Skip to main content
အိမ္ရာေခ်းေငြမ်ားထုတ္ေခ်းရာတြင္ ဘဏ္တုိးနႈန္း ၁၀ ရာခုိင္နႈန္းေအာက္ေလွ်ာ့ခ်သတ္မွတ္ေပးသင့္ဟုဆုိ
Ads Block

အိမ္ရာေခ်းေငြမ်ားထုတ္ေခ်းရာတြင္ ဘဏ္တုိးနႈန္း ၁၀ ရာခုိင္နႈန္းေအာက္ေလွ်ာ့ခ်သတ္မွတ္ေပးသင့္ဟုဆုိ



အိမ္ရာေခ်းေငြမ်ားထုတ္ေခ်းရာတြင္ ဘဏ္တုိးနႈန္း ၁၀ ရာခုိင္နႈန္းေအာက္ သတ္မွတ္ကာ ေလွ်ာ့ခ်ေပးသင့္ေၾကာင္း imyanmar house .com မွ မန္ေနဂ်င္းဒါရုိက္တာဦးေနမင္းသူက ေျပာသည္။
လက္ရွိတြင္ အိမ္ရာေခ်းေငြရယူပါက ဘဏ္တိုးအျဖစ္ ၁၃ ရာခိုင္ႏႈန္းအတိုးေပးေနရသည့္အေပၚ ယခုကဲ့သို႔ သံုးသပ္ေျပာဆိုျခင္း ျဖစ္သည္။ 

အိမ္ရာေခ်းေငြမ်ားထုတ္ေခ်းရာတြင္ ဘဏ္တုိးနႈန္း ၁၀ ရာခုိင္နႈန္းေအာက္ေလွ်ာ့ခ်သတ္မွတ္ေပးသင့္ဟုဆုိ


