အယူအဆတစ်ရပ်ဖြစ်၍ရှောင်ကြဉ်သင့်ကြောင်း အထွေထွေသမားတော် ဒေါက်တာ မိုးအောင်ကျော်နိုင်က ပြောသည်။
အပူချိန်မြင့်မားခြင်းကြောင့် ချွေးထွက်လွန်၍ ကိုယ်အပူချိန် မြင့်မားခြင်းအား အကိုက်အခဲပျောက်ဆေး တိုက်ကျွေးမှုများရှိသည့်အပေါ် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။ 
“လူဟာ သွေးနွေးသတ္တဝါထဲမှာ ပါတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ကို ၃၇ ဒီဂရီဆဲစီရပ်မှာ ထိန်းသိမ်းထားရတယ်။ အဲဒီတော့ ပတ်ဝန်းကျင်အပူချိန်မြင့်မားရင်ခန္ဓာကိုယ်က ချွေးထွက်တာနဲ့ ၃၇ ဒီဂရီဆဲစီရပ်မှာ ထိန်းသိမ်းထားရတယ်။ နွေရာသီမှာဆို ပတ်ဝန်းကျင်အပူဓာတ်တွေက ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲ အဲဒီအပူဓါတ်တွေက စီးဝင်လာတယ်။ အဲဒီအချိန်တွေမှာ လူ့ခန္ဓာကိုယ်က အပူချိန်ကို ပါရာစီတမော်လို ဆေးမျိုးပေးပြီး ကိုယ်အပူချလို့မရပါဘူး။ ပါရာစီတမောလိုဆေးဟာ ခန္ဓာကိုယ်ထဲက အပူချိန်ကို ချွေးထွက်အောင်လုပ်ပြီးမှအပူချိန်လျှော့ချတဲ့နည်းပါ။ အခုဟာက ချွေးထွက်စရာမရှိတော့တဲ့အတွက် မည်သည့်အပူကျဆေးပေးပေးအပူမကျတဲ့အပြင် ဆေးရဲ့နောက်ဆက်တွဲဆိုးကျိုးတွေပါ ထပ်မံခံစားသွားရမယ်’’ ဟု အထွေထွေသမားတော် ဒေါက်တာမိုးအောင်ကျော်နိုင်ကပြောသည်။
ခန္ဓာကိုယ်တွင်အပူဒဏ်ကြောင့်ချွေးထွက်လွန်ပါက ရေများများသောက်ပေးခြင်း၊ အပူရှိန်မြင့်မားပါက လေအေးခံခြင်း၊ ရေစိုဝတ်ကပ်ပေးခြင်း ၊အရိပ်ရ၍ လေရသောနေရာတွင် သက်တောင့်သက်သာနေပေးခြင်းတို့ ပြုလုပ်ရန် လိုအပ်ကြောင်း သိရသည်။
“အဲဒီလို ပြင်ပအပူဒဏ်ကြောင့်ခန္ဓာကိုယ်ပူနေရင်တော့ ရေခဲရေတိုက်တာတို့၊ ပန်ကာလေခံတာတို့၊ ဒါမှမဟုတ် အဲယားပွန်းခန်းထဲမှာ ထားတာတို့၊ ရေပတ်အဝတ်ကိုအုပ်ထားပေးတာ ဒီနည်းနဲ့ သူ့အပူချိန်ကိုချပါမယ်။ လိုအပ်ရင် ရေခဲတုံးတွေဖြည့်ထားတဲ့ရေကန်မှာ သူ့ကို ၃၉ ဒီဂရီဆဲစီရပ်ကျအောင် အပူချိန်ကိုမြန်မြန်ချပေးဖို့ လိုပါတယ်။အဲဒီလိုနည်းနဲ့ ချနိုင်ရင်တော့ အပူကြောင့်သတိလစ်ပြီး အသက်ဆုံးရှုံးခြင်းကို ကာကွယ်နိုင်ပါတယ်’’ ဟု ဒေါက်တာမိုးအောင်ကျော်နိုင်က ဆက်ပြောသည်။
အပူချိန်မြင့်မားပါက လူ့ခန္ဓာကိုယ်တွင် ချွေးထွက်လွန်ခြင်း၊ ခေါင်းမူးဝေခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်မားခြင်း၊ သတိလစ်ကာ အသက်အန္တရာယ်ထိခိုက်မှုတို့ရှိနိုင်ကြောင်းသိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။