“ အခုလတ္တေလာအိမ္ရာေခ်းေငြကေခ်းေငြယူတယ္ဆုိရင္ ၁၃ ရာခုိင္နႈန္းအတုိးေပးရတာကုိေတြ႔ရပါတယ္။ တစ္ႏွစ္ကုိေပါ့။အဲဒီေတာ့ ဒီအတုိးနႈန္း ၁၃ ရာခုိင္နႈန္းဟာ အိမ္နီးခ်င္းႏုိင္ငံေတြျဖစ္တဲ့ ထုိင္းႏုိင္ငံ၊ စကၤာပူႏုိင္ငံ၊မေလးရွားႏုိင္ငံတုိ႔နဲ႔ယွဥ္ၾကည့္မယ္ဆုိရင္ ေတာ္ေတာ္ေလးမ်ားတာကုိေတြ႔ရတယ္။ တစ္ျခားႏုိင္ငံေတြမွာဆုိရင္ ဘဏ္ေခ်းေငြအတုိးနႈန္းက ၃ ရာခုိင္နႈန္း၊ ၄ ရာခုိင္နႈန္း၊ ၅ ရာခုိင္နႈန္း အဲဒီ၀န္းက်င္ ရွိတာကုိေတြ႔ရတယ္” ဟု imyanmar house .com မွ မန္ေနဂ်င္းဒါရုိက္တာဦးေနမင္းသူက ေျပာသည္။
ထို႔အျပင္ အိမ္ၿခံေျမ၊ တိုက္ခန္းမ်ား အေရာင္းအဝယ္ျပဳလုပ္ရာတြင္ အေရာင္း၊ အဝယ္အခြန္ႏွင့္ တံဆိပ္ေခါင္းခြန္ေပးရကာ အေရာင္းအဝယ္အခြန္အျဖစ္ ၂၀၁၅ ခုႏွစ္တြင္ ၁၅ ရာခိုင္ႏႈန္း ေကာက္ခံခဲ့ၿပီး ၂၀၁၆ ခုႏွစ္မွ စတင္ကာ ၃၀ ရာခိုင္ႏႈန္း ေကာက္ခံခဲ့ကာ ၀ယ္ယူသူမွ ေငြျဖဴျဖစ္ေၾကာင္းျပႏုိင္ပါက အေရာင္းအဝယ္ခြန္ မေပးရဘဲ တံဆိပ္ေခါင္းခြန္သာ ေပးရေၾကာင္း သိရသည္။ 
တံဆိပ္ေခါင္းခြန္မွာ ရန္ကုန္၊ မႏၱေလး ေနျပည္ေတာ္ (၃) ၿမိဳ႕တြင္ ၇ ရာခိုင္ႏႈန္းေပးရၿပီး က်န္တဲ့ၿမိဳ႕မ်ားတြင္ ၅ ရာခိုင္ႏႈန္းေပးရသည့္အတြက္ ရန္ကုန္၊ မႏၱေလးႏွင့္ ေနျပည္ေတာ္တို႔တြင္ အခြန္ ၃၇ ရာခိုင္ႏႈန္းေဆာင္ရကာ  က်န္တဲ့ေဒသမ်ားတြင္ ၃၅ ရာခိုင္ႏႈန္း ေပးေဆာင္ရေၾကာင္း သိရသည္။ 
“ ကြ်န္ေတာ္တုိ႔ ျမန္မာႏုိင္ငံမွာ ဘဏ္ေခ်းေငြနဲ႔အိမ္၀ယ္မယ္ဆုိရင္ သိန္း ၃၀၀ တန္ တုိက္ခန္းတစ္ခုကုိ ဘဏ္ေခ်းေငြနဲ႔ ၀ယ္မယ္ဆုိရင္ သူေပးရတဲ့ဘဏ္တုိးနႈန္းက တုိက္ခန္းတန္ဖုိးျပန္ျဖစ္သြားတာကုိေတြ႔ရတယ္။ အဲဒီေတာ့ ကြ်န္ေတာ္တုိ႔တြက္ခ်က္ၾကည့္တဲ့အခါ ၀ယ္သူေတြေတာ္ေတာ္မ်ားမ်ားက စုိးရိမ္စိတ္ေလးေတြရွိတာကုိ ေတြ႔ရတယ္။ အဲဒီေတာ့ အတုိးနႈန္း ၁၃ ရာခုိင္နႈန္းမ်ားတယ္ဆုိတာကုိလည္း အစုိးရတာ၀န္ရွိသူေတြကုိ ကြ်န္ေတာ္တုိ႔တင္ျပထားပါတယ္။ဒီ ၁၃ ရာခုိင္ႏႈန္းကုိ တျဖည္းျဖည္းနဲ႔ျဖည္ေလွ်ာ့ေပးရမွာျဖစ္ပါတယ္။ ခ်က္ခ်င္းမဟုတ္ေတာင္ ၁ ရာခုိင္နႈန္းစီ၊ ၁၀ ရာခုိင္နႈန္းေအာက္ထိေလွ်ာ့ခ်ေပးသြားရင္ အိမ္ၿခံေျမေစ်းကြက္ေရာ၊ ရင္းနွီးျမဳပ္နွံသူေတြအတြက္ပါပုိေကာင္းပါမယ္’’ ဟု ဦးေနမင္းသူက ဆက္ေျပာသည္။
လက္ရွိ ပုဂၢလိကဘဏ္မ်ားမွ ေခ်းေငြမ်ားထုတ္ေပးရာတြင္ ေခ်းေငြထုတ္ေပးရန္ စိစစ္ေရးဘုတ္အဖြဲ႔၏ စိစစ္သတ္မွတ္ခ်က္နွင့္သာထုတ္ေပးၿပီး လစာအေနအထား၊ အတည္တက်ေနထုိင္သည့္ေနရာ၊ ျပန္ဆပ္သည့္အေျခအေနမ်ားကုိအတည္ျပဳေၾကာင္း သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

အိမ်ရာချေးငွေများထုတ်ချေးရာတွင် ဘဏ်တိုးနှုန်း ၁၀ ရာခိုင်နှုန်းအောက်လျှော့ချသတ်မှတ်ပေးသင့်ဟုဆို

အိမ်ရာချေးငွေများထုတ်ချေးရာတွင် ဘဏ်တိုးနှုန်း ၁၀ ရာခိုင်နှုန်းအောက် သတ်မှတ်ကာ လျှော့ချပေးသင့်ကြောင်း imyanmar house .com မှ မန်နေဂျင်းဒါရိုက်တာဦးနေမင်းသူက ပြောသည်။
လက်ရှိတွင် အိမ်ရာချေးငွေရယူပါက ဘဏ်တိုးအဖြစ် ၁၃ ရာခိုင်နှုန်းအတိုးပေးနေရသည့်အပေါ် ယခုကဲ့သို့ သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။ 
“ အခုလတ်တလောအိမ်ရာချေးငွေကချေးငွေယူတယ်ဆိုရင် ၁၃ ရာခိုင်နှုန်းအတိုးပေးရတာကိုတွေ့ရပါတယ်။ တစ်နှစ်ကိုပေါ့။အဲဒီတော့ ဒီအတိုးနှုန်း ၁၃ ရာခိုင်နှုန်းဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊မလေးရှားနိုင်ငံတို့နဲ့ယှဉ်ကြည့်မယ်ဆိုရင် တော်တော်လေးများတာကိုတွေ့ရတယ်။ တစ်ခြားနိုင်ငံတွေမှာဆိုရင် ဘဏ်ချေးငွေအတိုးနှုန်းက ၃ ရာခိုင်နှုန်း၊ ၄ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း အဲဒီဝန်းကျင် ရှိတာကိုတွေ့ရတယ်” ဟု imyanmar house .com မှ မန်နေဂျင်းဒါရိုက်တာဦးနေမင်းသူက ပြောသည်။
ထို့အပြင် အိမ်ခြံမြေ၊ တိုက်ခန်းများ အရောင်းအဝယ်ပြုလုပ်ရာတွင် အရောင်း၊ အဝယ်အခွန်နှင့် တံဆိပ်ခေါင်းခွန်ပေးရကာ အရောင်းအဝယ်အခွန်အဖြစ် ၂၀၁၅ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး ၂၀၁၆ ခုနှစ်မှ စတင်ကာ ၃၀ ရာခိုင်နှုန်း ကောက်ခံခဲ့ကာ ဝယ်ယူသူမှ ငွေဖြူဖြစ်ကြောင်းပြနိုင်ပါက အရောင်းအဝယ်ခွန် မပေးရဘဲ တံဆိပ်ခေါင်းခွန်သာ ပေးရကြောင်း သိရသည်။ 
တံဆိပ်ခေါင်းခွန်မှာ ရန်ကုန်၊ မန္တလေး နေပြည်တော် (၃) မြို့တွင် ၇ ရာခိုင်နှုန်းပေးရပြီး ကျန်တဲ့မြို့များတွင် ၅ ရာခိုင်နှုန်းပေးရသည့်အတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အခွန် ၃၇ ရာခိုင်နှုန်းဆောင်ရကာ  ကျန်တဲ့ဒေသများတွင် ၃၅ ရာခိုင်နှုန်း ပေးဆောင်ရကြောင်း သိရသည်။ 
“ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘဏ်ချေးငွေနဲ့အိမ်ဝယ်မယ်ဆိုရင် သိန်း ၃၀၀ တန် တိုက်ခန်းတစ်ခုကို ဘဏ်ချေးငွေနဲ့ ဝယ်မယ်ဆိုရင် သူပေးရတဲ့ဘဏ်တိုးနှုန်းက တိုက်ခန်းတန်ဖိုးပြန်ဖြစ်သွားတာကိုတွေ့ရတယ်။ အဲဒီတော့ ကျွန်တော်တို့တွက်ချက်ကြည့်တဲ့အခါ ဝယ်သူတွေတော်တော်များများက စိုးရိမ်စိတ်လေးတွေရှိတာကို တွေ့ရတယ်။ အဲဒီတော့ အတိုးနှုန်း ၁၃ ရာခိုင်နှုန်းများတယ်ဆိုတာကိုလည်း အစိုးရတာဝန်ရှိသူတွေကို ကျွန်တော်တို့တင်ပြထားပါတယ်။ဒီ ၁၃ ရာခိုင်နှုန်းကို တဖြည်းဖြည်းနဲ့ဖြည်လျှော့ပေးရမှာဖြစ်ပါတယ်။ ချက်ချင်းမဟုတ်တောင် ၁ ရာခိုင်နှုန်းစီ၊ ၁၀ ရာခိုင်နှုန်းအောက်ထိလျှော့ချပေးသွားရင် အိမ်ခြံမြေဈေးကွက်ရော၊ ရင်းနှီးမြုပ်နှံသူတွေအတွက်ပါပိုကောင်းပါမယ်’’ ဟု ဦးနေမင်းသူက ဆက်ပြောသည်။
လက်ရှိ ပုဂ္ဂလိကဘဏ်များမှ ချေးငွေများထုတ်ပေးရာတွင် ချေးငွေထုတ်ပေးရန် စိစစ်ရေးဘုတ်အဖွဲ့၏ စိစစ်သတ်မှတ်ချက်နှင့်သာထုတ်ပေးပြီး လစာအနေအထား၊ အတည်တကျနေထိုင်သည့်နေရာ၊ ပြန်ဆပ်သည့်အခြေအနေများကိုအတည်ပြုကြောင်း သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။